Thursday, June 9, 2011

ထိုင်းနိုင်ငံတွင်လူများသာမက တိရစ္ဆာန်များပါ ရွေးကောက်ပွဲဝင်လျက်ရှိ

အိမ်နီးချင်းထိုင်းနိုင်ငံတွင် မကြာမီ ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်ရာ ယခုနှစ်တွင် ထူးထူးခြားခြား လူများသာမက တိရစ္ဆာန်များပါ ပါဝင် ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။

လောလောဆယ်တွင် တိရိစ္ဆာန်များဖြစ်ကြသည့် ကျွဲ၊ ကျား၊ ခွေး၊ ဖွတ် နှင့် မျောက် များက ပါတီထောင်၍ ယှဉ်ပြိုင် နေသည်။

အဆိုပါ ပါတီအား သွားရောက် စုံစမ်း မေးမြန်းကြည့်ရာတွင် -
"ကျွန်တော်တို့ အိမ်နီးချင်းမြန်မာနိုင်ငံမှာ ကြံ နဲ့ ဖွတ် ပေါင်းပြီးတော့ ကြံဖွတ် ပါတီထောင်ပြီး တခြား လူသား ပါတီတွေကို မဲအပြတ်အသတ်နဲ့ အနိုင်ယူနိုင်တာ မျက်ဝါးထင်ထင် တွေ့မြင်ရပါတယ်။ ကျွန်တော်တို့လဲ ဒီလိုမဖြစ်ဘူးလို့မပြောနိုင်ဘူး" ဟုပါတီဝင်တစ်ဦးက ထူးဆန်းစွာဖြင့် လူလိုပြန်ဖြေခဲ့ပါသည်။

ယခု ပါဝင်ယှဉ်ပြိုင်သောဖွတ်မှာ မြန်မာနိုင်ငံ ကြံဖွတ်ပါတီမှ ဖွတ်သတ္တ၀ါနှင့် ဆွေမျိုး တစ်စုံတရာ တော်စပ်ပါသလား ဟု မေးမြန်းကြည့်ရာ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သဖြင့် ဖြေကြားခွင့်မရှိဟု တုန့်ပြန်သည်။

(သတင်း၊ ဓာတ်ပုံ -ဘန်ကောက်မှလက်တို့သူ)







1 comment:

  1. အမတ်လောင်းမျောက်မင်းကြီးက ဓါတ်ပုံရိုက်တုန်းတောင်
    ငှက်ပျောသီးကြီးနဲ. ဟီဟီ. ထူးဆန်းပါပေ့ ဆရာတွတ်ရယ်.း):)

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။