(Photo: Zarny Win)
တီဗီ ရိုက်နေတုန်း မီးပျက်သွားရင် အဲဒီ မီးအိမ်ထွန်းပြီး ရိုက်ဖို့ ချထားတာလဲ ဖြစ်နိုင်တယ်။ မြန်မာပြည် ဒေသအနှံ့အပြားမှာ လျှပ်စစ်မီး မရှိလို့ မီးအိမ်ထွန်းပြီး နေထိုင်ကြရတဲ့ ဘ၀တွေ ကို ပို့စ်မော်ဒန် နည်းနဲ့ တင်ပြတာလဲ ဖြစ်နိုင်ပါတယ်။ မီးအိမ်ရှင် ဒေါက်တာ နိုက်တင်ဂေးလ်လို့ မိမိကိုယ်မိမိ ဘွဲ့မည်ရည် တပ်ထားသူ ယဉ်မင်းဦး (ဆေးတက္ကသိုလ်)က "ကျွန်မမှာ မီးအိမ် တစ်လုံး ရှိတယ်" လို့ ထီးပြင်၊ ဓာတ်မီးပြင်၊ မီးအိမ်ပြင်တဲ့ ကုလားတွေ သိအောင် ကြေညာမောင်း ခတ်တာလဲ ဖြစ်နိုင်ပါတယ်။
သတင်းများကို ရေနံဆီမှန်အိမ်ထွန်းပြီး ကြေညာပါတော့ မယ်ရှင်
(ကိုပီတာ ဘလော့ မှ)
နီပေါနိုင်ငံမှာတော့ နိုင်ငံအတွင်း လျှပ်စစ်မီးများ ပြတ်တောက်မှုတွေကို သက်သေပြတဲ့ အနေနဲ့ နီပေါ ထိပ်တန်း ကန်တီပူရ် ရုပ်မြင်သံကြား အသံလွှင့် ဌာနကနေပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လတုန်းက ညစဉ် သတင်းတွေကို မီရောင်မှိန်မှိန် ( မှောင်ရီဝိုးတစ်ဝါး ) အခြေအနေနဲ့ မီးအိမ်လေး ထွန်းပြီး ထုတ်လွှင့်  တင်ဆက်ခဲ့ဖူးတာကို တွေ့ရပါတယ်။
အဲ့အမျိုးသမီး ပဲသိပ်များတယ် ကြည့်လို့မရဘူး
ReplyDelete