Wednesday, August 3, 2011

ပဲခူး ရေဘေးအတွက် နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ၁၅၆ ဒေါ်လာ လှူဒါန်း

ပဲခူး ရေကြီးမှုကြောင့် ဒုက္ခရောက်ကြသော အိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် (၁၅၆ ဒေါ်လာ)နှုန်းဖြင့် လှူဒါန်း ဒါနပြုကြောင်း သတင်းရရှိသည်။

သို့ရာတွင် ဒေါ်လာကို အများပြည်သူ တရားဝင် ကိုင်ဆောင်ရန် ခွင့်ပြုထားခြင်း မရှိသဖြင့် ရေဘေး ဒုက္ခသည်များအတွက် အခက်အခဲ မဖြစ်စေရန် ရည်ရွယ်ပြီး အလှူငွေများကို မြန်မာ ကျပ်ငွေဖြင့် လဲလှယ် ပေးအပ်ခဲ့ကြောင်း သိရသည်။


အမေရိကန် တစ်ဒေါ်လာ၏ တရားဝင် လဲလှယ်နှုန်းမှာ ၆ ကျပ် ၄၁ ပြား ဖြစ်သဖြင့် အိမ်ထောင်စု တစ်ခုချင်းစီ အတွက် (၁၅၆ ဒေါ်လာ) နှင့် တန်ဖိုး ညီမျှသော ကျပ်ငွေ "တစ်ထောင်" တိတိ ကို နိုင်ငံတော်မှ စေတနာဖြင့် ပေးအပ် လှူဒါန်းခြင်း ဖြစ်ကြောင်း၊ နောင်တွင်လည်း အများပြည်သူ အခက်အခဲ ဖြစ်ပါက အမေရိကန် ဒေါ်လာနှုန်းထားများဖြင့် ပံ့ပိုး လှူဒါန်း သွားဦးမည် ဖြစ်ကြောင်း၊ ပြည်သူအပေါ် ထားရှိသည့် နိုင်ငံတော်၏ ကြီးမားလှသည့် စေတနာကို နားလည်ကြ စေလိုကြောင်း၊ (၁၅၆ ဒေါ်လာ) ပေးအပ် လှူဒါန်းခဲ့သူ နိုင်ငံတော် အကြီးအကဲတစ်ဦးက ပြောကြားသွားကြောင်း သတင်းရရှိသည်။

နိုင်ငံတော်မှ လှူဒါန်းသော ၁၅၆ ဒေါ်လာကို လက်ခံရယူနေသည့် ကလေးငယ် တစ်ဦး
(ဓာတ်ပုံ- ဧရာဝတီဘလော့မှ)

3 comments:

  1. ရှန်ကရိလာAugust 3, 2011 at 7:30 PM

    မုန့်ဟင်းခါး ၂ ပွဲလောက် သာသာလေးစားလို့ ရသေး ဟေးဟေး... နိုင်ငံတော်ရဲ့ စေတနာတွေလေ

    ReplyDelete
  2. ကြီးမားလိုက်တဲ့  စေတနာ တွေ

    ReplyDelete
  3. 156ဒေါ်လာ မှ ကျပ်၁၀၀၀ ပဲ ရ တာ လား။အစက တည်းကတစ်အိမ်ထောင်ကို တစ်ထောင် လို့ ပြော ရင် ပီး ရော။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။