Saturday, August 13, 2011
ရာထူးမှ ပြုတ်တော့မည် ဖြစ်သဖြင့် ဦးကျော်ဆန်း ငိုကြွေး
ဓာတ်ပုံများကို (ဒီနေရာ)က ယူပါတယ်။
သတင်းစာ ရှင်းလင်းပွဲများတွင် ပေါက်တတ်ကရ မမှန်မကန် ပြောဆိုမှုများကြောင့် ဦးကျော်ဆန်းကို ၀န်ကြီးရာထူးမှ အနားပေးရန် စီစဉ်နေကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်က သူ၏ သန့်ရှင်းသော အစိုးရတွင် လိမ်ညာသူများကို ဆက်လက် မထားရှိတော့ဘဲ ဖယ်ရှားသွားမည်ဟု
ကြုံးဝါးလိုက်သည်။ လိမ်ညာသူများမှာ အာပုတ်စော် နံကြောင်း၊ အာပုတ်စော် နံသူများကို သန့်ရှင်းသော သူများဟု မခေါ်ဆိုနိုင်ကြောင်း ဦးသိန်းစိန်က ပြောသည်။
ထိုသတင်းကို ကြားရသဖြင့် ဦးကျော်ဆန်း အလွန် ၀မ်းနည်းသွားသည်။ ၀မ်းနည်း သွားသဖြင့် ဆက်လက် မလိမ်ညာနိုင်တော့ဘဲ- ဆို့နင့်သွားကာ လူကြားသူကြားတွင် ဦးကျော်ဆန်း ချုံးပွဲချ ငိုကြွေးကြောင်း သတင်း များက ဆိုသည်။
ဦးကျော်ဆန်းသည် အမြဲတန်း လိမ်ညာတတ်သူ ဖြစ်သော်လည်း တစ်ကြိမ်တစ်ခါတွင်တော့ မလိမ်ညာဘဲ အမှန်အတိုင်း ပြောခဲ့ဖူးကြောင်း ရုပ်သံ မှတ်တမ်း တစ်ခု အရ သိရသည်။
2 comments:
  1. ဦးကျော်ဆန်းက သူမျက်ရည်ကျငိုပြတာကို မဖွပါနှင့်ဟု မီဒီယာကိုမှာသည် ။
    ၁၉၇၃ ခုနှစ် US president Mr.Nixon နှုတ်ထွက်တော့ နိုင်ငံခြားရေး
    ဟင်နရီ ရယ် ငါဟာ ချုံးပွဲချပြီး ငိုကြွေးခဲ့တယ်လို့ ဘယ်သူ့ကိုမှမပြောပါနှင့်
    ကွာ ဆိုတဲ့ ကာတွန်းပုံ ကမ္ဘာကျော် Time မဂ္ဂဇင်းမှာ ဖေါ်ပြထားဘူးပါတယ်။
    ဘဒင်။
    ReplyDelete
  2. BSN ရေ ဒီအပတ် အလင်းတန်း မှာ အဆိုတော်ခိုင်ထူး နာမည် ပြောင်းသွားပြီး page 32 မှာ
    ReplyDelete
ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။
မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။
ကျေးဇူးတင်ပါသည်။