Sunday, June 19, 2011

ကန်စွန်းရွက်ကိုတောင် ဆေးဆိုးကြပြီ

(Photo: Popular News)

ပုံမှန်ကန်စွန်းရွက်များမှ အရွက် သေးများကို ဆိုးဆေးသုတ်ကာ ကန်စွန်းရွက်အရိုးနီအဖြစ်ရောင်းချမှု များကိုသုံးခွမြို့ဈေး၌တွေ့လာရသည် ဟု သုံးခွမြို့ခံ တစ်ဦးက ပြောသည်။ ”ကန်စွန်းရွက်အရိုးနီကျ တော့ သုံးခွမှာရှားတယ်။ ပုံမှန်ကန်စွန်းရွက် ထက်လည်း ဈေးပို ပေးရတယ်။ ရှားတဲ့အတွက် အရောင်းလည်း သွက်တယ်။ မျှစ်မှာဆိုးတဲ့ဆိုးဆေး တွေသုံးထားတယ်ထင်တယ်” ဟု သုံးခွမြို့ ၉ ရပ်ကွက်မှ အိမ်ရှင်မတစ် ဦးကပြောသည်။ ဆေးဆိုးထားသောကန်စွန်း ကို လက်ဖြင့်ဆိတ်၍ ဖြတ်သည့် အခါ လက်ထိပ်တွင် ဆေးနီများ ကျန်နေခဲ့ကြောင်း ဟင်းချက်သော အခါ အရွက်ရော အရည်ပါ မဲ၍ ပြာသွားကြောင်း ၄င်းကပြောသည်။ ”လက်ထိပ်မှာ ဆေးနီတွေ ကျန်ခဲ့ပေမယ့် သတိမထားမိသေး ဘူး။ ဟင်းချက်မှပဲ မဲပြီးပြာလာလို့ လက်ထိပ်နီတာနဲ့ ဆက်စပ်ပြီး ဆေးဆိုးတယ်လို့ ထင်မိတာ။ ဒါနဲ့ နောက်ရက်ဈေး မှာတွေ့လို့ ဝယ်မလို လိုနဲ့သေချာကြည့်တော့ ရိုးရိုး ကန်စွန်းရွက်အသေးကို ဆေးဆိုး ထားတာခပ်များများ၊ အစစ်က နည်းနည်းရောထားပြီး တစ်စည်း စည်းထားတာ တွေ့တယ်။ နည်း နည်းကိုင်ကြည့်တာနဲ့တင် လက်မှာ အနီရောင်ကပေရော” ဟု ၄င်းက ထပ်လောင်းပြောသည်။ သုံးခွမြို့ဈေးမှ ကုန်ခြောက် ဆိုင်ရှင်တစ်ဦးက သုံးခွဈေးတွင် သုံးခွကျေးရွာဘက်မှ ဟင်းသီးဟင်း ရွက်များ လာရောက်ရောင်းချသလို၊ ရန်ကုန်မှတင်လာသော ဟင်းရွက် များလည်း ရှိကြောင်း၊ ကန်စွန်းရွက် အရိုးနီဖြစ်အောင် ဆေးဆိုးထား ခြင်းမှာ ရန်ကုန်မှဝင်လာသော ဟင်းရွက်များထဲတွင် ပါဝင်ကြောင်း၊ ရန်ကုန်မှာကတည်းက ဆေးဆိုးခဲ့ခြင်းလား၊ သုံးခွရောက်မှ ဆေးဆိုး သလား ဆိုသည်ကိုမူ မသိရှိ ကြောင်း၊ ယင်းသို့ဖြစ်နေခြင်းမှာ တစ်လဝန်းကျင်ခန့်ရှိပြီဖြစ်ကြောင်း ပြောသည်။ ”အဓိကကတော့ ကန်စွန်း ရွက်အရိုးနီကို လူတွေပိုဝယ်ကြ တယ်။ ပြီးတော့ ပုံမှန်ကန်စွန်းထက် လည်းဈေးပိုကြီးတယ်။ အဲဒါကြောင့် လုပ်တာထင်တယ်” ဟု ၄င်းက ထပ်လောင်းပြောသည်။ သုံးခွဈေးထဲတွင် ဆေးဆိုးမျှစ် များကိုမတွေ့ရသည်မှာကြာလှပြီ ဖြစ်သော်လည်း တို့ဆေးဖြင့်မှည့် ထားသော သရက်သီးနှင့် ငှက်ပျောသီးများကို တွေ့ရဆဲဖြစ်ကြောင်း၊ ယခုအခါ ခွဲပြီးသား နာနတ်သီးများ ကို ဆေးဝါဆိုးလာကြကြောင်း သိရှိရသည်။

(ပေါ်ပြူလာမှ တိုက်ရိုက်ကူးယူ ဖော်ပြပါသည်)။


Read News ...

2 comments:

  1. မြန်မာလူမျိုးတွေ တခြားလူမျိုးတွေထက် လူ့သက်တမ်းတိုလာရတာလဲဒီကကြောင်း အချက်တွေအများကြီးပါတယ်၊ စားစရာမှန်သမျှ ဆိုးဆေးတွေ အနဲနဲ့အများပါတယ်၊ ဆီမှန်သမျှ စားအုန်းဆီရောတယ်၊ သောက်သုံးရေတွေ မသန့်ရှင်းဘူး၊ ခြင်ဆေးငွေ့တွေရှုရှိက်ရတယ်၊ အဆင်မပြေတာတွေကြုံရတာများတော့ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်တယ်၊ ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာတွေပါထိခိုက်နေတော့ လူ့သက်တမ်းတွေတိုရတာမဆန်းတော့ပါဘူး။

    ReplyDelete
  2. အမျိုးမျိုးပါလားနော် ဆိုးလဲဆိုးနိုင်ကြတယ် နောက်ဆိုရင်တော့ အားလုံးဆေးဆိုးတွေချည် ဖြစ်ကုန်တော့မယ်ထင်တယ်...။ ရင် မ မနိုင်တော့ဘူး ပြည်မြန်မာရေ...။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။