Saturday, April 9, 2011

Boeing 373 လေယာဉ်အမျိုးအစားသစ် ထုတ်လုပ်ပြီ

Boeing 373 လေယာဉ် အမျိုးအစားသစ် သတင်း

Boeing ကုမ္ပဏီက Boeing 373 (Three-Seven-Three) လေယာဉ် အမျိုးအစားသစ်ကို ထုတ်လုပ်လိုက်ကြောင်း မြန်မာ အင်တာနက် စာမျက်နှာ တခုက ရေးသားဖော်ပြသည်။ အဆိုပါ လေယာဉ် အမျိုးအစားသစ် ၃၇၃ အကြောင်းကို ရုရှားသတင်းဌာန တခုကလည်း ဖော်ပြဖူးသည် (Click Here)။
သို့သော် သတင်းများက ဖော်ပြသည့် အဆိုပါ လေယာဉ်အမျိုးအစားသစ်မှာ လေယာဉ် အမျိုးအစားဟောင်း ဖြစ်သော Boeing 737 (Seven-Three-Seven) လေယာဉ်နှင့် အလွန် ဆင်တူနေသည်ကို တွေ့ရသည်။ 

လက်တွေ့တွင် Boeing ကုမ္ပဏီမှ တခါမျှ မထုတ်လုပ်ဖူးရုံမျှမက အပြင်လောကတွင် တကယ်မရှိသော Boeing 373 လေယာဉ် အမျိုးအစားသစ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ထူးဆန်းစွာ ၀ယ်ယူရန် စီစဉ်နေကြောင်း သတင်းတပုဒ်က ဆိုထားသေးသည် (Click Here)။

Boeing ကုမ္ပဏီသည် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှ စ၍ 7 အစ 7 အဆုံး ဂျက်လေယာဉ်များကိုသာ ထုတ်လုပ်လာခဲ့ရာ (Click Here) ယခု ထုတ်လုပ်သည်ဟု မြန်မာ၊ ရုရှားနှင့် ဘင်္ဂလားဒေ့ရှ် အင်တာနက် စာမျက်နှာများက ဖော်ပြသည့်  Boeing 373 ဆိုသော လေယာဉ်အမျိုးအစား မှာ အဆိုပါ နိုင်ငံများ အတွက် ၂၀၁၀ နောက်ပိုင်းတွင် အထူးသီးသန့် ပြန်လည်ထုတ်လုပ်သည့် လေယာဉ် အမျိုးအစားသစ် ဖြစ်နိုင်သည်ဟု လေယာဉ် အင်ဂျင်နီယာ တဦး သုံးသပ်သည်။

Boeing ကုမ္ပဏီသည် ၁၉၃၀ နှင့် ၁၉၅၀ ပြည့်လွန်နှစ်များ အတွင်း Boeing 247, 307, 314, 367, 377 စသည့် ပန်ကာတပ် လေယာဉ် အမျိုးအစားများကို ထုတ်လုပ်ခဲ့သည်။ ထိုအထဲတွင် Boeing 373 ကို မတွေ့ရပေ။ (Click Here)။


လေယာဉ်ခေါင်မိုးတွင် အပေါက်ပေါ်လာခြင်း သတင်း (မြန်မာ)
လေယာဉ်ခေါင်မိုးတွင် အပေါက်ပေါ်လာခြင်း သတင်း (အင်္ဂလိပ်) (သတင်း-၁) (သတင်း-၂) (သတင်း-၃)

လက်တို့သူ-PPA

4 comments:

  1. ဘေရှောApril 9, 2011 at 4:54 PM

    မြင်လဲ မြင်တတ်ပါပေ့။ မူရင်း ရုရှား သတင်းမှာလဲ အူချာပေါက်နေတယ် ခေါင်းစဉ်မှာ ၃၇၃ ရေးပြီး စာကိုယ်ကျတော့ ၇၃၇ ပြန်ဖြစ်သွားပြန်တယ်။ ခွိ

    (Boeing 373 Breaks into Pieces When Landing in Colombia

    A Boeing 737 passenger jet crashed and broke into three pieces upon landing during a storm at a Colombian island yesterday, but the only fatality was a passenger who died from an apparent heart attack...)
    မှတ်ချက်၊ ။ ဒီသတင်းမှန်တယ်ဗျ ၃၇၃ ဆိုတာ ၇၃၇ရဲ့ မူလစီးရီး ဘိုးအေကြီးလို့ ပြောမယ့် ကိုရှာရှည် ပေါ်ရင်ပေါ်လာနိုင်သေးတယ် .. ဟေးဟေး။

    ReplyDelete
  2. ဒီမှာတော့ specification တောင်ရေးထားလိုက်သေးတယ်..
    :D :D

    http://www.airport-data.com/aircraft/TC-JFD.html

    ReplyDelete
  3. “စော့သ်ဝဲ့စ်ထ်” = Southwest

    ဟု မှတ်သားသိရှိရပါသည်ခင်ဗျား။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။