Sunday, May 15, 2011

လိုကယ်လိုက်ဇေးရှင်း ဆိုက်ဘာကာဖေး လော မြန်မာ့ဆက်သွယ်ရေးထုတ်ပြန်

မြန်မာ့ဆက်သွယ်ရေးမှ (PAC)အင်တာနက်ဆိုင်များ လိုက်နာဆောင်ရွက်ရမည့် စည်ကမ်းချက် (အသစ်)များကို ယခုလအတွင်း စာတိုက်ကနေတဆင့် အင်တာနက်ဆိုင်များသို့ ပေးပို့နေပါသည်။ ထုတ်ပြန်လိုက်သည့် အချက်(၁၂)ချက်ပါ စည်းကမ်းချက်များနှင့် ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင့်လွင်ကို အိမ်သာနတ်တို့ မတွေ့ဆုံပဲ မေးမြန်းခန်း ဖွင့်လိုက်ပါသည်။

(credit: ဒီမိုဝေယံ)

အိမ်သာနတ်။ ။ ဦးတင့်လွင်ခင်ဗျာ ဆက်သွယ်ရေးကနေ အင်တာနက်ဆိုင်တွေကို စည်းကမ်းချက်တွေ ပို့တယ်လို့ ကြားပါတယ်ခင်ဗျ။

ဦးတင့်လွင်။ ။ ဟုတ်ပါတယ်။ ဒါက ကျနော်တို့ စတင်လုပ်နေတဲ့ လိုကယ်လိုက်ဇေးရှင်း ပလန်ထဲက လိုကယ်ဆိုက်ဘာကာဖေး လောရဲ့ ခြေလှမ်းအစပါ။

အိမ်သာနတ်။ ။ ဘယ်လိုမျိုး လိုကယ်လိုက်ဇေးရှင်းလဲ ခင်ဗျ။

ဦးတင့်လွင်။ ။ ဒီလိုလေ၊ မောင်ရင် အခုထုတ်လိုက်တဲ့ စည်းကမ်းချက်တွေကို ကြည့်ရင် တခြားနိုင်ငံနဲ့ မတူညီတာတွေ၊ တခြားနိုင်ငံတွေမှာ မရှိသေးတာတွေ တွေ့ရလိမ့်မယ်။

အိမ်သာနတ်။ ။ ဟုတ်ကဲ့။ အဲဒါကတော့ သိပ်ကို ထင်သာမြင်သာ တွေ့ရပါတယ်။

ဦးတင့်လွင် ။ ။ အဲဒါက လိုကယ်လိုက်ဇေးရှင်းလေ၊ အင်တာနက်ကို မြန်မာ့နည်း မြန်မာ့ဟန်ပြုတာ။ မြန်မာပြည်မှာ မြန်မာတွေသုံးတာ မြန်မာဆန်ရမယ်။ မကိုက်ညီတဲ့ အင်တာနက် ယဉ်ကျေးမှုတွေကို ဆန်ရှင် လုပ်ရမယ်။ ဒါကြောင့် လိုကယ်လိုက်ဇေးရှင်းလုပ်တဲ့အနေနဲ့ အခုလို စည်းကမ်းချက်တွေ စထုတ်လိုက်တာပါ။

အိမ်သာနတ်။ ။ ဟုတ်ပါပြီခင်ဗျာ။ ဒီအထဲမှာပါတဲ့ အချက်တစ်ခုက ဆိုင်ထဲကကွန်ပျုတာတွေမှာ floppy drive, CD drive, USB port နဲ့ တခြား external drive တွေ တပ်ဆင်အသုံးမပြုရဘူး လို့ပါတယ်။ အခုခေတ် အခုဆိုင်တွေမှာသုံးတဲ့ စက်တွေက အဲဒါတွေပါပြီးသားပဲလေ။ အဲဒီ့ကိတ်စကို ဘယ်လိုဆောင်ရွက်မှာလဲခင်ဗျ။

ဦးတင့်လွင်။ ။ မကြာခင်မှာ အင်တာနက်ဆိုင်တွေကို မြန်မာ့ဆက်သွယ်ရေးကနေ မြန်မာမှုပြု ထုတ်လုပ်ထားတဲ့ Mainframe system တွေ ပြောင်းလဲတပ်ဆင်ခိုင်းမှာပါ။ အဲဒီ့ခါကျရင် ဆိုင်တွေမှာ စက်တစ်လုံး ၀ယ်တပ်ရ၊ ပျက်ရင်ပြင်ရ စရိတ်တွေ သက်သာသွားမှာပါ။ ကျနော်တို့ရဲ့ Mainframe စက်ကို ဆိုင်ရဲ့ အော်ပရေတာခုံမှာ ထားရပါမယ်။ ကျန်တာတော့ တဆိုင်လုံးမှာ လူတွေသုံးဖို့အတွက် မော်နီတာ၊ ကီးဘုတ်နဲ့ မောက်စ်တွေပဲ ထုတ်ထားပေးရပါမယ်။ အဲဒီ့အခါကျရင် ဆိုင်တွေမှာ နေရာလဲရှင်း၊ ၀န်လည်းကျဉ်း၊ သန့်ရှင်းရေးလုပ်တာကအစ သက်သာသွားပါလိမ့်မယ်။

အိမ်သာနတ်။ ။ ဟုတ်ကဲ့၊ မှတ်သားလောက်ပါပေတယ်ဗျာ။ အဲဒါဆို လာသုံးတဲ့သူတွေက ဓါတ်ပုံဖြစ်စေ၊ ဖိုင်ဖြစ်စေ တခုခု ပို့ချင်တာရှိရင်ကော။

ဦးတင့်လွင် ။ ။ အဲဒါအတွက်က မိန်းဖရိန်စက်မှာပဲ ရှိတာပါ။ အော်ပရေတာက တဆင့် သွားရပါလိမ့်မယ်။

အိမ်သာနတ်။ ။ လာသုံးတဲ့သူတွေက ဖိုင်တွေဘာတွေ သိမ်းထားချင်ရင်ကော။

ဦးတင့်လွင် ။ ။ အဲဒါကလဲ အော်ပရေတာက တဆင့် သွားရမှာပါ။

အိမ်သာနတ်။ ။ အိမ်ကနေ ရိုက်ကူးလာတဲ့ အီးမေးလေးတစောင်လောက်ကို ကော်ပီကူးပြီး ပို့ချင်တယ်ဆိုရင်ကောဗျာ။

ဦးတင့်လွင်။ ။ အဲဒါကလဲ အော်ပရေတာကတဆင့် သွားပေါ့ဗျာ။

အိမ်သာနတ်။ ။ စည်းကမ်းချက်ထဲမှာ လာသုံးသူတွေရဲ့ မှတ်ပုံတင်နံပါတ်၊ လိပ်စာ၊ ဖုန်းနံပါတ်တွေ မှတ်ရမယ်လို့ ဆိုတယ်။

ဦးတင့်လွင်။ ။ အဲဒါကလဲ အော်ပရေတာကတဆင့် လုပ်ရမှာဗျ။

အိမ်သာနတ်။ ။ နောက်ပီးတော့ သုံးစွဲသူတွေရဲ့ ဘာလုပ်၊ဘယ်သွားစတဲ့ ရက်ကော့ဒ်တွေ၊ စကရင်ရှော့တွေ တလတကြိမ် ဆက်သွယ်ရေးကို ပို့ရမယ်ဆို။

ဦးတင့်လွင်။ ။ အဲဒါကလဲ အော်ပရေတာဆင့် လုပ်ရမှာလေ။

အိမ်သာနတ်။ ။ ပီးတော့ တာဝန်ရှိသူတွေက ၀င်စစ်ဆေးမယ်၊ စည်းကမ်းတွေမကိုက်ညီရင် လိုင်စင်ပိတ်သိမ်းတဲ့အထိ တည်ဆဲဥပဒေနဲ့ အရေးယူမယ်ဆိုပါတော့။

ဦးတင့်လွင်။ ။ အဲဒါပဲလေ.. ဆိုင်တွေမှာ အော်ပရေတာတွေမှာ တာဝန်အရှိဆုံးပဲလေ။ ခင်ဗျားသိတဲ့အတိုင်း ကျုပ်တို့တိုင်းပြည်ကြီးက မင်းပြောင်းမင်းလွှဲ ဖြစ်ပြီ။ ဒီအချိန်မှာ မသိနားမလည်တဲ့ အင်တာနက်ယူဇာတွေအနေနဲ့ ကိုယ့်တိုင်းပြည်ကို ထိခိုက်စေမယ့် အမှားတွေ မသိပဲမလုပ်မိအောင် ထိန်းသိမ်းပေးရေမယ်။ အစိုးရအနေနဲ့ကလည်း ကလင်း ဂါးဗားမင့်၊ ဂွတ် ဂါးဗားမင့်လို့ ဆိုထားတော့ ကျုပ်တို့ကလည်း ကလင်းဆားဗစ်၊ ဂွတ်ဆားဗစ်တွေ ပေးနိုင်ဖို့လိုတယ်။ ဒါမှလဲ ကလင်းအင်တာနက်၊ ဂွတ်အင်တာနက်၊ ကလင်း စီတဇင်၊ ဂွတ်စီတဇင်တွေ ဖြစ်လာကြမှာပေါဗျာ။

အိမ်သာနတ်။ ။ ဟုတ် ဟုတ် ဟုတ်ကဲ့... ဒါနဲ့ အရင်တခေါက် အင်တာဗျုးတုန်းကလေ ဂျီတော့ထက် သာတဲ့ ဆားဗစ် မြန်မာ့ဆက်သွယ်ရေးက လုပ်မယ်ဆိုတာလေ၊ ဘယ်အခြေအနေ ရောက်ပီလဲခင်ဗျ။

ဦးတင့်လွင်။ ။ ကျုပ်တို့က ဂျီတော့ထက် ပိုမြန်အောင် သားပိုက်ကောင်တော့ လုပ်တာလေ။ အဲဒီ့ သားပိုက်ကောင်ဗျာ ဟိုတစ်နေ့က အင်တာနက်ကျောရိုးကြီးပေါ် တက်ခုန်နေလို့ ပြန်လိုက်ပြင်နေရတာ ငါးနာရီလောက် ကြာသွားလို့ ကာစတန်မာတွေဆီကို အကြောင်းကြားစာ ပို့လိုက်ရသေးတယ်။ အခုတောင် သူခုန်ခဲ့တဲ့ အရှိန်မသေသေးလို့ စပိက မမှန်ချင်သေးဘူး။


(Courtesy: ဒီမိုဝေယံ)

ဒါပဲဗျာ။ ခင်ဗျား မေးခွန်းတွေ သိပ်များနေပြီ။ ကျုပ်တို့က နိုင်ငံတော်အတွက် မနားမနေ အလုပ်များနေတာ.. ဒါပဲ ဒါပဲ

အိမ်သာနတ်။ ။ ဟုတ်...

ဂွပ် တီ တီ တီ တောက်

(အိမ်သာနတ် ဆက်သွယ် မေးမြန်းထားသည်)



ပြင်သစ်ဆိုတာ နှာဘူးတွေ ဖြစ်လေမလား

(Photo: Washington Post)

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲ ပြင်သစ်လူမျိုး၊ အသက် ၆၂ နှစ် အရွယ်ရှိ အဖိုးကြီး Dominique Strauss-Kahn သည် နှာဘူး ဖြစ်ကြောင်း သတင်းများတွင် တွေ့ရသည်။ သူသည် ပြင်သစ် သမ္မတလောင်းအဖြစ် အရွေးခံရန် အလားအလာ ရှိနေသည့် အထင်ကရ ပုဂ္ဂိုလ်ကြီးလည်း ဖြစ်သည်။

သူသည် သူတည်းခိုခဲ့သည့် ဟော်တယ်မှ အသက် ၃၂ နှစ်အရွယ် ဟော်တယ်အခန်း သန့်ရှင်း ပြင်ဆင်ရေး လုပ်ဆောင်သူ အမျိုးသမီးတဦးအား အဓမ္မကျင့်ရန် ကြိုးစားခဲ့ကြောင်း တိုင်တန်းချက်အရ နယူးယောက်မှ ထွက်ခွာရန် ပြင်ဆင်နေသည့် လေယာဉ်ပေါ်မှ ဆွဲချကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြင်သစ်လူမျိုးများသည် ကပ်စီးနည်းသူများ ဖြစ်ကြရာ မြန်မာ ယောက်ျား ပြည့်တန်ဆာ နှစ်ဦးကိုလည်း နှာဘူးထပြီးနောက် ပိုက်ဆံမပေးသည့် ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ဖူးသည် (Click Here)။


Read More ...

Saturday, May 14, 2011

အမေရိကန် ကွန်ပျူတာတွေ အိပ်ငိုက်၊၊ DV ကံစမ်းမဲပေါက်သူများကို မှားယွင်းရွေးချယ်

အမေရိကန်နိုင်ငံမှ DV ကံစမ်းမဲ ရွေးချယ်သည့် ကွန်ပျူတာများ အိပ်ငိုက်သွားကြသည်။ ထိုကဲ့သို့ အိပ်ငိုက်သွားသည့်အတွက် DV ပေါက်သူများကို အမှားမှား အယွင်းယွင်း ပေါက်ကရ ရွေးချယ်လိုက်သည်ဟု သိရသည်။

ထိုကဲ့သို့ အမေရိကန်နိုင်ငံသို့ အရောက်လာခွင့် ဗီဇာမဲဖောက်ရာတွင် ကွန်ပျူတာများ အိပ်ငိုက်သွားမှုကြောင့် လူထောင်ပေါင်းများစွာကို မဲပေါက်သည်ဟု မှားယွင်းစွာ အသိပေးခဲ့မိသည့် အတွက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက တောင်းပန်နေရသည်။ ထို့ကြောင့် လူပေါင်း ၁၅ သန်းနီးပါး၏ လျှောက်လွှာများကို ပြန်လည် စိစစ် ရွေးချယ်ရလိမ့်မည် ဟုဆိုသည်။

"ကျွန်တော်တို့ ကံစမ်းမဲ ပြန်လည်ရွေးချယ်မှာ ဖြစ်ပါတယ်။ ယခင်က ပေါက်တယ်လို့ အပြောခံရသူတွေ အခု မပေါက်တော့ပါဘူး။ ဘွာတေး- ဘွာတေး လို့ပဲ ပြောပါရစေ ခင်ဗျာ။

ကျွန်တော်တို့ဆီက ကွန်ပျူတာတွေ တော်တော်ဆိုးပါတယ်။ သူတို့ အိပ်ငိုက်ပြီး အလုပ်လုပ်တဲ့အတွက် ခုလို ဖြစ်သွားရတာပါ။ အခု ကွန်ပျူတာတွေကို အိပ်မငိုက်အောင် ကော်ဖီ တိုက်ထားပါပြီ။ ဒီတကြိမ်မှာတော့ သူတို့ အသေအချာ ရွေးချယ်ကြမှာ ဖြစ်ပါတယ်။" ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။


Read More ...

နေပြည်တော်၊ ပျဉ်းမနားသို့ မြို့တော် ပြောင်းရခြင်း အကြောင်းရင်း

တရံရောအခါက ရန်ကုန်ဟု အမည်ရသော ဒဂုံမြို့ကို အခြေစိုက်သည့် မြန်မာပူရ နိုင်ငံတော် မင်းတြားကြီး တစ်ပါး အိပ်မက် မြင်မက်တော်မူသည်။

အိပ်မက်ထဲတွင် အလွန်ကြီးမားသော ဆင်ကြီး တစ်ကောင်က ဘုရင်ကြီး၏ ခေါင်းကို တက်နင်းသွားသဖြင့် ဘုရင်မင်းတြားကြီး၏ ဦးခေါင်းတစ်ခုလုံး ပြားသွားသည် ဟူ၏။

အိပ်ရာမှ နိုးသော်၊ ဘုရင် မင်းတြားကြီး အလွန်ထိတ်လန့်သွားသည်။ ထို့ကြောင့် အနီးအနားတွင် ခစားသည့် သမား၊ ဟူးရား၊ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုများကို မင်းတြားကြီးက မေးမြန်း အကြံတောင်း၏။

ပုဏ္ဏားတစ်ဦးက အကြံပြု အခါတော်ပေးလိုက်သည်။

"မင်းတြားကြီးကို ဆင်ကဲ့သို့ အကောင်ကြီးကြီး မပြောနဲ့ ပျားလို အလွန်သေးငယ်တဲ့ အကောင် သေးသေးလေးတောင် မနင်းစေရဘူး။ ဒီတော့ ပျားမနင်း- ပျဉ်းမနား ဆိုတဲ့အတိုင်း မြို့တော်အား ပျဉ်းမနားသို့ ပြောင်းတော်မူပါ"

ထို့ကြောင့် မြို့တော်သစ်ကို ပျဉ်းမနားမြို့အနီးသို့ မင်းတြားကြီး ရွှေ့ပြောင်းတော် မူလေသတည်း။


(တက္ကသီလာမှ ဒိသာပါမောက္ခကြီးတစ်ပါး ပြောပြဖူးသည်ကို ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်)

Related Article about the new Capital ..

ဂူးဂဲလ်နှင့် ဖေ့ဘွတ် ရန်ဖြစ်၊ ဘလော့တွေ ရပ်တန့်သွား

ဂူးဂဲလ်နှင့် ဖေ့ဘွတ် ရန်ဖြစ်နေကြသည်။ ဖေ့ဘွတ် တည်ထောင်သူ မြန်မာအမျိုးသမီးငယ် မဇကာပေါက် နှင့် ဂူးဂဲလ် စီအီးအို လယ်ရီ ပေ့ခ်ျတို့ ရန်ဖြစ်ခြင်းကြောင့် ဂူးဂဲလ်မှ support လုပ်ထားသည့် ဘလော့စနစ် ယမန်နေ့က ကြောင်တောင်တောင် ဖြစ်သွားသည်။

"ဒါ ကျွန်မနဲ့ ရန်ဖြစ်တဲ့ အတွက် ဂူဂဲလ်က မြန်မာတွေကို ရန်ငြိုးထားပြီး မြန်မာ ဘလော့တွေကို ဖတ်မရအောင် လုပ်လိုက်တာ ဖြစ်ပါတယ်" ဟု မဇကာပေါက်က မြန်မာပီပီ ဒေါသတကြီး ပြောသည်။

ယမန်နေ့က မြန်မာ ဘလော့များ အပါအ၀င် အခြား ဘလော့များလည်း ကြောင်တောင်တောင် ဖြစ်ခဲ့သည်။

"သူတို့ နှစ်ယောက် ရန်ဖြစ်ကြတာ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ ပို့စ်တင်လို့ မရဖြစ်နေတော့၊ ဒီနေ့ အနားရတော့ပေါ့။ လယ်ရီပေ့ခ်ျက ဘလော့ဂါတွေ ပင်ပန်းမှာ စိုးလို့ အခုလို လုပ်လိုက်တာ ထင်ပါတယ်။ အနားယူနိုင်ကြစေဖို့ စေတနာနဲ့ လုပ်လိုက်တာ ဖြစ်မှာပါ " ဟု BSN မှ တောက်တိုမယ်ရ ဇီးကွက်မျက်ပြူးက မျက်လုံးပြူးပြကာ ပြောသည်။

BSN တွင် ၁၃ မေ၊ နေ့စွဲဖြင့် ည သန်းခေါင်ယံခန့်က ပို့စ်နှစ်ခု တင်ခဲ့သော်လည်း အဆိုပါ ပို့စ်များ တစ်ရက်တာ ပျောက်ဆုံးခဲ့သည်။


Read More ...

Friday, May 13, 2011

အမြွှာညီအစ်မ နှစ်ဦး အမည်ပြောင်း

၂၀၀၂ ခုနှစ်က မန္တလေးမြို့ ဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ်ခဲ့သော ခန္ဓာကိုယ်ချင်းထိစပ်နေသည့် အမြွှာညီအစ်မ မိုးမမအောင်နှင့် မိုးပပအောင်တို့ အမည်ပြောင်းလိုက်ပြီဖြစ်သည်။


အဆိုပါ ညီအစ် နှစ်ဦး၏ အမည်သစ်မှာ မျိုးပပ နှင့် မျိုးမမ ဖြစ်သည်ဟု သတင်းတစ်ပုဒ်က ဆိုသည် (Click Here)။

မြန်မာနိုင်ငံတွင် ရင်ချင်းဆက် အမြွှာများအဖြစ် မနန်းစိုး၊မနန်းစံကို ၁၉၇၁ တွင် ခွဲစိတ်ပေးခဲ့သည်။ နောင်အနှစ် ၂၀ ကျော် ကြာသောအချိန် ၁၉၉၃ ခုနှစ်တွင် ရင်ချင်းဆက် အေးအေးငြိမ်း နှင့် အိအိငြိမ်း တို့ကို အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ၂၀၀၂ ခုနှစ်တွင် မိုးမမအောင် နှင့် မိုးပပအောင် ညီအစ်မကို မန္တလေးမြို့ ဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ်ပေးခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ စိုပြေ၀င်း နှင့် စိုပြေလင်း ညီအစ်မတို့ကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့သည်။


ယခု တစ်ဖန် စစ်ကိုင်းတိုင်း ချောင်းဦးမြို့တွင် ရင်ချင်းဆက် အမြွှာညီအစ်မနှစ်ဦးကို မေလ ၆ ရက်နေ့က မွေးဖွားခဲ့ကြောင်း သိရှိရပါသည်။

ရင်ချင်းဆက်များ ခွဲစိတ်မှုကို theludupost တွင် ဖတ်ရန် ..

ကိုယ်ပိုင် အီးမေးလ် မရှိတဲ့ မြန်မာအစိုးရ ထိပ်တန်း သတင်းစာကြီး

မြန်မာအစိုးရရဲ့ ထိပ်တန်း သတင်းစာကြီးဖြစ်တဲ့ မြန်မာ့အလင်း သတင်းစာမှာ ကိုယ်ပိုင် အီးမေးလ် မရှိဘဲ အလကားရတဲ့ ဂျီမေးလ်ကို တရားဝင် အီးမေးလ် လိပ်စာအဖြစ် အသုံးပြုနေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ မြန်မာ့အလင်း သတင်းစာကြီးဟာ ကိုယ်ပိုင် အီးမေးလ် မရှိတဲ့ နိုင်ငံတော် အဆင့် သတင်းစာကြီး အဖြစ် ကမ္ဘာ့ သတင်းစာများအကြားမှာ သမိုင်းမှတ်တမ်း ၀င်သွားတယ်လို့ သိရပါတယ်။ ဂင်းနစ် မှတ်တမ်း စာအုပ်ကြီးကလည်း ဒီအချက်ကို မှတ်တမ်း တင်ဖို့ စီစဉ်နေတယ်လို့ သတင်းရရှိပါတယ်။

"Burmese Regime Newspaper does not even have own email -
they are using GMAIL as official contact" လို့ မိုးမခ မှာ ရေးသား တင်ဆက်ထားတာကို
ပြန်လည် ဖော်ပြလိုက်တာပါ။

Thursday, May 12, 2011

မြန်မာ့လေကြောင်းမှာ အလွန်အချိန်မှန်သည့် လေကြောင်းလိုင်းဖြစ်

အိန္ဒိယနိုင်ငံ အခြေစိုက် PTI သတင်း ဌာန၏ ထုတ်ပြန် ကြေညာချက် များအရ အိန္ဒိယ နိုင်ငံ တွင် ပျံသန်း လျက် ရှိသည့် လေ ကြောင်း လိုင်း ၅၁ ခု၏ ၀န်ဆောင်မှု ဆန်း စစ်ချက် မှတ်တမ်း ကို စာရင်း ကောက်ယူ ခဲ့ ရာတွင် မြန်မာ့ လေကြောင်း ကို အချိန်မှန် သည့် လေကြောင်း လိုင်း အဖြစ် ရွေးချယ် သတ်မှတ် ခဲ့ကြောင်း သိရသည်။



အဆိုပါ စစ်တမ်း ကောက်ယူမှုတွင် ပါဝင်သည့် ပြည်ပ လေကြောင်း လိုင်း ၅၁ ခု အနက် အချိန်မှန် ထွက်ခွာမှု၌ ရာခိုင်နှုန်း ၁၀၀ ဖြင့် အမှတ်ပြည့် ရရှိသည့် လေကြောင်း လိုင်း နှစ်ခု သာရှိပြီး China Southern လေ ကြောင်းလိုင်း နှင့် မြန်မာ့ လေကြောင်းလိုင်း တို့ ဖြစ်ကြောင်း၊ ထိုလေကြောင်း လိုင်းနှစ်ခု ၏ နောက်တွင် အမေရိကန် လေကြောင်း က ဆန္ဒမဲ ၉၆ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ကာတာ လေကြောင်းက ဆန္ဒမဲ ၉၆ ဒသမ ၄ ရာခိုင် နှုန်းဖြင့် တတိယ၊ ပင်လယ် ကွေ့ လေကြောင်း (Gulf Air)က ဆန္ဒမဲ ၉၆ ဒသမ ၁ ရာခိုင်နှုန်းဖြင့် စတုတ္ထ နေရာမှ ရပ် တည် လျက်ရှိသည်။



"ကျွန်တော် စီးဖူးတဲ့ မြန်မာ့လေကြောင်းကတော့ နေ့လည် ၁ နာရီထွက်မယ်ပြောတယ်။ တစ်ကယ်ထွက်တော့ ညနေ ၄ နာရီ ပါခင်ဗျ။ အရမ်းအချိန်မှန်ပါတယ်" ဟု မြန်မာ့လေကြောင်းဖြင့် ခရီးသွားဖူးသူ တစ်ဦးကပြောသည်။



"ဟုတ်ကဲ့၊ မြန်မာ့လေကြောင်းလိုင်းက အိန္ဒိယကို မနှစ်က တနှစ်တခေါက်နှုန်း ပြေးဆွဲလို့ပါ။ ယခုနှစ်ကစပြီး တနှစ်နှစ်ခေါက်နှုန်း ပျံရတာမို့ အချိန်တိကျမှုနှုန်း ငါးဆယ်ရာခိုင်နှုန်းသို့ ကျဆင်းသွားမှာကို နားလည်ပေးစေလိုပါတယ်။" ဟု သက်ဆိုင်ရာ အရာရှိတစ်ဦးက ပို့စ်မော်ဒန်နည်းဖြင့် ဖြေကြားသည်။



မြန်မာ့လေကြောင်းမှာ ပြည်တွင်း ခရီးစဉ်များသာ ပြေးဆွဲနေသော်လည်း အိန္ဒိယနိုင်ငံသို့ ပျံသန်းပြေးဆွဲသည့် လေကြောင်းလိုင်းများအနက် အချိန်မှန်သည့် လေကြောင်းလိုင်းအဖြစ် ရွေးချယ်ခြင်းကို ထူးဆန်းစွာ ခံခဲ့ရသည်။




Credit: ဘစ်ကက်။



Read More ...

Wednesday, May 11, 2011

အိုစမာ ဘင်လာဒင်ကို ရှင်းလင်းပြီးနောက် အမေရိကန်လေတပ် အင်အား ဆယ်ပုံတစ်ပုံ အထိလျှော့ချ

အိုစမာ ဘင်လာဒင်ကို ရှင်းလင်း သုတ်သင်ခဲ့ပြီးနောက် အမေရိကန်လေတပ် ကို မူလ အင်အား သုံးသိန်း သုံးသောင်းခန့် (Click Here) မှ သုံးသောင်း သုံးထောင်ကျော်သို့ လျှော့ချလိုက်ကြောင်း သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားသည်။ အကြမ်းဖက်မှုများ ဖြစ်မလာနိုင်တော့ဟု ယူဆသဖြင့် ယခုကဲ့သို့ အင်အား လျှော့ချခြင်း ဖြစ်ပုံရသည်။


တစ်ချိန်တည်းတွင် အမေရိကန် လေတပ်အနေဖြင့် F-22 (Falcon) လေယာဉ်များကို ထုတ်လုပ်ကြောင်း အဆိုပါ ဆောင်းပါးက ဖော်ပြသည်။ လေယာဉ် အမျိုးအစားသစ် သတင်းကြောင့် အမေရိကန် လေတပ်တွင် ဂယက်ရိုက်သွားသည်။ လောလောဆယ် အနေအထားတွင် F-22 Raptor လေယာဉ်အမျိုးအစားသာ ရှိသေးသဖြင့် ယခု အသစ်ပေါ်ပေါက်လာသော F-22 (Falcon) လေယာဉ်ကို မည်သူက မည်သူ့အတွက် မည်သို့မည်ပုံ ထုတ်လုပ်ခဲ့သနည်း ဆိုသည်ကို သိနိုင်ရန် အတွက် ကော်မရှင် တစ်ရပ် ဖွဲ့စည်းကာ စုံစမ်း စစ်ဆေးရန် ပြင်ဆင်နေကြသည်။

@ဖေသက်အောင်


Read More ...

မစ္စတာ နံပြား မြန်မာပြည် လာမည်

(Photo: asiantribune)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ယာယီ တာဝန်ပေးအပ်ထားသည့် မစ္စတာ နံပြား (Vijay Nambiar) သည် မေလ ၁၂ ရက်နေ့ ကြာသပတေးနေ့တွင် မြန်မာပြည်ကို ရောက်ရှိမည်ဟု သိရသည်။

"နံပြား ရောက်လာရင်တော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ မနက်စာ အဖြစ် လက်ဖက်ရည်သောက်ရင်း နံပြား စားကြတာပေါ့" ဟု မြန်မာနိုင်ငံခြားရေး ၀န်ကြီးသစ် ဦးဝဏ္ဏမောင်လွင်က ပြောသည်။

သမ္မတသစ် ဦးသိန်းစိန်ကမူ နံပြား သိပ်မကြိုက်သဖြင့် မစ္စတာနံပြား အနေဖြင့် တွေ့ခွင့်ရမရ မသေချာ ဖြစ်နေကြောင်း သတင်းရရှိသည်။


Read More ...

Tuesday, May 10, 2011

ပထမဆုံး မြန်မာ အာကာသယာဉ်မှူး

မြန်မာတရုတ် အာကာသသိပ္ပံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မြန်မာအာကာသယာဉ်မှူးတစ်ဦးကို တရုတ်ပြည်မှာ လေ့ကျင့်ပေးလျက်ရှိပါတယ်။

အပြည့်အစုံကို ဧရာဝတီ ဘလော့ မှာ တင်ပြထားပါတယ်။


မုန်တိုင်းဆိုတာ အကောင် တစ်ကောင်ဖြစ်သည်ဟု မိုးဇလ ညွှန်ချုပ်ပြော

မုန်တိုင်း ဆိုသည်မှာ အကောင် တစ်ကောင် ဖြစ်ကြောင်း မိုးဇလ ညွှန်ချုပ် ဦးချစ်ကျော်က ပြောဆိုလိုက်သည်။ အဆိုပါ အကောင်ကြီးတွင် "မုန်းတိုင်းမျက်စိ" ဟူသော မျက်စိ ပါဝင်ပြီး မြင်မြင်သမျှ အရာများကို ဝှေ့ယမ်း ဖျက်ဆီးတတ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နာဂစ်နှင့် ဂီရိ ဟူသော အကောင် နှစ်ကောင်ကြောင့် အသက် အိုးအိမ် စည်းစိမ် များစွာ ပျက်စီးဆုံးရှုံးခဲ့ဖူးသည်။

အပြည့်အစုံသို့ ...

အချိန်ကာလများ ပျောက်ဆုံးသွားခြင်း

၁၉၅၆ ခုနှစ်က သာသနာနှစ် ၂၅၀၀ ပြည့် အခမ်းအနားများနှင့် အတူ ဆဋ္ဌသင်္ဂါယနာတင်ပွဲ ပြီးဆုံးခဲ့ကြောင်း မှတ်တမ်းများတွင် တွေ့ရသည်။

သို့သော်၊ နှစ်ပေါင်း ၅၅ နှစ်အကြာ ခရစ်နှစ် ၂၀၁၁ တွင် ကြာသောအခါ သာသနာတော် သက္ကရာဇ် ၁၅၅၅ ဖြစ်သွားပြီး နှစ်ပေါင်း တစ်ထောင် ထူးဆန်းစွာ ပျောက်ဆုံးသွားသည်။ ထို့ကြောင့် ယခုနှစ်မှာ အေဒီ ၁၀၁၁ ဖြစ်သွားပြီး ပုဂံခေတ် ပတ်ဝန်းကျင် အချိန်ကာလသို့ ပြန်လည် ရောက်ရှိသွားသည်။



"မဖြစ်သေးဘူးဗျ။ ကျွန်တော်တို့ ပုဂံခေတ် ပြန်ရောက်သွားရင် အရည်းကြီးတွေကို ကြောက်တယ်" ဟု ဆယ်ကျော်သက် လူငယ်တစ်ဦးက သူ၏ ကောင်မလေးကို လက်တွဲမဖြုတ်ဘဲ ပြောသည်။

ပြုပြင် ပြောင်းလဲရေး သမားတစ်ဦးကမူ ရှေးခေတ်သို့ ပြန်ရောက်သွားသည်ကို ကြိုဆိုလိုက်သည်။

"နှစ်ပေါင်း တစ်ထောင် နောက်ဆုတ်သွားတော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ ပုဂံခေတ်ကနေ ပြန်စကြတာပေါ့။ အခုဆိုရင် အေဒီ ၁၀၁၁ လေ၊ အနော်ရထာမင်း နန်းမတက်သေးဘူး။ ဒီတော့ ပုဂံခေတ်ကို ပြန်စမယ်။ ပဒေသရာဇ်စနစ်ထဲက မကောင်းကွက်တွေကို ဖယ်ရှားမယ်။ နောက်ထပ် နှစ်ပေါင်း ၈၀၀ ကျော် ကြာတဲ့အခါ အင်္ဂလိပ်ဆီမှာ ကိုလိုနီ မဖြစ်အောင် ကြိုးစားမယ်။ အာဏာရှင် စနစ် မပေါ်ထွန်းအောာင် ၀ိုင်းဝန်း ကြိုးပန်းကြမယ်။ ကျွန်တော်တို့ အနှစ် တစ်ထောင် အချိန်ရတာပဲဗျာ။ အေးဆေးပဲပေါ့" ဟု ၄င်းက ရှင်းပြသွားသည်။


လွန်ခဲ့သော အနှစ်တစ်ထောင်ဆီ သွားကြည့်ရန် ..

ရာမ စိတ်ကြွဆေးပေါ်ပေါက်၊ လက္ခဏ စိတ်ကြွဆေး မရှိသေး


ရာမာယဏ ဇာတ်တော်မှ ရာမ မင်းသား စိတ်ကြွဆေးများ ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စိတ်ကြွဆေးကို ရာမစိတ်ကြွဆေးဟု ခေါ်ဆိုကြောင်း သတင်း တစ်ပုဒ်က ဆိုသည်။

"စာစီစာရိုက်သူတွေ အမှတ်တမဲ့မို့ စာလုံးပေါင်း မှားသွားတာ ဖြစ်မှာပါ။ ရာမမင်းသား စိတ်ကြွဆေး ဆိုတာတော့ မဖြစ်နိုင်ဘူး။ အဲ- ယမမင်းကြီး စိတ်ကြွဆေး ဖြစ်ဖို့များတယ်" ဟု ဂျာနယ်လစ် တစ်ဦးက သုံးသပ်သည်။

ရာမ မင်းသား၏ ညီတော်ထုတ်လုပ်သော လက္ခဏ စိတ်ကြွဆေးကိုမူ မတွေ့ရသေးပေ။


@HN

အပြည့်အစုံသို့ ...

Monday, May 9, 2011

တယ်လီဖုန်းလိုင်း သန်း ၃၀ တိုးချဲ့မှုကြောင့် CDMA ဖုန်း ချပေးမှု ရပ်ဆိုင်းသွား

မြန်မာ အစိုးရသစ်၏ ၁/၂၀၁၁ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးတွင် ပြည်ထောင်စု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဦးသိန်းထွန်းက တယ်လီဖုန်းလိုင်းများကို သန်း ၃၀ အထိ တိုးချဲ့မည်ဟု ပြောဆိုလိုက်သည်။

ထိုကဲ့သို့ သန်း ၃၀ စတင် တိုးချဲ့လိုက်သဖြင့် ငါးသိန်းတန် CDMA 450 MHz နှင့် 800 MHz ဖုန်းများကို အများပြည်သူသို့ ချပေးနေမှု ရပ်ဆိုင်းသွားပြီး၊ ငါးသိန်းတန်ဖုန်းများမှာ ခြောက်သိန်းတန် ဖုန်းဘ၀ သို့ ချက်ချင်းရောက်ရှိသွားသည်။

မြန်မာပြည်တွင် တယ်လီဖုန်းလိုင်းများ တိုးချဲ့ခြင်းကြောင့် လိုင်းမကျပ်စေရန် လည်းကောင်း၊ တယ်လီဖုန်းများကို တစ်ဦးတည်း လက်ဝါးကြီးအုပ် ဖြန့်ဖြူးနေသည့် သေဌေးကြီး ဦးတေဇကို ဦးသိန်းစိန်က ကြည့်မရသောကြောင့် လည်းကောင်း ဖုန်းချပေးမှု ရပ်ဆိုင်းရသည်ဟု အချို့က သုံးသပ်ကြသည်။


အပြည့်အစုံ ဖတ်ရှုရန် ...

Sunday, May 8, 2011

အကြမ်းဖက် အဖွဲ့ အသစ်တစ်ခု ပေါ်ပေါက်

(Al-Quada သတင်း)

Al-Quada အမည်ရှိသည့် အကြမ်းဖက် အဖွဲ့အသစ်တစ်ခု မကြာသေးမီက ပေါ်ပေါက်ကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ထိုအဖွဲ့ကိုလည်း အိုစမာ ဘင်လာဒင်ကပင် ခေါင်းဆောင်ကြောင်း သိရသည်။

@Ko Chan



read more ...

Saturday, May 7, 2011

ဦးသိန်းစိန် အင်ဒိုနီးရှားနိုင်ငံမှ ရုတ်တရက် ပျောက်ဆုံးသွား

ယနေ့ မေလ ၇ ရက် (၁၈) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပနေစဉ် မြန်မာသမ္မတ ဦးသိန်းစိန် အင်ဒိုနီးရှားနိုင်ငံမှ ရုတ်တရက် ပျောက်ဆုံးသွားကြောင်း ဂျာကာတာမှ ပေးပို့သော၊ ပို့စ်မော်ဒန် သတင်း တွင် ဖော်ပြပါရှိသည်။

အင်ဒိုနီးရှားမှ ရုတ်တရက် ပျောက်ဆုံးသွားသည်ဆိုသော ဦးသိန်းစိန်သည် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေဖွယ် ရှိကြောင်း အတည်မပြုရသေးသော သတင်းတစ်ပုဒ်က ဆိုသည်။

ဦးသိန်းစိန် နှင့် ရုပ်ချင်းအလွန်ဆင်တူသူ တစ်ဦးကို စင်ကာပူနိုင်ငံရှိ၊ တစ်ခုသော MRT အနီးတွင် ဖိနပ်တိုက်နေသည်ကို တွေ့ရသည်ဟု အဆိုပါ MRT အနီးသို့ ရောက်ရှိခဲ့သူ မြန်မာပြည်သား တစ်ဦးက BSN သို့ ဓာတ်ပုံနှင့် တကွ သတင်းပေးပို့ထားသည်။ အဆိုပါ ပုဂ္ဂိုလ်ကို မည်သူမည်ဝါဟု အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးပေ။


(ဓာတ်ပုံ- ဒီရိန်းဂျား)

Friday, May 6, 2011

မြန်မာ တိုင်းရင်းသားများမှာ အလုပ်သမားများသာဖြစ်ကြောင်း သမ္မတကြီးကဖော်ပြ

(Kyay Mon, 1 May 2011)

မေလ ၁ ရက် အလုပ်သမားနေ့ သ၀ဏ်လွှာတွင် နိုင်ငံတော်သမ္မတက မြန်မာ တိုင်းရင်းသားများကို အလုပ်သမားကြီးများဟု အထက်ပါအတိုင်း ဖော်ပြ ညွှန်းဆိုသွားသည်။

သို့ဖြစ်ရာ မြန်မာတိုင်းရင်းသားများမှာ အလုပ်သမားများဖြစ်ကြပြီး၊ မြန်မာပြည်သို့ ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံသူ နိုင်ငံခြားသားများနှင့်၊ မြန်မာပြည်တွင်းမှ တိုင်းရင်းသား မဟုတ်သူများမှာ အလုပ်ရှင်များ ဖြစ်ကြသည်ဟု သမ္မတကြီး အနေဖြင့် ဆိုလိုကြောင်း တွေ့ရသည်။ မြန်မာပြည်တွင် နေထိုင်သည့် တိုင်းရင်းသား မဟုတ်သူ ပြည်ပ အနွယ်ဝင်များမှာ အလုပ်သမားများ မဟုတ်ကြဟု သမ္မတကြီးက ဆိုလိုသည်။

မြန်မာ တိုင်းရင်းသားများစွာမှာ ပြည်တွင်း တွင်သာ မက ပြည်ပနိုင်ငံများတွင်ပါ အလုပ်သမားများ အဖြစ် အလုပ်လုပ်ကိုင်နေကြခြင်းကြောင့် သမ္မတကြီးက ယခုကဲ့သို့ ၀န်ခံ သွားခြင်း ဖြစ်ကြောင်း သိရသည်။

(မှတ်ချက်။ ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အပါအ၀င် လူမျိုး (၁၃၅) မျိုးကို တိုင်းရင်းသား ဟု တရားဝင် သတ်မှတ်ထားပါသည်။)

မိုင်းသတိ.. မိုင်းအသိ ရှိပါ။

(Photo: Burmese Spirits)

ရွှေတိဂုံဘုရားတွင် အထက်ပါ အတိုင်း အများပြည်သူ ကို သတိပေးထားသည်။

"ဒါ- တိုင်းပြည် လုံခြုံမှု မရှိဘူး ဆိုတာကို ဖော်ပြနေတာဗျ။ တည်ငြိမ် အေးချမ်းရမယ့် ဘုရား ရင်ပြင်လို နေရာမျိုးမှာတောင် မိုင်းခွဲမှာ ကြောက်နေရတယ် ဆိုတော့ အစိုးရသစ် လက်ထက်မှာ မြန်မာပြည် မတည်ငြိမ်သေးဘူး ဆိုတာ သက်သေပြနေတာပဲ" ဟု အမည်မဖော်လိုသူ မြန်မာ့အရေးသုံးသပ်သူ တစ်ဦးက ပြောသည်။

"အခုလို မိုင်း (Mind) သတိ စာတန်း ရေးထိုးထားတာက ဘုရားဖူးမျှော်တဲ့ ပြည်သူအပေါင်းကို တရားရစေဖို့ အသိပေးထားတာပါ။ မိမိတို့ရဲ့ Mind (စိတ်)ကို သတိနဲ့ ဆင်ခြင်ပြီး တရား ဘာဝနာ ရှုမှတ်စေဖို့ အသိပေးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘုရားရင်ပြင်တော်ကြီးဟာ ဆိုရင်ဖြင့် အလွန်တရာမှ တည်ငြိမ်အေးချမ်း လုံခြုံမှု ရှိတဲ့အတွက် မိမိတို့ရဲ့ မိုင်း (Mind) ဆိုတဲ့ စိတ်ကို သတိတရား၊ အသိတရား ထားပြီး တည်ငြိမ်စွာနဲ့ တရားဘာဝနာရှုမှတ် ပွားများဖို့ အလွန် သင့်လျော် လှပါတယ်။ ဒါကြောင့်မို့ အခုလို စာတန်း ချိတ်ဆွဲထားရခြင်း ဖြစ်ပါတယ်" ဟု ဂေါပက လူကြီးတစ်ဦးက ရှင်းပြသွားပါသည်။

@ပရလောကသားများ

Thursday, May 5, 2011

မြန်မာနိုင်ငံသားများ ၀င်ငွေ အထူးမြင့်မား

(၀င်ငွေ ကျပ် ၁ သန်း သတင်း)

တစ်လလျှင် ၀င်ငွေ ၁ သန်း ရှိသော မြန်မာနိုင်ငံသားများသည် ဈေးသက်သာသည့် ငါးသိန်းတန် တယ်လီဖုန်းများကို ကိုင်တွယ် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း သတင်းတစ်ပုဒ်က ဖော်ပြသည်။ အဆိုပါ တစ်လ ၁ သန်း ၀င်ငွေရှင်များမှာ နောက်ထပ် စီမံကိန်းဖြင့် တယ်လီဖုန်းလိုင်း ၄ သန်း တိုးချဲ့ချိန်၊ တယ်လီဖုန်းများ ယခုထက် ပိုမို ဈေးကျသော အခါတွင်မှ ဖုန်းကိုင်နိုင်ကြမည် ဖြစ်ကြောင်း အဆိုပါ သတင်းက ဆိုသည်။

အထက်ပါ သတင်းအရ ငါးသိန်းတန်ဖုန်းများကို အသုံးပြုသူများမှာ တစ်လ ၀င်ငွေ ၁ သန်းကျပ်ထက် များစွာ ပိုမိုလိမ့်မည်ဟု ယူဆရသည်။ ထို့ကြောင့်  မြန်မာနိုင်ငံသားများ ၀င်ငွေ အထူးမြင့်မားနေကြပြီဟု အဆိုပါ သတင်းအရ မှတ်ယူနိုင်သည်။

"အများသူငါ ငါးသိန်းတန် ဖုန်းကိုင်နေချိန်မှာ၊ တစ်လ ၁ သန်း ၀င်ငွေရှိသူတွေ ဖုန်းမကိုင်ဘူး ဆိုတော့ ဒီလူတွေ တော်တော် ကပ်စီးနည်းလို့ ဖြစ်ရမယ်" ဟု မြေနီကုန်းတွင် ကွမ်းယာရောင်းနေသူ တစ်ဦးက မှတ်ချက်ချသည်။

တယ်လီဖုန်း တစ်လုံး ငါးသိန်းကျပ် ဟူသော ပမာဏမှာ နိုင်ငံတကာနှင့် နှိုင်းယှဉ်လျှင် အတော်အတန် ဈေးကြီးနေသေးသော်လည်း မြန်မာနိုင်ငံအတွင်းက ပြည်သူလူထုကမူ ဈေးသက်သာသည်ဟု ယူဆလျက် ရှိကြပြီး လူဦးရေ အတော်များများ အသုံးပြုလျက်ရှိကြသည်။ လက်ရှိအခြေအနေတွင် မြန်မာပြည်၌ တယ်လီဖုန်းလိုင်း ၂ သန်းကျော် ရှိသည်။


@MK




အပြည့်အစုံ ဖတ်ရှုရန် ...

Wednesday, May 4, 2011

ခွေးသေတစ်ကောင် ကျပ်သုံးထောင် ဆတ်သားခြောက် ပြုလုပ်ရန်ဝယ်ယူ

အများပြည်သူစားသုံးနေသော ဆတ်သားခြောက်များပြု လုပ်ရန် ရည်ရွယ်၍ ခွေးသေတစ်ကောင် ကျပ်သုံးထောင်အထိ ဈေးပေး ဝယ်ယူမှုများရှိလာကြောင်း ဒဂုံ တောင်၊ ၂၂ ရပ်ကွက်နေ ပြည် သူတို့၏ ပြောပြချက်အရ သိရ သည်။

ဧပြီ ပထမပတ်က ရန်ကုန်မြို့ သာကေတမြို့ လမ်းတစ်လမ်းတွင် အဆိပ်မိသေနေသော ခွေးများ
(ဓာတ်ပုံ-ပေါ်ပြူလာ)

ယင်းသို့ ဆတ်သားခြောက် တုပြုလုပ်ရောင်းချနေသည့် နေရာမှာ သာကေတ၊ ၁ဝ မြောက်ရပ်ကွက် ယခင် သင်္ချိုင်းမြေနေရာ၊ ယခု အမှိုက်ပုံအနီး မြို့တော်စည်ပင်ပိုင် မြေနေရာတွင် ကျူးကျော်ဝင် ရောက်နေထိုင်နေသော အိမ်တစ်အိမ်မှ ဖြစ်ကြောင်း၊ ထိုသို့ ခွေးသားဖြင့် ပြုလုပ်ထားသည့် ဆတ်သားခြောက်များအား အသားခြောက် ရောင်းသည့်ဒိုင်များသို့ သွားရောက် ရောင်းချလေ့ ရှိကြောင်း သိရသည်။

”သူတို့အရင်က လုပ်သလား မလုပ်သလားတော့ မသိဘူး။ ကျွန်မတို့ ပြောင်းလာတဲ့ ၁ နှစ် ကျော်အတွင်းမှာတော့ အဲဒီလို ခွေးသားတွေကို ဆတ်သားခြောက် လုပ် ရောင်းတာတွေ တွေ့နေရတာ ပဲ။ အခုလည်း ပြီးခဲ့တဲ့ သင်္ကြန်မတိုင်မီ ရက်ပိုင်းအတွင်းက အဲဒီအိမ်မှာ အသားခြောက်တွေ လှန်းထားတာ အများကြီးပဲ။ အခုတော့ ရောင်းပြီးပြီနဲ့ တူတယ်။ လှန်းတာ မတွေ့တော့ဘူး” ဟု ဒဂုံတောင်၊ ၂၂ ရပ်ကွက်နေ အမျိုးသမီးတစ် ဦးကပြောသည်။

သာကေတ၊ ၁ဝ မြောက်ရပ် ကွက်နှင့် ဒဂုံတောင်၊၂၂ ရပ်ကွက် သည်။ နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိပြီး ယင်းမြို့နယ်များမှ ခွေးလေ ခွေးလွင့်များအား ချောင်းမြောင်း သတ်ခြင်း၊ တစ်ဆင့်ပြန်လည် ဝယ်ယူ၍ အသားခြောက်ပြုလုပ် ရောင်းချခြင်းများပြုလုပ်ကြောင်း သိရသည်။ ယင်းအိမ်သည် ညဘက်တွင် ခွေးများအား လိုက်လံသတ်ဖြတ်၍ ယမ်းစိမ်းမှုန့်များသုံးကာ အခြောက်ပြုလုပ်ရောင်း ချခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ ပထမပတ် အတွင်းက ရန်ကုန်မြို့နေရာအ တော်များများတွင် ခွေးလေခွေးလွင့်များအား လိုက်လံရှင်းလင်းရာ ယင်းရက်အတွင်း၌ အဆိုပါနေအိမ်တွင် အသားခြောက်များလှန်းထားသည် ကို များစွာတွေ့ခဲ့ကြောင်း နီးစပ်သူ များက ဆိုသည်။

”သင်္ကြန်ရက်မတိုင်ခင်က အဲဒီအိမ်မှာ ခွေးသားတွေ လှန်းတာ အများကြီးတွေ့ရတယ်။ အခြောက်လှန်းပြီး လမ်းမတော်၊ သံဈေးဒိုင်တွေကို ပို့တယ်လို့ သိရတယ်။ သူ တို့က အခုလို နွေရာသီမှာပဲ လုပ် ကြတာ။ နွေရာသီမှာက စည်ပင်က ခွေးလေခွေးလွင့်တွေကို အဆိပ်ပါတဲ့ အသားတုံးတွေကျွေးပြီး သတ်တာ လုပ်လေ့ရှိတာကိုး။ သူတို့ လုပ်နေ တာကို ကြည့်ရတာ တရားဝင်လုပ် ခွင့်ရှိသလားတောင် ထင်ရတယ်” ဟု ယင်းရပ်ကွက်အနီးနေ အိမ်တစ် အိမ်က ပြောပြသည်။

ပြီးခဲ့သည့် တစ်နှစ်ကျော်က ဒဂုံတောင်၊ ၂၂ ရပ်ကွက်၌ ယင်း သို့ ခွေးသားများအား ဆိတ်သား များပြုလုပ်ကာ ဈေးများသို့ လိုက်လံ ရောင်းချသူတစ်ဦး ရှိခဲ့ပြီး၊ ယင်းသို့ ပြုလုပ်သူအား သက်ဆိုင်ရာက ဖမ်း ဆီးအရေးယူခဲ့ကြောင်း၊ ယခုအခါ ယင်းရပ်ကွက်အနီးတွင် ပြန်လည်ပြု လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကာလအတွင်း ရန်ကုန်ဆေးရုံကြီး၌ ခွေးကိုက်လူနာများ ရောက်ရှိလာမှု များပြားလာသည်ဟုဆိုကာ ရန်ကုန်မြို့၊ မြို့နယ်အချို့ရှိ ခွေးလေခွေးလွင့်များအား အဆိပ် ရည်သုတ်ထားသည့် အမဲသားတုံး များ လိုက်လံချကျွေးမှုများရှိခဲ့သည်။ ယင်းအဆိပ်လူးအသားတုံးများ စားမိသော ခွေးများသည် တစ်ခဏအတွင်း သေဆုံးကြရ သည်။

ရေးသူ- မိုးမြင့်မြတ်





ပေါ်ပြူလာ မှ တိုက်ရိုက်ကူးယူ ဖော်ပြပါသည်။

အိုဘားမား သေပြီ


အိုဘားမား ကွယ်လွန်ကြောင်း သတင်းတပုဒ်ကို Breaking News အဖြစ် Fox News Channel တွင် တွေ့ရသည်။





Read More ...

@ကေဇီ-Clean

Monday, May 2, 2011

O*B*AMA killed O*S*AMA

(Picture: cartoonstock.com)

O*b*ama said he gave the order for the operation to eliminate O*s*ama.

"Justice has been done," President Barack Hussein Obama said in a dramatic late-night announcement at the White House.

@Reported by: Anonymous



Read More ...



Death_of_Osama_bin_Laden

ဧပြီလ ၃၁ ရက်

လူထုနှင့် တွေ့ဆုံ ရှင်းလင်းမည့် အစီအစဉ် တားမြစ် ခံရပြီးနောက် ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းသည် ပြည်သူများနှင့် တွေ့ဆုံခွင့် ရရန် အတွက် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းထံ စာရေး အကြောင်းကြားထားသည်ဟု သတင်း ရရှိသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး တားသော်လည်း ဧပြီလ ၃၁ ရက်နေ့ နောက်ပိုင်းတွင် နယ်များသို့ ဆင်းကို ဆင်းမည်ဖြစ်ကြောင်းနှင့် သူအနေဖြင့် နယ်ဆင်းပြီး လူထုနှင့် တွေ့ဆုံမည် အကြောင်းကို သူရေးသားပေးပို့သော စာထဲတွင် ရေးသားဖေါ်ပြထားကြောင်း သူက ပြောသည်။


ဧပြီလ ၃၁ ရက် သတင်း

ဧပြီလ ၃၁ ရက်နေ့ နောက်ပိုင်းတွင် နယ်ဆင်းမည် ဆိုသော လွှတ်တော် အမတ်ကြီးသည် ဧပြီလ ၃၁ ရက်နေ့ကို ပေါ်လာနိုးဖြင့် ငုတ်တုတ်ထိုင်ကာ စောင့်ဆိုင်းလျက် ရှိနေကြောင်း သတင်းရရှိသည်။


အပြည့်အစုံသို့

@ကေဇီ-Clean

Thursday, April 28, 2011

ကြက်အစ မြန်မာက


"ကြက်အစ မြန်မာက" ဟု ကမ္ဘာကျော် စာရေးဆရာကြီး H.G. Wells က ဆိုသည်။


ကြက်မွေးမြူရေးအစ မြန်မာက ဟူသော အဆိုကို အထောက်အထား ပြည့်စုံကြောင်း ထောက်ခံသူများလည်း ရှိသည်။ ထိုအဆို မည်မျှ မှန်ကန်သည်ကို အတိအကျ မသိနိုင်သော်လည်း မြန်မာပြည်တွင် ကြက်များ ပေါများသည်ကတော့ အမှန်ပင် ဖြစ်ပြီး၊ အိမ်နီးချင်း နိုင်ငံများတွင်ပါ မြန်မာ ကြက်များကို တွေ့ရသည်။

(Screen-shot from "Life of Myanmar Girl"- Youtube)

ကြက်မွေးမြူရေးအစ ဘယ်နိုင်ငံက (အခြား သီအိုရီများ)
History of Chickens
History of the Chicken
Chicken

Monday, April 25, 2011

အမေရိကန်တွေ မြန်မာစာ၊ မြန်မာစကား သင်နေပြီ

မြန်မာလူမျိုး သင်္ဘောသူကြီး ကိုလံဘတ် (ကြီးလာတဲ့အခါ ဦးလံဘတ်)၏ အမေရိကား တိုက် ရှာဖွေတွေ့ရှိမှုနှင့်အတူ အမေရိကန်ပြည်တွင် မြန်မာလူမျိုး မြောက်မြားစွာ အခြေချ နေထိုင်ခဲ့ကြသည်။ ပေါင်ကားကားနှင့် ဆောင့်ကြောင့်ထိုင်နေသော အမေကြီးတဦးကို သင်္ဘောသူကြီး ကိုလံဘတ်က စတင်တွေ့ရှိရာမှ "အမေကြီး-ကား" ဟု အမည်ပေးခဲ့ပြီး ကာလ ရွေ့လျားသော် "အမေရိကား" ဖြစ်လာသည်။

မြန်မာတို့သည် အမေရိကားနိုင်ငံတွင် ဥက္ကလံမြို့ (Oakland) နှင့် ဖိုးဝင်းမြို့ (Fort Wayne) - (ဦးဖိုးဝင်း တည်ထောင်သည်) - တို့တွင် လူဦးရေ ထူထပ်စွာနေထိုင်ကြသည် (ဒီမှာ ဖတ်ပါ)။ အဆိုပါ မြန်မာ များအနက်မှ ဖားရိုက်ကာ ဈေးတွင် ဖားသား ရောင်းပြီး အသက်မွေး ၀မ်းကျောင်းပြုသော ဖားရိုက်-အိုဗမာ (Barack Obama) ဆိုသူ မြန်မာ အမျိုးသားတဦး သမ္မတ ဖြစ်လာခဲ့ရာ အမေရိကား ရုံးသုံးစာ အဖြစ် မြန်မာစာကို ပြဌာန်းလိုက်သည်။ ထို့ကြောင့် အမေရိကန် လူမျိုးအပေါင်းတို့သည် မြန်မာစာ၊ မြန်မာစကားကို သင်ယူလျက်ရှိကြကြောင်း သတင်းရရှိသည်။


အမေရိကန်တွေ မြန်မာစာ မြန်မာစကားသင် (သတင်းဖတ်ရန်)

Sunday, April 24, 2011

လူသယံဇာတ- ဆိုပါလား

(Kyay Mon, 23 April 2011)

"သယံဇာတ" ဆိုသည်မှာ အလိုအလျောက် ဖြစ်ထွန်းသောအရာ ဟု အဓိပ္ပါယ်ရသည်။ မြန်မာနိုင်ငံတွင် မြေပေါ် မြေအောက်၊ ရေပေါ် ရေအောက် သယံဇာတ အလွန်ပေါများကြောင်း ကျောင်းသုံး ပထ၀ီဝင် စာအုပ်များတွင် ပြဌာန်းဖော်ပြသည်။  မြန်မာ အစိုးရသည် အဆိုပါ သယံဇာတများကို မကုန်မချင်း ထုတ်ယူ ရောင်းချလျက် ရှိသည်။

ယမန်နေ့ထုတ် ကြေးမုံ သတင်းစာတွင်မူ "လူသယံဇာတ" ဟု ဖော်ပြထားရာ ရှိသမျှ မြေပေါ်မြေအောက် သယံဇာတများ ကုန်ခမ်းသွားပါက "လူသယံဇာတ" များကိုပါ မကုန်မချင်း တင်ပို့ ရောင်းချဖွယ် ရှိနေသည်။ 

@Mr Moon   

Saturday, April 23, 2011

မြန်မာပြည် ရထားများပေါ် လက်ပ်တော့ပ် သယ်ဆောင်ပါက ဒဏ်ငွေဆောင်ရမည်

မြန်မာနိုင်ငံက ရထားပေါ်ကို သင်၏ ခရီးဆောင် ကွန်ပြူတာ လက်ပ်တော့ပ်အား ယူသွားပါက လက်မှတ်စစ် တွေ့ရှိလျှင် တန်ဆာမဆောင်ဘဲ သယ်ဆောင်မှုဖြင့် ဒဏ်ငွေဆောင်ရမှာ ဖြစ်သည်။

မြို့ပတ် ရထားပေါ်ဖြစ်စေ၊ နယ်ဝေးပြေးဆွဲနေသည့် ရထားများ အပေါ်တွင်ဖြစ်စေ ကွန်ပြူတာတွေ့လျှင် ဒဏ်ငွေ ၄၈ဝဝ ကျပ်အထိ ဒဏ်တပ်ခံရမည်ဟု နေပြည်တော်ရှိ ရထားပို့ဆောင်ရေး စီးပွားရေးဌာနက တာဝန်ရှိသူတဦးက အတည်ပြုပြောကြားသည်။

”ကွန်ပြူတာ လက်ပ်တောပ့်ကတော့ Personal Use လည်း မရဘူးခင်ဗျ။ တလုံးထဲလည်း ဒဏ်ရိုက်ပါတယ်” ဟု သူက ပြောသည်။

ရထားပေါ် လက်ပ်တော့ ကွန်ပြူတာ သယ်ဆောင်မှုဖြင့် ဒဏ်ရိုက်ခံခဲ့ရသူ တဦးက ဒဏ်ငွေ ကျပ် ၂၁ဝဝ ပေးဆောင် ထားခဲ့ရသော ပြေစာကို မကြာသေးခင်က Facebook တွင် တင်ထားခဲ့ရာ လူအများအကြား မြန်မာ့ရထား၏ စည်းမျဉ်းစည်းကမ်းကို အံ့သြမှု ဖြစ်ခဲ့ကြသည်။

အဆိုပါ ခရီးသည် ဒဏ်ငွေ ဆောင်ခဲ့ရမှုနှင့် ပတ်သက်၍ မီးရထား အရာရှိကမူ ဒဏ်ငွေပမာဏ ၂၁ဝဝ ကျပ်သာ ပေးဆောင်ရသည်မှာ ”ကံကောင်း” သော ဖြစ်ရပ်ဟု ပြောသည်။ ဒဏ်ငွေကို ၃ ဆအထိ ပုံမှန်ပေးဆောင်ရသည်ဟု ဆိုသည်။

ထို့အတူ တလုံးထက်ပိုသော ဓာတ်ပုံကင်မရာ၊ ဗီဒီယို ကင်မရာများလည်း တန်ဆာဆောင်ရန် လိုအပ်သည်ဟု နေပြည်တော် မီးရထား ရုံပိုင်ချုပ်ကြီး ဦးအောင်ခင်က ပြောသည်။

“အဓိကကတော့ ကွန်ပြူတာလိုမျိုး အီလက်ထရောနစ် ပစ္စည်းတွေ ရထားပေါ်မှာ ကိုင်ဆောင်ပြီး သွားမယ်ဆိုရင် ကျနော်တို့ဆီမှာ လာပြီး လက်မှတ်တောင်းယူဖို့ လိုပါတယ်။ တန်ဆာဆောင်ဖို့ လိုပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာပြည်က ရထားလမ်းတွေက နိုင်ငံတကာ ရထားလမ်းတွေလို့ အနိမ့်အမြင့် မညီဘူး။ ဒီတော့ ရထားတွေက ဂျုန်းဂျုန်း ဂျက်ဂျက် ဆိုပြီး လမ်းတလျှောက်လုံး ယိမ်းကသလို ခါယမ်း လှုပ်ခတ်တယ်။ ခင်ဗျားတို့ သိတဲ့ အတိုင်း အီလက်ထရောနစ် ပစ္စည်းတွေက အရမ်းနုတယ်လေ။ ထိမိခိုက်မိရင် ပျက်စီးလွယ်တယ်။ ကျွန်တော်တို့ ရထားတွေက အရမ်းလှုပ်တော့ အဲဒီပစ္စည်းတွေ မတော်တဆ ထိခိုက် ပျက်စီးနိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က စေတနာ ရှေ့ထားပြီး လက်ပ်တော့တွေ မသယ်ဖို့၊ သယ်မယ်ဆိုရင်လဲ တန်ဆာဆောင်ပြီးမှ သယ်ဆောင်ဖို့ စီစဉ်ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ ခရီးသည်များအတွက် တကယ့် စေတနာနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

အပြည့်အစုံသို့

မသာ ပွဲစား

(Mizzima News)

မြန်မာနိုင်ငံတွင် နေရာတကာမှာ ပွဲစား ရှိ၏။ အနှီ ပွဲစားတို့သည် အသက်ရှင်နေသော မြန်မာပြည်သူများကို ရိုက်စားလုပ်ရုံ မကတော့ပြီ။ အသက်ပျောက်ကုန်ပြီ ဖြစ်သော "မသာ" များကိုပါ ရိုက်စားကုန်ကြ၏။ အထက်ပါ သတင်းတွင် မြန်မာပြည်မှ မသာပွဲစားများ အကြောင်းကို ဦးကျော်သူက ရှင်းပြထားသည်။

သတင်းဖတ်ရန်

Thursday, April 21, 2011

စည်းကမ်းပြည့်ဝသော နိုင်ငံတွင် စည်းကမ်းပြည့်ဝစွာ အမှိုက်ပစ်လျက်ရှိ


(Myanma Alin)

မြန်မာပြည် ဒီမိုကရေစီ ရပြီဟု နိုင်ငံတော် သတင်းစာများအရ သိရသည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟု ဆို၏။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသဖြင့် ပြည်သူအများ စည်းကမ်း ပြည့်ဝစွာ အမှိုက်ပစ်ကြသည်ကို ဓာတ်ပုံများတွင် တွေ့ရသည်။

(Photo: Irrawaddy)

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် စတင်ရှင်သန်နေပြီဖြစ်ကြောင်း၊ ထိုအချက်ကို ဖော်ပြပါ "လွတ်လပ်စွာ" အမှိုက်ပစ်ခွင့် ရှိခြင်းက သက်သေပြနေကြောင်း လွှတ်တော်တက် အမတ်မင်း တဦးက သုံးသပ်သည်။ "ဒီလို လွတ်လပ်စွာ အမှိုက်ပစ်ခွင့်မျိုးဆိုတာ ဒီမိုကရေစီ ဘိုးအေ နိုင်ငံတွေမှာတောင် ရှိတာ မဟုတ်ဘူးဗျ။ အဲဒီ ဒီမိုကရေစီနိုင်ငံတွေမှာ အခုလို လွတ်လပ်ခွင့်မျိုး မရှိဘူး။ ဒီတော့ ကျွန်တော်တို့နိုင်ငံက သူတို့ထက် ပိုပြီး လွတ်လပ်မှု အပြည့်အ၀ရှိတယ်လို့ ပြောနိုင်ပါတယ်၊ အဲ- အမှိုက်ပစ်တဲ့ နေရာမှာပါ" ဟု အဆိုပါ အမတ်မင်းက BSN သို့ ပြောကြားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လွတ်လပ်စွာ အမှိုက်စွန့်ပစ်နိုင်မှု အရှိဆုံး နိုင်ငံများထဲတွင် တခု အပါအ၀င် ဖြစ်ကြောင်း Freedom House အဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

(Photo: Moemaka)

Wednesday, April 20, 2011

တက္ကသိုလ်က တီးတိုးငွေ

မာမာလွင်တယောက် နေပူကြီးထဲ ချွေးပြိုက်ပြိုက် ကျနေတယ်။ တချက်တချက် စည်းကမ်းမရှိတဲ့ ကျောင်းသားတွေ ရုန်းရင်းဆန်ခတ် လုပ်လို့ စီတန်းနေသူတွေ နောက်လဲပြိုမလို ဖြစ်ရပါတယ်။

မာမာလွင် စိတ်ထဲတွေးနေတာက သူရောက်နေတဲ့နေရာကနေ နေ့ခင်း ၂ နာရီ မထိုးခင်ကောင်တာရောက်ပါ့ မလား…

စာကျက်ရတာ စာမေးပွဲဖြေရတာကို သူမကြောက်၊ အခုလို ပထမနှစ်ဝက် အဆိုင်းမန့်တင်တာ၊ ဒုတိယနှစ်ဝက် အဆိုင်းမန့် တင်တဲ့အခါတွေကိုတော့ သူကြောက်တယ်။

သူကံကောင်းတယ်လို့ ဆိုရမယ်။ ၂ နာရီ မထိုးခင်မှာပဲ သူ့ရှေ့က အတန်းကြီး ရွေ့သွားပြီး ကောင်တာကို ရောက်သွားတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာက နောက်မှာ ကျန်နေတဲ့ ကျောင်းသားတွေ အတွက်ပဲ။ ဒီနေ့က အဆိုင်းမန့်တင်ရမယ့် နောက်ဆုံးရက်။ ၂ နာရီထိုးရင် လက်ခံပေးမယ့် ရုံးဝန်ထမ်းတွေ အိမ်ပြန်ကြမှာ။ ဒါကြောင့် ကျန်တဲ့ကျောင်းသားတွေ ထုချေလွှာနဲ့ ဒဏ်ကြေး တွဲပြီး တင်ရမယ့်ရက်ကိုစောင့်ရုံပဲ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် မာမာလွင်ကတော့ သိပ်ရှည်ရှည်ဝေး မတွေးနိုင်တော့ပဲ တစ်ကိုယ်ကောင်းဆန်စွာ ထွက်လာခဲ့ပါတယ်။

ကားဂိတ် ရောက်တော့မှ သတိရသွားတာက သူ့သူငယ်ချင်း မေသူ့ကိုပါ။ မေသူ ဒီနေ့ မလာပါ။ ဒါကြောင့် သူ့ကို ဖုန်းဆက်ကြည့်ရတော့မယ်။ မေ့နေရင် သတိပေးပြီး ဒဏ်ကြေးတင်ခိုင်းမယ့် ရက်ကို မလွတ်တမ်း စောင့်နိုင်အောင် ပြောရတော့မယ်။ သူ့လက်ကိုင်ဖုန်းကို ဆက်လိုက်တဲ့အခါ “မေသူတယောက် ရှော့ပင်း ထွက်နေတယ်” တဲ့။ ဒီနေ့ အဆိုင်းမန့် နောက်ဆုံးနေ့လေ။ မသိဘူးလားလို့ မေးတော့ “ကိစ္စမရှိဘူး။ ငါက တန်းစီစရာမလိုဘူး သူငယ်ချင်းရဲ့။ ငါ အဲဒီက ဝန်ထမ်းတစ်ယောက်ကို ပေါင်းထားလိုက်တာ။ ငါ့အစ်ကိုတုန်းကလဲ သူပဲ လုပ်ပေးတာလေ။ ပထမ အဆိုင်းမန့်အတွက် တစ်သောင်းခွဲ၊ ဒုတိယ အဆိုင်းမန့်အတွက် တစ်သောင်းခွဲနဲ့ စုစုပေါင်း သုံးသောင်းပေးထားလိုက်တယ်။ ကိုယ်က ဘာမှပြန်ကြည့်စရာ မလိုဘူး။ စာတွေလဲ သူပဲ ဖြည့်ပေးတယ်။ ပြီးရင် တင်ပေးတယ်။ တင်ပြီးရင်လဲ ဖုန်းဆက် အကြောင်းကြားပေးတယ်။ ဒါကြောင့် နင်စိတ်မပူနဲ့” လို့ သူ့ကို ပြောလာတယ်။

ဒီတော့ မာမာ က “ အေးပါ..အေးပါ ငါတို့လို သုံးသောင်း မပေးနိုင်တဲ့သူတွေတော့ အခုလို နေပူကြီးထဲ အငေါက်ခံပြီး တန်းစီရတာပေါ့ ”လို့ ရိသဲ့သဲ့ ပြန်ပြောခဲ့ပါတော့တယ်။

မှတ်ချက်။ ။ အဆိုင်းမန့်တင်ရာတွင် ကျောင်းသားများ လိုက်နာရန်မှာ မိမိကိုယ်တိုင် မေးခွန်းများကို ဖြေဆိုကာ ကိုယ်တိုင် တင်သွင်းကြရမည် ဖြစ်သည်။


မဇ္ဈိမ မှ တိုက်ရိုက် ကူးယူ ဖော်ပြပါသည်။

Sunday, April 17, 2011

နှစ်သစ်ကူး ဆုတောင်း

မင်္ဂလာရှိတဲ့ မြန်မာနှစ်သစ် အခါသမယမှာ မြန်မာပြည်နဲ့ ကမ္ဘာအရပ်ရပ်က မြန်မာပြည်သူ ပြည်သား အပေါင်း ဘေးဘယာ ဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများ ပြည့်ဝ နိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်။

Burma Strange News

ဒုံးကျည်နဲ့ ပြောင်းဖူးပြုတ် လဲလှယ်၊ ကျည်ဆံနဲ့ ဆန်စေ့ လဲလှယ်


မြန်မာ အစိုးရဟာ မြောက်ကိုးရီးယား နိုင်ငံကနေ လက်နက်မျိုးစုံ ၀ယ်ယူနေပါတယ်။ ဒါပေမဲ့ စစ်လက်နက် ပစ္စည်းတွေကို ဒေါ်လာနဲ့ ၀ယ်ယူခြင်း မဟုတ်ဘဲ တိုင်းပြည်အတွင်း ထွက်ရှိတဲ့ ကောက်ပဲ သီးနှံတွေနဲ့ လဲလှယ် ရယူ နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲသလို လဲလှယ်တဲ့ အခါ ဒုံးကျည် ကို သူနဲ့ ပုံစံတူတဲ့ ပြောင်းဖူး၊ ကျည်ဆံ တွေကို သူနဲ့ သဏ္ဍာန် တူသလိုလိုရှိပြီး အရွယ်အစားသေးငယ်တဲ့ ဆန်စေ့ စတာ တွေနဲ့ လှဲလှယ်ကာ သမိုင်းဦးကာလ လူသားတွေလို ကုန်ပစ္စည်း ဖလှယ်တဲ့ စနစ်ကို အသုံးပြုနေပါတယ်။ အမြောက်လက်နက်တွေ ၀ယ်ယူတဲ့ အခါမှာတော့ အမြောက်နဲ့ တူတဲ့ ၀ါး ကျည်တောက် တွေကို ပြန်လည် ပေးပို့တယ်လို့ စုံစမ်း သိရှိရပါတယ်။

ထိုနည်းတူ မြောက်ကိုးရီးယားထံမှ သံချပ်ကာယန္တရားများ ၀ယ်ယူပြီး သံချပ်ကာနဲ့ သဘောတရားချင်း တူတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ယူဆတဲ့ နွားလှည်းများကို မြောက်ကိုးရီးယားထံ ပြန်လည် ပေးပို့ဖို့စီစဉ်နေပါတယ်။ စစ်လေယာဉ်များ ကိုတော့ သိမ်းငှက်တွေနဲ့ လဲလှယ်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

အပြည့်အစုံသို့

Saturday, April 16, 2011

မြန်မာ့ရိုးရာ မဟာသင်္ကြန်

(www.99sanay.com မှ ဓာတ်ပုံကို ပြန်လည် ဖော်ပြပါသည်)

Friday, April 15, 2011

သင်္ကြန် သီချင်း လက်ဆောင်


အကောင်းဆုံး သင်္ကြန်တေး တပုဒ်ပါ
မဟာ သင်္ကြန် အခါသမယမှာ သင်္ကြန်သီချင်းလေး နားထောင်ယင်း ရွှင်ပြုံးနိုင်ကြပါစေ

မော်ဒန် သင်္ကြန် သီချင်းများ ကောက်နုတ်ချက်


သီချင်းထဲမှာ .. ရေပြွတ်ကို ဘာလုပ်လိုက်ပါတော့.. ဆိုလားပဲ
(ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က ထုတ်လွှင့်သွားတာပါ)

Thursday, April 14, 2011

မြန်မာသင်္ကြန် .. ဂြိုဟ်သားများ လာရောက်ပျော်မြူး


မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် သင်္ကြန်ပွဲတော်ကို လာရောက်ပျော်ပါးနေသော ဂြိုဟ်သားများ။
(Photos: burmatoday)



@ကိုယ်တော်ကြီး

Wednesday, April 13, 2011

မြန်မာ နိုင်ငံတွင် ဖင်လန်ပညာရေး စနစ်ကျင့် သုံးရန် လွှတ်တော်တွင် အဆိုပြုမည်

ဖင်လန် ပညာရေး စနစ်ကြောင့် ဥရောပနိုင်ငံ တစ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပညာရေး နံပါတ် ၃ နေရာသို့ ရောက် ရှိသွားသည် ဆိုသော သတင်းကြောင့် မြန်မာ နိုင်ငံမှ လွှတ်တော် အမတ်များ သည် ဖင်လန် ပညာရေးစနစ် ကျင့်သုံးနိုင်ရေးအတွက် လာမည့် လွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်းရန် စီစဉ်နေကြကြောင်း သိရှိရသည်။

ဖင်လန်ပညာရေး စနစ်သည် ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ ဖင်လှန်ကာ သင်ကြားရသော ပညာရေး စနစ်ဖြစ်သည်။ ထိုစနစ်နှင့် ပတ်သက်၍ လေ့လာသူ တစ်ဦးက အခုလို့ "ဥရောပလို အေးတဲ့ နိုင်ငံမှာတော့ မပြောတတ်ဘူး မြန်မာလို ပူတဲ့ နိုင်ငံမှာ အခုလို ဖင်လန်ပြီးတော့ တဖြူးဖြူးတိုက်တဲ့ လေအေးအေးလေး ခံယင်း စာသင်ရတာ ကျန်းမာရေးနဲ့ သင့်တော်တယ်" ဟု သုံးသပ် ပြောဆို သွားသည်။

"ဖင်လန် ပညာရေးက ကလေးတစ်ယောက် ကျောင်းမှာ စာမလိုက်နိုင်လို့ ပြင်ပမှာ ကျူရှင်ဆရာ ငှားသင်ဖို့ မလိုတဲ့ စနစ်မျိုးဖြစ်သည်။" ဟု ဆိုသဖြင့် ကျောင်းသား မိခင် တစ်ဦးက "ဖင်လေး လှန်ပြီး စာသင်တာနဲ့ ကျူရှင်တက်စရာ မလိုဘူးဆိုတော့ အရမ်း ကို ကောင်းမွန်တဲ့ စနစ်ဖြစ်မှာပါရှင်။ အခုက စီးပွားရေး ကျပ်တည်းတော့ ကလေးတွေ ကျူရှင်ခ မပေးရရင် နှစ်လုံး သုံလုံး ပိုထိုး နိုင်တာပေါ့ရှင်" ဟု ၀မ်းသာ အားရ ပြောကြားသွားသည်။

မြန်မာ နိုင်ငံ ၏ အိမ်နီးချင်း ထိုင်းနိုင်ငံ တွင် ၍ စနစ်ကို ကျင့် သုံးရန် စီစဉ်နေသည် ဆိုသော သတင်းကြောင့် ဇာတိသွေး ဇာတိမာန် တက်ကြွသော သမ္မတကြီး ဦးသိန်းစိန် သည် ဖင်လန် ပညာရေး စနစ်ကို ထိုင်းနိုင်ငံ တွင် မစတင် နိုင်မှီ မြန်မာပြည် တွင် စောလျင် စွာ စတင်ရန် ဆန္ဒ ပြင်းပြ နေကြောင်း သိရှိရသည်။ နောင်တွင် ဖင်လန်လွှတ်တော် စနစ်ကို ကျင့်သုံးရန် စဉ်းစား နေကြောင်း လည်း သိရှိရသည်။

(ကိုယ်တော်ကြီး ပေးပို့သည်)


ဖင်လန် ပညာရေးအကြောင်း လေ့လာရန်

Tuesday, April 12, 2011

မိုင်ယန်မာ-မဟာသင်္ကြန်စာ

မြမ္မာဘုရင်မင်းမြတ် ချီးမြှင့်တော်မူသော ရာဇာဓိ ရာဇခရု ဘွဲ့တံဆိပ်တော်ရ၊ ထို့နောက်
မြမ္မာနိုင်ငံ ဘုရင်ခံမင်းမြတ် ချီးမြှင့်တော်မူသော ရွှေမှန်ဘောင်နှင့် ဂုဏ်ထူးဆောင်လက်မှတ်ရ
ပုဏ္ဏားတော်ပညာရှိ ဆရာကြီး ဒေါက်တာ ဦးဇီးကွက် (PhD နက္ခတ်ဗေဒင်၊ Kolkata) ၏မြေး
မူကြိုကျောင်းထွက်လက်မှတ်ရ၊ သူငယ်တန်းကျောင်းသားဟောင်း
ပုဏ္ဏားတော်ပညာယှိ ဆြာဂျီး တောက်တိုမယ်ရ ဇီးကွက်မျက်ပြူး နှင့်
မြစ် ဆရာ ငှက်၊ ဆရာကြွက် (M.B, B.S/ Mhan Baung Baydin Sayar) တို့
GPS စနစ်ဖြင့် အထူးညှိနှိုင်း တွက်ချက် ရေးသား စီရင်အပ်သော

၁၃၇၃ ခုနှစ်၊ မိုင်ယန်မာပြည်-မဟာ သင်္ကြန်စာ



ဇေယျတု။     ။ ခရစ်နှစ်၂၀၁၁၊ ဧပြီလ (၁) ရက်၊ ဧပြီအရူးနေ့၊ မြန်မာစံတော်ချိန်၊ မြန်မာပဟိုရ်နာရီ နေထွက် (၅) ချက်တီးကျော်၊ (၆) ပါဒ်၊ (၉) ဗီဇနာ၊ (၁၂) ခရာအချိန်၊
ဗြိစ္ဆာရာသီလဂ်၊ ကရကဋ် ရာသီစန်း၊ တနင်္လာ ယမမင်း၊ အင်္ဂါတြင်း၊ ဗုဒ္ဓဟူး ပုလင်း၊ စနေ နဗန်ကျင်း၊ ကြသပတေး တိံသင်း သောကြာ န၀င်း၊ နက္ခတ်(၁၆)လုံး၊ (၁) ပါဒ်၊ (၄) ကုဋီ၊ (၄၅)၀ီဃဋီပြည့်ထက်၊ လဂ်စီးလျက် စန်းပွင့်သော အချိန်အခါ သမယတွင်- အမြင့် ရူးလား (ruler) ခေါ် ပေတံ အတိုင်းအတာ ငါးပေခွဲ၊ လုံးဝန်းသော မျက်နှာ အတိုင်းအတာ သုံးပေ ပတ်လည်ရှိသော၊ အောက်ပိုင်းကား ခါးပတ်ကြိုးဖြင့် ချည်နှောင်ထားသော တောင်ရှည်၊ အပေါ်ပိုင်းကား စလွယ်ကို သိုင်းလျက်၊ နဖူးပြောင်ပြောင်မှ ရောင်ခြည်တထောင် အလင်းကို ဆောင်သော ဗြဟ္မုရာဇာ အမည်ရှိ ရာဟုဘင်္ဂရာဇာ ဂြိုဟ်မင်းသည် လက်တဖက်ကား “စကတ်” မဟုတ်သည့် “ချိတ်ထမီ” ဒုံးကျည်၊ လက်တဖက်ကား ပျားရည်တံဆိပ် ကပ်ထားသည့် ငပိအိုးကြီးကို ပိုက်လျက် ကြံ့ကြီးကို စီးပြီး၊ လွှတ်တော် တံခါးပေါက်မှ ၀င်ရောက်ကာ ဖွတ်ကြီးကို စီးလျက် လွှတ်တော်တံခါးမှပင် ပြန်ထွက်၏။

မြမ္မာပူရ ၀ဋံသကာ ဒေ၀ီ အမည်ရှိသော နတ်သမီး သည်ကား အလွန် နှေးကွေးလေးလံသော အင်တာနှေးဖြင့် တွစ်တာကို အသုံးပြုလတ်သည် ရှိသော် ရာဟုဘင်္ဂရာဇာ ဂြိုဟ်မင်းအား အရှိကို အရှိအတိုင်း အသိအမှတ်ပြုကြောင်း “မေးပါများစကားရ” လေဒီယို အစီအစဉ်မှ တဆင့် ဖော်ပြ၏။

မပြီးမချင်း ပြန်မလွှတ်ဘဲ ပြီးဆုံးမှသာ အိမ်ပြန်လွှတ်သည့် “လွှတ်တော်” အတွင်းရှိ မနော သဒံ သကာ သဒီ ဆန် ဆီ တီ ဖား ဝေါ့ အော့ အမည်ရှိကုန်သော ဖွတ်နတ်သား၊ ဖွတ်နတ်သမီး အပေါင်းတို့သည် လည်းကောင်း၊ လွှတ်တော်မရောက်မီ သင်္ကြန်အမြောက်ကို ပေါက်ပေါက်ဖောက်ခဲ့ပြီး၊ ဖွတ်နတ်များ အနီးထိုင်မိသောအခါ ပုတ်သင်ညိုဘ၀ အသွင်ပြောင်းသွား ကြကုန်သော သင်္ကြန်အမြောက် အမတ်မင်းတို့သည် လည်းကောင်း၊ မီဒီယာ လောကသားတို့သည် လည်းကောင်း ဗြဟ္မာဦးခေါင်းကို ပေါ်အံ့နိုးနိုးဖြင့် ငံ့လင့် လတ်သည် ရှိသော် ငပိပုတ်နှင့် သဏ္ဍာန်တူသော ဗြဟ္မာဦးခေါင်းသည် အချိတ်ထမီကြီးကို ခေါင်းမြီးခြုံလျက် ကန့်လန့်ကာ နောက်ကွယ်မှ ပုန်းအောင်း၏။

ထို့ကြောင့်- အနောက်တွင် နပ်ဖ်မြစ် (Naf River)၊ အလယ်တွင် ဣရ-၀ဒီမြစ် (Irrawaddy River)၊ အရှေ့တွင် ဆာလ၀ိန်းမြစ် (Salween River) တို့ တသွင်သွင် စီးဆင်းလျက် ရှိသော ဤ မိုင်ယန်မာပြည်ကြီး (Myanmar Pyi Gyi) အတွင်း-

နွေရာသီတွင် ပူအိုက်အံ့၊ မိုးရာသီတွင် မိုးရွာအံ့၊ ဆောင်းရာသီတွင် အေးမြအံ့။ မိုးရွာလတ်သည် ရှိသော် မိုးပေါက် အနည်းငယ်မျှဖြင့် ရန်ကုန်မြို့ရှိ မြောင်းများ ရေလျှံအံ့၊ ရေကြီးအံ့၊ မြေညီထပ်များ ဒုက္ခကြုံအံ့။ မိုးရာသီတွင် ခြင်ပေါသဖြင့် ခြင်ဆေးခွေများ အရောင်းသွက်လတ္တံ့။ လစာတိုးမည့် သတင်းထွက်ပြီး လစာမတိုးဘဲ ကုန်ဈေးနှုန်းသာ တိုးသဖြင့် စားသုံးသူများ ဒုက္ခဖြစ်လတ္တံ့။ ကပ်ဖားယပ်ဖား သေဌေးကြီးများ စီးပွားတိုးအံ့၊ လိုင်းကား စီးသူများ တိုးတက်ရ လတ္တံ့။ မိန်းကလေးများ တွယ်ချိတ်ဆောင်ရအံ့။ ဤကား မဟာသင်္ကြန် အလိုတည်း။

သင်္ကြန်အကျအလိုမူကား ဖြူနီပြာဝါ အ၀တ်တန်ဆာ စုံစေ့သင်္ကြန်နေ့၌ မဏ္ဍပ်များတွင် ကညာနှမမြင်သမျှမှာ လှချင်တိုင်းလှ၊ ရွချင်တိုင်းရွပြီး၊ ပေါ်ချင်ရာပေါ်ကာ ကခုန်ကြလတ္တံ့။ သင်္ကြန်မောင်များ သွားရည်များများကျကာ ငမ်းကြအံ့။ ယမန်နှစ်က ဗုံးကွဲခဲ့သည်ကို သတိမမူသူများလည်း ရှိအံ့။ သတိမူသူများလည်း ရှိအံ့။
ထို့ကြောင့် သင်္ကြန်ရက်များအတွင်း-
ဗုံး ဆိုသော်လည်း မပေါက်ကွဲပါက စက္ကူပုံးဖြစ်အံ့၊ ပေါက်ကွဲသော် KNU လက်ချက် ဖြစ်အံ့။ ပသို့ပင် ဆိုစေ မိမိတို့၏ အသက် အန္တရာယ်နှင့် လက်တကမ်းအလို ဖြစ်နိုင်သောကြောင့် သင်္ကြန်လည်ပတ်သူများ အထူး သတိဖြင့် အသွားအလာ ဆင်ခြင်ကြစေခလို။ ဤကား ဇီးကွက်မျက်ပြူး၏ စေတနာနှင့် အကြံပြုချက်တည်း။

မိုင်ယန်မာပြည်ကြီးမှ အွန်လိုင်းသုံးသူများသည် ဂျီတော့ အစား ဂျီတော့ထက် သာလွန် အဆင်မပြေစေမည့် ကောက်ကျစ်သော မြေခွေးတော့ကိုသာ အသုံးပြုကြရမည်ဟု မိုင်ယန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြေညာချက် ထုတ်ပြန်သဖြင့် စိတ်ညစ်ကြရအံ့။ အင်တာနက် လိုင်းများ ပြတ်တောက်သဖြင့် နို့စည်ခွက်နှစ်လုံးကို အပ်ချည်ကြိုးဖြင့် ဆက်သွယ်ကာ စကားပြောကြရအံ့။ အင်တာနက် ဆိုင်များသည် ဂိမ်းကစားစေခြင်းဖြင့် ကာစတန်မာများကို ဆွဲဆောင်ကြရအံ့။

ဂျီတော့ကို ကြူသူများ စောင့်၏။ ကြူသမားကို မိန်းကလေးများပြန် စောင့်၏။ ရွသော မိန်းကလေးအချို့ကို webcam စောင့်၏။ webcam ကို ၁၈ နှစ်အောက် မကြည့်ရ ဆိုက်များစောင့်၏။ ထိုဆိုက်များကို နှာဘူးများ စောင့်၏။ ထို့ကြောင့် မိန်းကလေးများ အင်တာနက် မင်းသမီး မဖြစ်ရလေအောင် မိမိကိုယ်ကိုယ် စောင့်ရှောက် ကြစေခလို။ ဤကား အင်တာနက် ဘိုးဘိုးကြီး အလိုတည်း။

အွန်လိုင်း မကြူသူများကား အနမ်းခြံများဝယ် အနမ်းပန်းများ ပေးကြအံ့။ ဗယ်လင်တိုင်းနေ့တွင် တည်းခိုခန်းများ မအားမလပ် ဖြစ်အံ့။ ဂျင်းဘောင်းဘီ ၀တ်ကာ ခွေးခြေခုံပုဖြင့် ထိုင်သော မိန်းကလေးများ ခါးကုန်းမိသည် ရှိသော် အနီ အပြာ အ၀ါ အစိမ်း အရောင်များ တဖြတ်ဖြတ် ပေါ်ပေါက်အံ့။ ဤကား ခေတ်သစ် မဟာ ရန်ကုန် အခြေအနေတည်း။

မဟာသင်္ကြန်ပြီးနောက် ၁၃၇၃ ခုနှစ်နှင့် နောက်ပိုင်း အတွင်း၊ ရန်ကုန်-နေပြည်တော် အသံထက် မြန်သော ကျည်ဆံရထား ပြေးဆွဲအံ့။ ထိုသတင်းကို ပြည်တွင်းဂျာနယ်များ ဖော်ပြအံ့။ ဂျပန်နိုင်ငံသည် မြန်မာ့ အိမ်နီးချင်း အာဆီယံ နိုင်ငံတခု ဖြစ်သည်ဟု ဂျာနယ်တခုက ရေးသားအံ့။ ပဲပုပ်မှ ထုတ်သော ဒီဇယ်ဖြင့် မီးစက်ကြီးများ ခုတ်မောင်းနိုင်သော နေ့တွင် တနိုင်ငံလုံး လျှပ်စစ်မီးများ ထိန်ထိန်လင်းအံ့။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် မိုင်ယန်မာ နိုင်ငံတော်ကြီးကို သတင်းစာထဲတွင်သာ တည်ဆောက်အံ့။ ဆေးရုံများတွင် ဆင်းရဲသားများကို အခမဲ့ ဆေးကုသပေးသည်ဟု ဆိုင်းဘုတ်များ ထောင်ထားအံ့။ ဆေးရုံ ဟူသော အမည်အတိုင်း တက်ရောက် ကုသသည့် လူနာများကို ရေဆေးပေးလတ္တံ့။ ရေဆေးခံရသဖြင့် လူနာများ အအေးမိကြအံ့။ ငွေစက္ကူ အကြွေရှားပါးသဖြင့် လွယ်ကူစေရန် ထုတ်လုပ်အပ်သော ကူပွန်စာရွက် ထုတ်သူများကို အရေးယူမည် ဆိုသောကြောင့် ဈေးဝယ်သူများ သကြားလုံး၊ တစ်ရှူး စသည်တို့ကိုသာ အကြွေအစားရလတ္တံ့။ အကြွေပြန် မအမ်းနိုင်သော စပါယ်ယာနှင့် စကားများကြရအံ့။ ၀တ်ကောင်းစားလှ ၀တ်ဆင်ကာ တက္ကစီ စီးမိပါက ညစ်ပတ် ပေရေသော ကားထိုင်ခုံမှ ဆီဂျီးများ စွန်းထင်းလတ္တံ့။ မတော်တဆ အားဖြင့် ခုံမှ အစထွက်နေသော သံစနှင့် ငြိမိပြီး အင်္ကျီများ စုတ်ပြဲနိုင်အံ့။

မိုင်ယန်မာ ဘောလုံးအသင်းသည် တောင်ဘရာဇီး၊ မြောက်ဂျာမနီ၊ အရှေ့အာဂျင်တီးနား၊ အလယ်စပိန်၊ အနောက်နယ်သာလန်၊ အထက်အင်္ဂလန် စသည့် နိုင်ငံများကို အနိုင်ရပြီး ကမ္ဘာပြားသော အချိန်တွင် ကမ္ဘာ့ဖလား ရလတ္တံ့။ မိုင်ယန်မာပြည်တွင် ကျင်းပမည်ဖြစ်သော လာမည့် အရှေ့တောင်အာရှ ဘောလုံးပွဲစဉ်တွင် ကြိုတင်ဂိုးများဖြင့် ဗိုလ်စွဲအံ့။

ယခုနှစ် သင်္ကြန်စာအတွက် သတင်းထူးကား- ဤမဟာသင်္ကြန်ကာလ ပြီးသည်နှင့် ချက်ချင်း GPS စက်များကို မီးသတ်ဗူးအဖြစ် အသုံးပြုနိုင်ကြ လတ္တံ့။ GPS ကို ခလုတ်နှိပ်လိုက်ပါက “ဖြူး” “ဖြူး” ဟု စက်ထဲမှ ရေများ ပက်ဖြန်းကာ မီးလောင်ခြင်းကို ငြှိမ်းသတ်နိုင်အံ့။ ဤကား နောက်ဆုံးရ သတင်း တပုဒ် အလိုတည်း။

Monday, April 11, 2011

GPS စနစ်ဖြင့် မီးငြှိမ်းသတ်ခြင်းကို ရန်ကုန်တိုင်း အတွင်း စတင်

(GPS စနစ် ဖြင့် မီးငြှိမ်းသတ်ခြင်းသတင်း)

ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာအရ မီးလောင်ရာတွင် လွယ်ကူထိရောက်မှု အရှိဆုံးနှင့် ပျက်ဆီးဆုံးရှုံးမှု လျော့နည်းစေရန် GPS စနစ်ဖြင့် မီးငြှိမ်းသတ်ခြင်းကို ရန်ကုန်တိုင်းအတွင်း ဧပြီလအတွင်း လုပ်ဆောင်သွားရန် စီစဉ်သွားကြောင်း သိရသည်။

မီးငြှိမ်းသတ်ရာတွင် အမှန်တကယ် လက်တွေ့ အသုံးပြုမည့် GPS စနစ်မှာ Groundwater Pumping System ဟုသိရသည်။ မီးသတ်ကား တစီးတွင် သယ်ယူနိုင်သည့် ရေပမာဏဖြင့် သုံးမိနစ်ခန့်သာ မီးငြိမ်းသတ်နိုင်ပြီး၊ သုံးမိနစ်ကျော်ပါက ရေကုန်သွားကြောင်း သိရသည်။ ထို့ကြောင့် မီးသတ်ရာတွင် အဆင်ပြေ ပြီးမြောက် စေရန် အတွက် ယခုကဲ့သို့ GPS စနစ်ကို ကျင့်သုံးရန် စီစဉ်ခြင်း ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက ပြောသည်။

GPS စနစ် (Global Positioning System) ဖြင့် မီးငြှိမ်းသတ်ခြင်းကို ဆောင်ရွက်မည်ဟူသော သတင်းတပုဒ်၌

"မီးသတ်ယာဉ်များပေါ်တွင် Laptop တစ်လုံးစီတပ်ဆင်၍ Internet ဖြင့် ချိတ်ဆက်ကာ မီးလောင်သည့် နေရာနှင့် အနီးဆုံး လမ်းကြောင်းများကို Online ပေါ်တွင်ရှာဖွေ၍" ဟု ရေးသားထားသည်။ သို့သော် မြန်မာပြည်မှ Internet များ အလွန့်အလွန် နှေးကွေး လေးလံနေပါက အဆင်ပြေနိုင်မည် မဟုတ်ဟု မီးသတ်ဦးစီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။ ထို့ကြောင့် GPS စနစ်သစ် ဖြစ်သော Groundwater Pumping System ကို အသုံးပြုကာ မီးငြှိမ်းသတ်ခြင်းကို ထိထိရောက်ရောက် ဆောင်ရွက်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။

(လက်တို့သူ-နာနို)

သတင်း အပြည့်အစုံသို့

GPS အကြောင်း လေ့လာရန် အညွှန်း
Global Positioning System
GPS navigation device
Automotive navigation system (မော်တော်ယာဉ်များအတွက်)

Sunday, April 10, 2011

ပုဇွန်တောင်တွင် “ဗုံး” တွေ့၊ “စက္ကူပုံး” ဖြစ်နေ

ယမန်နေ့ ညနေ ၆နာရီ ၁၅ မိနစ်ဝန်းကျင်က ပုဇွန်တောင်ဈေးလမ်းနှင့် ရေကျော်လမ်းနှင့် ဆုံရာမီးပွိုင့်အနီး လမ်းဘေးဈေးသည်များ ဈေးရောင်းချသည့် လမ်းဘေးတွင် ဗုံးဟု မသင်္ကာသည့် ပစ္စည်းတွေ့ရှိသဖြင့် သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ လာရောက် ရှင်းလင်းခဲ့သည်ဟု သိရသည်။

ဗုံးတွေ့သည့် သတင်းဖြစ်ပေါ်ပြီးနောက် ရဲလုံခြုံရေး ပစ်ကပ်ကားနှစ်စီး လာရောက်ပြီး ပုဇွန်တောင်ဈေးလမ်း ကိုပိတ်ဆို့ထားလိုက်ကာ နာရီဝက်ကြာ ဗုံးဟု မသင်္ကာသည့် “စီးကရက်စက္ကူပုံး” တစ်လုံးကို ရှင်းလင်းခဲ့သည်ဟု အဆိုပါလမ်းမှ ဖြတ်သန်းခဲ့သူ တဦးကပြောသည်။

“ဖြစ်တဲ့နေရာက ပုဇွန်တောင်ဈေး နဘေးက ချောင်းလေးနားက အိမ်တွေရှေ့မှာ၊ တွေ့တယ်ဆိုတဲ့ သတင်းဖြစ်ပြီး လုံခြုံရေးကို လှမ်းခေါ်ကြတယ်။ အဲဒီနောက် လမ်းကို လုံးဝပိတ်ထားပြီးရှင်းခဲ့တာ”အဆိုပါ မျက်မြင် တွေ့ရှိသူကပြောသည်။

သို့ရာတွင် ဗုံးဟုမသင်္ကာသည့် အရာမှာ “စက္ကူပုံး” နှင့် “အခြားစက္ကူစုတ်” ကဲ့သို့သော အရာများသာဖြစ်ပြီး မည်သည့် ပေါက်ကွဲစေတတ်သည့် အရာမျှ မဟုတ်ဟုလည်း သိရှိရသည်။


မိုးမခ မှ ကောက်နုတ်ဖော်ပြသည်

ဓာတ်ငွေ့ပိုက်လိုင်း မြန်ဆန်ရေးအတွက် တရုတ်က ဆေးရုံများ ဆောက်ပေးဦးမည်

မြန်မာ့ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ကို တရုတ်ပြည်က ပိုက်လိုင်းကတဆင့် ရယူဖို့ စီစဉ် နေရာမှာ မိုင်ငါးရာ ကျော် ရှည်လျားတဲ့ ပိုက်လိုင်း သွယ်တန်းရေးနဲ့ ဓာတ်ငွေ့ပို့ဆောင်ရေး လုပ်ငန်း မြန်ဆန်စေဖို့အတွက် တရုတ်က မြန်မာပြည်မှာ "ဆေးရုံ"တွေ များများ ဆောက်လုပ်ပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။

"ဆေးရုံ"တွေ များလာတာနဲ့အမျှ ပိုက်လိုင်းတွေကို များများ ဆေးကြောနိုင်မှာ ဖြစ်တယ်လို့ တရုတ် ကွန်မြူနစ်ပါတီ ထိပ်တန်း ခေါင်းဆောင်တယောက် ဖြစ်တဲ့ မစ္စတာ ကျာချင့်လင် မြန်မာနိုင်ငံကို ရောက်ရှိနေစဉ်အတွင်းမှာ ပြောကြားလိုက်ပါတယ်။ မစ္စတာ ကျာ အနေနဲ့ မြန်မာပြည်က "ဆေးရုံ" ဆိုတာ "ပန်းကန် ဆေးတဲ့ရုံ" (သို့မဟုတ်) "ကားဘော်ဒီဆေးတဲ့ရုံ" ဖြစ်မယ်လို့ ယူဆပြီး အခုလို ပြောဆို လိုက်တာပါ။ မြန်မာပြည် ခရီးစဉ်အတွင်း ဆေးရုံတွေမှာ ဆေးနဲ့ တူတဲ့အရာတွေ တခုမှ မတွေ့မြင်ခဲ့ရတဲ့ အတွက်အခုလို ယူဆရတာ ဖြစ်ပါတယ်လို့ ကျာချင့်လင်ရဲ့ လက်ထောက်က ပြောပါတယ်။


"ဆေးရုံ"တွေ အနေနဲ့ အခုလို ပိုက်လိုင်းတွေကို ဆေးကြော ပေးခြင်းဖြင့် ပိုက်လိုင်းတွေ သံချေးမတက်ဘဲ ချောမွတ်သွားမှာ ဖြစ်တယ်၊ ဒီလို ချောမွတ်သွားရင် သဘာဝ ဓာတ်ငွေ့ကို တရုတ်ပြည်သို့ ချောမွေ့ မြန်ဆန်စွာ သယ်ယူ ပို့ဆောင်နိုင်မှာ ဖြစ်တယ်လို့ မစ္စတာကျာက ထပ်လောင်း ပြောကြားသွားပါတယ်။ ပိုက်လိုင်းတွေကို ရေနဲ့ ဆေးမလား၊ ဒါမှမဟုတ် ဘာနဲ့ ဆေးမလဲ ဆိုတာကိုတော့ မစ္စတာကျာက အတိအကျ ပြောမသွားသေးပါဘူး။ ဒီသတင်းထွက်ပေါ်လာပြီးနောက် မြန်မာပြည် တ၀ှမ်းက ဆေးရုံ ၀န်ထမ်းတွေ မျက်ခုံး လှုပ်နေကြတယ်လို့ သတင်းရရှိပါတယ်။

အပြည့်အစုံသို့

အင်တာနက်လိုင်း ပြတ်သော်လည်း၊ အစိုးရ ရုံးများတွင် လိုင်းမပြတ်ဟု သိရ

“ကြံ့ဖွတ် အစိုးရပဲ တက်တက်၊ စစ်တပ်ကပဲ အုပ်ချူပ် အုပ်ချူပ် … ဘာအွန်လိုင်းတွေမှ ပိုထူးပြီး အလုပ်ဖြစ်တယ်ဆိုတာ မရှိဘူး။ အွန်လိုင်း မဟုတ်ဘူး၊ အော့ဖ်လိုင်း အော့ဖ်လိုင်း။ အင်တာနက်မှာ လိုင်းပြတ်မယ်။ အစိုးရရုံးတွေမှာ လိုင်းတွေက ၀င်နေရဦးမှာပဲ။ လိုင်းမပြတ်ဘူး။ လိုင်းဝင်နေရတုန်းပဲ”

(ပန်းဆိုးတန်းလမ်းတွင် ကျက်စားနေသည့် ၀န်ဆောင်သူ ပွဲစားတဦး၏ ပြောကြားချက်)။


မိုးမခမှ ကူးယူ ဖော်ပြပါသည်

Saturday, April 9, 2011

ဝမ်းနည်းကြေကွဲခြင်း

(Photo: wikimyanmar)

စာရေးဆရာကြီး ပါရဂူ ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မြန်မာစာပေလောကသားများနှင့် ထပ်တူ BSN မိသားစုမှ ၀မ်းနည်း ကြေကွဲရပါကြောင်း မှတ်တမ်းပြုလိုက်ပါတယ်။

Boeing 373 လေယာဉ်အမျိုးအစားသစ် ထုတ်လုပ်ပြီ

Boeing 373 လေယာဉ် အမျိုးအစားသစ် သတင်း

Boeing ကုမ္ပဏီက Boeing 373 (Three-Seven-Three) လေယာဉ် အမျိုးအစားသစ်ကို ထုတ်လုပ်လိုက်ကြောင်း မြန်မာ အင်တာနက် စာမျက်နှာ တခုက ရေးသားဖော်ပြသည်။ အဆိုပါ လေယာဉ် အမျိုးအစားသစ် ၃၇၃ အကြောင်းကို ရုရှားသတင်းဌာန တခုကလည်း ဖော်ပြဖူးသည် (Click Here)။
သို့သော် သတင်းများက ဖော်ပြသည့် အဆိုပါ လေယာဉ်အမျိုးအစားသစ်မှာ လေယာဉ် အမျိုးအစားဟောင်း ဖြစ်သော Boeing 737 (Seven-Three-Seven) လေယာဉ်နှင့် အလွန် ဆင်တူနေသည်ကို တွေ့ရသည်။ 

လက်တွေ့တွင် Boeing ကုမ္ပဏီမှ တခါမျှ မထုတ်လုပ်ဖူးရုံမျှမက အပြင်လောကတွင် တကယ်မရှိသော Boeing 373 လေယာဉ် အမျိုးအစားသစ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ထူးဆန်းစွာ ၀ယ်ယူရန် စီစဉ်နေကြောင်း သတင်းတပုဒ်က ဆိုထားသေးသည် (Click Here)။

Boeing ကုမ္ပဏီသည် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှ စ၍ 7 အစ 7 အဆုံး ဂျက်လေယာဉ်များကိုသာ ထုတ်လုပ်လာခဲ့ရာ (Click Here) ယခု ထုတ်လုပ်သည်ဟု မြန်မာ၊ ရုရှားနှင့် ဘင်္ဂလားဒေ့ရှ် အင်တာနက် စာမျက်နှာများက ဖော်ပြသည့်  Boeing 373 ဆိုသော လေယာဉ်အမျိုးအစား မှာ အဆိုပါ နိုင်ငံများ အတွက် ၂၀၁၀ နောက်ပိုင်းတွင် အထူးသီးသန့် ပြန်လည်ထုတ်လုပ်သည့် လေယာဉ် အမျိုးအစားသစ် ဖြစ်နိုင်သည်ဟု လေယာဉ် အင်ဂျင်နီယာ တဦး သုံးသပ်သည်။

Boeing ကုမ္ပဏီသည် ၁၉၃၀ နှင့် ၁၉၅၀ ပြည့်လွန်နှစ်များ အတွင်း Boeing 247, 307, 314, 367, 377 စသည့် ပန်ကာတပ် လေယာဉ် အမျိုးအစားများကို ထုတ်လုပ်ခဲ့သည်။ ထိုအထဲတွင် Boeing 373 ကို မတွေ့ရပေ။ (Click Here)။


လေယာဉ်ခေါင်မိုးတွင် အပေါက်ပေါ်လာခြင်း သတင်း (မြန်မာ)
လေယာဉ်ခေါင်မိုးတွင် အပေါက်ပေါ်လာခြင်း သတင်း (အင်္ဂလိပ်) (သတင်း-၁) (သတင်း-၂) (သတင်း-၃)

လက်တို့သူ-PPA

Friday, April 8, 2011

ကွန်ပျူတာ အသုံးပြုကြသူများ

ကွန်ပျူတာနဲ့ အာဖရိကအမျိုးသမီးများ (Photo: dw-world.de)
 
 
ထိုင်းနိုင်ငံက ဖရဲသီးရောင်းသူ ကွန်ပျူတာ အသုံးပြုတယ် (Photo: ZG)

ကမ္ဘောဒီးယားက ကလေးငယ်တွေလဲ ကွန်ပျူတာ သုံးကြတယ်
(Photo: helpthecambodianchildren.org)

တို့နိုင်ငံက လူကြီးတွေကတော့
ကွန်ပျူတာကို ရှေ့မှာထောင်ပြီး အလှကြည့်မှန်အဖြစ် အသုံးပြုတယ်
ကွန်ပျူတာ မသုံးဘဲ စာအုပ်ထဲ ဘောပင်နဲ့ ရေးမှတ်တယ် (ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ)

မင်းတုန်းမင်းကြီး အင်တာနက် သုံးခဲ့ကြောင်း အထောက်အထားတွေ့

မင်းတုန်းမင်းတရားကြီးသည် အင်တာနက် သုံးစွဲခဲ့သည်။ မင်းတုန်းမင်းသည် ရတနာပုံ နေပြည်တော် သတင်းစာကို ပုံနှိပ်ရုံမျှမက အွန်လိုင်းကပါ ဖြန့်ချီခဲ့သည်။ မယုံလျှင် ​ဤနေရာ မှ ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။

(ဓာတ်ပုံ-ဧရာဝတီ)

ကာတွန်းပြပွဲသတင်း

အော်ပီကျယ်

ဆရာ အော်ပီကျယ်၏ Facebook တွင် ဆော်သြချက်


အော်ပီကျယ်ရဲ့ ကာတွန်းတကွက်

Thursday, April 7, 2011

ဗိုလ်ကြီးဟောင်းတဦး မြန်မာနိုင်ငံသမ္မတ ဖြစ်လာ

ဗိုလ်ကြီးဟောင်းတဦး မြန်မာနိုင်ငံ သမ္မတသစ် ဖြစ်လာကြောင်း သတင်းတပုဒ်တွင် တွေ့ရသည်။
 
 

မဟန်လှတဲ့ ဈေးချို သန့်စင်ခန်းခ ဝင်ကြေးက

အယ်ဒီတာရှင့် ..

ဆိုင်ခန်းပေါင်း ၃ ထောင်ကျော်ရှိတဲ့ ကျမတို့ မန္တလေး ဈေးချိုကြီးမှာ သန့်စင်ခန်း (အိမ်သာ) အသုံးပြုခက ကျပ် ၄ဝ မှ ၁ဝဝ အထိဆိုပြီး ဒီလ ၁ ရက်နေ့ကစလို့ တိုးကောက်လိုက်ပါပြီ။ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ MCDC ခွင့်ပြုချက်နဲ့ လေလံအောင် ကန်ထရိုက်က တိုးကောက်တာပါ။

ဈေးထဲမှာ တချို့အသက်ကြီးတဲ့ သူတွေဆို တနေ့ကို ၅ ခေါက်မက သွားကြတဲ့ သူတွေလည်း ရှိတယ်။ အလုပ်သမားတွေဆိုရင် တချို့ဆိုင်ရှင်က အိမ်သာကြေးပေးတာ မဟုတ်ပါဘူး။ တနေ့ကို ၂ ခါပဲ သွားတယ်ထားဦး၊ ကျပ် ၂ဝဝ ကုန်ပြီ။ သူတို့ပိုက်ဆံနဲ့ ပေးရတဲ့အခါကျ ဘယ်လိုလုပ် အဆင်ပြေတော့မလဲ။

ကိုယ်က ဘာသွားပြောလို့ ရမလဲ။ မကျေနပ်ရင် အိမ်သာမတက်ဘဲ နေမှပဲ။ မသုံးလို့လည်း မဖြစ်ဆိုတော့ ပေးရတာပဲ။ ဈေးမှာ သဘောင်္သီးသုပ်တို့၊ အချိုရည်တို့တောင် မစားရဲလောက်အောင်ပါပဲ။ တော်ကြာ … အိမ်သာကြေးနဲ့တင် စရိတ်ထောင်းမှာ စိုးရပါတယ်။

သန့်စင်ခန်း အသုံးပြုခ၊ ဆိုင်ကယ်၊ ကား၊ စက်ဘီး ရပ်နားခတွေအတွက် ကောက်ခံရမယ့် နှုန်းထားတွေကို သတ်မှတ်ပြီး၊ မန္တလေး စည်ပင်က နှစ်စဉ်နှစ်တိုင်း လေလံစနစ်နဲ့ ကန်ထရိုက်တွေကို ရောင်းတာပါ။

မန္တလေးမှာ အကြီးဆုံး လက်ကားဈေးဖြစ်တဲ့ ဈေးချိုမှာ ဈေးအိမ်သာ၊ ယာဉ်ရပ်နားခ လေလံကြေးဟာ တခြားဈေးတွေထက် မြင့်မားလို့ လေလံသမားတွေ မျက်စိကျကြပါတယ်။ ဒီနှစ် အသုံးပြုခ တက်သွားတာက စည်ပင်နဲ့ ကန်ထရိုက် ပေါင်းလုပ်တယ်လို့တောင် ယူဆရပါတယ်။

ဈေးချိုဟာ ၂၆ ဘီလမ်းနဲ့ ၈၄ လမ်းထောင့်မှာ တည်ရှိတာပါ။ ၄ ထပ်မြင့် အဆင့်မြင့်ဈေးချိုမှာ ဈေးရုံပေါင်း ၈ ရုံ ရှိပါတယ်။ ဆိုင်ခန်းပေါင်းကတော့ ၃ဝဝဝ ကျော်ပါ။ ဈေးသူဈေးသားတွေနဲ့ အလုပ်သမားတွေ ပေါင်းလိုက်ရင် စုစုပေါင်း လူဦးရေက ၆ဝဝဝ ကျော် ရှိနေတာပါ။ ဈေးရုံတရုံမှာ သန့်စင်ခန်း ၄ ခန်း ရှိပါတယ်။ အမျိုးသား ၂ ခန်း၊ အမျိုးသမီး ၂ ခန်း ပါ။

ကျမတို့ ဈေးချိုသူ၊ ဈေးချိုသားတွေက သန့်စင်ခန်းခကို ပြန်လျှော့ချပေးစေချင်ပါတယ်။


ဈေးချိုသူတဦး
မန္တလေးမြို့


မဇ္ဈိမသတင်းဌာနမှ တိုက်ရိုက်ကူးယူ ဖော်ပြပါသည်။

Wednesday, April 6, 2011

ကိုယ်ပိုင်အမွေအနှစ်ကို သူတပါးပိုင် မလုပ်စေချင်ပါ

သို့ Burma Strange News,

မြန်မာစာနယ်ဇင်း စာမျက်နှာတွေနဲ့ မီဒီယာတွေမှာ အဆီအငေါ်မတည့် လွဲချော်နေတဲ့ အချက်တွေကို ထောက်ပြနေတဲ့ အတွက် ကျေးဇူးပါ။ တချို့ဖော်ပြချက်တွေ ဆိုရင် လုံးဝ မြင်မကောင်းအောင် လွဲနေတာတွေ တွေ့ရတယ်။ မဖြစ်သင့်ဘူးလို့ ရိုးသားစွာ ယူဆပါတယ်။

ဒီရက်ပိုင်းအတွင်း Popular News အင်တာနက် စာမျက်နှာမှာ မြန်မာပြည်ရဲ့ အနောက်ဖက် အကျဆုံး မြစ်တစ်စင်း ခေါင်းစဉ် တပ်ထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ (Click Here) အဲဒီမြစ်ဟာ "နတ်မြစ်" ဖြစ်တယ်ဆိုတာ ပထ၀ီ စသင်ဖူးတဲ့ မူလတန်း ကလေးတောင် သိပါတယ်။ မြန်မာပြည်မှာ ပုံနှိပ်ထုတ်ဝေတဲ့ ကျောင်းသုံး ပထ၀ီဝင် စာအုပ်တွေက စလို့ စွယ်စုံကျမ်း အဆုံး၊ ထွက်ရှိသမျှ စာအုပ်စာတမ်းတွေမှာ ဒီမြစ်ကို နတ်မြစ်လို့ တရားဝင် ရေးသား ခေါ်ဝေါ် သုံးစွဲပါတယ်။


(Popular News)

လက်ရှိအနေအထားမှာ နတ်မြစ်ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို နယ်နိမိတ် ပိုင်းခြားထားတဲ့ မြစ် ဖြစ်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှစ်ခုက ပိုင်ဆိုင်တဲ့ မြစ် ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံတည်းက ပိုင်တဲ့ မြစ် မဟုတ်ပါဘူး။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ပြန် အဒေါ်ကြီး တစ်ယောက်ကတော့ ဘယ်လို ဘယ်ပုံ အိုင်ဒီယာတွေ ရသွားပြီးတော့ "နပ်ဖ်မြစ်" လို့ ရေးသလဲ မပြောတတ်ပါ။ အင်္ဂလိပ်လို Naf River လို့ စာလုံးပေါင်းတာ ဟုတ်ပါတယ်။ ဒါပေမဲ့ "နတ်မြစ်" လို့ ဘိုးစဉ်ဘောင်ဆက်က ခေါ်ဝေါ်လာခဲ့တာကို "နပ်ဖ်မြစ်" လုပ်သင့်ပါသလား။ စဉ်းစားသင့်ပါတယ်။ အကယ်၍ ဒီမြစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကပဲ ပိုင်ဆိုင်တဲ့ မြစ်တစ်စင်းဖြစ်ပြီး မြန်မာနဲ့လုံးဝ မသက်ဆိုင်ရင်တော့ သူတို့ အခေါ်အဝေါ်အတိုင်း အသံလှယ် ရေးသားတာကို ဘာမှ ကန့်ကွက်စရာ မရှိပါ။ ဒီမြစ်ကို ဘင်္ဂလားဘာသာစကားနဲ့ "နာဖ်နဒီ" လို့ ခေါ်ပါတယ်။ ဒါပေမဲ့ နတ်မြစ်ဟာ မြန်မာနိုင်ငံကလဲ ပိုင်ဆိုင်တဲ့ မြစ် ဖြစ်သလို၊ မြန်မာအမည် "နတ်မြစ်" ဆိုတာလည်း တရားဝင် ရှိနှင့် ပြီးသားပါ။ ဒါကို ဘာကြောင့် "နပ်ဖ်မြစ်" လုပ်ချင်ရသလဲ လုံးဝ မစဉ်းစားတတ်ပါ။ မူလတန်းတုန်းက ပထ၀ီ မသင်ခဲ့ဖူးတာတော့ မဖြစ်နိုင်ပါ။ သင်ခဲ့ဖူးမည်လို့ ထင်ပါတယ်။

တိဗက်ကုန်းမြင့်မှာ မြစ်ဖျားခံပြီး တရုတ်ပြည်၊ မြန်မာပြည်များကို ဖြတ်သန်းစီးဆင်းလာတဲ့ မြစ်ကြီး တစ်စင်းကို အင်္ဂလိပ်လို Salween River လို့ စာလုံးပေါင်းပါတယ်။ ဒါကို "သံလွင်မြစ်" လို့မရေးဘဲ "ဆာလ၀ိန်း မြစ်" လို့ ရေးရင် အဆင်ပြေပါ့မလား။ ဖြစ်ရော ဖြစ်သင့်ပါသလား။ စဉ်းစားကြရမှာပါ။ ဒီမြစ်ကို တရုတ်လို Nù Jiāng လို့ ခေါ်ပါတယ်။


အဒေါ်ကြီး အနေနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာတာ မဟုတ်ဘဲ တရုတ်ပြည်ကသာ ပြန်လာပြီး သံလွင်မြစ် ခေါင်းစဉ်နဲ့ ဆောင်းပါး ရေးခဲ့ရင် "မြစ်ဆာလ၀ိန်း စီးဆင်းနေသမျှ ခိုင်မြဲနေမည့် ချိုင်းနား-မြန်မာ ချစ်ကြည်ရေး" လို့များ ရေးလေမသား၊ 
"ကျုံးကွော်-မျန်ကျြင့်" ချစ်ကြည်ရေး လို့များ ရေးလေမလား မသိ။ (နပ်ဖ်မြစ် လုပ်ချင်တဲ့ အဒေါ်ကြီး အနေနဲ့ China ကိုလည်း တရုတ်လို့ မသုံးစွဲသင့်ပါ) ဒါမှမဟုတ် "နုရှာန်မြစ် (Nù Jiāng) ကို သက်သေတည်၍" ဆိုပြီး ဆောင်းပါးတွေ ရေးလေမလားမသိ။

ဘာပဲ ဖြစ်ဖြစ်၊ ကိုယ်မွေးဖွားကြီးပြင်း နေထိုင်တဲ့- ကိုယ့်နိုင်ငံ၊ ကိုယ့်ရေမြေ၊ ကိုယ့်ဒေသက ကိုယ်ပိုင် အမည်ရှိပြီးသား "နတ်မြစ်" ကို ဘင်္ဂလားဒေ့ရှ် အမည် "နပ်ဖ်မြစ်" လို့ ခေါ်ဝေါ် ချင်စိတ်ဖြစ်ပေါ်သွားရလောက်အောင် အဒေါ်ကြီးကို ဘင်္ဂလားဒေ့ရှ်က ဘာတွေများ လုပ်ပေးခဲ့လို့လဲဆိုတာကို အတွေးနယ် ချဲ့နေမိပါတယ်။

(မူလတန်းကျောင်းသားတစ်ဦး)


-စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်

Monday, April 4, 2011

ခြင်ဆေးခွေကြောင့် ကျန်းမာ ရွှင်လန်းပြီ

မကြာသေးမီက ထုတ်ဝေသော ဂျာနယ်တစောင်ရှိ ကျန်းမာရေးဆိုင်ရာ ကြော်ငြာတခုကို အငွေ့တလူလူထနေသော ခြင်ဆေးခွေပုံဖြင့် သရုပ်ဖော်ထားသည်ကို တွေ့ရသည်။


သင့်ကျန်းမာရေးအတွက် ယုံကြည် စိတ်ချရသည်ဟု ကြော်ငြာက ရဲရဲဝံ့ဝံ့ ဆိုလေသည်။

မြန်မာ့တပ်မတော်အတွက် နိုင်ငံ၏ ကျန်းမာရေးအသုံးစရိတ် ချွေတာရသောကြောင့် မြန်မာပြည်သားများ ကျန်းမာရေး စိုးရိမ်နေရချိန်တွင် ဤသို့ သော ခြင်ဆေးခွေ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဤသို့ တီထွင်နိုင်သဖြင့် အသစ်စက်စက် အရပ်သားအစိုးရက ကျေနပ်အားရနေသည်ဟု သိရသည်။

တီထွင်သူကို လွှတ်တော်များ ပြန်လည် ခေါ်ယူသည့်အခါ ဂုဏ်ထူးဆောင် ရွှေကြံ့ဆု ပေးအပ်မည် ဖြစ်ပြီး ရွှေရောင်ွကြံ့ရုပ်လေး တခုပင် အသင့် ဖြစ်နေပြီဟု နေပြည်တော်ရှိ ကျွန်ုပ်တို့၏ သတင်းထောက်က လှမ်းပြောသည်။

ဤအတောအတွင်း အနှိပ်ခန်းရောက် အမတ်မင်းများက "ကျန်းမာရွှင်လန်းအောင် ခြင်ဆေးခွေဆောင် ဟူသော ဆိုင်းဘုတ်များကို နိုင်ငံအနှံ့ လမ်းဆုံလမ်းခွများတွင် စိုက်ထူကြရေးအတွက် လွှတ်တော်တွင် အဆိုတင်သွင်းမည်" ဟု လူသိရှင်ကြား ပြောသည်။

ဤခြင်ဆေးခွေ တီထွင်မှုက အနောက်နိုင်ငံများကို သေချာပေါက် အထိနာစေမည်ဟု ရွေးကောက်ပွဲမ၀င်ဘဲ လွှတ်တော်ထဲသို့ ရောက်သွားသူ စစ်ဗိုလ်အမတ်တဦးက သုံးသပ်သည်။

"ငါတို့ ကို စီးပွားရေး ပိတ်ဆို့ တဲ့ နိုင်ငံတွေ အခုတော့ ထိပြီဟေ့။ တို့ဆီက ထုတ်တဲ့ ပစ္စည်း သူတို့  အသွင်းမခံဘူး ဆိုတော့ သူတို့ ပဲ ကျန်းမာရေး ထိခိုက်မှာပေါ့ကွ၊ ဟားဟားဟား" ဟု မိုးကျရွှေကိုယ် အမတ်မင်းစစ်ဗိုလ်က မီးညှိထားသည့် ခြင်ဆေးခွေမှ အငွေ့များကို ရှူရှိုက်ပြီး ဂုဏ်ယူစွာ ပြောဆိုလေသည်။

©ဇာနည်ဝင်း

Saturday, April 2, 2011

Beijing မှ Washington DC သို့ ၃၅ မိနစ် အတွင်း ရထားဖြင့် သွားနိုင်တော့မည်

တရုတ် မြန်နှုန်းမြင့် ရထားများ အနေဖြင့် ၂၀၁၄ တွင် တနာရီလျှင် ၁၉,၀၀၀ ကီလိုမီတာနှုန်းဖြင့် ခုတ်မောင်း နိုင်တော့မည်ဟု ဆိုသည်။


တရုတ် မြန်နှုန်းမြင့် ရထား သတင်း

တရုတ်နိုင်ငံ မြို့တော် ပေကျင်း (Beijing) နှင့် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော် (Washington DC) တို့မှာ ၁၁,၁၇၀ ကီလိုမီတာ ကွာဝေးသဖြင့် တနာရီလျှင် ၁၉,၀၀၀ ကီလိုမီတာ ခုတ်မောင်းသော အဆိုပါ မြန်နှုန်းမြင့် ရထားဖြင့် ခရီးသွားပါက၊ ၃၅ ဒသမ ၂၇ မိနစ် (၃၅ မိနစ်၊ ၁၆ စက္ကန့်) အတွင်း ရောက်ရှိနိုင်မည် ဖြစ်ကြောင်း အထက်ပါ သတင်းအရ သိရသည်။ ထိုကဲ့သို့ အရောက်သွားရန် ရေအောက် ရထားလမ်း ဥမင်လိုဏ်ခေါင်းများတော့ ဆောက်လုပ်ရမည် ဖြစ်သည်။

ဤကဲ့သို့သော အလွန် ထူးဆန်း အံ့သြဖွယ်ရာ ရထားကြီးကို တရုတ်နိုင်ငံမှတပါး အခြား မည်သည့်နိုင်ငံကမျှ တီထွင် ဖန်တီးနိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

Flight Distance between Beijing and Washington DC (travelmath.com)

မူရင်း Economist သတင်းတွင်တော့ ခရီးမိုင် အကွာအဝေးများကို အောက်ပါအတိုင်း ရေးထားသည်။




@Anonymous 2:21 PM

Friday, April 1, 2011

ယနေ့ည မြန်မာအစိုးရသစ် ထိပ်တန်း လျှို့ဝှက် အစည်းအဝေးကို ... BSN မှ တိုက်ရိုက်ထုတ်လွှင့်နေပြီ

ယနေ့ ဧပြီလ ၁ ရက်နေ့တွင် စတင် တာဝန်ယူသည့် မြန်မာအစိုးရသစ်သည် အထူး လျှို့ဝှက် အစည်းအဝေး တရပ်ကို ယနေ့ည မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲ မှ စတင်ပြီး နေပြည်တော် တနေရာတွင် အထူး တံခါးပိတ် ကျင်းပနေကြောင်း သတင်းရရှိသည်။

အဆိုပါ တံခါးပိတ် အစည်းအဝေးကို ကမ္ဘာအရပ်ရပ်မှ မြန်မာ ပြည်သူများ အချိန်နှင့် တပြေးညီ ကြည့်ရှုနိုင်အောင် www.burmastrangenews.com မှ "webcast" တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်ပေးနေပါသည်။


အဆိုပါ နိုင်ငံတော် ထိပ်တန်း လျှို့ဝှက် အစည်းအဝေး အထူးဆွေးနွေးချက်များကို အစည်းအဝေး စတင်ချိန် မြန်မာ စံတော်ချိန် ည ၁၀ နာရီခွဲမှ စတင်ကာ ပြီးဆုံးသည်အထိ တိုက်ရိုက် ထုတ်လွှင့် သွားမည် ဖြစ်ပါသဖြင့် ဤနေရာကို Click နှိပ်ပြီး တိုက်ရိုက် ကြည့်ရှု နားဆင် နိုင်ကြပါသည်။

ရုပ်ရှင်မင်းသား ဒွေး အသက်ပြန်ရှင်လာ

၂၀၀၇ ခုနှစ်က ကွယ်လွန်ခဲ့သော ရုပ်ရှင်မင်းသား ဒွေး ရုတ်တရက် အသက်ပြန်ရှင်လာသည်။

ယခုအခါ တောင်ကိုးရီးယားသို့ ရောက်နေသည်။ တောင်ကိုးရီးယားတွင် ဗီဇာပေးပိုင်ခွင့် ရှိသူ အဆင့်မြင့် အရာရှိကြီး အဖြစ် အလုပ်လုပ်နေသည်ဟု သိရသည်။


အသက်ပြန်ရှင်လာသော နာမည်ကျော် ရုပ်ရှင်မင်းသား ဒွေး ကို နိုင်ငံပေါင်းများစွာမှ ရုပ်ရှင် ပရိသတ်များက လာရောက် တွေ့ဆုံလိုကြသည်။ ထိုကိစ္စ အဆင်ပြေစေရေး အတွက် ဒွေးက ဗီဇာ ပေးရန် စီစဉ်နေသည်။

သူနှင့် တွေ့ဆုံရန် တောင်ကိုးရီးယားသို့ လာရောက်မည့် နိုင်ငံ ၁၁ နိုင်ငံမှ ပရိသတ်များကို၊ ဒွေး, ဗီဇာ ပေးမည်ဟု သိရသည်။ ယခု အချိန်တွင် ဗီဇာထုတ်ပေးမည့် ကိစ္စများဖြင့် ဒွေး အလုပ်များလျက်ရှိသည်။

ဟန်းဂုရွာမှ ရယူပါသည်
လက်တို့သူ- ပရလောကသားများ