Thursday, July 28, 2011

မြန်မာ-အိုမန် ဘောလုံးပွဲအတွင်း ထူးဆန်းသော မိုးများ ရွာသွန်း


မြန်မာ-အိုမန် ဘောလုံးပွဲ၊ ထူးဆန်းသော မိုးကြောင့် ခေါင်းပေါက်သွားသူ တစ်ဦး
(Courtesy: The Voice Weekly)

မိုးရွာလျှင် အိုမန်နှင့် ပွဲတွင် မြန်မာ အလားအလာ ကောင်းသည်ဟု စင်ကာပူနိုင်ငံသား ဘောလုံးနည်းပြ ဆီဗာဂျီကက သုံးသပ်ခဲ့သည်။

ယနေ့ယှဉ်ပြိုင်သော ဘောလုံးပွဲတွင် သုဝဏ္ဏကွင်းအတွင်း အလွန်ထူးဆန်းသော မိုးများ ဖြစ်သည့် ကျောက်ခဲမိုး၊ ဖိနပ်မိုး၊ ရေဗူးမိုး၊ အရက်ပုလင်းမိုးများ ရွာသွန်းခဲ့ပြီး ပွဲပျက်သွားသည်ဟု သတင်းရရှိသည်။

သို့သော် အဆိုပါ ထူးဆန်းသော မိုးမှာ အိုမန်က မြန်မာအသင်းဘက်သို့ နှစ်ဂိုး သွင်းပြီးမှသာ ရွာသွန်းသော မိုးဖြစ်သဖြင့် ဆီဗာဂျီ ဟောကိန်းထုတ်ခဲ့သော အဖြေ မထွက်ပေါ် နိုင်ခဲ့ပေ။

"ပွဲစကတည်းက အဲဒီ ထူးဆန်းတဲ့ မိုး ရွာရမှာဗျ။ ဒါမှ ကိုယ့်ဘက်ကို တစ်ဂိုးမှ အသွင်းမခံရခင် ပွဲပျက်သွားမှာ။ ရလာဒ်က ၀-၀ နဲ့ ပွဲပျက်မှာ ဆိုတော့ အရှုံးပေးခံရတယ် ဆိုရင်တောင် သရေလို့ ပြောလို့ရပါတယ်။ အခုတော့ မိုးရွာတာ နောက်ကျလို့ မြန်မာတွေ နှစ်ဂိုး အသွင်းခံရတာ ဖြစ်ပါတယ်" ဟု ဆာဗာဂျီက ပြောသည်။

"ဘယ်လိုပဲ ဖြစ်ဖြစ်၊ ကျွန်တော် ကြိုတင် ဟောကိန်းထုတ်ခဲ့သလို ဖိနပ်မိုး၊ ခဲမိုး၊ ရေသန့်ဗူး၊ ပုလင်း မိုးတွေကြောင့် အိုမန်အသင်း ဒုက္ခ လှလှတွေ့သွားတာကတော့ အမှန်ပါပဲ" ဟု ဆာဗာဂျီက ဆက်ပြောပြီး သူ့ဟောကိန်း မှန်ကန်ကြောင်း သက်သေပြသွားခဲ့သည်။


ကြောက်စဖွယ် မိုးသီး မိုးပေါက်များ (Courtesy: The Voice Weekly)

A World Cup qualifier between Myanmar and Oman was abandoned on Thursday after angry fans hurled rocks and glass bottles at the referee, the visiting coach Paul Le Guen and one of his players, witnesses said (Read More...).

8 comments:

  1. မြန်မာကွ၊ မြန်မာလို့ အော်ပြီးတော့ ကျောက်ခဲတို့၊ ကွန်ကရစ်ခဲတို့နဲ့ ပစ်နေကြတာ၊ ထီးတွေလည်း ပါတယ်၊ အရက်ပုလင်းခွံ၊ ရေသန့်ဘူး၊ ကွန်ပါချွန်၊ ဖိနပ်တွေနဲ့ ပစ်နေတာ၊ လက်ရှိမှာ ကွင်းက ပြင်နေတာဆိုတော့ အဲဒီက ကွန်ကရစ်ခဲတွေနဲ့ ထုနေကြတာ

    This is Burmese... proud of it....

    or those idiots are from the government sent to cause the riots? the rest of Burmese are law abiding good citizens?


    :D

    ReplyDelete
  2. မြန်မာကွ၊ မြန်မာလို့ အော်ပြီးတော့ ကျောက်ခဲတို့၊ ကွန်ကရစ်ခဲတို့နဲ့ ပစ်နေကြတာ၊ ထီးတွေလည်း ပါတယ်၊ အရက်ပုလင်းခွံ၊ ရေသန့်ဘူး၊ ကွန်ပါချွန်၊ ဖိနပ်တွေနဲ့ ပစ်နေတာ၊ လက်ရှိမှာ ကွင်းက ပြင်နေတာဆိုတော့ အဲဒီက ကွန်ကရစ်ခဲတွေနဲ့ ထုနေကြတာ

    ReplyDelete
  3. မိုးမရွာရွာအောင် ယတြာကောင်းကောင်း ချေလိုက်ပုံရတယ်..

    ReplyDelete
  4. ပွဲပြီးတော့မှ မိုးရွာသေးတယ်ဆိုပဲ

    ReplyDelete
  5. မြန်မာကတော့ သောက်ရှက်ပဲကွာ

    ReplyDelete
  6. သြော် မြန်မာမြန်မာ ... ရချင်လိုက်တဲ့အောင် မြင်မှု ဖြစ်ချင်လိုက်တဲ့ အကောင်းဆုံးတွေ နှိမ်ရင်လည်း မခံ ..... သခင်မျိုးဟေ့ဒို့ဗမာဆိုပဲ ... ဒီကနေ့ခေတ် လုပ်ရပ်တွေက ဒို့ဘိုးဘွား အမွေစစ်ကို ချစ်ရာမကျပဲ နှစ် ရာကျနေပြီ ကိုယ့်လူတို့ရေ သတိလေး လည်းထား ကြဦး ... နိုင် ငံတကာမှာ မြန်မာဆို အနှိမ် ခံရတယ်ဆို တာဒီလိုစောက်ကျင့် တွေ အောက်တန်းကျလို့ မြန်မာ ပတ်စပို့ဆိုရင် အာဖရိက လူရိုင်းတွေလောက် တောင်အခွင့်အရေး မရဘူး .. ရှက်တယ်ပြောရ တာလဲ မောလှပါပြီ ... တချိန်က ဦးသန့် ဗိုလ်ချုပ်အောင်ဆန်း ... အစချီပြီး အမေစုတို့နဲ့ ဂုဏ်ယူခဲ့ ရတဲ့ ကျွန်တော့်ရဲ့ မြန်မာလူမျိုး ဘဝ ဒီဘဝဒီမျှသာရှိပါစေတော့ ... ရှက်တယ် စောက်ကျိုးနဲ ရှက်တယ် ပိုးစိုးပက်စက် ရှက်တယ်ကွာ

    ReplyDelete
  7. Myanmar Standard
    ..................

    မြန်မာတွေဟာ သူတို့ကိုသူတို့ အလွန်ယဉ်ကျေးတဲ့ လူမျိုးတွေ ပြောတတ်ကြတယ်။ တိုင်းရင်းသားတွေကိုကျတော့ အရိုင်းတွေ၊ ချင်းတွေဆို စာမတတ်တဲ့ ကောင်တွေ၊ ရခိုင်နဲ့မြွေပွေး တွေ့ရင် ရခိုင်ကို အရင်သတ် ရှမ်းတွေဆိုတောင်ပေါ်မှာနေပြီး ဘာမှမသိတဲ့အကောင်တွေ.. စသဖြင့် စသဖြင့် ပြောမကုန်ပါဘူး.... ဒါပေမယ့် မြန်မာပြည်မှာရော ကမ္ဘာမှာပါ အောက်တန်းအကျဆုံးကတော့ ဒီ မြန်မာဆိုတဲ့လူတွေဘဲ..... ခင်ဗျားတို့ စောက်ကျင့်တွေပြင်ကျ.. ခင်ဗျားတို့ကြောင့် ကျူပ်တို့လဲ သိက္ခာကျတယ်... မြန်မာပတ်စပို့ ပြရင် အောက်တန်းက နေ စောင့်ခိုင်းတာလဲ ခံရပေါင်းများပြီ..........

    ReplyDelete
  8. မြန်မာဟေ့လို့ အော်နေကြလိုက်တာ ပျော်စ၇ာကြီးဗျာ ကိုလဲမြန်မာပဲလေ
    ကို့ သောက်ဆင့် ကအိမ်မှာပဲ၇တာဆိုတော့  အိမ်မှာပဲအော်ပေါ့ 
    လူများနိုင်ငံမှာ မြန်မာလို့ တော့ သွားမအော်ကြနဲ့ မြန်မာမန်းတိတာနဲ့ 
    တံတွေးမထွေး၇င် အနဲဆုံးတော့ မျက်ဆောင်းအထိုးခံ၇တယ်
    မြန်မာနိုင်ငံကြီးကတော့ သူ့ အိုးနဲ့ သူ့ ဆန် ပါပဲ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။