Tuesday, August 23, 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က ကန်တော့မည်

ပရလောကသားတစ်ဦး၏ သတင်းပေးပို့ချက်အရ စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူပုံအလယ်တွင် ရှိခိုးကန်တော့ရန် ပြင်ဆင်နေကြောင်း ကြားသိရသည်။

ကျောက်စိမ်းတူးဖော်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဘိလပ်မြေနှင့် အဖျော်ယမကာထုတ်လုပ်ရေး အစရှိသော စီးပွားရေးလုပ်ငန်းပေါင်း မြောက်မြားစွာကို လုပ်ကိုင်နေသည့် ဦးဇော်ဇော်သည် စစ်ဗိုလ်ချုပ်ကြီးများနှင့် ပလဲနံပသင့်သူ ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သို့သော် စစ်အစိုးရ အတိုက်အခံ အချို့ကမူ ဦးဇော်ဇော်သည် မနုဿနွယ်ဖွား လူသားစင်စစ် မဟုတ်ဘဲ လူယောင် ဖန်ဆင်းထားသော ယက္ခဘီလူးကြီးသာ ဖြစ်သည်ဟု ဖွင့်ချထားသည် (Click Here)။ ဦးဇော်ဇော်သည် မြန်မာလူမျိုး မဟုတ်ဘဲ ရိုမေးနီးယားနွယ်ဖွား သွေးသောက်ဘီလူး (သို့) သွေးစုပ်ဖုတ်ကောင် ဟု အတိအလင်း ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။



မည်သို့ပင်ဆိုစေကာမူ အဆိုပါ သွေးသောက် ဘီလူးကြီးသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား လူပုံအလယ်တွင် နဖူးမြေစိုက် ဦးခိုက်တောင်းပန်ရန် ကြံစည် ပြင်ဆင် နေကြောင်း သံသယဖြစ်ဖွယ် အထောက်အထားများကို ကျွန်ုပ်တို့၏ ပရလောက သတင်းဌာနက ရှာဖွေတွေ့ရှိထားသည်။

Soccer Myanmar တွင် ဖော်ပြထားသည့် သတင်းများအရ သွေးသောက်ဘီလူးကြီးသည် သြဂုတ်လ ၂၀ ရက် ၂၀၁၁ ခုနှစ် စနေနေ့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်ရှင်း ဗဟိုဌာန၌ ပြုလုပ် ကျင်းပခဲ့သည့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၀န်ချ တောင်းပန် ကန်တော့လိုကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ သို့သော် အချို့ သတင်းဌာနများကမူ သွေးသောက် ဘီလူးကြီးက ဒေါ်အောင်ဆန်းစုကြည်ကို U-19 ဘောလုံးပြိုင်ပွဲသို့ ဖိတ်ကြားခဲ့သည် ဟုသာ လွဲလွဲမှားမှား ဖော်ပြထားသည် (Click Here)။


ဒေါ်အောင်ဆန်းစုကြည်အား ဦးဇော်ဇော်က ၀န်ချတောင်းပန်ရန် ပြင်ဆင်နေစဉ်

ပရလောက သတင်းထောက်ကြီး ဦးနှစ်ဖက်ချွန်၏ အလိုအရ ဘီလူးကြီးက လူထုခေါင်းဆောင်ကို ကန်တော့မည့် ကာလမှာ စက်တင်ဘာလ ၈ရက်နေ့မှ ၂၁ရက်နေ့ အထိ ဖြစ်ပြီး၊ ကန်တော့မည့် နေရာမှာ ရန်ကုန် သုဝဏ္ဏ အားကစားကွင်း ဖြစ်မည် ဟု ခန့်မှန်းသည်။ အမေရိကန် ပြည်ထောင်စုရောက် မြန်မာ့ အရေး လေ့လာသူ သုတေသီ ဒေါက်တာသာဂိ က "ဘာပဲ ဖြစ်ဖြစ် ဒါဟာ စောင့်ကြည့်ရမယ့် အခြေအနေ တစ်ရပ်ပါပဲ။ ကျွန်တော်တို့လို ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း အကြံပေးလိုတာကတော့ ဘောလုံးပွဲကို သွားမယ်ဆိုရင် ကျည်ကာ အကျီင်္တင် မကဘူး၊ ရေသန့်ဘူး ကာ၊ ကွမ်းယာထုပ် ကာ၊ ဖိနပ် ကာ၊ အုတ်ခဲ ကာ အကျီင်္ ၀တ်ဆင်ပြီးမှာ သွားရောက် ကြည့်ရှုသင့်တယ်လို့ ယူဆပါတယ်။ ဘာ့ကြောင်လဲ ဆိုတော့ ဒီ ဘောလုံးပွဲ ပရိတ်သတ်ထဲမှာ စစ်အစိုးရက လက်သပ် မွေးထားတဲ့ စွမ်းအားရှင် လူမိုက်တွေ ရှိနေနိုင်လို့ပါပဲ” ဟု ပြောကြားသည်။

E Grass (မစင် မြက်ပင်) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကမူ “အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘောလုံးပွဲ သွားကြည့်မယ်ဆိုရင် အာဏာရ အဖွဲ့အစည်းနဲ့ အတိုက်အခံ ကြားမှာ နားလည်မှု တစ်ခု တည်ဆောက်နိုင်မယ့် အလားအလာကောင်းတွေ ပေါ်ထွက်နိုင်ဖွယ် ရှိတယ်။ ဒါကို စီးပွားရေး လုပ်ငန်းရှင် ကြီးတွေ၊ Stakeholder တွေက ကြားဝင် ပံ့ပိုးပေးရမယ်။ ဒါမှာ နှစ်ဘက်လုံး ၀င်းဝင်း ဖြစ်နိုင်မယ်” ဟူ၍ ပြောကြားလိုက်သည်။ (မှတ်ချက်။ ။ ၀င်းဝင်း ဆိုသည်မှာ သင်းသင်း၏ ညီမကလေး ဖြစ်ပြီး ရုပ်ရည်ရူပကာနှင့် ပြည့်စုံသူ ဖြစ်သည်။)

ဘောလုံးကွင်းအတွင်း ကျူးကျော်ဝင်ရောက်ပြီး ပရိတ်သတ်ကို အနှောင့်အယှက်ပေးခဲ့သည့် ဦးဇော်ဇော်အား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားစဉ် (Photo: Mizzima)

မကြာသေးမီ ရက်ပိုင်းအတွင်း ကျင်းပခဲ့သော ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် မြန်မာအသင်းနှင့် အိုမန်အသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်း အတွင်း ယှဉ်ပြိုင် ကစားကြစဉ်ကလည်း သွေးသောက် ဘီလူးကြီးသည် သူ၏ အမှားများကို သိမြင်နားလည်ပြီး ဘောလုံးပွဲ လာရောက် ကြည့်ရှုသူ ပရိသတ်များကို တောင်းပန် ကန်တော့ခဲ့ဖူးသည်။ သို့သော် ပရိတ်သတ်များက ခွင့်မလွှတ်ခဲ့ကြပေ။ ထို့ပြင် သွေးသောက် ဘီလူးကြီး ဦးဇော်ဇော် လန်ကွတ်တီ ၀တ်မည် ဟူသည့် သတင်းလည်း မကြာသေးမီက ထွက်ပေါ်ခဲ့ဖူးသည် (Click Here)။ ထိုသတင်းနှင့် စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန် ကန်တော့မည်နေ့တွင် ဘီလူးကြီး မြန်မာရိုးရာ ၀တ်စုံကို ၀တ်ဆင်မည်လော၊ သို့တည်းမဟုတ် အနောက်တိုင်း ၀တ်စုံကို ၀တ်ဆင်မည်လော၊ သို့တည်းမဟုတ် လန်ကွတ်တီ ၀တ်မည်လော စသည့် သို့လော သို့လော ခန့်မှန်းချက်များ တရစပ် ထွက်ပေါ်နေသည်။


ပရလောကသတင်းဌာန

4 comments:

  1. မြန်မာနိုင်ငံမှ ရှက်ဖွယ် ကော်ပီအဆိုတော်များ အားမနာလျှာမကျိုးတိုင်း .. နင်းကန်ခွ ဆိုထားသော အနောက်တိုင်း မူရင်းသီချင်းစစ်စစ်များကို အရသာရှိရှိ ခံစားနားဆင်နေပါသည်။

    ReplyDelete
  2. can't read on iphone or android.

    ReplyDelete
  3. http://www.freedomburma.org/2011/08/cnn-video_23.html

    u check from above link.... Gadhafi change to ကရာဖီ... make it fun.

    ReplyDelete
  4. ngar ka lal ...a so ya ko..kyike tat koung tot ma hoke bu...dar pay mal....U Zaw Zaw toe....ma hti nat....thu yat...baw lone ...pa yate that ko...min toe ma thi tay bu htin tal...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။