Thursday, August 11, 2011

ဒေါ်အောင်ဆန်းစုကြည် အိမ်ပြောင်းပြီ


ဒေါ်အောင်ဆန်းစုကြည် အိမ်ပြောင်းသွားကြောင်း သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိနေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့၊ အမှတ် ၅၄-၅၆ တက္ကသိုလ် ရိပ်သာလမ်းနေအိမ် (အိမ်လိပ်စာ-ရှု) ကနေပြီးတော့ အနီးအနားမှာ ရှိတဲ့ အိမ်အမှတ် ၅၁ သို့ ဒေါ်အောင်ဆန်းစုကြည် ပြောင်းရွှေ့သွားတယ်လို့ အထက်ပါ သတင်းက ဆိုပါတယ်။

ဒါပေမဲ့ အဲဒီ လိပ်စာ အသစ်သို့ ဘယ်နေ့ ဘယ်ရက်က စပြီး ဒေါ်အောင်ဆန်းစုကြည် ပြောင်းရွှေ့သွားတယ် ဆိုတာကိုတော့ သတင်းထဲမှာ ဖော်ပြ မထားပါဘူး။


Link ...

5 comments:

  1. saut ta lwel.... writer

    ReplyDelete
  2. မြန်မာနိုင်ငံက သတင်းမီဒီယာ ဂျာနယ်လစ်တွေ တည်းဖြတ်သူတွေ လုပ်လိုက်မှဖြင့် တလွဲချည်းပဲ ... သတင်းဇစ်မြစ်တခု ခိုင်မာဖို့ အတွက် အသေးအဖွဲ အချက်လက် လေးတွေကအစ ခိုင်မာ မှု ဘယ်လောက် ရှိဖို့ လိုအပ်တယ်ဆိုတာ နားမည်တာပဲလား ... သတင်း ဖြစ်ပြီးပြီးရော ဆိုတဲ့ အရိုးစွဲနေတဲ့ အကျင့်တွေကြောင့်ပဲလား မပြောတတ်ဘူး ။ ဖတ်ရတဲ့ သူတွေအတွက် က အတော် စိတ်ပျက်ဖို့ ကောင်းတယ် ။

    ReplyDelete
  3. အာ..... အဲဒါ RFA ကလေဗျာ။ မှန်မှန်ကန်ကန် မြင်တတ်ကြပါဗျာ။ အလကားနေ အထဲကလူတွေကိုပဲ စွပ်စွဲနေကြတာပဲ။ ကြားထဲကတောင် သနားလာပြီ။ ခင်ဗျားကိုယ်တိုင်တောင် မြန်မာစာကို အမှန်အတိုင်း မရိုက်နိုင်သေးပဲနဲ့ ဘာလို့ သူများ မျက်ချေးကိုပဲ လိုက်မြင်နေရတာလဲ။

    ReplyDelete
  4. RFA မှားတာ တစ်ခါ နှစ်ခါ မကဘူးဗျ
    စာလုံးပေါင်း သတ်ပုံတွေလည်း သေသေချာချာ မကြည့်ကြဘူး.
    ဆိုးဆိုးရွားရွား မှားလေ့ရှိတဲ့ စကားလုံးကတော့ ' - ဆဲ ' ကို ' - စဲ ' ဆိုပြီး ပေါင်းတတ်တာပဲ။
    ဥပမာ- ' ဖြစ်နေဆဲ ' ကို ' ဖြစ်နေစဲ ' ဆိုပြီး ပေါင်းတတ်တာပဲ။ တစ်ခါနှစ်ခါ မဟုတ်ဘူး။ အမြဲဖတ်တဲ့လူတွေ သိပါလိမ့်မယ်။
    အခုလည်း မှားပေါင်းထားသေးတယ်။
    - အကို
    - ဂျာနယ်က ထဲ့တယ်
    ( ' ထဲ့ ' ဆိုတဲ့ စကားလုံးကို စာလုံးပေါင်းသတ်ပုံကျမ်းမှာ ရှာမရပါ )
    - ညှိစွန်းပါတယ်
    - တရားဆွဲရာမှာ
    မသိကြတာလား ဂရုမစိုက်ကြတာလား မသိဘူး။ ရင်လေးစရာပဲ...

    ReplyDelete
  5. ခုတော့လဲ RFA က လိပ်စာ ပြန်ပြင်ထားပါရောလား။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။