Saturday, November 20, 2010

ကမ္ဘာ့အထူးဆန်းဆုံး တိုင်းပြည် = မြန်မာပြည်

ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်တင်မည့် ကမ္ဘာ့အထူးဆန်းဆုံး မဲပေးသူ ရာခိုင်နှုန်းများ ပင် ဖြစ်ကြပေသတည်း။
မဲပေးသူ လူတစ်ရာ ရှိသည့်အနက် ၁၀၄ ဦး မဲလာပေးလေ၏။ ထူးဆန်းပေစွတကား။

ရှုပေဦးလော့။ ယခုတစ်ဖန် လူတစ်ရာ ရှိသည့်အနက် ၁၀၂ ဦး မဲလာပေးလေ၏။
အံ့ဖွယ်။ အံ့ဖွယ်။



အနှီ မောင်ကကြီး ဟူသော လူကလေးတစ်ယောက် သူငယ်တန်း စာမေးပွဲဖြေဆိုရာဝယ် စုစုပေါင်း အမှတ်တစ်ရာ ပေးရာတွင် ၁၀၅ မှတ်ဖြင့် အထူးအောင်မြင်ပြီး၊ ပထမဆု ရသတည်း ဟူ၍ကား ကြားဖူးသလိုလို ....ထိုစဉ်က ပုံပြင်ဟု ထင်ခဲ့၏။ ယနေ့အခါသမယ မြန်မာ့အလင်းနှင့် ကြေးမုံကို ဖတ်ပါက ထိုအံ့သြဖွယ် အခြင်းအရာကား အမှန်ပင် ဖြစ်ခဲ့လတ်ဟု ယုံကြည်ဖွယ် ကောင်းစွ တကား။ အံ့ဖွယ်... အံ့ဖွယ်...


2 comments:

  1. why nobody is talking them that they are lying? They are doing again and again what they want even vote for president... why people are sitting and doing nothing ? :((( so sad :( it is fake democracy

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။