Sunday, July 17, 2011

မြန်မာလေတပ်တွင် တိုက်လေယာဉ် အမျိုးအစားသစ်များ ထုတ်လုပ်သုံးစွဲ နေသလော

မြန်မာ့တပ်မတော်တွင် လက်နက်ငယ်များမှ စ၍ ဒုံးကျည်များ အလယ် နျူကလီးယားအဆုံး လက်နက်မျိုးစုံကို
လျှို့ဝှက်စီမံကိန်းများဖြင့် လုပ်ဆောင်လျက် ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

သို့ရာတွင် ဒုံးကျည်ထုတ်လုပ်မှုနှင့် နျူကလီးယား စီမံကိန်းများမှာ ကနဦး အဆင့်တွင်သာ ရှိသေးကြောင်း အဆိုပါ သတင်းများက ဆိုသည်။

ဤအခြေအနေတွင် မြန်မာ့ လေတပ်မတော်၌ ကမ္ဘာပေါ်တွင် မရှိသေးသော တိုက်လေယာဉ် အမျိုးအစားသစ် တစ်မျိုးကို အသုံးပြုနေကြောင်း သတင်းဌာနတစ်ခု၏ ရေးသား ဖော်ပြချက် တစ်ရပ် ထွက်ပေါ်လာသည်။ ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ဗုံးကြဲ တိုက်ခိုက်ရာတွင် အဆိုပါ လေယာဉ် အမျိုးအစားသစ်ကို သုံးစွဲခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းတွင် တွေ့ရခြင်း ဖြစ်သည်။


လေယာဉ်မှာ MiG- 26 ဖြစ်ကြောင်း သိရသည်။ MiG-26 ကို ရုရှားလုပ် MiG လေယာဉ် အမျိုးအစားများ စာရင်း (ဒီမှာရှုပါ) တွင် မတွေ့ရပေ။ အဆိုပါ လေယာဉ်မှာ ကမ္ဘာပေါ်တွင် မရှိသေးသော လေယာဉ် အမျိုးအစား ဖြစ်နေခြင်းကြောင့် မြန်မာ့လေတပ်မတော် အနေဖြင့် MiG-26 လေယာဉ်ကို လျှို့ဝှက် စီမံကိန်းဖြင့် ကိုယ်တိုင် ထုတ်လုပ် သုံးစွဲနေခြင်းပေလောဟု မြန်မာ့ စစ်ရေး အကဲခတ်များက သုံးသပ်နေကြသည်။

@PTA

Read More...

4 comments:

  1. MiG 25, MiG 27 ဆိုပြီး တွေ့တယ်။ MiG 26 က ကြားထဲက ဘယ်ပျောက်သွားတာလဲ...။ ကြည့်ရတာ မြန်မာစစ်တပ်အတွက်ပဲ သတ်သတ်ထုတ်တဲ့ Exclusive လေယာဉ် အမျိုးအစားမို့လို့ စာရင်းထဲ မထည့်တာ။ နို့မို့ သူများတွေက ကြိုက်လို့ လာမှာမှာကို စိုးရိမ်တာနေမှာပေါ့..။ :P

    ReplyDelete
  2. အင်း တိုင်းရင်းသားလက်နက်ကိုင်တွေလဲ စစ်ရေးကျွမ်းကျင်ပုံများတော့ တိုက်လေယာဉ်အမျိုးအစားတွေကိုတောင် သေချာမသိပုံပဲ၊ မျိုးချစ်စိတ်တစ်ခု တည်းနဲ့ စစ်တိုက်လို့မရဘူးဗျာ။ မြန်မာစစ်တပ်က ဝင်ငွေရှိတယ်လေ။

    ReplyDelete
  3. ဖိုးတရုတ် ဆိုက်မှာပြောထားတာကတော့  တရုတ်လုပ် ground attack A-5 လေယဉ် ၂ စီးနဲ့  ရုရှားလုပ် MI-2 attack helicopter ၂ စီး သုံးခဲ့တယ်လို့ ဘဲ။

    ReplyDelete
  4. တစ်ကယ်တော့ လူမျိုးရေးစိတ်ဓာတ်တွေရှိနေလို့ အခုလိုစစ်ပွဲတွေဖြစ်နေတာ ဒါငါ့ နိုင်ငံတော် ဆိုတဲ့ စိတ်မရှိလို့ သူတစ်လူငါတမင်းစိတ်တွေဖြစ်နေခဲ့ လို့  အားလုံးတည့် တည့် ရှု့ ရှု့ နဲ့ တစ်စုတစ်စည်းတည်းသာရှိရင် ငါတို့ နိုင်ငံတိုးတက်ဖို့ ပဲရှိတယ် အခုလို တိုင်းရင်းသားအမျိုးမျိုးက ဆူပူသောင်းကျန်းနေတော့ ဘယ်လိုလုပ်တိုင်းပြည်က တိုးတက်မှာလဲ အခုလည်း ရွေးကောက်ပွဲလုပ်ပီး ပြည်သူ့ သဘောအတိုင်း သမ္မတ ရွေးချယ်ခွင့် ရှိနေတာပဲ အားလုံးအေးအေးချမ်းချမ်းရှိရင် နိုင်ငံတော်ကြီးဒီထက်တိုးတက်မယ်ဆိုတာ အသေချာပါပဲဗျာ အားလုံး နိုင်ငံစိတ်လေးထားပြီး စည်းစည်းရုံးရုံးရှိနိုင်ကြပါစေဗျာ :)

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။