Friday, August 19, 2011

ယခုနှစ်အတွင်း မြန်မာပြည်တွင် ဆန်စပါး ရှားပါးမည်

စပါးခင်းများ ဖျက်ဆီးမှု သတင်း

၂၀၀၉ နှင့် ၂၀၁၀ နှစ်များအတွင်း စပါးစိုက်ခင်း စုစုပေါင်း ၁၉,၅၉၂ ဧက ကို နိုင်ငံတော်က ဖျက်ဆီးလိုက်သည်။

အကျိုးဆက်အဖြစ် မြန်မာပြည်တွင် ၂၀၁၁ ခုနှစ်အတွင်း ဆန်စပါး အကြီးအကျယ် ရှားပါးတော့မည် ဖြစ်သည်။

ဆန်စပါး ရှားပါးမှု ပြသနာကို ဖြေရှင်းနိုင်ရန် မြန်မာသမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် စပါးစိုက်နေသည် (ဖတ်ရန်)။ သို့သော် သမ္မတကြီး၏ စပါးခင်းမှ ထွက်သော ဆန်စပါး ပမာဏမှာ တစ်နိုင်ငံလုံး အတိုင်းအတာကို မဆိုထားနှင့်၊ မိသားစု စားသောက်ရန်ပင် လုံလောက်မှု မရှိဟု သိရသည်။  

သမ္မတကြီး ကြံရာမရတော့သဖြင့် ဆံပင်များကျွတ်ထွက်ကာ ခေါင်းပြောင် သွားသည်ဟု သတင်းတစ်ပုဒ်က ဆိုသည်။

သမ္မတကြီး ဦးသိန်းစိန် ကြံရာမရတော့သည့် အဆုံးတွင် နေပြည်တော်၌ အလုပ်ရုံ ဆွေးနွေးပွဲများ တစ်ခုပြီး တစ်ခု ကျင်းပပြီး၊ ဆန်စပါးပြတ်လပ်မှု ပြသနာ ဖြေရှင်းရန်အတွက် အရပ်ကူပါ လူဝိုင်းပါ အဖြေရှာခိုင်းနေသည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုပါ သမ္မတကြီးက အကူအညီ တောင်းခံထားသည်။ 

ယနေ့ ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတကြီးတို့ တွေ့ဆုံကြသည်ဟု သိရပြီး ဆွေးနွေးမှု အသေးစိတ် အချက်အလက်များကို မသိရပေ။

သမ္မတ၏ စီးပွားရေး အကြံပေးများကမူ ဆန်စပါး ရှားပါးမှုကြောင့် ပြည်သူလူထု ထမင်းမစားရလျှင်လည်း ပြသနာ မရှိကြောင်း၊ ထမင်းမစားရပါက ပေါင်မုန့် စားကြလိမ့်မည် ဖြစ်ကြောင်း ယနေ့ ဖွင့်လှစ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အကြံပြုကြသည်ဟု သတင်းရရှိသည်။

@7MH-

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။