Friday, February 4, 2011

၁၉၄၈ မှ ၁၉၆၂ အတွင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တွင် သမ္မတ တဦးမျှ မရှိခဲ့ဟု ပြည်တွင်း မီဒီယာဖော်ပြ

၁၉၄၈ လွတ်လပ်ရေး ရပြီးချိန်မှ စ၍ ၁၉၆၂ ခုနှစ်အထိ မြန်မာပြည်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်ဆိုခဲ့ပါသည်။

အဆိုပါ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် သမ္မတကြီး တဦးတယောက်မျှ မရှိခဲ့ဟု မြန်မာ မီဒီယာတခုက ယနေ့ ထူးဆန်းစွာ ရေးသားလိုက်သည်။


(theyangontimes webpage)

အဆိုပါ ရေးသားချက်အရ ဆိုလျှင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတကြီးအဖြစ် စ၀်ရွှေသိုက်က (၁၉၄၈ မှ ၁၉၅၂) အထိ တာဝန်ထမ်းဆောင်ခဲ့ခြင်း လုံးဝ မရှိပေ။ ထိုနည်းတူ ဒေါက်တာ ဘဦးနှင့် မန်းဝင်းမောင် တို့သည်လည်း (၁၉၅၂ မှ ၁၉၅၇ အထိ)နှင့် (၁၉၅၇ မှ ၁၉၆၂ အထိ)   ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတများ လုံးဝ မဖြစ်ခဲ့ကြပေ။ ဤကဲ့သို့ ထူးဆန်း အံ့သြဖွယ် ကောင်းသည့် သတင်းဖော်ပြချက်ကို ကမ္ဘာတလွှားမှ နိုင်ငံခေါင်းဆောင်များနှင့် ကမ္ဘာ့မီဒီယာများက ပါးစပ် အဟောင်းသားဖြင့် အလွန်ထူးဆန်းသော သတင်းတပုဒ် အဖြစ် ခေါင်းကုတ် ဖတ်ရှုသွားကြကြောင်း သိရှိရသည်။

See: http://theyangontimes.com/

4 comments:

  1. poor knowledge poor media guys what a pity!

    ReplyDelete
  2. ထွီ...... ရွံစရာကောင်းလိုက်တာ၊ ဒီလောက်တောင် အသိညာဏ်နည်းရ သလား.....သန်းရွေအမိန့် အတိုင်းနဂိုရ်တည်းက လက်ဝါးရိုက်ရွေးထားပြီး သားပဲဟာ....ဖွီ.....

    ReplyDelete
  3. သြော် စစ်ခွေးတွေ အဓမ္မရွေးကောက်တင်မြှောက်တဲ့နေရာမှာ ပထမဆုံးလို့ပြောတာနေမှာပါ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။