Friday, April 1, 2011

ယနေ့ည မြန်မာအစိုးရသစ် ထိပ်တန်း လျှို့ဝှက် အစည်းအဝေးကို ... BSN မှ တိုက်ရိုက်ထုတ်လွှင့်နေပြီ

ယနေ့ ဧပြီလ ၁ ရက်နေ့တွင် စတင် တာဝန်ယူသည့် မြန်မာအစိုးရသစ်သည် အထူး လျှို့ဝှက် အစည်းအဝေး တရပ်ကို ယနေ့ည မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲ မှ စတင်ပြီး နေပြည်တော် တနေရာတွင် အထူး တံခါးပိတ် ကျင်းပနေကြောင်း သတင်းရရှိသည်။

အဆိုပါ တံခါးပိတ် အစည်းအဝေးကို ကမ္ဘာအရပ်ရပ်မှ မြန်မာ ပြည်သူများ အချိန်နှင့် တပြေးညီ ကြည့်ရှုနိုင်အောင် www.burmastrangenews.com မှ "webcast" တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်ပေးနေပါသည်။


အဆိုပါ နိုင်ငံတော် ထိပ်တန်း လျှို့ဝှက် အစည်းအဝေး အထူးဆွေးနွေးချက်များကို အစည်းအဝေး စတင်ချိန် မြန်မာ စံတော်ချိန် ည ၁၀ နာရီခွဲမှ စတင်ကာ ပြီးဆုံးသည်အထိ တိုက်ရိုက် ထုတ်လွှင့် သွားမည် ဖြစ်ပါသဖြင့် ဤနေရာကို Click နှိပ်ပြီး တိုက်ရိုက် ကြည့်ရှု နားဆင် နိုင်ကြပါသည်။

10 comments:

  1. Ohh my gosh!! WHF BSN.

    ReplyDelete
  2. This website is of satire, not prank. This one is prank and I hate it. It can harm children, those with weak hearts and pragnent women. Please remove it and don't do it again.

    ReplyDelete
  3. အစိုးရသစ် = နအဖ (ထူးမခြားနား)= ဘီးလူးသဘက် = ကြောက်စရာ အကောင်းဆုံး

    တကယ့် နအဖကမှ ပိုကြောက်စရာကောင်းသည်။
    ယခု တွေ့မြင်ရသည်က နအဖ အစိုးရ (ဟောင်း/သစ်)ကို မော်နီတာတွင် ကိုယ်တိုင်တွေ့ကြုံရမှုမျှသာ ဖြစ်သေးသည်။
    အစစ်အမှန်က တကယ်ကြောက်စရာ အကောင်းဆုံး ဖြစ်ပါသည်။

    ReplyDelete
  4. Hi Mr.Owl,
    this comment is not for this post but for your strange news.
    http://www.maukkha.org/index.php?option=com_content&view=article&id=1515:2011-04-02-03-03-30&catid=120:2010-10-11-07-37-22&Itemid=374
    pls go and check for your new post. let people know what is funny.

    ReplyDelete
  5. ပို့စ်မော်ဒန်... စာနဲ့ဖော်ပြတာ၇ှိသလို performance နဲ့ဖော်ပြတာလဲ၇ှိတယ်။
    လင့်ခ်ကိုဖွင့်လိုက်လို့တွေ့၇တာက မြန်မာအစိုးရသစ်၇ဲ့ သ၇ုပ်သဏ္ဍန်ကို အမှန်အတိုင်း တွေ့လိုက်၇တယ်။ အစိုး၇သစ်၇ဲ့ မနှစ်မြို့စ၇ာ ငှက်ဆိုးထိုးသံ၊ မနှစ်မြို့စ၇ာ ပုံပန်းသဏ္ဍာန်တွေကို.... virtual တွေ့၇တာပေါ့။ peformanceနဲ့တင်ပြတာ အသွင်သစ်တော့ဖြစ်တယ်။ ဒါပေမဲ့လူတိုင်းတော့ကြိုက်မယ် မထင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်.. အသွင်းပြောင်းအစိုး၇ သ၇ုပ်သဏ္ဍာန်ကိုတော့ မြင်၇တယ်။

    ReplyDelete
  6. ကျွန်တော်က ရဲ့ ပင်တိုင် ပရိတ်သတ်ပါ။ ရဲ့ ဖန်တီးတင်ဆက်မှုတွေကို တကယ်ပဲ သဘောကျမိပါတယ်။ ခုလိုဖန်တီးမှုမျိုးကတော့ ကျင့်ဝတ်နဲ့ မညီဘူးလို့ထင်တယ်။ ပရိတ်သတ်ကို မျှော်လင့်ချက်ပေးပြီး လိမ်ညာလှည့်စားသလိုမျိုး ခံစားမိပါတယ်။

    ReplyDelete
  7. ဂူးဂဲလ် Inc.April 2, 2011 at 10:22 PM

    ဧပြီ ၁ ရက်နေ့သည် April's Fools Day ဖြစ်ပြီး
    ဧပြီ ၁ ရက်နေ့ တင်ဆက်မှုများမှာ April Fools Jokes များ ဖြစ်တတ်ကြပါသည်။

    ကမ္ဘာ့အကြီးဆုံး ၀က်ဆိုက် ဂူးဂယ်က ဧပြီ ၁ ရက်နေ့ လိမ်လည်မှုကြီးကို ပြုလုပ်ခဲ့ပါသည်။ လက်ဟန် ခြေဟန်ဖြင့် ညွှန်ကြားပြီး ဂျီမေးလ်ရေးသားနိုင်ရန် ဖန်တီးတီထွင်လိုက်ပြီ ဖြစ်ကြောင်း သန်းပေါင်းများစွာသော ဂျီမေးလ်အသုံးပြုသူများကို မျှော်လင့်ချက်ပေးပြီး အဆိုပါ ဧပြီ ၁ ရက် (April Fools Day) တွင် တင်ဆက်ခဲ့ပါသည်။

    အောက်တွင် ကြည့်ရှုနိုင်ပါသည်။

    http://mail.google.com/mail/help/motion.html

    ReplyDelete
  8. “ခေါက်ဆွဲကို စိုက်ပျိုးလို့ ရပြီ”
    (ဘီဘီစီ ရုပ်သံ / လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်)
    အတည်ပေါက် နောက်လိုက်တာကို တကယ်ထင်ပြီး ဖုန်းဆက်မေးကြတယ်၊ “ဘယ်လို စိုက်ရသလဲ” တဲ့။
    မေးသူတိုင်းကို BBC က “ခေါက်ဆွဲ အပင်ပေါက်တွေ ခွက်ထဲထည့်ပျိုးပြီး စောင့်ကြည့်ပါကွယ်” လို့ ပြန်ဖြေတယ် ဆိုပဲ။

    “ရေခဲပြင်က ပင်ဂွင်းတွေ ဆောင်းတွင်းမှာ အရမ်းချမ်းလွန်းလို့ တောင်အမေရိက တောထဲ မိုင်ထောင်ချီ ပျံလေပြီ”
    (ဘီဘီစီ ရုပ်သံ / ၂၀၀၈)
    အတည်ပေါက် နောက်ပြောင်တာ ဆိုပေမယ့် လုပ်ထားတဲ့ နည်းပညာကတော့ လက်ဖျားခါလောက်တယ်။ http://www.youtube.com/watch?v=9dfWzp7rYR4 မှာ ကြည့်ပါ။

    နိုင်ငံတကာ ဧပရယ်ဖူး
    ဧပရယ်ဖူးလုပ်တာဟာ မီဒီယာသမားတို့ရဲ့ အရည်အချင်းတခု ဖြစ်တယ် တဲ့၊ စာဖတ်သူဟာ တခုခုဖတ်ပြီးတိုင်း အရမ်း မယုံရဘူးဆိုတဲ့ သင်ခန်းစာ ရတယ်လို့ သဘောထားရတော့မှာပေါ့။ ဟောသမှာ နိုင်ငံတကာက လက်စွမ်းပြချက်တွေ ဖတ်ပါလေ့။

    ဒိန်းမတ် – Copenhagen သတင်းစာ၊ ၁၉၆၅
    “ယာဉ်တိုက်မှု အန္တရာယ် ကာကွယ်ရန် ခွေးများကို အဖြူရောင် ဆေးဆိုးရမည်။ သို့မှသာ ညဘက်တွင် ခွေးများကို ရှင်းလင်းစွာ မြင်နိုင်မည်”

    http://moemaka.wordpress.com/2011/03/28/spdc-is-ready-for-april-fools%e2%80%99-day/ မှာ ဖတ်ကြည့်ပါ။

    ReplyDelete
  9. http://moemaka.blogspot.com/2011/03/blog-post_31.html
    ဧပရယ်ဖူးအကြောင်း။
    http://moemaka.blogspot.com/2011/04/moemaka-celebrates-april-fools-day.html

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။