Saturday, June 18, 2011

နိုင်ငံပိုင် ဂြိုဟ်တု လွှတ်တင်မည်

နိုင်ငံပိုင် ဂြိုဟ်တုတလုံး လွှတ်တင်သွားမည်ဟု ပြည်ထောင်စု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင့်လွင်က ထုတ်ဖော် ပြောဆိုလိုက်သည်။

အဆိုပါဂြိုဟ်တုကို ဂြိုဟ်တု ၀မ်းနှုတ်ဆေး လုပ်ငန်း နှင့် ပူးပေါင်း လွှတ်တင်ရန် စီစဉ်နေကြောင်း မိုဘိုင်း တိုင်းရင်းဆေးဝါး ကွန်ယက်စနစ် တည်ဆောက်ရေးနှင့် ထုတ်လုပ်ရေး အခြေခံသင်တန်း အမှတ်စဉ် ၂ နှင့် အခြေခံ တိုင်းရင်းဆေး သင်တန်း (ဝ၁/၁၁-၁၂) ဖွင့်ပွဲ အခမ်းအနားတွင် ဦးတင့်လွင်က ပြောဆိုကြောင်း ဇွန် ၁၂ ရက်ထုတ် ရန်ကုန်အခြေစိုက် Weekly Eleven ဂျာနယ်၌ ရေးသားထားသည်။

မြန်မာနိုင်ငံမှ လွှတ်တင်မည့် ဂြိုဟ်တုဝမ်းနှုတ်ဆေးကို တိုင်းရင်းဆေးဆိုင်များတွင် ၀ယ်ယူ ရရှိနိုင်ကြောင်း သိရသည်။

@ပရလောကသားတစ်ဦး


Read More ...

2 comments:

  1. နိုင်ငံတော် သမ္မတကြီးနှင်.တကွ ၀န်ကြီးအဖွဲ.အားလုံးကလည်း ၎င်းတို. ကိုယ်ပိုင် ဂျိုတု တပ်ဆင်နိုင်ရန်အတွက် ကျွဲဂျို နွားဂျိုများ ရသလောက် အမြန် လိုက်လံဝယ်ယူနေကြောင်း သတင်းရရှိပါသည်။။

    ReplyDelete
  2.ဲဂြိုလ်တု ၀မ်းနုတ်ဆေးကယ်လို ပေါ့ဝမ်းနုတ်ဆေးသာ မရှိရင် ဘာကို ဆွဲသုံးမလဲ မသိဘူး...........

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။