Monday, November 22, 2010

ကိုအေးလွင်အမှု တရားရုံးက စစ်ဆေးလျက်ရှိ

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ဂြို့ပင်ကောက်မြို့၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေစဉ် အတွင်း မြန်မာနိုင်ငံ အမျိုးသား အမျိုးသမီး နိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဌ ကိုအေးလွင် အား ပရိသတ် အတွင်းမှ လေးဂွဖြင့် ပစ်လိုက်ရာ ကိုအေးလွင်၏ နဖူးတွင် ကြက်ဥလုံးခန့် အဖု တစ်ခု ပေါ်ထွက်သွားခဲ့ကြောင်း၊ သို့ဖြစ်၍ ရဲစခန်းသို့ သွားရောက် အမှုဖွင့်တိုင်ကြားရာ “လောက်စာလုံးဖြင့် ပစ်သည်” ဟု အမှုမဖွင့်ပဲ
“လုံးဝန်းသော အချင်း တစ်လက်မ အရွယ်ရှိ အလုံးတစ်လုံးဖြင့်” ပစ်ခတ်ခြင်း ခံခဲ့ရသည်ဟု တိုင်ကြား အမှုဖွင့်ခဲ့ကြောင်း သိရသည်။
(ဓာတ်ပုံ- ကလေးအဖေ၊ Myanmar Times)
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ တရားရုံးက လေးဂွဖြင့် ပစ်သူကို သုံးကြိမ်တိတိ ဆင့်ခေါ်ခဲ့သော်လည်း အိမ်လိပ်စာ မှားနေသဖြင့် ဆင့်ခေါ်၍ မရခဲ့ကြောင်း၊ ပဉ္စမမြောက်ရုံးချိန်းတွင်မှ လိပ်စာမှန်သွားသဖြင့် လေးဂွဖြင့်ပစ်သူကိုယ်စား သူ၏ ဇနီးသည်ဖြစ်သူက တရားရုံးသို့ ကိုယ်စားလှယ်အဖြစ် လာရောက် သွားကြောင်း၊ တရားရုံးက လာမည့် သီတင်းပတ်ကို ထပ်မံရုံးချိန်း ပေးလိုက်ကြောင်း သတင်းရရှိသည်။ သို့သော် ဤအမှု မည်သို့ မည်ပုံ ပြီးပြတ်သွားမည်ဆိုသည်နှင့် ပတ်သက်၍မူ နောက်ဆက်တွဲ ဖြစ်ရပ် သတင်းများ အဖြစ် ဖော်ပြရန် အခက်အခဲ ရှိနေကြောင်း၊ လောလောဆယ် နဖူးတွင် ရရှိသည့် ကြက်ဥဒဏ်ရာအား ကိုယ့်ပိုက်ဆံနှင့်ကိုယ် ဆေးကုနေရ၍ တော်တော် ပိုက်ဆံ ကုန်သွားကြောင်း သတင်းရရှိပါသည်။

1 comment:

  1. လိပ်စာမှားတယ်ဆိုပီးတော့ တရားရုံး ရောက်မလာတဲ့ ထက်ထက်မိုးဦးသတင်း ဘယ်လို ပြီးပြတ်သွားသလဲ သိချင်လိုက်တာ။
    ဘာမှလဲ ထပ်မကြားရတော့ဘူး။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။