Saturday, August 6, 2011

မြန်မာအမျိုးသမီးတစ်ဦး ထိုင်းနိုင်ငံတွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာ

ဆင်းရဲသဖြင့် လက်ဖက်ရည် ရောင်းနေရသော မရင်လတ် 
(Photo: Irrawaddy Blog)

ထိုင်းလွှတ်တော်က မြန်မာအမျိုးသမီးတစ်ဦး ဖြစ်သော ဒေါ်ရင်လတ်ကို ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်အဖြစ် မဲပေး ရွေးချယ်လိုက်ကြောင်း ဘန်ကောက်မှလာသော သတင်းများတွင် ဖော်ပြထားသည်။

အသက် ၄၄ နှစ် အရွယ် ဒေါ်ရင်လတ်၏ မြန်မာ အမည်ရင်းမှာ ဒေါ်ရင်လှ ဖြစ်ပြီး စကားမပီသော ထိုင်းလူမျိုးများက ရင်လတ် (Yingluck) ဟု အသံထွက်ကြောင်း သိရသည်။ ငယ်နာမည်မှာ မပု (nickname= Pu) (Thai စာလုံးပေါင်း: ปู) ဖြစ်သည်။ သူမသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဇင် (ထိုင်းတွေက မပီကလာဖြင့် သက်ဆင် ဟု ခေါ်ကြသည်)၏ နှမအငယ်ဆုံး ဖြစ်သည်။

ဒေါ်ရင်လတ်၏ အဘေးဖြစ်သူ ဦးစိန် (Seng)မှာ တရုတ်မျိုးနွယ် တစ်ဦး ဖြစ်ပြီး၊ တရုတ်ပြည် ကွမ်တုံနယ်မှ လာရောက်ကာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် (Siam) တွင် အခြေချ ခဲ့ကြောင်း သိရသည်။ ဦးစိန်၏ သားကြီးဖြစ်သူ တရုတ်နွယ်ဖွား မြန်မာပြည်သား ဦးချိန် (Chiang)မှာ သက်ဇင် နှင့် မရင်လတ် တို့၏ အဖိုးဖြစ်သည်။

နောက်ပိုင်းတွင် မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားများ အဖြစ် ပြောင်းရွှေ့ ထွက်ခွာသွားခဲ့ပြီး၊ ရင်လတ်တို့၏ ဖခင်ဖြစ်သူ ဦးလှ (Lert)ကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် မွေးဖွားခဲ့သည်။ ဦးလှကို ထိုင်းလူမျိုးများက ဦးလတ်ဟု ခေါ်ကြ၏။

ဦးလတ်သည် ဇင်းမယ် ညဈေးတန်း တွင် လက်တွန်းလှည်းကလေးဖြင့် လက်ဖက်ရည် ရောင်းခဲ့ပြီး၊ နေ့လည်အချိန်များတွင် လိမ္မော်သီး ရောင်းခဲ့သည်။ ဦးလတ်၏ ဇနီးကလည်း ပန်းရောင်းခဲ့ကြောင်း သိရသည်။
သမီးဖြစ်သူ မရင်လတ် အနေဖြင့်လည်း ငယ်စဉ်ကပင် မိဘနှစ်ပါးကို လက်ဖက်ရည်၊ လိမ္မော်သီးနှင့် ပန်းများ ရောင်းပေးခဲ့သည်။ အစ်ကိုဖြစ်သူ သက်ဇင် ကလည်း ရုပ်ရှင်ရုံများ အနီးတွင် ကွမ်းယာ၊ ဆေးလိပ်များ ရောင်းကာ မိဘကို ကူညီခဲ့ကြောင်း သိရသည်။ ရင်လတ်တို့ မိသားစုမှာ လွန်စွာ ဆင်းရဲကြသည်။

ရင်လတ် အရွယ်ရောက်သောအခါ ထိုင်းလူမျိုး ဆင်းရဲသား တစ်ဦး ဖြစ်သော Anusorn Amornchat နှင့် လက်ထပ်ခဲ့သည်။ Anusorn မှာ ၀က်မွေးမြူရေး၊ ကြက်မွေးမြူရေးများ လုပ်ပြီး ကြက်ဥရောင်းသော အလုပ်ကို လုပ်ကိုင်သည်။ သူလုပ်ကိုင်သည့် ကြက်ဥ ကြက်သား ဆိုင်ကို (စီပီ)ဟု အမည်ပေးထားသည်။

ဒေါ်ရင်လတ်မှာ ဆင်းရဲသား ဘ၀မှ ၀န်ကြီးချုပ် ဖြစ်လာသဖြင့် ချွေတာရေး လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်လျက် ရှိသည်။ ချွေတာရေး အစီအစဉ်အဖြစ် ကျောင်းသူကျောင်းသား ကလေးငယ်များကို ဗလာစာအုပ်ဖြင့် စာရေးမှတ်ခြင်း မပြုကြဘဲ မိရိုးဖလာ ကျောက်သင်ပုန်းများ ဖြင့်သာ စာရေးကြရန် တိုက်တွန်းထားသည်။ ရွေးကောက်ပွဲ စည်းရုံးရေး ကာလအတွင်းကလည်း ကလေးငယ်များကို ကျောက်သင်ပုန်း (ကျောက်သင်ပုန်း ဓာတ်ပုံ-ရှု) တစ်ယောက်တစ်ခုစီ အလကား ပေးမည်ဖြစ်ပြီး ဝေဖာ (wi-fi) များလဲ ကျွေးမည်ဟု မဲဆွယ်ခဲ့ဖူးသည်။

(ဒေါ်ရင်လှ ခေါ် ဒေါ်ရင်လတ် အကြောင်း အကြံပြုသူ- WTH)



အထက်ပါအကြောင်းအရာကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုလိုပါက (Click Here)

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။