Tuesday, June 21, 2011

ဒန်ကလေကို ပုဒ်မ ၁ ခု၊ မခိုင်ဇာလင်းကို ပုဒ်မ ၃ ခုဖြင့် တရားစွဲ

သြစတြေးလျ နိုင်ငံသား မစ္စတာ ရောစ့်ဒန်ကလေနှင့် မခိုင်ဇာလင်း အမှုကို ဇွန်လ ၃ဝ ရက်နေ့တွင် စီရင်ချက်ချရန် တရားရုံးက ချိန်းဆိုလိုက်ကြောင်း သူ၏ အမှုလိုက်ရှေ့နေက ပြောသည်။

လေးလခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော အဆိုပါ အမှု၏ စီရင်ချက်ချမည့် ရက်ကို သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

မစ္စတာ ဒန်ကလေအား တရားလို မခိုင်ဇာလင်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် အမှုကို ရုပ်သိမ်းလိုကြောင်း သူမက နှစ်ကြိမ်တိုင်တိုင် တင်ပြခဲ့သည်ဟု သိရသည်။



သို့သော် ဒန်ကလေမှာ မျက်နှာကြီးသော အထင်ကရ နိုင်ငံခြားသားဖြစ်သဖြင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ တစ်ခုဖြင့်သာ တရားစွဲခြင်းခံရပြီး၊ တရားလို မခိုင်ဇာလင်းမှာမူ မျက်နှာငယ်သော မြန်မာနိုင်ငံသူ ဖြစ်သဖြင့် ပုဒ်မ (၃) ခုဖြင့် တန်ပြန် တရားစွဲဆိုခြင်း ခံထားရသည် :D။

လက်တို့သူ- မပြောဘူး :D :D 


Read More ..

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။