Tuesday, July 26, 2011

ဝန်ကြီး ဦးအောင်ကြည် နှလုံးအောင့်ခြင်း ဝေဒနာ ခံစားရ

(Photo: BBC Burmese)

ယမန်နေ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်အတွင်း မြန်မာအစိုးရ ၀န်ကြီး ဦးအောင်ကြည် ရုတ်တရက် နှလုံးအောင့်သော ဝေဒနာ ဖြစ်ပေါ်ခံစားရကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ "အတွင်းအား" ကို မခံနိုင်သောကြောင့် ယခုကဲ့သို့ ဦးအောင်ကြည် ရင်ဘတ် အောင့်သွားခြင်း ဖြစ်ကြောင်း သိရသည်။ ဝေဒနာ ပြင်းထန် လွန်းသောကြောင့် ၀န်ကြီး ဦးအောင်ကြည်မှာ ရင်ဘတ်ကို လက်ဖြင့် ဖိထားရပြီး မျက်နှာမှာလည်း ရှုံ့မဲ့နေသည်။

"ဒေါ်စုရဲ့ အတွင်းအားက အတော်ပြင်းတယ်ဗျ။ ကျွန်တော့် ပါဝါလောက်နဲ့ မခံနိုင်ဘူး။ ရင်ဘတ်တော်တော် အောင့်သွားတယ်။ စူးပြီး အောင့်တာ" ဟု တွေ့ဆုံမှု အပြီးတွင် သတင်းထောက်များကို ဦးအောင်ကြည်က ပြောသည်။ "ဒီပုံစံ အတိုင်းဆိုရင် နှလုံးစက် တပ်ထားတဲ့ သမ္မတကြီး အနေနဲ့ တွေ့ဖို့ အဆင်သင့် ဖြစ်ဦးမယ် မထင်ဘူး" ဟု ၄င်းက ဆက်လက် ပြောကြားသွားသည်။


Read More...

5 comments:

  1. စာကလေးJuly 27, 2011 at 6:26 PM

    မိုက်တယ်.. ဦးဇီးကွက်

    ReplyDelete
  2. အမေစုတို့ကတော့ဘယ်အချိန်ကြည့်ကြည့်ကျက်သရေကိုရှိနေတာပဲ

    ReplyDelete
  3. The Lady ရုပ်ရှင်လည်း October မှာရုံတင်တော့မယ်

    ReplyDelete
  4. မင်းတို့ကိုဘလော့တွေဖွင့်လိုက်တာဦးတည့်ရာရေးဘို့မဟုတ်ဘူးဟ...မင်းတို့ intell ရှိရဲ့လား

    ReplyDelete
  5. အပေါ်က သောက်ရူးက တစ်မှောင့်။ .... တစ်ကယ့် ဘုမသိ ဘမသိ.. ခုမှ Burma Strange News ကို ကြားဖူးသလား မသိဘူး။

    တစ်ကယ့် အဖြစ်အပျက်ကို သိချင်ရင်... Read More ကို နှိပ်ပြီး မူရင်းသတင်းကို ဖတ်လိုက်ရုံပဲလေ... ဒါတောင် မသိတဲ့ အူကြောင်ကြောင် ငနဲကွာ....

    -------
    Burma Strange News သည် မြန်မာနှင့် နိုင်ငံတကာတွင် အမှန်တကယ် ဖြစ်ပျက်နေသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ထူးခြား သတင်းဖြစ်စဉ်များ ကို ပို့စ်မော်ဒန် နည်းဖြင့် တင်ပြပေးနေသည့် တခုတည်းသော သတင်းဌာန ဖြစ်ပါသည်။

    အလွန်တရာမှ ထူးဆန်း အံ့သြဖွယ်ကောင်းသည့်၊ စိတ်ဝင်စားဖွယ် အကောင်းဆုံးသော အဆန်းတကြယ် သတင်းများကိုလည်း Surrealism & Expressionism နည်းဖြင့် စုစည်း တင်ပြ ပေးနေပါသည်။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။