သို့ရာတွင် ဒေါ်လာကို အများပြည်သူ တရားဝင် ကိုင်ဆောင်ရန် ခွင့်ပြုထားခြင်း မရှိသဖြင့် ရေဘေး ဒုက္ခသည်များအတွက် အခက်အခဲ မဖြစ်စေရန် ရည်ရွယ်ပြီး အလှူငွေများကို မြန်မာ ကျပ်ငွေဖြင့် လဲလှယ် ပေးအပ်ခဲ့ကြောင်း သိရသည်။
အမေရိကန် တစ်ဒေါ်လာ၏ တရားဝင် လဲလှယ်နှုန်းမှာ ၆ ကျပ် ၄၁ ပြား ဖြစ်သဖြင့် အိမ်ထောင်စု တစ်ခုချင်းစီ အတွက် (၁၅၆ ဒေါ်လာ) နှင့် တန်ဖိုး ညီမျှသော ကျပ်ငွေ "တစ်ထောင်" တိတိ ကို နိုင်ငံတော်မှ စေတနာဖြင့် ပေးအပ် လှူဒါန်းခြင်း ဖြစ်ကြောင်း၊ နောင်တွင်လည်း အများပြည်သူ အခက်အခဲ ဖြစ်ပါက အမေရိကန် ဒေါ်လာနှုန်းထားများဖြင့် ပံ့ပိုး လှူဒါန်း သွားဦးမည် ဖြစ်ကြောင်း၊ ပြည်သူအပေါ် ထားရှိသည့် နိုင်ငံတော်၏ ကြီးမားလှသည့် စေတနာကို နားလည်ကြ စေလိုကြောင်း၊ (၁၅၆ ဒေါ်လာ) ပေးအပ် လှူဒါန်းခဲ့သူ နိုင်ငံတော် အကြီးအကဲတစ်ဦးက ပြောကြားသွားကြောင်း သတင်းရရှိသည်။
နိုင်ငံတော်မှ လှူဒါန်းသော ၁၅၆ ဒေါ်လာကို လက်ခံရယူနေသည့် ကလေးငယ် တစ်ဦး
(ဓာတ်ပုံ- ဧရာဝတီဘလော့မှ)