Saturday, April 23, 2011

မြန်မာပြည် ရထားများပေါ် လက်ပ်တော့ပ် သယ်ဆောင်ပါက ဒဏ်ငွေဆောင်ရမည်

မြန်မာနိုင်ငံက ရထားပေါ်ကို သင်၏ ခရီးဆောင် ကွန်ပြူတာ လက်ပ်တော့ပ်အား ယူသွားပါက လက်မှတ်စစ် တွေ့ရှိလျှင် တန်ဆာမဆောင်ဘဲ သယ်ဆောင်မှုဖြင့် ဒဏ်ငွေဆောင်ရမှာ ဖြစ်သည်။

မြို့ပတ် ရထားပေါ်ဖြစ်စေ၊ နယ်ဝေးပြေးဆွဲနေသည့် ရထားများ အပေါ်တွင်ဖြစ်စေ ကွန်ပြူတာတွေ့လျှင် ဒဏ်ငွေ ၄၈ဝဝ ကျပ်အထိ ဒဏ်တပ်ခံရမည်ဟု နေပြည်တော်ရှိ ရထားပို့ဆောင်ရေး စီးပွားရေးဌာနက တာဝန်ရှိသူတဦးက အတည်ပြုပြောကြားသည်။

”ကွန်ပြူတာ လက်ပ်တောပ့်ကတော့ Personal Use လည်း မရဘူးခင်ဗျ။ တလုံးထဲလည်း ဒဏ်ရိုက်ပါတယ်” ဟု သူက ပြောသည်။

ရထားပေါ် လက်ပ်တော့ ကွန်ပြူတာ သယ်ဆောင်မှုဖြင့် ဒဏ်ရိုက်ခံခဲ့ရသူ တဦးက ဒဏ်ငွေ ကျပ် ၂၁ဝဝ ပေးဆောင် ထားခဲ့ရသော ပြေစာကို မကြာသေးခင်က Facebook တွင် တင်ထားခဲ့ရာ လူအများအကြား မြန်မာ့ရထား၏ စည်းမျဉ်းစည်းကမ်းကို အံ့သြမှု ဖြစ်ခဲ့ကြသည်။

အဆိုပါ ခရီးသည် ဒဏ်ငွေ ဆောင်ခဲ့ရမှုနှင့် ပတ်သက်၍ မီးရထား အရာရှိကမူ ဒဏ်ငွေပမာဏ ၂၁ဝဝ ကျပ်သာ ပေးဆောင်ရသည်မှာ ”ကံကောင်း” သော ဖြစ်ရပ်ဟု ပြောသည်။ ဒဏ်ငွေကို ၃ ဆအထိ ပုံမှန်ပေးဆောင်ရသည်ဟု ဆိုသည်။

ထို့အတူ တလုံးထက်ပိုသော ဓာတ်ပုံကင်မရာ၊ ဗီဒီယို ကင်မရာများလည်း တန်ဆာဆောင်ရန် လိုအပ်သည်ဟု နေပြည်တော် မီးရထား ရုံပိုင်ချုပ်ကြီး ဦးအောင်ခင်က ပြောသည်။

“အဓိကကတော့ ကွန်ပြူတာလိုမျိုး အီလက်ထရောနစ် ပစ္စည်းတွေ ရထားပေါ်မှာ ကိုင်ဆောင်ပြီး သွားမယ်ဆိုရင် ကျနော်တို့ဆီမှာ လာပြီး လက်မှတ်တောင်းယူဖို့ လိုပါတယ်။ တန်ဆာဆောင်ဖို့ လိုပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာပြည်က ရထားလမ်းတွေက နိုင်ငံတကာ ရထားလမ်းတွေလို့ အနိမ့်အမြင့် မညီဘူး။ ဒီတော့ ရထားတွေက ဂျုန်းဂျုန်း ဂျက်ဂျက် ဆိုပြီး လမ်းတလျှောက်လုံး ယိမ်းကသလို ခါယမ်း လှုပ်ခတ်တယ်။ ခင်ဗျားတို့ သိတဲ့ အတိုင်း အီလက်ထရောနစ် ပစ္စည်းတွေက အရမ်းနုတယ်လေ။ ထိမိခိုက်မိရင် ပျက်စီးလွယ်တယ်။ ကျွန်တော်တို့ ရထားတွေက အရမ်းလှုပ်တော့ အဲဒီပစ္စည်းတွေ မတော်တဆ ထိခိုက် ပျက်စီးနိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က စေတနာ ရှေ့ထားပြီး လက်ပ်တော့တွေ မသယ်ဖို့၊ သယ်မယ်ဆိုရင်လဲ တန်ဆာဆောင်ပြီးမှ သယ်ဆောင်ဖို့ စီစဉ်ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ ခရီးသည်များအတွက် တကယ့် စေတနာနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

အပြည့်အစုံသို့

9 comments:

  1. ဆိုတော့ ပျက်စီးသွားခဲ့ရင် တန်ဖိုးအတိုင်းလျော်ပေးမယ်ဆိုတဲ့ သဘောလားမသိ :P

    ReplyDelete
  2. sOut paw bar byar

    ReplyDelete
  3. ကြားရတောင် ယုံတောင်မယုံနိုင်ဘူး .... ကမ္ဘာ့အထူးဆန်းဆုံးနိုင်ငံထဲမှာ မြန်မာပြည်က ထိပ်ဆုံးကပဲထင်တယ် .... လုပ်လိုက်တိုင်း အဆန်းတွေချည်းပဲ ..... လက်တော့မသယ်ရတဲ့ ..... မသိရင် သူတို့ ရထားကပဲ သိပ်အဆင့်မြင့်နေပြီး လက်တော့ကပဲ နိမ့်ကျနေသလို ...... ကြာလာရင် ပြည်သူတွေလည်း ရူးကုန်တော့မယ်ထင်တယ် .......

    ReplyDelete
  4. ကမ္ဘာမှာ အလွန်တရာထူးဆန်းသောသူများနေသော...နိုင်ငံကြီးပါပေတကားးးး
    Ripley's believe it or not မှာ ပါတော့မယ်....ဂုဏ်ယူစရာကြီးပါလား..

    ReplyDelete
  5. Self appointed Burmese authorities are the most STUPID GUYS in the world. People shouldn't be patient with this situation.

    ReplyDelete
  6. ဒါမှန်တာပဲလေ။ သူတို့လုပ်တာ အမှန်ပဲ။
    မကျေနပ်ရင် မသယ်နဲ့ပေါ့ကွာ။
    ဒါများ အရေးတကြီးလုပ်ပြီး ပြောနေရသေးတယ်။

    ReplyDelete
  7. သူငယ်ချင်းတို့ရယ်
    ဒို့မြန်မာ နီုင်ငံက အစိုးရရုံးတွေမှာ ကွန်ပြူတာသုံးတဲ့ရုံး ဘယ်နှခု ရှိလို့လဲ...
    မြန်မာ မီးရထားမှာ လက်မှတ်ရောင်းတာ အရင်ကလိုပဲ စာရွက်ကို ဘောပင်နဲ့ရေးရောင်းနေတုန်းလေ.....ကွန်ပြူတာနဲ့ လက်တော့ကို ဘာမှန်းသေချာမသိဘူးပေါ့....သူများနီုင်ငံတွေမှာ ရုပ်ရှင်ရုံ ကစားကွင်းကအစ ကွန်ပြူတာနဲ့ရောင်းတယ်....ဝယ်မယ့်သူက ကွန်ပြူတာနဲ့ချက်လို့ရတယ် နေရာထိုင်ခင်းကို.....ပြီးတော့ အရောင်းစာရေးတွှေိတွေရဲ့ အရည်အချင်းကလဲ တော်တယ် စားသုံးသူကို သေချာဆက်ဆံတယ်....စည်းကမ်းတော့မဖောက်နဲ့ ကျသလောက်ရှင်းပဲ...
    ရုံးတွေမှာ ကွန်ပြူတာမသုံးတတ်တဲ့သူတွေကို Update လုပ်ပေးတယ် သင်ပေးတယ်.... မြန်မာနီုင်ငံမှာတော့ သင်တန်းဆိုရင် ပိုက်ဆံပေးရှောင်နေရတာ ရနေကြဝင်ငွေ ထိခိုက်မှာ စိုးလို့... သင်တာတွေကလဲ သီပေါမင်းပါတော်မူတုန်းက မူတွေ သင်တုန်းလေ.... ဖြစ်နေအုံးမှာပဲ...ပြောရအုံးမယ် သံရုံးတွေမှာလဲ လက်နဲ့ရေးတုန်း ကွန်ပြူတာမရှိဘူး..သူတို့အိမ်တွေမှာတော့ ရှိတယ် ..ရုံးမှာမရှိဘူး.....သူများတွေမြင်ရင် တော်တော် ရှက်ဖို့ကောင်းတာ သံရုံးက

    ReplyDelete
  8. လူရွှင်တော်တွေပျက်တဲ့ ပျက်လုံးတခုကိုသွားသတိရမိတယ်၊ ဘာတဲ့ ရထားလက်မှတ်စစ်လာလို့ အနော်ကခယေး ယေး ပါဂျ ဆိုပြီးထခုန်လိုက်တာ ပုဆိုးကျွတ်ကျလို့ ခလေးလက်မှတ်ခကနေ တန်ဆာခပါဆောင်လိုက်ရတယ် ဆိုတဲ့ ပျက်လုံးပါ ၊ခုလဲ အဲဒီလိုပါပဲ
    အဲဒီတော့ လက်တော့ မပါ လူချည်းသက်သက် ဆိုလဲ
    တံဆာခ ဆောင်ခိုင်းအုန်းမှာပါပဲ ၊ ( တန်ဆာခ = တံဆာခ )
    မြန်မာ့စွယ်စုံကျမ်းလာ တံဆာ အနက်အဓိပါယ်ကိုရှု

    ReplyDelete
  9. လွန်ခဲ့တဲ့ (၁၁)နှစ်လောက်က ရန်ကုန်-ပုဂံသွား အမြန်ရထားပေါ်မှာ ကက်ဆက် တလုံးယူပြီးသွားလို့ ပုဂံဘူတာမှာ ဒဏ်ရိုက်ခံပြီးကြောင်းပါဗျာ။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။