Thursday, April 21, 2011

စည်းကမ်းပြည့်ဝသော နိုင်ငံတွင် စည်းကမ်းပြည့်ဝစွာ အမှိုက်ပစ်လျက်ရှိ


(Myanma Alin)

မြန်မာပြည် ဒီမိုကရေစီ ရပြီဟု နိုင်ငံတော် သတင်းစာများအရ သိရသည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟု ဆို၏။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသဖြင့် ပြည်သူအများ စည်းကမ်း ပြည့်ဝစွာ အမှိုက်ပစ်ကြသည်ကို ဓာတ်ပုံများတွင် တွေ့ရသည်။

(Photo: Irrawaddy)

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် စတင်ရှင်သန်နေပြီဖြစ်ကြောင်း၊ ထိုအချက်ကို ဖော်ပြပါ "လွတ်လပ်စွာ" အမှိုက်ပစ်ခွင့် ရှိခြင်းက သက်သေပြနေကြောင်း လွှတ်တော်တက် အမတ်မင်း တဦးက သုံးသပ်သည်။ "ဒီလို လွတ်လပ်စွာ အမှိုက်ပစ်ခွင့်မျိုးဆိုတာ ဒီမိုကရေစီ ဘိုးအေ နိုင်ငံတွေမှာတောင် ရှိတာ မဟုတ်ဘူးဗျ။ အဲဒီ ဒီမိုကရေစီနိုင်ငံတွေမှာ အခုလို လွတ်လပ်ခွင့်မျိုး မရှိဘူး။ ဒီတော့ ကျွန်တော်တို့နိုင်ငံက သူတို့ထက် ပိုပြီး လွတ်လပ်မှု အပြည့်အ၀ရှိတယ်လို့ ပြောနိုင်ပါတယ်၊ အဲ- အမှိုက်ပစ်တဲ့ နေရာမှာပါ" ဟု အဆိုပါ အမတ်မင်းက BSN သို့ ပြောကြားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လွတ်လပ်စွာ အမှိုက်စွန့်ပစ်နိုင်မှု အရှိဆုံး နိုင်ငံများထဲတွင် တခု အပါအ၀င် ဖြစ်ကြောင်း Freedom House အဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

(Photo: Moemaka)

7 comments:

  1. အမှိုက်တောက သာဗျောApril 21, 2011 at 9:47 AM

    စည်းကမ်းပြည့်ဝလွတ်လပ်စွာ လမ်းဘေးတွင် အညစ်အကြေးစွန့်န်ုင်ကြောင်းလဲ တွေ့မြင်နိုင်ပါသေးသည်

    ReplyDelete
  2. ကင်းကောင်April 21, 2011 at 6:57 PM

    သူတို့တည်ဆောက်နေတဲ့ ဒီမိုကရေစီ က တော်တော် နံမဲ့သဘောရှိတယ်...

    ReplyDelete
  3. မယုံရင်ကြည့်မြန်မာနိုင်ငံရဲ့ဒီမိုကရေစီနည်းစနစ် ကြည့်ရူနိုင်ပါသည်သက်သေအထောက်ထား အမှိုက်ပုံများ

    ReplyDelete
  4. ဒါအစိုးရတင်မကဘူး ပြည်သူတွေမှာပါ တာဝန်ရှိပါတယ် :(

    ReplyDelete
  5. စည်ပင်သာယာကရုံးက လူတွေ လွတ်လပ်ခြင်း၊ ညီမျှခြင်းဟူခေါ်သော တရားသဘောတွေကို ရှု့မှတ်နေကြတယ်ထင်တယ်.

    ReplyDelete
  6. လူတွေစည်းကမ်းမရှိရင် တွေ့တာနဲ့ဒဏ်ရိုက်စမ်းပါ .... ပ ပျောက်စေရမယ်။ဒဏ်ရိုက်တဲ့သူကိုယ်တိုင်ကလည်း စည်းကမ်းရှိဖိုတော့့လိုတာပေါ့........

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။