Monday, April 11, 2011

GPS စနစ်ဖြင့် မီးငြှိမ်းသတ်ခြင်းကို ရန်ကုန်တိုင်း အတွင်း စတင်

(GPS စနစ် ဖြင့် မီးငြှိမ်းသတ်ခြင်းသတင်း)

ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာအရ မီးလောင်ရာတွင် လွယ်ကူထိရောက်မှု အရှိဆုံးနှင့် ပျက်ဆီးဆုံးရှုံးမှု လျော့နည်းစေရန် GPS စနစ်ဖြင့် မီးငြှိမ်းသတ်ခြင်းကို ရန်ကုန်တိုင်းအတွင်း ဧပြီလအတွင်း လုပ်ဆောင်သွားရန် စီစဉ်သွားကြောင်း သိရသည်။

မီးငြှိမ်းသတ်ရာတွင် အမှန်တကယ် လက်တွေ့ အသုံးပြုမည့် GPS စနစ်မှာ Groundwater Pumping System ဟုသိရသည်။ မီးသတ်ကား တစီးတွင် သယ်ယူနိုင်သည့် ရေပမာဏဖြင့် သုံးမိနစ်ခန့်သာ မီးငြိမ်းသတ်နိုင်ပြီး၊ သုံးမိနစ်ကျော်ပါက ရေကုန်သွားကြောင်း သိရသည်။ ထို့ကြောင့် မီးသတ်ရာတွင် အဆင်ပြေ ပြီးမြောက် စေရန် အတွက် ယခုကဲ့သို့ GPS စနစ်ကို ကျင့်သုံးရန် စီစဉ်ခြင်း ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက ပြောသည်။

GPS စနစ် (Global Positioning System) ဖြင့် မီးငြှိမ်းသတ်ခြင်းကို ဆောင်ရွက်မည်ဟူသော သတင်းတပုဒ်၌

"မီးသတ်ယာဉ်များပေါ်တွင် Laptop တစ်လုံးစီတပ်ဆင်၍ Internet ဖြင့် ချိတ်ဆက်ကာ မီးလောင်သည့် နေရာနှင့် အနီးဆုံး လမ်းကြောင်းများကို Online ပေါ်တွင်ရှာဖွေ၍" ဟု ရေးသားထားသည်။ သို့သော် မြန်မာပြည်မှ Internet များ အလွန့်အလွန် နှေးကွေး လေးလံနေပါက အဆင်ပြေနိုင်မည် မဟုတ်ဟု မီးသတ်ဦးစီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။ ထို့ကြောင့် GPS စနစ်သစ် ဖြစ်သော Groundwater Pumping System ကို အသုံးပြုကာ မီးငြှိမ်းသတ်ခြင်းကို ထိထိရောက်ရောက် ဆောင်ရွက်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။

(လက်တို့သူ-နာနို)

သတင်း အပြည့်အစုံသို့

GPS အကြောင်း လေ့လာရန် အညွှန်း
Global Positioning System
GPS navigation device
Automotive navigation system (မော်တော်ယာဉ်များအတွက်)

7 comments:

  1. bravo BSN,you should point out .

    ReplyDelete
  2. reporter ကဖြီးချပြီးရေးတယ်တယ်.. ရှက်တတ်ရင်လဲသေလို့ရတယ်..

    ReplyDelete
  3. GPS receiver တပ်လိုက်ရင်လဲ ရတာပဲ။ ဒါမှမဟုတ်.. မော်တော်ကားမှာ သုံးတဲ့ GPS (Automative navigation system) တပ်လဲ ရတာပဲ။ Laptop ကြီး တကားကား တပ်စရာရော လိုလို့လား Hot News က Reporter ရေ။
    ပြီးတော့ Satellite နဲ့ တိုက်ရိုက်ချိတ်ဆက် အသုံးပြုတဲ့ GPS စနစ်မှာ အင်တာနက်က တဆင့် Laptop ကြီးနဲ့ ချိတ်ဆက်စရာလော လိုလို့လား Reporter ရေ။

    ReplyDelete
  4. http://www.myanmarnewszone.com/technical/7512-usb-ironic-air-purifier-to-clear-air-of-pollutant-given-out-by-computer.html

    how about this? Ironic????

    U should consider awarding the worst translation award, stupidity award or something.. make it weekly and monthly.. :D

    ReplyDelete
  5. GPS နဲ့ရှာဘို့ လက်တော့တလုံးစီပဲတက်ရဦးမယ် power ဖွင့်တာနဲ့ network ရှာတာနဲ့ battery မရှိတာနဲ့ပဲ မီးသတ်ရုံကထွက်ရမှာမဟုတ်တော့ဘူး ဖောချက်ကွယ်

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။