Tuesday, August 30, 2011

ကွင်တားနား၏ ငါးရက်ကြာ ခရီးစဉ်ကြောင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ရုံး နေရာပြောင်းရွှေ့လိုက်ရ ..

ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေး၏ ငါးရက်ကြာ ခရီးစဉ်၏ ရလဒ်အဖြစ် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ရုံးကို နေရာပြောင်းရွှေ့လိုက်ရကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။


အဆိုပါ အကြောင်းအရာနှင့် စပ်လျဉ်း၍ အမှတ် (၆) နတ်မောက်လမ်း၊ တာမွေမြို့နယ်ရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ရုံးမှ ၀န်ထမ်းတစ်ဦးနှင့် ဆက်သွယ် မေးမြန်းကြည့်ရာ ၎င်းက “ဟုတ်လား . ကျွန်တော်တို့ ရုံးပြောင်းသွားတာ ကျွန်တော်တောင် မသိလိုက်ဘူး။ ဘယ်နေရာကို ပြောင်းသွားတာလဲ . ကျွန်တော်တို့ရုံး Website မှာ တင်ထားတဲ့ လိပ်စာကို အခုချက်ချင်း ပြောင်းဖို့ ပြောလိုက်ပါမယ်” ဟု ပြန်လည် ဖြေကြားသည်။

ကွင်တားနားသည် ၎င်း၏ ငါးရက်ကြာ ခရီးစဉ် အတောအတွင်း အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များ၊ တခြားသော နိုင်ငံရေး ပါတီများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် လည်း တွေ့ဆုံခဲ့သည်။ ထိုဆွေးနွေပွဲများမှ ရလဒ်အဖြစ် ရန်ကုန်မြောက်ပိုင်း ခရိုင် အင်းစိန် ထောင်တွင်း တရားရုံးက ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အီလက်ထရောနစ် ပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ခြင်း  ပေါ်ထွက်လာသည်။

ပရလောကသတင်းဌာန

တာတေကြီးနှင့် နှစ်ဘက်ချွန် ပူးပေါင်းရေးသားသည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။