Wednesday, June 1, 2011

ရတနာမိုင်ကို ဂျပန်အမျိုးသမီး အဆိုတော် ပန်ကြား

ဂျပန်အမျိုးသမီးအဆိုတော် Utada Hikaru ဟာ မအားလပ်တဲ့ကြားက တခုတ်တရ appointment ယူပြီးတော့ ပရလောကသားများကို ဆက်သွယ် ရင်ဖွင့်လာပါတယ်။

သူမ ပြောတာကတော့- ယနေ့ မြန်မာနိုင်ငံမှာရဲ့ဂီတပွဲတွေ၊ ဖက်ရှင်ရှိုးတွေမှာ ဂျပန်ဒီဇိုင်း ဖက်ရှင်တွေ ခေတ်စား လာတာနဲ့အမျှ သူမလည်း အားလပ်တဲ့ အချိန်တွေမှာ Myanmar Celebrity အပါအဝင်
အခြား စိတ်ဝင်စားဖွယ် website များကို ကြည့်ရှုမိကြောင်း၊ သူ့မရဲ့ First Love သီချင်းအား မြန်မာ အဆိုတော် ရတနာမိုင် ဆိုထားတာကို Myanmar Celebrity website မှာကြည့်လိုက်ရကြောင်း၊

ရတနာမိုင်ဟာ သူမရဲ့ သီချင်းကိုပြန်ဆိုထားရာမှာ သံစဉ်ကို ကော်ပီ ကူးထားတာမျိုး မဟုတ်ပဲ သီချင်းတစ်ပုဒ်လုံးကို ဂျပန် စာသား တွေကအစ အသံနေအသံထားပါ တထေရာတည်းဖြစ်အောင် သီဆိုနိုင်တဲ့အတွက် သူမ အပါအဝင် အိမ်သူအိမ်သား အိမ်ဖေါ်တွေကအစ သူမရဲ့ ဂီတ အသိုင်းအဝိုင်းကလည်း အံ့သြ ဝမ်းသာ လက်ဖျားခါခဲ့ရပါကြောင်း၊

သူမရဲ့ သီချင်းအားလုံးကို ရတနာမိုင်အား ဆိုခွင့်ပြုဖို့စဉ်းစား ထားပေမယ့် ရတနာမိုင်ကို တစ်ခုတော့ အနူးအညွတ် တောင်းပန်လိုပါကြောင်း၊


(Photo: MyanmarCelebrity)

အဲဒါကတော့ "သူမရဲ့သီချင်းကိုသီဆိုတဲ့အချိန်မှာ ဖင်ကိုကောက်ကောက်ပြီးမဆိုဖို့" ပဲဖြစ်ကြောင်း၊

ဂျပန်မှာ ကျင်းပတဲ့ မြန်မာရှိုးပွဲကို ရတနာမိုင် လာရောက် ဖျော်ဖြေမယ်ဆိုလို့ ရှိရင်လဲ၊ အတူတူ သီဆိုဖို့အတွက် " ဝ,ထ,က,လ,သ" သီချင်းကို လေ့ကျင့်နေကြောင်း ပြောကြားသွားပါတယ်။်

Utada Hikaru ရဲ့ First Love

ရတနာမိုင်ရဲ့ သီဆိုဟန်ကို ရှုစားရန် ...


@ပရလောကသားများ

4 comments:

  1. အဆိုပါ လင့်ခ်တွင် ရတနာမိုင်အပြင် ဆံပင်နီကြောင်ကြောင် ဂါဝန်ကားကား ဂါဝန်တိုတိုများ ၀တ်ဆင်ထသော နိုင်ဂျန်ငါးသူမလေး အများအပြားသည်လည်း မြန်မာအသံပီပီသသဖြင့် လှုပ်လီလှုပ်လဲ့ သီချင်း သီဆိုနေကြကြောင်း တွေ့မြင့်ရသဖြင့် နောင်တွင် နိုင်ဂျန်ငါးသူ၊ နိုင်ဂျန်ငါးသား အများအပြားမှာ မြန်မာစာ မြန်မာစကားကို တခုတ်တရ အားရပါးရ သင်ကြားလာကြဖွယ်ရှိကြောင်း ..း)

    ReplyDelete
  2. နောက်နောက်June 1, 2011 at 7:39 PM

    သူဖင်ကောက်တာ ရှုးပေါက်ချင်လို့နဲ့တူတယ်... ဟီး ဟီး

    ReplyDelete
  3. သူ့ဟာသူ ဖင်ကောက်ကောက်ပီးဆိုဆို...သူမသီဆိုဟန်ဆိုရင် လက်ခံရမှာပဲ..ရတနာမိုင် သီချင်းဆိုဟန်ထက် ပိုဆိုးတဲ့ ဗမာအဆိုတော်မတွေ တပုံကြီး...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။