Wednesday, June 22, 2011

ဆင်းရဲနွမ်းပါးမှု ကျဆင်းသွားပြီ


ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြီးနောက် တစ်လ အကြာတွင် မြန်မာပြည်၌ ဆင်းရဲနွမ်းပါးသူ အရေအတွက် ချက်ချင်း ကျဆင်းသွားသည်။ ယခုကဲ့သို့ ရုတ်တရက် ချက်ချင်း ဆိုသလို ကျဆင်းသွားခြင်းကို မြန်မာ့အလင်း သတင်းစာထဲတွင် သတင်းဖော်ပြထားသည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် ပညာယှိကြီးများက "လေ" ဖြင့် ဆွေးနွေးကြပြီးနောက် သမ္မတကြီးက မန်းမှုတ်လိုက်သဖြင့် ယခုကဲ့သို့ မျက်လှည့်ပြသလို ချက်ချင်း ဆင်းရဲသူများ ပပျောက်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာ သမ္မတတွင် အလွန်တရာမှ အစွမ်းထက်သည့် မန်းမှုတ်နိုင်သော တန်ခိုး ဣဒ္ဓိပါတ် ရှိသည်မှာ ထင်ရှားကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။


Read More...

4 comments:

  1. လိုရင်းပြောချင်တာက သမ္မတ အမှုတ်တော် တဲ့ အကြောင်းပေါ့ ဟုတ်တယ် ဟုတ်

    ReplyDelete
  2. ဒါနဲ့ စကားမစပ်..ကျဆင်းသွားတဲ့ ၆ ရာခိုင်နှုန်းကို သမ္မတကြီးက ဘယ်ကိုမှုတ်လိုက်တာလဲဟင် ???

    ReplyDelete
  3. ခံချင်လိုက်တာ။မုတ်ပေးပါအုန်းသမ္မတကြီးစိန်စိန်နဲ့ ခေါင်ဆောင်ကြီးရွှေရွှေ ရဲ့ 

    ReplyDelete
  4. သမတက ပလွေရောတော်တယ် မှုတ်တဲ့နေရာတော့ ပထမတန်းပဲ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။