ၾသစေၾတးလ် နိုင်ငံသား မစ္စတာ ရောစ့်ဒန်ကလေနှင့် မခိုင်ဇာလင်း အမှုကို ဇွန်လ ၃ဝ ရက်နေ့တွင် စီရင်ချက်ချရန် တရားရုံးက ချိန်းဆိုလိုက်ကြောင်း သူ၏ အမှုလိုက်ရှေ့နေက ပြောသည်။
လေးလခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော အဆိုပါ အမှု၏ စီရင်ချက်ချမည့် ရက်ကို သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
မစ္စတာ ဒန်ကလေအား တရားလို မခိုင်ဇာလင်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် အမှုကို ရုပ်သိမ်းလိုကြောင်း သူမက နှစ်ကြိမ်တိုင်တိုင် တင်ပြခဲ့သည်ဟု သိရသည်။
သို့သော် ဒန်ကလေမှာ မျက်နှာကြီးသော အထင်ကရ နိုင်ငံခြားသားဖြစ်သဖြင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ တစ်ခုဖြင့်သာ တရားစွဲခြင်းခံရပြီး၊ တရားလို မခိုင်ဇာလင်းမှာမူ မျက်နှာငယ်သော မြန်မာနိုင်ငံသူ ဖြစ်သဖြင့် ပုဒ်မ (၃) ခုဖြင့် တန်ပြန် တရားစွဲဆိုခြင်း ခံထားရသည် :D။
လက်တို့သူ- မပြောဘူး :D :D
Read More ..
Tuesday, June 21, 2011
Sunday, June 19, 2011
အီး-Government အရှိန်မြှင့်မည်
အီး-Government လုပ်ငန်းများ ချဲ့ထွင်နိုင်ရန် နေပြည်တော်ရှိ အစိုးရ ရုံးဌာနများတွင် အိမ်သာများ တိုးချဲ့ တည်ဆောက်နေပြီး၊ အီး-Government လုပ်ငန်းစဉ်များ အရှိန်အဟုန် မြှင့်တင်နိုင်ရန် အတွက် အစိုးရအဖွဲ့ အကြီးအကဲများမှ စ၍ အောက်ခြေ၀န်ထမ်းများ အထိ ၀မ်းနှုတ်ဆေး စားနေကြကြောင်း သတင်းရရှိသည်။
အပြည့်အစုံ ဖတ်ရှုရန် ...
အပြည့်အစုံ ဖတ်ရှုရန် ...
ကန်စွန်းရွက်ကိုတောင် ဆေးဆိုးကြပြီ
(Photo: Popular News)
ပုံမှန်ကန်စွန်းရွက်များမှ အရွက် သေးများကို ဆိုးဆေးသုတ်ကာ ကန်စွန်းရွက်အရိုးနီအဖြစ်ရောင်းချမှု များကိုသုံးခွမြို့ဈေး၌တွေ့လာရသည် ဟု သုံးခွမြို့ခံ တစ်ဦးက ပြောသည်။ ”ကန်စွန်းရွက်အရိုးနီကျ တော့ သုံးခွမှာရှားတယ်။ ပုံမှန်ကန်စွန်းရွက် ထက်လည်း ဈေးပို ပေးရတယ်။ ရှားတဲ့အတွက် အရောင်းလည်း သွက်တယ်။ မျှစ်မှာဆိုးတဲ့ဆိုးဆေး တွေသုံးထားတယ်ထင်တယ်” ဟု သုံးခွမြို့ ၉ ရပ်ကွက်မှ အိမ်ရှင်မတစ် ဦးကပြောသည်။ ဆေးဆိုးထားသောကန်စွန်း ကို လက်ဖြင့်ဆိတ်၍ ဖြတ်သည့် အခါ လက်ထိပ်တွင် ဆေးနီများ ကျန်နေခဲ့ကြောင်း ဟင်းချက်သော အခါ အရွက်ရော အရည်ပါ မဲ၍ ပြာသွားကြောင်း ၄င်းကပြောသည်။ ”လက်ထိပ်မှာ ဆေးနီတွေ ကျန်ခဲ့ပေမယ့် သတိမထားမိသေး ဘူး။ ဟင်းချက်မှပဲ မဲပြီးပြာလာလို့ လက်ထိပ်နီတာနဲ့ ဆက်စပ်ပြီး ဆေးဆိုးတယ်လို့ ထင်မိတာ။ ဒါနဲ့ နောက်ရက်ဈေး မှာတွေ့လို့ ဝယ်မလို လိုနဲ့သေချာကြည့်တော့ ရိုးရိုး ကန်စွန်းရွက်အသေးကို ဆေးဆိုး ထားတာခပ်များများ၊ အစစ်က နည်းနည်းရောထားပြီး တစ်စည်း စည်းထားတာ တွေ့တယ်။ နည်း နည်းကိုင်ကြည့်တာနဲ့တင် လက်မှာ အနီရောင်ကပေရော” ဟု ၄င်းက ထပ်လောင်းပြောသည်။ သုံးခွမြို့ဈေးမှ ကုန်ခြောက် ဆိုင်ရှင်တစ်ဦးက သုံးခွဈေးတွင် သုံးခွကျေးရွာဘက်မှ ဟင်းသီးဟင်း ရွက်များ လာရောက်ရောင်းချသလို၊ ရန်ကုန်မှတင်လာသော ဟင်းရွက် များလည်း ရှိကြောင်း၊ ကန်စွန်းရွက် အရိုးနီဖြစ်အောင် ဆေးဆိုးထား ခြင်းမှာ ရန်ကုန်မှဝင်လာသော ဟင်းရွက်များထဲတွင် ပါဝင်ကြောင်း၊ ရန်ကုန်မှာကတည်းက ဆေးဆိုးခဲ့ခြင်းလား၊ သုံးခွရောက်မှ ဆေးဆိုး သလား ဆိုသည်ကိုမူ မသိရှိ ကြောင်း၊ ယင်းသို့ဖြစ်နေခြင်းမှာ တစ်လဝန်းကျင်ခန့်ရှိပြီဖြစ်ကြောင်း ပြောသည်။ ”အဓိကကတော့ ကန်စွန်း ရွက်အရိုးနီကို လူတွေပိုဝယ်ကြ တယ်။ ပြီးတော့ ပုံမှန်ကန်စွန်းထက် လည်းဈေးပိုကြီးတယ်။ အဲဒါကြောင့် လုပ်တာထင်တယ်” ဟု ၄င်းက ထပ်လောင်းပြောသည်။ သုံးခွဈေးထဲတွင် ဆေးဆိုးမျှစ် များကိုမတွေ့ရသည်မှာကြာလှပြီ ဖြစ်သော်လည်း တို့ဆေးဖြင့်မှည့် ထားသော သရက်သီးနှင့် ငှက်ပျောသီးများကို တွေ့ရဆဲဖြစ်ကြောင်း၊ ယခုအခါ ခွဲပြီးသား နာနတ်သီးများ ကို ဆေးဝါဆိုးလာကြကြောင်း သိရှိရသည်။
(ပေါ်ပြူလာမှ တိုက်ရိုက်ကူးယူ ဖော်ပြပါသည်)။
Read News ...
Saturday, June 18, 2011
မြန်မာ သမ္မတ မွေးမြူရေး လုပ်ပြီး လယ်စိုက်
(Facebook's FarmVille)
လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးမြင့်လှိုင် က "မိမိ၏ နေပြည်တော် ခရီးစဉ်တွင်နိုင်ငံတော် သမ္မတ က ၄င်း စိုက်ပျိုးထားသော လယ်ယာ စိုက်ကွင်းများ လိုက်လံပြသသည်" ဟု ပြောကြောင်း သိရှိရသည်။
ထိုအပြင် နိုင်ငံတော် သမ္မတ ကြီး ဦးသိန်းစိန် သည် ၀က်နှင့် နွားများကို မွေးမြူထားကာ သုတေသန လုပ်ငန်းများလုပ်သည် ဟု လည်း အဆိုပါ ၀န်ကြီးက ပြော ကြားသွားသည်။
ထိုသတင်း နှင့် ပါတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ အကြီးအကဲ ဦးခင်မောင်ဆွေက " သုတေတနအလုပ်အား သုတေသန ပညာရှင်များသာ လုပ်သင့်ကြောင်း" သုံးသပ်ပြောဆိုသွားပြီး စာဖတ်သူတစ်ဦးကမူ " နိုင်ငံတော် သမ္မတ လုပ်ပြီး လယ်စိုက်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဗျာ။ ဖြစ်နိုင်တာက သမ္မကြီး နေပြည်တော်မှာ အင်တာနက် ကွန်နက်ရှင်ကောင်းလို့ Facebook ပေါ်တက်ပြီး FarmVille ဆော့တာပဲ ဖြစ်ရမယ်" ဟု သူတို့ အမြင်များကို အသီးသီ ပြောဆိုသွား ကြသည်။
@ကိုယ်တော်ကြီး
Read More ...
ဝက်နားရွာပြာရောဂါ ရန်ကုန်တွင် အကြီးအကျယ် ပြန့်နှံ့
(Mike-christelle photo)
အလွန် ကူးစက်မြန်သော ထိုရောဂါအကြောင်းကို ရန်ကုန်တွင် ရိုက်ကူးထားသည်ဟု ယူဆရသော ၀က်သား တုတ်ထိုး ဆိုင်တဆိုင်၏ ဓာတ်ပုံတွင် သိသာ ထင်ရှားစွာ တွေ့ရသည်။
ဝက်သားတုတ်ထိုးဆိုင်ပင် အပြာရောင် ဖြစ်သွားသည်အထိ အခြေအနေ ဆိုးနေသည်။
လက်တို့သူ- ဇာနည်ဝင်း
နိုင်ငံပိုင် ဂြိုဟ်တု လွှတ်တင်မည်
နိုင်ငံပိုင် ဂြိုဟ်တုတလုံး လွှတ်တင်သွားမည်ဟု ပြည်ထောင်စု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင့်လွင်က ထုတ်ဖော် ပြောဆိုလိုက်သည်။
အဆိုပါဂြိုဟ်တုကို ဂြိုဟ်တု ၀မ်းနှုတ်ဆေး လုပ်ငန်း နှင့် ပူးပေါင်း လွှတ်တင်ရန် စီစဉ်နေကြောင်း မိုဘိုင်း တိုင်းရင်းဆေးဝါး ကွန်ယက်စနစ် တည်ဆောက်ရေးနှင့် ထုတ်လုပ်ရေး အခြေခံသင်တန်း အမှတ်စဉ် ၂ နှင့် အခြေခံ တိုင်းရင်းဆေး သင်တန်း (ဝ၁/၁၁-၁၂) ဖွင့်ပွဲ အခမ်းအနားတွင် ဦးတင့်လွင်က ပြောဆိုကြောင်း ဇွန် ၁၂ ရက်ထုတ် ရန်ကုန်အခြေစိုက် Weekly Eleven ဂျာနယ်၌ ရေးသားထားသည်။
မြန်မာနိုင်ငံမှ လွှတ်တင်မည့် ဂြိုဟ်တုဝမ်းနှုတ်ဆေးကို တိုင်းရင်းဆေးဆိုင်များတွင် ၀ယ်ယူ ရရှိနိုင်ကြောင်း သိရသည်။
@ပရလောကသားတစ်ဦး

Thursday, June 16, 2011
ကြံ့ဖွတ် စစ်တပ်နှင့် တိုက်ရန် KIA လေးခွသာ လိုအပ်
(Photo: jinghpawkasa.blogspot.com)
မြန်မာ စစ်တပ်နှင့် တိုက်ခိုက်ရန် အတွက် ကေအိုင်အေ စစ်တပ် သည် လောက်လေးခွ ကို သာ အသုံးပြုကြောင်း ဓါတ်ပုံ
@ကိုယ်တော်ကြီး
Read More ...
Wednesday, June 15, 2011
အစိုးရ၀န်ထမ်းဆိုတာ
နေပြည်တော်ရှိ အစိုးရ ၀န်ထမ်းအိမ်ရာ တစ်ခုတွင် မွေးနေ့ပွဲတစ်ခု ကျင်းပနေသော အချိန်ဖြစ်သည်။ အမျိုးသမီးငယ်တစ်ဦး ဆွဲလာသော ဆွဲကြိုးကိုကြည့်ပြီး ဧည့်သည်အားလုံးက “လှလိုက်တာ၊ လှလိုက်တာ” ဟု အားလုံး ၀ိုင်းဝန်း ချီးမွမ်းနေကြသည်။ ချီးမွမ်းခံရသဖြင့် ပီတိဖြစ်မိသော အမျိုးသမီး ငယ်သည် အားပါးတရ ကြည့်ပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဆွဲကြိုးကိုချွတ်ပေးလိုက်၏။ဆွဲကြိုးသည် တစ်လက်မှတစ်လက်သို့ ကူးသွားပြီး နောက်ဆုံးတွင် ပျောက်သွားတော့သည်။
အမျိုးသမီးကြီးတစ်ဦးက စိတ်မကောင်း ဖြစ်မိစွာဖြင့်ပြော၏။ “အချင်းချင်း ဒီလိုလုပ်တာတော့ မကောင်းပါဘူး။ ဒါကြောင့် ယူထားတာ ကိုလဲ ဘယ်သူမှမသိအောင် အခုစားပွဲပေါ်ကို ငွေဖလားတစ်လုံး တင်လိုက်မယ်။ပြီးရင်မီးခလုတ်ကို ပိတ်ပြီး တစ်ရာအထိရေမယ်။ မီးပြန်ဖွင့် လိုက်တဲ့အချိန်မှာ ဆွဲကြိုးကို ငွေဖလားထဲမှာ ပြန်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ချင်ပါတယ်” လို့ပြောလိုက်ပါတယ်။
မီးကို ပိတ်လိုက်ပြီး တစ်ကနေ တစ်ရအထိရေတယ်။ ပြီးတော့မီးကိုပြန်ဖွင့်လိုက်တယ်။
စားပွဲပေါ်မှာ ငွေဖလားမရှိတော့...
(ရေးသားပေးပို့သူ - ကြည်ဝင်း)

ကချင်ပြည်နယ်ကို စစ်ကိုင်းတိုင်းအတွင်း ထည့်သွင်းသတ်မှတ်
အစိုးရသစ် တက်လာပြီးနောက်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သတ်မှတ်ကာ ပြည်နယ်နှင့် တိုင်းများ၏ နယ်နမိတ်ကို အသစ်ပြင်ဆင် သတ်မှတ်လိုက်ပြီ ဖြစ်သည်။
လောလောဆယ်တွင် ဦးသိန်းစိန် အစိုးရနှင့် ကေအိုင်အေ အကြား ပဋိပက္ခများ ဖြစ်ပွားနေသည့် အတွက်၊ ကချင်ပြည်နယ် တစ်ခုလုံးကို စစ်ကိုင်းတိုင်း အတွင်း ထည့်သွင်းလိုက်သည်။ အဆိုပါ သတင်းကို မြန်မာတိုင်းမ် တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
@W.T.H

Sunday, June 12, 2011
သတင်းစာများသည် ခေတ်သမိုင်းကို ပြောပြနေသည်
(aplar.blogspot.com)
နှစ်တွေတော့ ကြာခဲ့ပါပြီ။
နာဂစ်ပြီးစ သတင်းစာထဲက သတင်း တစ်ပုဒ်ပါ။
ပြည်သူတွေ ရေဘေးမှ ခိုလှုံနိုင်ဖို့ ပေ (၂၀)၊ (၃၀) မြင့်တဲ့ လမ်းတွေ တည်ဆောက်မယ် ဆိုပဲ။
အဲသလောက် အမြင့်အထိ မြေသားတမံ ဖြစ်အောင် မြေဖို့ပြီး လမ်းတွေ ဖောက်မယ်လို့ သတင်းစာက ဆိုပါတယ်။
ခေတ်သမိုင်းကို ထင်ဟပ်တဲ့ သတင်းတစ်ပုဒ် ဖြစ်လို့ ဖော်ပြလိုက်ပါတယ်။
@O.H.N
Saturday, June 11, 2011
လျှပ်စစ်မီး သုံးစွဲခွင့်၊ ဘတ်စ်ကား ချောင်ချိစွာ စီးခွင့်၊ သန့်ရှင်းသော ငွေစက္ကူ အသုံးပြုခွင့်များကို အခြေခံ လူ့အခွင့်အရေး အဖြစ် ထည့်သွင်းမည်
ကုလသမဂ္ဂ၏ အခြေခံ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် အင်တာနက်သုံးစွဲခွင့်ကို အခြေခံ လူ့အခွင့်အရေး အဖြစ် ထည့်သွင်းလိုက်ပြီဖြစ်သည် (ဒီမှာ ဖတ်ပါ)။ ယခု ဆက်လက်ပြီး မြန်မာပြည်သူ ပြည်သားများအတွက် လျှပ်စစ်မီး အပြည့်အ၀ သုံးစွဲခွင့်၊ ဘတ်စ်ကားများကို ချောင်ချိစွာ စီးနိုင်ခွင့်၊ သန့်ရှင်းသော ငွေစက္ကူများကို ကိုင်ဆောင်ခွင့်များကိုလည်း မြန်မာပြည်သူ့လူ့အခွင့်အရေး အဖြစ် ထည့်သွင်းရန် စီစဉ်နေပြီဟု သိရသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကောင်စီ အစီရင်ခံစာထဲတွင် ကျောင်းသူ ကျောင်းသား ကလေးငယ်များ၏ စာကျက်မှတ်လေ့လာရန် အဓိက လိုအပ်ချက် ဖြစ်သော လျှပ်စစ်မီး မရရှိခြင်း၊ ပြည်သူ လူထု၏ နေ့စဉ် လူမှုဘ၀ အတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သော လျှပ်စစ်မီး မလာခြင်း၊ နေ့စဉ် သွားလာ လှုပ်ရှားရာတွင် လွတ်လပ်မှု မရှိဘဲ လူမတန်တဆ ပြည့်သိပ် ကျပ်ညပ်ကာ လူနှင့် မတူအောင် ဘတ်စ်ကား စီးရခြင်း၊ ညစ်ပတ်ပေရေပြီး ရောဂါပိုးမွှားများ တွယ်ကပ်နေနိုင်သော ငွေစက္ကူများကို နေ့စဉ်ကိုင်တွယ် သုံးစွဲရခြင်းများကို လူတစ်ဦးချင်း၏ လွတ်လပ် အဆင်ပြေမှု၊ ပညာရေး တိုးတက်မှုနှင့် ကျန်းမာရေး ရှုထောင့်များမှ ကြည့်လျှင် (လျှပ်စစ်မီး ပုံမှန် မရရှိခြင်း၊ ဘတ်စ်ကား ကျပ်ညပ်စွာ စီးရခြင်း၊ ညစ်ပတ်ပေရေသော ငွေစက္ကူများကို သုံးစွဲရခြင်း များကို အဆင်ပြေအောင် စီစဉ် ဆောင်ရွက်မှု လုံးဝ မရှိခြင်း) သည် အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သည်လို့ အတိအလင်း ဖော်ပြထားပါသည်။
BSN သတင်းဌာနက မြန်မာနိုင်ငံမှ ပြည်သူများကို ၂၀၁၁ ခုနှစ် မတ်လအတွင်း စစ်တမ်းတစ်ခု ကောက်ယူခဲ့ရာ ၁၀၀ ရာခိုင်နှုန်းသော ပြည်သူများက ဖော်ပြပါ အချက်များမှာ အခြေခံကျသော အခွင့်အရေးဖြစ်သည်ဟု ယူဆကြကြောင်း ဖော်ပြခဲ့ကြပါသည်။
ကျောင်းသူ ကျောင်းသားများ ပညာရည် မြင့်မားစေရန် အတွက် ညဘက်တွင် လျှပ်စစ်မီးဖြင့် စာကျက်မှတ် နိုင်ရေးသည် အလွန် အဓိကကျသည်။ ထို့ကြောင့် ကျောင်းသူ ကျောင်းသားများ ၏ တိုးတက်မှုကို ပိတ်ပင်သော လျှပ်စစ်မီး မရရှိခြင်းမှာ ကျောင်းသား လူငယ်များ၏ အဓိက လူ့ခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း ကုလသမဂ္ဂ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ဘတ်စ်ကားများကို လူနှင့်မတူဘဲ အလွန်အမင်း ကျပ်သိပ်စွာ စီးနင်းခြင်းကြောင့်၊ ခရီးသည်များ အကြား၊ ကူးစက်ရောဂါများ လွန်ကူစွာ ပြန့်နှံ့နိုင်သည်။ ထိုနည်းတူ ချေးအထပ်ထပ်တက်ကာ ညစ်ပတ်ပေရေနေသော ငွေစက္ကူများကလည်း ရောဂါပိုးမွှားများကို ပြန့်ပွားစေနိုင်သည်။ အဆိုပါ အဖြစ်အပျက်များကို ကာကွယ်မှု မပြုဘဲ မျက်ကွယ် ပြုထားခြင်းသည် ပြည်သူ လူထု၏ အခြေခံ အခွင့်အရေး ဖြစ်သော ကျန်းမာရွှင်လန်းပိုင်ခွင့်ကို ချိုးဖောက်ရာ ရောက်ကြောင်းလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖြောင့်တန်းစွာ စာမကျက်နိုင်ခြင်းသည်
အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ဖြစ်သည်
(Photo: aturnic.livejournal.com)

မြန်မာ ဖြစ်ရသည်ကို ဂုဏ်ယူပါ
ဒီနေ့ ဂျပန်က CitiBank မှာ account ဖွင့်ဖို့ ဖုန်းဆက်ပြီးစုံစမ်းမေးမြန်းတော့
Visa ရှိတယ် နိုင်ငံခြားသားကဒ်ကလည်း သက်တမ်းရှိသေးတယ် ဒါပေမယ့်
နောက်ဆုံးတစ်ချက်မှာ ဖုန်းကိုအသာလေးပြန်ချလိုက်ရပါတယ်
"စီးပွားရေး၊နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြန်မာဆိုရင် CitiBank account ဖွင့်ဖို့ခွင့်မပြုပါဘူး " တဲ့
အရှက်ကွဲရပါတယ် ကိုယ့်လူရေ
တခြားနိုင်ငံက CitiBank တွေ ဘယ်လိုနေလဲတော့မသိဘူး
တာတေကြီး
ပရလောက

ဂျင်းဘောင်းဘီကို ပုဂံခေတ် ကတည်းက မြန်မာလူမျိုးများ ၀တ်ဆင်ခဲ့
(ဓာတ်ပုံ-ကျန်စစ်မင်း ဇာတ်ကားမှ)
မြန်မာလူမျိုးများသည် ပုဂံခေတ်ကတည်းကပင် ဂျင်းဘောင်းဘီနှင့် ဝေ့စကုတ် ကို ၀တ်ဆင်ခဲ့ကြသည်။ ထိုကဲ့သို့ ၀တ်ဆင်ကြောင်းကို ပုဂံပြည့်ရှင် ကျန်စစ်သားမင်းကြီး၊ သူ၏ မိဖုရားများ နှင့် နောက်လိုက် နောက်ပါများ မြင်းရထား စီးပြီး ဘုရားဖူး ထွက်တော်မူသော မြင်ကွင်းတစ်ခုတွင် အထက်ပါအတိုင်း တွေ့ရသည်။
(မြင်းရထား နောက်ဘက် ခပ်လှမ်းလှမ်း၊ လမ်းဘေးမှ လူနှစ်ယောက်ကို ရှုပါ)။
လူမင်းရဲ့ ကျန်စစ်မင်း ဇာတ်ကား ကြည့်ရှုရန် ...
Thursday, June 9, 2011
ထိုင်းနိုင်ငံတွင်လူများသာမက တိရစ္ဆာန်များပါ ရွေးကောက်ပွဲဝင်လျက်ရှိ
အိမ်နီးချင်းထိုင်းနိုင်ငံတွင် မကြာမီ ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်ရာ ယခုနှစ်တွင် ထူးထူးခြားခြား လူများသာမက တိရစ္ဆာန်များပါ ပါဝင် ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။
လောလောဆယ်တွင် တိရိစ္ဆာန်များဖြစ်ကြသည့် ကျွဲ၊ ကျား၊ ခွေး၊ ဖွတ် နှင့် မျောက် များက ပါတီထောင်၍ ယှဉ်ပြိုင် နေသည်။
အဆိုပါ ပါတီအား သွားရောက် စုံစမ်း မေးမြန်းကြည့်ရာတွင် -
"ကျွန်တော်တို့ အိမ်နီးချင်းမြန်မာနိုင်ငံမှာ ကြံ နဲ့ ဖွတ် ပေါင်းပြီးတော့ ကြံဖွတ် ပါတီထောင်ပြီး တခြား လူသား ပါတီတွေကို မဲအပြတ်အသတ်နဲ့ အနိုင်ယူနိုင်တာ မျက်ဝါးထင်ထင် တွေ့မြင်ရပါတယ်။ ကျွန်တော်တို့လဲ ဒီလိုမဖြစ်ဘူးလို့မပြောနိုင်ဘူး" ဟုပါတီဝင်တစ်ဦးက ထူးဆန်းစွာဖြင့် လူလိုပြန်ဖြေခဲ့ပါသည်။
ယခု ပါဝင်ယှဉ်ပြိုင်သောဖွတ်မှာ မြန်မာနိုင်ငံ ကြံဖွတ်ပါတီမှ ဖွတ်သတ္တ၀ါနှင့် ဆွေမျိုး တစ်စုံတရာ တော်စပ်ပါသလား ဟု မေးမြန်းကြည့်ရာ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သဖြင့် ဖြေကြားခွင့်မရှိဟု တုန့်ပြန်သည်။
(သတင်း၊ ဓာတ်ပုံ -ဘန်ကောက်မှလက်တို့သူ)

Wednesday, June 8, 2011
တို့နိုင်ငံက ၀န်ကြီးချုပ် (ယခု သမ္မတ) ထိုင်းဝန်ကြီးချုပ်ထက် ဘုန်းကံမြင့်မား
မြန်မာ ၀န်ကြီးချုပ် ဖြစ်ခဲ့သူ၊ လက်ရှိ သမ္မတကြီး ဦးသိန်းစိန်သည် အိမ်နီးချင်း ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ၀ိဇ္ဇာဇီဝ ထက် ဘုန်းကံ မြင့်မားသည်ကို တွေ့ရသည်။
သမ္မတကြီး ဦးသိန်းစိန်သည် ဘုန်းကံပါရမီနှင့် ပြည့်စုံသောကြောင့် လက်ဖက်ရည် ကော်ဖီတို့ကို ကိုယ်တိုင် ဖျော်သောက်စရာ မလိုဘဲ အသင့်ဖျော်ထားသည့် လက်ဖက်ရည်၊ ကော်ဖီကို ဇိမ်ကျကျ သောက်သုံးနိုင်သည်။
သို့သော် လက်ရှိ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ၀ိဇ္ဇာဇီဝ မှာမူ ငယ်စဉ်က အလွန်ဆင်းရဲပြီး လက်ဖက်ရည်ဆိုင်တွင် ဖျော်ဆရာ အဖြစ် အမှုထမ်းခဲ့သူ ဖြစ်သဖြင့် ကော်ဖီကို ကိုယ်တိုင် ဖျော်သောက်ရရှာသည်။
ထိုနည်းတူ ၀န်ကြီးချုပ်လောင်းအဖြစ် ရွေးကောက်ပွဲ ၀င်မည့် သက်ဆင်၏ ညီမ ရင်လပ် ရှင်နာဝပ်မှာလည်း ကိုယ်တိုင် လက်ဖက်ရည် ဖျော်ရောင်းပြီး ဆင်းရဲသော သူမပါတီအတွက် ရန်ပုံငွေ ရှာဖွေပေးနေရသည်။
(သူမသာ ရွေးကောက်ပွဲ အနိုင်ရပါက ထိုင်းနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဖြစ်လာမည်ဟု သတင်းတစ်ပုဒ်က ဆိုထားသည်။ သူမ အနိုင်ရချိန်မှသာ ထိုင်းနိုင်ငံတွင် ပထမဆုံး ၀န်ကြီးချုပ် ရှိလာမည် ဖြစ်သဖြင့်- အဖိဆစ် ၀ိဇ္ဇာဇီဝမှာ ၀န်ကြီးချုပ် မဟုတ်ဘဲ
ဝန်ကလေးချုပ် ဖြစ်ပုံရသည်။ ထို့နည်းတူ ထိုင်းနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် Phraya Manopakorn Nititada (၁၉၃၂-၁၉၃၃) မှာလည်း ပထမဆုံး ၀န်ကလေးချုပ် ဖြစ်ပုံရပါသည်။ :P စကားချပ်)
အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးစလုံးမှာ- ဦးသိန်းစိန်နှင့် နှိုင်းယှဉ်လျှင် ဘုန်းကံပါရမီ အလွန့် အလွန်ညံ့ဖျင်းသဖြင့် ယခုကဲ့သို့ လက်ဖက်ရည် ကော်ဖီကို ကိုယ်တိုင်ဖျော်ကာ၊ လမ်းဘေး ဈေးသည်ကဲ့သို့ ရောင်းချနေကြရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ဝေဒသုတေသန အသင်း အမှုဆောင်တစ်ဦးက BSN သို့ ပြောပြသည်။
သူတို့ နှစ်ဦးတွင် တစ်ဦးဦး ရွေးကောက်ပွဲ ရှုံးနိမ့်သွားပါက လက်ဖက်ရည်ဆိုင်ဖွင့်ပြီး၊ နိုင်ငံရေးလောကမှ အနားယူကာ အေးအေးလူလူ နေထိုင်ကြမည်ဟု သိရှိရသည်။
Read Original News ...
(Photo: AP)

(Photo: Irrawaddy Blog)

အမြန်ဆုံး အင်တာနက် Speed ရှာဖွေတွေ့ရှိ
ကမ္ဘာပေါ်တွင် သာမက စကြာဝဠာတစ်ခွင်လုံးတွင် အမြန်ဆုံးဟု ယူဆရသော အင်တာနက် Speed ကို မြန်မာရုပ်ရှင်တစ်ခု တွင် အောက်ပါ အတိုင်း ထူးဆန်းစွာ ရှာဖွေ တွေ့ရှိရသည်။
@သူတော်စင်-ဂါဗရိယေလ
အမြန်ဆုံး အင်တာနက် Speed ကို ရုပ်ရှင်တွင် ရှုစားရန် ...
(အချစ်နဲ့ အခြစ် ဇာတ်ကားမှ)
@သူတော်စင်-ဂါဗရိယေလ
အမြန်ဆုံး အင်တာနက် Speed ကို ရုပ်ရှင်တွင် ရှုစားရန် ...
Monday, June 6, 2011
ရန်ကုန်မြို့၊ ဘန်ကောက်နှင့် ထပ်တူထပ်မျှ တိုးတက်လျက်ရှိ
"Stealth" ရုပ်ရှင် ဇာတ်ကားတွင် လျှပ်စစ်မီးများ ထိန်ထိန် လင်းနေပြီး အလွန် ခေတ်မီ တိုးတက်နေသည့် ရန်ကုန်မြို့ကို တွေ့မြင် ရှုစားရသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်မာပြည်မှ ရန်ကုန်မြို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ထပ်တူထပ်မျှ တိုးတက် ခေတ်မီနေသည်။
ရန်ကုန်မြို့လည်တွင် အထပ်ပေါင်းများစွာ မြင့်မားသည့် ခေတ်မီ မိုးမျှော်တိုက်ကြီးပေါင်း များစွာကို တွေ့ရပြီး၊ မိုးပျံ အမြန်ကားလမ်းမကြီးလည်း ရှိသည်။ ဤမျှ ခေတ်မီဖွံ့ဖြိုးသည့် ရန်ကုန်မြို့တော်ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရမှ ခေတ်မီစီမံကိန်းများဖြင့် တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း Stealth ရုပ်ရှင်ဇာတ်ကား အရ သိရှိရသည်။

Rangoon, Myanmar ကို ဗုံးကြဲမည်
ရန်ကုန်မြို့ပေါ်မှ ကားများ
ကားနံပါတ်- ၃၀/၁၃၄၀ နှင့် ငခ/၂၄၅၀
ရန်ကုန်မြို့မှ မိုးပျံ အမြန်ကားလမ်းမကြီးများကို ညအချိန်တွင် တွေ့မြင်ရပုံ
(ဓာတ်ပုံများကို Stealth ရုပ်ရှင်ကားမှ ရယူပါသည်။)
Saturday, June 4, 2011
မြန်မာနိုင်ငံမှာ- မီးအိမ်ထွန်းပြီး ရုပ်သံလွှင့်ပြီ
မြန်မာနိုင်ငံမှာ MRTV-4 ရုပ်မြင်သံကြား အစီအစဉ်မှ မီးအိမ်ထွန်းပြီး ရုပ်သံလွှင့်နေပါတယ် (Click Here)။
တီဗီ ရိုက်နေတုန်း မီးပျက်သွားရင် အဲဒီ မီးအိမ်ထွန်းပြီး ရိုက်ဖို့ ချထားတာလဲ ဖြစ်နိုင်တယ်။ မြန်မာပြည် ဒေသအနှံ့အပြားမှာ လျှပ်စစ်မီး မရှိလို့ မီးအိမ်ထွန်းပြီး နေထိုင်ကြရတဲ့ ဘ၀တွေ ကို ပို့စ်မော်ဒန် နည်းနဲ့ တင်ပြတာလဲ ဖြစ်နိုင်ပါတယ်။ မီးအိမ်ရှင် ဒေါက်တာ နိုက်တင်ဂေးလ်လို့ မိမိကိုယ်မိမိ ဘွဲ့မည်ရည် တပ်ထားသူ ယဉ်မင်းဦး (ဆေးတက္ကသိုလ်)က "ကျွန်မမှာ မီးအိမ် တစ်လုံး ရှိတယ်" လို့ ထီးပြင်၊ ဓာတ်မီးပြင်၊ မီးအိမ်ပြင်တဲ့ ကုလားတွေ သိအောင် ကြေညာမောင်း ခတ်တာလဲ ဖြစ်နိုင်ပါတယ်။
နီပေါနိုင်ငံမှာတော့ နိုင်ငံအတွင်း လျှပ်စစ်မီးများ ပြတ်တောက်မှုတွေကို သက်သေပြတဲ့ အနေနဲ့ နီပေါ ထိပ်တန်း ကန်တီပူရ် ရုပ်မြင်သံကြား အသံလွှင့် ဌာနကနေပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လတုန်းက ညစဉ် သတင်းတွေကို မီရောင်မှိန်မှိန် ( မှောင်ရီဝိုးတစ်ဝါး ) အခြေအနေနဲ့ မီးအိမ်လေး ထွန်းပြီး ထုတ်လွှင့်  တင်ဆက်ခဲ့ဖူးတာကို တွေ့ရပါတယ်။
(Photo: Zarny Win)

သတင်းများကို ရေနံဆီမှန်အိမ်ထွန်းပြီး ကြေညာပါတော့ မယ်ရှင်
(ကိုပီတာ ဘလော့ မှ)
နီပေါနိုင်ငံမှာတော့ နိုင်ငံအတွင်း လျှပ်စစ်မီးများ ပြတ်တောက်မှုတွေကို သက်သေပြတဲ့ အနေနဲ့ နီပေါ ထိပ်တန်း ကန်တီပူရ် ရုပ်မြင်သံကြား အသံလွှင့် ဌာနကနေပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လတုန်းက ညစဉ် သတင်းတွေကို မီရောင်မှိန်မှိန် ( မှောင်ရီဝိုးတစ်ဝါး ) အခြေအနေနဲ့ မီးအိမ်လေး ထွန်းပြီး ထုတ်လွှင့်  တင်ဆက်ခဲ့ဖူးတာကို တွေ့ရပါတယ်။
Thursday, June 2, 2011
ကလေးငယ် လမ်းဘေးခွေးများ ၀ိုင်းကိုက်ခံရပြီးနောက် ခွေးနှိမ်နှင်းရေးများ မော်လမြိုင်မြို့တွင် ပြုလုပ်
လွန်ခဲ့သည့် ၂ ပတ်ဝန်းကျင်က မော်လမြိုင်မြို့ တောင်ပေါ်တန်းရပ်တွင် ၄၊ ၅နှစ် အရွယ်ကလေးငယ်ကို လမ်းပေါ်တွင် ကျက်စားလေ့ရှိသည့် ခွေးအုပ်က ၀ိုင်းကိုက်ခဲ့သဖြင့် ကလေးငယ်မှာ ဆေးရုံရောက်သည်အထိ ဒဏ်ရာရရှိခဲ့ပြီးနောက် ယခုအခါ မော်လမြိုင်မြို့၌ ခွေးနှိမ်နှင်းရေးများ ပြုလုပ်နေသည်ဟု မြို့ခံများကပြောသည်။
ထိုစဉ်က ကလေးငယ်မှာ အခြားကလေးဖေါ် တစ်ဦးနှင့်အတူ လမ်းလျှောက်လာစဉ် ခွေးအုပ်က ၀ိုင်းကိုက်သဖြင့် အသက် ၈ နှစ်ရွယ် ကလေးဖေါ်မှာ ထွက်ပြေးနိုင်သော်လည်း ၄၊ ၅ နှစ်ရွယ်ကလေးမှာ ကျောကုန်း၊ ရင်ပတ်နှင့် လက်များတွင် ခွေးကိုက်ဒဏ်ရာများရ ရှိခဲ့သည်ဟု အဆိုပါ ရပ်ကွက်နေထိုင်သူ တစ်ဦးက မိုးမခ သို့ပြောသည်။
ထိုသို့ဖြစ်ပျက်ပြီးနောက်တွင် မော်လမြိုင်မြို့ စည်ပင်သာယာအဖွဲ့က အဆိပ်ထည့်ထားသည့် အသားတုံးဖြင့် လမ်းပေါ်ရှိ ခွေးများကို နှိမ်နှင်းလျက်ရှိပြီး လမ်းပေါ်မှ ပိုင်ရှင်မဲ့ခွေးများကို ကာကွယ်ပေးထားသူ၊ ဖွက်ထားသူရှိပါက အရေးယူခံရမည်ဟုလည်း အသံချဲ့စက်ဖြင့် လိုက်လံကြေညာခဲ့သည်ဟု အဆိုပါရပ်ကွက်ခံက ပြောပြသည်။
မော်လမြိုင်မြို့တွင် လမ်းပေါ်တွင် ကျက်စားသည့် ပိုင်ရှင်မဲ့ ခွေးများပေါများလွန်းသဖြင့် ဆိုင်ကယ်စီးသူများ မကြာခဏ တိုက်မိပြီး ဆိုင်ကယ်တိမ်းမှောက်ကာ ဒဏ်ရာရလေ့ရှိသည့် အတွက်ဆိုင်ကယ်စီးရာတွင် ခွေးကို အလွန် သတိထားရသည် ဟု အသက် ၄၅ နှစ်အရွယ် မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ မကြာမီရက်ပိုင်း ကပင် ဆိုင်ကယ်ဖြင့် သမီးကျောင်းကြိုပြန်လာသူတစ်ဦး ခွေးကို တိုက်မိပြီး တိမ်းမှောက်ကာ ပွန်းပဲဒဏ်ရာများရပြီး ရက်အနည်းငယ်အကြာတွင် ဦးနှောက် အတွင်း ထိခိုက်မှုရှိခဲ့သဖြင့် အကြောဆွဲသည့် လက္ခဏာများ ပြသလာပြီး ရန်ကုန်ဆေးရုံသို့ တင်ပို့ကုသခဲ့ရသည့် အဖြစ်လည်း ရှိသည်ဟု ဆွေမျိုးသားချင်း တဦးကပြောပြသည်။
မော်လမြိုင်မြို့သာမက ရန်ကုန်မြို့တွင်လည်း ပိုင်ရှင်မဲ့ ခွေးပေါများလွန်းပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ဆူညံမှု တို့ဖြစ်စေသည်ဟု ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။ မကြာသေးမီက ၀က်ဆိုက် သတင်းဖေါ်ပြမှု တစ်ခုတွင် ရန်ကုန်မြို့တွင် ခွေးကောင်ရေ ၁ သိန်းရှိသည်ဟု ဖေါ်ပြထားပြီး လူဦးရေ ၆ သန်းနီးပါးရှိသည့် အတွက် လူ ၆၀ လျင် ပိုင်ရှင်မဲ့ ခွေးတကောင်နှုန်း ရှိသည့်သဘောလည်း ဖြစ်သည်။
မိုးမခ မှ တိုက်ရိုက် ကူးယူ ဖော်ပြပါသည်။

Wednesday, June 1, 2011
ရတနာမိုင်ကို ဂျပန်အမျိုးသမီး အဆိုတော် ပန်ကြား
ဂျပန်အမျိုးသမီးအဆိုတော် Utada Hikaru ဟာ မအားလပ်တဲ့ကြားက တခုတ်တရ appointment ယူပြီးတော့ ပရလောကသားများကို ဆက်သွယ် ရင်ဖွင့်လာပါတယ်။
သူမ ပြောတာကတော့- ယနေ့ မြန်မာနိုင်ငံမှာရဲ့ဂီတပွဲတွေ၊ ဖက်ရှင်ရှိုးတွေမှာ ဂျပန်ဒီဇိုင်း ဖက်ရှင်တွေ ခေတ်စား လာတာနဲ့အမျှ သူမလည်း အားလပ်တဲ့ အချိန်တွေမှာ Myanmar Celebrity အပါအဝင်
အခြား စိတ်ဝင်စားဖွယ် website များကို ကြည့်ရှုမိကြောင်း၊ သူ့မရဲ့ First Love သီချင်းအား မြန်မာ အဆိုတော် ရတနာမိုင် ဆိုထားတာကို Myanmar Celebrity website မှာကြည့်လိုက်ရကြောင်း၊
ရတနာမိုင်ဟာ သူမရဲ့ သီချင်းကိုပြန်ဆိုထားရာမှာ သံစဉ်ကို ကော်ပီ ကူးထားတာမျိုး မဟုတ်ပဲ သီချင်းတစ်ပုဒ်လုံးကို ဂျပန် စာသား တွေကအစ အသံနေအသံထားပါ တထေရာတည်းဖြစ်အောင် သီဆိုနိုင်တဲ့အတွက် သူမ အပါအဝင် အိမ်သူအိမ်သား အိမ်ဖေါ်တွေကအစ သူမရဲ့ ဂီတ အသိုင်းအဝိုင်းကလည်း အံ့သြ ဝမ်းသာ လက်ဖျားခါခဲ့ရပါကြောင်း၊
သူမရဲ့ သီချင်းအားလုံးကို ရတနာမိုင်အား ဆိုခွင့်ပြုဖို့စဉ်းစား ထားပေမယ့် ရတနာမိုင်ကို တစ်ခုတော့ အနူးအညွတ် တောင်းပန်လိုပါကြောင်း၊
အဲဒါကတော့ "သူမရဲ့သီချင်းကိုသီဆိုတဲ့အချိန်မှာ ဖင်ကိုကောက်ကောက်ပြီးမဆိုဖို့" ပဲဖြစ်ကြောင်း၊
ဂျပန်မှာ ကျင်းပတဲ့ မြန်မာရှိုးပွဲကို ရတနာမိုင် လာရောက် ဖျော်ဖြေမယ်ဆိုလို့ ရှိရင်လဲ၊ အတူတူ သီဆိုဖို့အတွက် " ဝ,ထ,က,လ,သ" သီချင်းကို လေ့ကျင့်နေကြောင်း ပြောကြားသွားပါတယ်။်
Utada Hikaru ရဲ့ First Love
ရတနာမိုင်ရဲ့ သီဆိုဟန်ကို ရှုစားရန် ...
@ပရလောကသားများ

(Photo: MyanmarCelebrity)

Tuesday, May 31, 2011
မြန်မာ သံရုံး လမ်းညွှန်
မြန်မာ သံရုံးနှင့် ပတ်သက်တဲ့ information တွေကို လွယ်လင့်တကူ ရှာဖွေ နိုင်တဲ့ ၀က်ဆိုက် တစ်ခု တွေ့ရပါတယ်။
မြန်မာသံရုံးနဲ့ မဖြစ်မနေ ဆက်သွယ် ဆောင်ရွက်ရမယ့် မြန်မာနိုင်ငံသားတွေ အနေနဲ့ သံရုံးရဲ့ အဓိက ကျတဲ့ အချက်အလက်တွေကို http://myanmar-embassy.info မှာ ကြိုတင် သွားရောက် လေ့လာ ထားသင့်တယ်လို့ BSN ရဲ့ စာဖတ်ပရိသတ် တစ်ဦးက လက်တို့ ထားပါတယ်။

Monday, May 30, 2011
တက္ကစီများ လှပစေရန် မီတာများ တင်ဆင်ထားခြင်းဖြစ်
(Photo: themyanmarpost)
ရန်ကုန်မြို့တွင် ပြေးဆွဲလျက် ရှိသည့် တက္ကစီများတွင် မီတာများကို တက္ကစီများ လှပစေရန် အတွက်လည်းကောင်း၊ တက္ကစီ၏ အဆင် တန်ဆာ အဖြစ်လည်းကောင်း တပ်ဆင် ထားကြောင်း သတင်းရရှိသည်။
မီတာများမှာ အလှပြထားခြင်းသာ ဖြစ်သဖြင့် တက္ကစီခများကို ပါးစပ်ဖြင့် ဈေးဖြတ်ကာ မောင်းနှင်ကြပြီး၊ အလှသဘော တပ်ဆင်ထားသော မီတာများကို အသုံးပြုရန် မလိုအပ်ကြောင်း သိရသည်။
ယခုတလော တက္ကစီခ များမှာလည်း ၁၀၀၀ တန်ခရီးကို ၁၅၀၀ ကျပ်၊ ၁၅၀၀ တန်ခရီးကို ၂၀၀၀ ကျပ် စသည်ဖြင့် ဈေးတက်နေကြောင်း Myanmar Post ဂျာနယ်တွင် ရေးသားထားသည်။
Read More ...
Saturday, May 28, 2011
ကုလ အတွင်းရေးမှူးချုပ် ဦးသန့်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့
ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သော ဦးသန့်အား
အာဇာနည်ကုန်းတွင် ဤသို့ ဂူသွင်း သင်္ဂြိုဟ်ထားသည်။
(Photo: Screen-shot from niknayman's youtube)
ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်သည် ၁၉၇၄ နိုဝင်ဘာ ၂၅ ရက်နေ့တွင် နယူးယောက်မြို့၌ ကွယ်လွန်ခဲ့ခြင်း မဟုတ်ဘဲ၊ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့ ကတည်းက ဗိုလ်ချုပ်အောင်ဆန်း နှင့် အတူ ကျဆုံး ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း SBS ရုပ်သံမှ ထုတ်လွှင့်သည့် City Hunter ဇာတ်လမ်းတွဲမှ ဇာတ်ဝင်ခန်း တစ်ခု အရ သိရသည်။ ဇူလိုင်လ ၁၉ ရက်နေ့တွင် အာဇာနည်ကြီးများနှင့် အတူ ကျဆုံး ကွယ်လွန်ခဲ့သော ဦးသန့်အား ရန်ကုန်မြို့ အာဇာနည်ကုန်းတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ ဂူသွင်း မြှုပ်နှံထားသည်။
၁၉၄၇ ခုနှစ်က ကွယ်လွန်ခဲ့သော ဦးသန့်သည် ၁၉၆၁ မှ ၁၉၇၁ အထိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် မည်သို့ မည်ပုံ တာဝန် ထမ်းဆောင်ခဲ့သနည်း ဆိုသော မေးခွန်းနှင့် ပတ်သက်၍ မဖြေရှင်း နိုင်သေးသော ခေါင်းခဲစရာ ပြသနာ တစ်ရပ် အဖြစ် တည်ရှိနေကြောင်း ပရလောကနှင့် ပန်းကန်ပြားပျံ လေ့လာရေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။
ဦးသန့် ဓာတ်ပုံ ချိတ်ဆွဲထားတဲ့ အာဇာနည်ကုန်း ဗုံးကွဲမှု ရုပ်ရှင်
Courtesy: Niknayman
Courtesy: Niknayman
ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှု မူရင်း သမိုင်းမှတ်တမ်း အမှန်
U Thant's tomb, Shwedagon Pagoda Road, Yangon
(Photo: wikipedia)
ထိုင်း သတင်းစာ နှစ်စောင်တွင် မည်သည့် သတင်းမျှ ပါဝင်တော့မည် မဟုတ်
ထိုင်းနိုင်ငံမှ အင်္ဂလိပ် ဘာသာဖြင့် နေ့စဉ် ထုတ်ဝေလျက် ရှိသော နာမည်ကြီး Bangkok Post နှင့် The Nation သတင်းစာကြီး နှစ်စောင်တွင် သတင်းများ ထည့်သွင်း ဖော်ပြခြင်း ပြုတော့မည် မဟုတ်ကြောင်း သိရှိရသည်။
သတင်းများ လုံးဝ ဖော်ပြတော့မည် မဟုတ်သဖြင့် Bangkok Post နှင့် The Nation တို့ကို "သီတင်းစာ" ဟု ပြောင်းလဲ ခေါ်ဝေါ်လိုက်သည်။ အဆိုပါ "သီတင်းစာ" များတွင် "သီတင်းသီလ" ဆောက်တည်ခြင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများနှင့် ဘုရားကျောင်းကန် များတွင် "သီတင်းသုံး" နေကြသော ရဟန်းတော်များ၏ ထေရုပ္ပတ္တိများ ကိုသာ ဖော်ပြတော့မည် ဖြစ်ကြောင်း "သီတင်းစာ" ၏ အယ်ဒီတာများက BSN ကိုပြောသည်။ သီတင်း တစ်ပတ်လျှင် ၇ ရက် ထုတ်ဝေသဖြင့် "သီတင်းစာ" ဟု ခေါ်ဝေါ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ မည်သည့် သတင်းမှ ပါဝင်တော့မည် မဟုတ်သဖြင့် Bangkok Post နှင့် The Nation တို့သည် "သတင်းစာ" များ မဟုတ်ကြတော့ကြောင်း အဆိုပါ အယ်ဒီတာများက ပြောဆိုလိုက်သည်။
Read More ...
ယာဉ် အသစ် တစ်မျိုးကြောင့် လူတစ်ဦး အသက်ဆုံးရှုံး
ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စက်မှု နိုင်ငံကြီးကို တည်ဆောက်နေသည့် အစိုးရသစ် လက်ထက်တွင် အသစ် တီထွင် ထုတ်လုပ်လိုက်သည့် "ဆိုင်ကယ်ဟု ယူဆရသော ယာဉ်" တစ်မျိုးကြောင့် လူတစ်ဦး အသက်ဆုံးရှုံးသွားကြောင်း ယမန်နေ့ထုတ် ကြေးမုံ သတင်းစာတွင် သတင်းဖော်ပြ ထားသည်ကို တွေ့ရသည်။
@71
@71
Thursday, May 26, 2011
ရန်ကုန် အာဇာနည်ကုန်း ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့
မနေ့ကအစပြုပြီး တောင်ကိုရီးယား SBS ရုပ်သံလိုင်းမှာ ထုတ်လွှင့်တဲ့ City Hunter ဇာတ်လမ်းတွဲမှာ မြန်မာပြည်အကြောင်း ပါဝင်မယ်လို့ သိရပါတယ်။ ၁၉၈၃ ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှုကို ဇာတ်ဝင်ခန်းထဲ ထည့်ထားတာပါ တဲ့။ (ဧရာဝတီ ဘလော့မှာ ဖတ်ပါ)
တောင်ကိုရီးယား၊ မြန်မာ အလံ တို့နဲ့ ဗုံးထိတဲ့ကားတစီး ရိုက်ချက် ဓာတ်ပုံကို ပုံကြီးချဲ့ကြည့်တော့ နံပါတ်ပြားမှာ ရေးထားတာက ထိုင်း အက္ခရာတွေ ဖြစ်နေတာ တွေ့ပါတယ်။
ဒီတော့ ဓာတ်ပုံထဲမှာ တွေ့ရတဲ့ အတိုင်း ထိုင်း ကားနံပါတ် ဖြစ်နေတဲ့ အတွက် ဗုံးကွဲတဲ့ နေရာဟာ မြန်မာပြည် မဟုတ်ဘဲ ထိုင်းနိုင်ငံ တစ်နေရာ ဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။
၁၉၈၃ အာဇာနည်ကုန်း ဗုံးကွဲတာ ဆိုတော့ မြန်မာပြည်ရဲ့ အထင်ကရ အာဇာနည်ကုန်းဟာ ရန်ကုန်မြို့မှာ မရှိဘဲ ထိုင်းနိုင်ငံထဲမှာ တည်ရှိကြောင်း City Hunter ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်ခန်းမြင်ကွင်း တစ်ခုကို ဖော်ပြတဲ့ အထက်ပါ ဓာတ်ပုံအရ သိရှိနိုင်ပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မလိုလားတဲ့ ခေတ်အဆက်ဆက် မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေက ဗိုလ်ချုပ်နဲ့ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ဂူဗိမာန်ကို မြန်မာပြည် ပြင်ပသို့ ပြောင်းရွှေ့လိုက်တာ မဟုတ်ဘဲ ကိုးရီးယား ရုပ်ရှင်လောကသား တစ်စုက ပြောင်းရွှေ့လိုက်တဲ့ ယခု ဖြစ်ရပ်ဟာ ထူးဆန်း အံ့သြစရာ ကောင်းနေကြောင်း မြန်မာ့ နိုင်ငံရေး လေ့လာ အကဲခတ်သူများက သုံးသပ် ပြောဆိုကြပါတယ်။
မြောက်ကိုးရီးယားတွေက မြန်မာပြည်မှာ ဗုံးခွဲကြောင်း ဖော်ပြချက် ပါဝင်တဲ့ ဇာတ်လမ်း အကျဉ်းချုပ်ကို ဒီမှာ ဖတ်ပါ

မူလတန်း ကျောင်းသား တစ်ဦးအား တစ်နေ့လျှင် ၁ ကျပ်၊ ၃၁ ပြား နှုန်းဖြင့် ထောက်ပံ့လျက်ရှိ
၂၀၁၁-၂၀၁၂ ပညာသင်နှစ် တစ်နှစ်တာလုံး အတွက် မူလတန်း ကျောင်းသူ ကျောင်းသားများအား နိုင်ငံတော်မှ ငွေကျပ် သန်း ၂၄၀၀ တန်ဖိုးရှိ ကျောင်းသုံးစာအုပ်များ ထောက်ပံ့ခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် တွေ့ရသည်။ မူလတန်း တက်ရောက်နေသူ ကျောင်းသူ ကျောင်းသား စုစုပေါင်းမှာ ၅ သန်းကျော် ဖြစ်သဖြင့် တစ်ဦးလျှင် တစ်နှစ်တာ အတွက် ထောက်ပံ့ခံရသည့် ငွေကြေး ပမာဏမှာ- ၄၈၀ ကျပ် ဖြစ်သည်။ သို့ဖြစ်ရာ ကျောင်းသူ ကျောင်းသား တစ်ဦးချင်းကို တစ်နေ့လျှင် ၁ ကျပ် ၃၁ ပြားနှုန်းဖြင့် ထောက်ပံ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။
@71
မိုးကြိုးကို ခုန်ရှောင် နိုင်သော အံ့သြဖွယ် မိန်းကလေး
ရန်ကုန် ဒဂုံမြောက်ပိုင်းမြို့နယ် ၃၄ ရပ်ကွက် ပင်လုံလမ်းမပေါ်ရှိ victory 48 အင်တာနက်ဆိုင် အင်္ဂါညနေ ၄ နာရီခန့်တွင် မိုးကြိုးထိမှန်သဖြင့် အနည်းဆုံး ကွန်ပြူတာ ၅ လုံး ပျက်စီးခဲ့သည်။
“မိုးကြိုးပစ်တော့ ဖွင့်ထားတဲ့ ဆိုင်တံခါးဝကနေ အလင်းတန်းတခု ဝင်လာတယ်၊ မိုးကြိုးပေါ့။ စက်နံပါတ် ၂ မှာ ထိုင်နေတဲ့ ကောင်မလေးက ကြောက်လို့ ခုန်လိုက်တာ စက်နံပါတ် ၄ ကိုတောင် ရောက်သွားတယ်။ ကွန်ပြူတာ ၅ လုံးက ချက်ချင်းပိတ်သွားတယ်” ဟု အဆိုပါဆိုင်ရှိ ပျက်စီးသွားသည့် ကွန်ပြူတာများကို ပြန်ပြင်ပေးခဲ့သူ တဦးက မဇ္ဈိမကို ပြောသည်။
@ဗြနရာဇ်
(မဇ္ဈိမမှ ကူးယူဖော်ပြပါသည်)

Wednesday, May 25, 2011
မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အားတွေ ပိုလျှံနေ
ယခု မိုးရာသီ ရောက်တော့မှာ ဖြစ်ပြီး မိုးတွေရွာလို့ ရေအားလျှပ်စစ်တွေ ပိုမို ထွက်ရှိနေပြီလို့ သတင်းတစ်ပုဒ်က ဆိုပါတယ်။ အဲဒီသတင်းထဲမှာပဲ မြန်မာနိုင်ငံမှာ ပေးဝေနေတဲ့ လျှပ်စစ်ဓာတ်အားတွေ ပိုလျှံနေတယ်လို့ အောက်ပါ အတိုင်း ရေးထားတာ တွေ့ရတယ်။
"ယခု လက်ရှိ တစ်နိုင်ငံလုံးကို ဓါတ်အား ပို့လွှတ်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်း ၃၂ ခုရှီပြီး တပ်ဆင့်ဝင်အား စုစုပေါင်း ၃၀၄၅.၄၀ မဂ္ဂါဝပ်နဲ့ ထုတ်လွှတ် နေတယ်လို့ သိရတယ်။ တစ်နိုင်ငံလုံး အသုံးပြုနေတဲ့ ဓါတ်အား ပမာဏက ၁၇၀၀ မဂ္ဂါဝပ်ရှိတယ်လို့ သိရကြောင်း ၂၀၁၁ ခုနှစ် မေလ ၂၀ ရက်နေ့ထုတ် မော်ဒန် သတင်း ဂျာနယ်တွင် ဖော်ပြ ထားပါတယ်။"
ဒီတော့ လျှပ်စစ်ဓာတ်အား ပမာဏ ၁၃၄၅.၄၀ မဂ္ဂါဝပ်တောင် ပိုလျှံအောင် ထွက်ရှိ နေတဲ့ အတွက် အများပြည်သူ အနေနဲ့ ဓာတ်လိုက်ခံရမှာကို အရမ်း စိုးရိမ် ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်သူ အများစုဟာ ဓာတ်လိုက်ခြင်း ကင်းဝေးစေဖို့ အတွက် လျှပ်စစ်ဓာတ်အားနဲ့ ခပ်ဝေးဝေးမှာပဲ နေထိုင်ကြတယ်လို့ သိရပါတယ်။ အဲသလို နေထိုင်ကြတဲ့ အတွက် ပိုလျှံတဲ့ လျှပ်စစ်တွေဟာ ပြည်သူလူထုဆီကို ရောက်မလာဘဲ လမ်းခုလတ်မှာ ပျောက်ဆုံးသွားကြောင်း သတင်းရရှိပါတယ်။
@ကေဇီ-Clean

Tuesday, May 24, 2011
နေပြည်တော် ကိုယ်ပျောက် မင်းတြားကြီး
နေပြည်တော် မင်းတြားကြီး အမှန်တကယ် အနားယူသွားကြောင်း နေပြည်တော် မှူးကြီးမတ်ရာများက တရားဝင် ထုတ်ဖော်ပြောဆိုကြသည်။ ပြည်ပ အခြေစိုက် သတင်းဌာန အချို့ကမူ မင်းတြားကြီး အနားယူခြင်း မဟုတ်ဘဲ နောက်ကွယ်မှ ကြိုးကိုင်နေဆဲ ဖြစ်သည်ဟု ရေးသားမှုများလည်း ရှိသည်။ ထို့ကြောင့် မင်းတြားကြီး အနားယူ-မယူ ကိစ္စကို အများပြည်သူအနေဖြင့်
သို့လော.. သို့လော ဖြစ်နေကြသည်။
ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာအရမူ မင်းတြားကြီး အနားမယူသေးသည်ကို ဓာတ်ပုံများနှင့်တကွ တွေ့မြင်ရသည်။ သို့သော် ကိုယ်ပျောက် မင်းတြားကြီး အသွင်ဆောင်ထားသဖြင့် ဓာတ်ပုံထဲတွင် မင်းတြားကြီးကို တွေ့မြင်ရခြင်း မရှိပေ။
ဘုရင် မင်းတြား၏ ရာဇပလ္လင်ကြီး အစိုးရထုတ် သတင်းစာများတွင် ပေါ်ထွက်လာခြင်း၊ သမ္မတ ဦးသိန်းစိန်၏ နောက်တည့်တည့်မှနေ၍ တန်ခိုး ဣဒ္ဓိပါဒ်ဖြင့် ကိုယ်ယောင်ဖျောက်ကာ "ကိုယ်ပျောက် မင်းတြားကြီး" အဖြစ် ရာဇပလ္လင်ပေါ်တွင် မိန့်မိန့်ကြီး ဆောင့်ကြောင့် ထိုင်နေသည်ကို ဓာတ်ပုံများတွင် တွေ့ရခြင်း တို့ကြောင့် မင်းတြားကြီး အနားမယူသေးသည်မှာ အမှန်ပင် သေချာကြောင်း၊ မြန်မာ့အရေး အကဲခတ်များက သုံးသပ်ကြသည်။
@ကေ-၀မ်း

(Myanma Alin, 24 May 2011)

စလေမြို့မှ နာမည်ကျော် ပုဂ္ဂိုလ်များ
စလေမြို့မှာမွေးဖွားပြီးနာမည်ကြီးသွားကြတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့နာမည်မှာ ဇာတိမြို့အမည် "စလေ" ကိုဂုဏ်ယူစွာဖော်ပြထားကြပါတယ်
စလေဦးပုည
အဖဦးမြတ်စံ အမိဒေါ်လှရင်တို့မှ မြန်မာသက္ကရာဇ် ၁၁၇၄-ခုနှစ် (မူကွဲ- ၁၁၇၈) တွင်ဖွားမြင်သည်။
ဦးပုည၏ ရေသည်ပြဇာတ်မှာ ထင်ရှားသည်။ စလေဦးပုညကို မြန်မာတို့၏ ရှိတ်စပီးယား ဟုပင် တင်စားကြသည်။ ၁၂၂၈-ခုနှစ် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် အခါတော် ပေးမိသဖြင့် ဖမ်းဆီး ခံထားရစဉ် မြို့ဝန် ဦးသာအိုး လုပ်ကြံ၍ ကွယ်လွန်သည်ဟု မှတ်တမ်း အချို့က ဆိုသည် (Click)။
စလေငခွေး
တန်နက်မင်း ကို မြင်းချေးကန်သို့ တွန်းချလုပ်ကြံပြီး ပုဂံတွင် မင်းဖြစ်လာသူ ဟု ဆိုသည်။ စလေငခွေး မင်းဖြစ်သောအခါ သူမုန်းသောလူများကို ရေကန်ထဲသို့ချ၍ ဆင်ပေါ်မှနေပြီး လှံနှင့်ထိုးသတ်သည်။ သတ်ဖန်များလျှင် ပြည်သူလူထုက မခံနိုင်၍ စလေငခွေးအား ဆင်နှင့်တကွ ရွှံ့နွံဗွက်အိုင်ထဲသို့ တွန်းချပြီး ရွှံ့လုံးများ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်သဖြင့် အသက်ကုန်သွားသည် (Click)။
ကာနယ်စလေဒင်
Colonel Sir Edward Sladen (1827-1890) (Click)
စလေမြို့ဇာတိ ဖြစ်သည်။ ငယ်နာမည် မောင်ဒင် ဖြစ်သဖြင့် စလေဒင် ဟု အမည်တွင်သည်။ အင်္ဂလိပ်စစ်တပ်တွင် အမှုထမ်းခဲ့ပြီး ဗိုလ်မှူးကြီး ရာထူး ရရှိခဲ့သဖြင့် ကာနယ် စလေဒင် ဟု လူသိများသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် အင်္ဂလိပ်ဘက်မှ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည်။ ၁၈၈၅ အင်္ဂလိပ်-မြန်မာ တတိယ စစ်ပွဲတွင် နိုင်ငံရေးအရာရှိချုပ် (chief political officer) အဖြစ်ဖြင့် သီပေါမင်းကို နန်းချရာတွင် ပါဝင်ခဲ့သည်။
အဆိုတော် အဲလ်ဗစ် ပရက်စလေ
Elvis Presley (1935-1977) (Click)
အမည်ရင်း ပရက် ဖြစ်သည်။ အဆိုတော် တွံတေး သိန်းတန်၊ ဟင်္သာတ ထွန်းရင် တို့ကို အားကျ သဖြင့် အဆိုတော် ဖြစ်သောအခါ မိမိအမည်နောက်တွင် စလေမြို့ကို ထည့်သွင်းပြီး၊ ပရက် (စလေ) ဟု ခေါ်ဝေါ်ခဲ့သည်။ ရုပ်ရှင်မင်းသား ၀င်ဦးကို အားကျသဖြင့် ၀င်းဦးစတိုင်ကို အစအဆုံး ခိုးယူခဲ့သည်။ ပရက်စလေ၏ ရုပ်ရှင်များနှင့် ၀င်ဦးရုပ်ရှင်ကားများကို နှိုင်းယှဉ် ကြည့်ရှုပါက ၀င်းဦး ဒီဇိုင်းများကို ပရက်စလေက ခိုးယူထားကြောင်း သိသာ ထင်ရှားစွာ မြင်တွေ့ နိုင်ပါသည်။
သရုပ်ဆောင် ဝက်စလေ စနိုက်
Wesley Snipes (1962- ) (Click)
စလေမြို့ဖွား၊ ပေသည်၊ တေသည်၊ ကြမ်းတမ်းသည်။ ၀က်နှင့် တူသဖြင့် မောင်ဝက်ဟု ခေါ်ကြသည်။ သရုပ်ဆောင် ဖြစ်လာသောအခါ မွေးရပ်ဇာတိ စလေမြို့ကို ဂုဏ်ပြုယင်း ၀က်(စလေ) ဖြစ်လာသည်။
ငယ်စဉ်ကလေးဘဝ စလေမြို့တစ်ခွင် နေပူမရှောင်မိုးရွာမရှောင် စနိုက်ကျော်ရောင်းပြီးဝမ်းစာရှာခဲ့ရသဖြင့် ယနေ့အထိအသားပြန်မဖြူတော့ပေ။
သို့သော် စနိုက်ကျော်ရာင်းခဲ့သည့် ဘဝကိုလည်းဘယ်တော့မှမမေ့ရလေအောင် သူ့နာမည်မှာ "စနိုက်" ကိုပါ ထည့်သွင်းလိုက်သည်။ ထို့ကြောင့် ၀က်(စလေ)စနိုက်ဟု အမည်တွင်နေသည်။
(ပရလောကသားများ ပေးပို့သည်)

(Photo: asnthanhan.wordpress.com)

King Thibaw talking to Colonel Sladen, Burma, 1885
© National Army Museum Copyright
အဆိုတော် အဲလ်ဗစ် ပရက်စလေ
Elvis Presley (1935-1977) (Click)
အမည်ရင်း ပရက် ဖြစ်သည်။ အဆိုတော် တွံတေး သိန်းတန်၊ ဟင်္သာတ ထွန်းရင် တို့ကို အားကျ သဖြင့် အဆိုတော် ဖြစ်သောအခါ မိမိအမည်နောက်တွင် စလေမြို့ကို ထည့်သွင်းပြီး၊ ပရက် (စလေ) ဟု ခေါ်ဝေါ်ခဲ့သည်။ ရုပ်ရှင်မင်းသား ၀င်ဦးကို အားကျသဖြင့် ၀င်းဦးစတိုင်ကို အစအဆုံး ခိုးယူခဲ့သည်။ ပရက်စလေ၏ ရုပ်ရှင်များနှင့် ၀င်ဦးရုပ်ရှင်ကားများကို နှိုင်းယှဉ် ကြည့်ရှုပါက ၀င်းဦး ဒီဇိုင်းများကို ပရက်စလေက ခိုးယူထားကြောင်း သိသာ ထင်ရှားစွာ မြင်တွေ့ နိုင်ပါသည်။
သင်္ကြန်ပန်းကုံးနဲ့ ပရက်စလေ (Photo: freemusic07.ucoz.com)
ငယ်စဉ်ဘဝက အလွန်ဂျေးထူသော ပရက်စလေ
(Photo: truelegends.com)
သရုပ်ဆောင် ဝက်စလေ စနိုက်
Wesley Snipes (1962- ) (Click)
ချိုင်းမွေးထူတဲ့ ၀က်စလေ စနိုက်
(Photo: popstarsplus.com)
စလေမြို့ဖွား၊ ပေသည်၊ တေသည်၊ ကြမ်းတမ်းသည်။ ၀က်နှင့် တူသဖြင့် မောင်ဝက်ဟု ခေါ်ကြသည်။ သရုပ်ဆောင် ဖြစ်လာသောအခါ မွေးရပ်ဇာတိ စလေမြို့ကို ဂုဏ်ပြုယင်း ၀က်(စလေ) ဖြစ်လာသည်။
ငယ်စဉ်ကလေးဘဝ စလေမြို့တစ်ခွင် နေပူမရှောင်မိုးရွာမရှောင် စနိုက်ကျော်ရောင်းပြီးဝမ်းစာရှာခဲ့ရသဖြင့် ယနေ့အထိအသားပြန်မဖြူတော့ပေ။
သို့သော် စနိုက်ကျော်ရာင်းခဲ့သည့် ဘဝကိုလည်းဘယ်တော့မှမမေ့ရလေအောင် သူ့နာမည်မှာ "စနိုက်" ကိုပါ ထည့်သွင်းလိုက်သည်။ ထို့ကြောင့် ၀က်(စလေ)စနိုက်ဟု အမည်တွင်နေသည်။
(ပရလောကသားများ ပေးပို့သည်)
Monday, May 23, 2011
ကလေးထောင်တွင် ကလေးများ မဟုတ်ဘဲ လူကြီးများ ဆန္ဒပြတောင်းဆိုနေ
ကလေးထောင်တွင် ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပွားနေကြောင်း သတင်းတစ်ပုဒ်က ဆိုသည်။ ကလေးထောင်ဖြစ်သဖြင့် ဆန္ဒပြ တောင်းဆိုသူများမှာ ကလေးများ ဖြစ်လိမ့်မည်ဟု ယူဆရသော်လည်း လူကြီးများ ဖြစ်နေသည်ကို ထူးဆန်းစွာ တွေ့ရသည်။ မြန်မာ အစိုးရအနေဖြင့် ကလေးထောင်တွင် ကလေးများကို မထားရှိဘဲ လူကြီးများကို ယခုကဲ့သို့ ထားရှိခြင်းမှာ ဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း မြန်မာ့အရေး စောင့်ကြည့်သူများက ဆိုသည်။
Read More ...
Read More ...
KIA ၀က်ဆိုက် လွှင့်တင်
ကေအိုင်အေ (KIA) မှ ဆောင်ရွက် အကောင်အထည်ဖော်လျက် ရှိသည့် လုပ်ငန်းစဉ်များအား အများပြည်သူကို အသိပေးရန် ရည်ရွယ်ပြီး ၀က်ဆိုက် တစ်ခု လွှင့်တင်လိုက်သည်။ NLD မှ ၀က်ဆိုက် လွှင့်တင်ပြီးနောက် KIA မှ ယခုကဲ့သို့ ၀က်ဆိုက် ထူထောင်လိုက်ခြင်း ဖြစ်သည်။
KIA အင်တာနက် ၀က်ဆိုက်ကို www.kia.in.th တွင် ၀င်ရောက် လေ့လာ နိုင်ပါသည်။

မြန်မာပြည်မှ အလုပ်သင် ဆရာဝန်များ လစာ ၁၂၈၀ ကျပ် ရရှိ
မြန်မာနိုင်ငံမှ အလုပ်သင် ဆရာဝန်များ အနေဖြင့် လက်ရှိအနေအထားတွင် တစ်လလျှင် လစာငွေ ၁၂၈၀ ကျပ် ရရှိကြောင်း The Voice Weekly တွင် ဖော်ပြချက် အရ သိရသည်။ အလုပ်သင် ဆရာဝန်များကို တစ်ရက်လျှင် ၄၂ ကျပ် ၀န်းကျင် နိုင်ငံတော်မှ ချီးမြှင့်နေခြင်း ဖြစ်သည်။ အလုပ်သင် ဆရာဝန်များ၏ နှစ်ရှည်လများ အကုန်အကျခံလာရသော ငွေကြေးများနှင့် ကြိုးစား လာရသော အချိန်များကို အသိအမှတ်ပြုသည့် အနေဖြင့် နိုင်ငံတော်မှ ယခုကဲ့သို့ တစ်နေ့လျှင် ၄၂ ကျပ် ၀န်းကျင် ချီးမြှင့်နေခြင်း ဖြစ်ကြောင်း သိရသည်။ နောက်ဆုံး ရရှိသည့် သတင်း အရ အလုပ်သင် ဆရာဝန်များ၏ လစာကို အဆ တစ်ရာ နီးပါးအထိ တိုးမြှင့်ပေးသွားရန် ရှိသည် ဟု The Voice Weekly တွင် ဖော်ပြထားသော်လည်း မည်သည့် အချိန်တွင် တိုးမြှင့်မည် ဆိုသည်ကိုမူ မသိရပေ။
Read More ...
Read More ...
Sunday, May 22, 2011
မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ပပျောက်တော့မည်
မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ပပျောက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နေပြည်တော်တွင် ကျင်းပလျက် ရှိသည့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် သမ္မတ၏ စီးပွားရေး အကြံပေး ပညာရှင်တစ်ဦးက အဖြေရှာ တင်ပြ လိုက်ကြောင်း သတင်းရရှိသည်။ အလုပ်ရုံ ဆွေးနွေးပွဲမှာ အမျိုးသား အဆင့် ဖြစ်သဖြင့် အမျိုးသမီးများ တက်ရောက်ခြင်း မရှိကြောင်းလည်း သိရသည်။ ဆွေးနွေးပွဲသို့ "ဒေါ်" အမည်ဖြင့် တက်ရောက် စာတမ်း တင်သွင်းသူများမှာ ယောက်ျားလျှာများ ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့တွင် နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး မြန်မာပညာရှင်ကြီး တစ်ဦးက ဆင်းရဲမွဲတေမှု လုံးဝ ချုပ်ငြိမ်း ပပျောက်ရေး လမ်းပြ စာတမ်းကို တင်သွင်းခဲ့ကြောင်း သိရသည်။ အဆိုပါ လမ်းပြ စာတမ်းတွင် မြန်မာနိုင်ငံ၏ တစ်ဦးချင်း ၀င်ငွေကို နှစ်ဆမှ စတင်ကာ၊ သုံးဆ၊ လေးဆ၊ ငါးဆ၊ ဆယ်ဆ အထိ မြင့်တက်အောင် ဆောင်ရွက်မည့် နည်းလမ်းများကို တင်ပြထားသည်ဟု နေပြည်တော်သို့ သွားရောက် သတင်းရယူခဲ့သူ ပြည်တွင်း သတင်းထောက်က BSN သို့ သတင်း ပေးပို့သည်။
သမ္မတ၏ စီးပွားရေး အကြံပေး ပညာရှင်ကြီးက မြန်မာနိုင်ငံ၏ လူဦးရေကို လက်ရှိ လူဦးရေ၏ တစ်ဝက်သို့ လျှော့ချ ခြင်းဖြင့် လူတစ်ဦးချင်း ၀င်ငွေကို နှစ်ဆ မြှင့်တင်နိုင်မည် ဖြစ်ကြောင်း၊ အကယ်၍- မြန်မာပြည်၏ လူဦးရေကို လက်ရှိ လူဦးရေ၏ ဆယ်ပုံတစ်ပုံအထိ လျှော့ချလိုက်ပါက မြန်မာပြည်၏ တစ်ဦးချင်း ၀င်ငွေမှာ ယခုထက် ဆယ်ဆ မြင့်တက်လာမည် ဖြစ်ကြောင်း ပညာရှင်ကြီး၏ လမ်းပြ စာတမ်းတွင် တင်ပြထားသည်ကို တွေ့ရသည်။
လူဦးရေ လျှော့ချရေးအတွက် နည်းလမ်း ပေါင်းစုံ ရှာဖွေရမည်ဖြစ်ကြောင်း၊ နည်းလမ်းကောင်း တစ်ခု အနေဖြင့် နယ်စပ်ဒေသများတွင် စစ်ဆင်ရေး များ အရှိန်မြှင့် ဆောင်ရွက်ကာ၊ တိုင်းသူပြည်သား လူအများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ပြည်ပသို့ မောင်းထုတ်ခြင်း များ ပြုလုပ်ရန် လိုအပ်ကြောင်း ပညာရှင်ကြီးက အကြံပြုသည်။ ထို့ပြင် နာဂစ်ကဲ့သို့သော မုန်တိုင်းများ တိုက်ခတ်ပါကလည်း ကယ်ဆယ်ရေးများ မလုပ်ဘဲ လူများ သေကျေသည်ကို ဒီအတိုင်း စောင့်ကြည့်နေသင့်ကြောင်း လမ်းပြ စာတမ်းတွင် အကြံပြုထားသည်။ သို့မှသာ မြန်မာပြည်၏ လူဦးရေများ လျော့ကျသွားမည် ဖြစ်ပြီး တိုင်းပြည်၏ တစ်ဦးချင်း ၀င်ငွေမှာလည်း လူဦးရေ အချိုးအစားပေါ် မူတည်ကာ မြင့်မား လာမည် ဖြစ်သည်ဟု သမ္မတ၏ အကြံပေး ပညာရှင်ကြီးက တင်ပြသည်။
အခြား နည်းလမ်းအနေဖြင့် မြန်မာပြည်ရှိ ဆင်းရဲမွဲတေသူများကို အငတ်ဘေး ကြုံတွေ့ရသည့် ဆင်းရဲမွဲတေမှု အဆင့်ထိ ရောက်အောင် စောင့်ကြည့်နေသင့်ကြောင်းကိုလည်း ပညာရှင်ကြီးက ဆက်လက် အကြံပြုသည်။ သို့မှသာ ဆင်းရဲမွဲတေသူများ ငတ်သေပြီး ပပျောက်သွားမှာ ဖြစ်သည်ဟု သမ္မတ၏ စီးပွားရေး အကြံပေးပညာရှင်ကြီးက သူ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေး လမ်းပြ စာတမ်းတွင် တင်ပြထားသည်။

စစ်အစိုးရခေတ်က ချမ်းသာသော မြန်မာပြည် အစိုးရသစ်လက်ထက်တွင် ဆင်းရဲသွား
ယခင် စစ်အစိုးရလက်ထက် ထုတ်ဝေခဲ့သော သတင်းစာများ အရ မြန်မာနိုင်ငံသည် အလွန်ချမ်းသာ ကြွယ်ဝကြောင်း သိရသည်။ မူလတန်း ကျောင်းသုံးစာအုပ်များ တွင်လည်း မြန်မာနိုင်ငံသည် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများ အလွန်ပေါများကြောင်း ပြဌာန်းထားသည်။ သဘာဝ တွင်းထွက်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား ပေါကြွယ်ဝသော၊ ဆန်ရေစပါး သားငါး သီးနှံ ပေါများ ပြည့်လျှံသော မြန်မာပြည်မှာ အလွန်ပင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ကြောင်း သတင်းများတွင် ဖတ်ရှုရသည်။ သတင်းစာများအရ ဆိုလျှင် မြန်မာပြည်သည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံ ဖြစ်ဖို့ ဝေးစွ၊ ဖွံ့ဖြိုးဆဲ အဆင့်ကိုပင် ကျော်လွန်ပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခေတ်မီ တိုးတက် ချမ်းသာသော မြန်မာနိုင်ငံတော်ကြီးသည် အရပ်သား အ၀တ်အစားကို ဆင်မြန်း ၀တ်ဆင်သည့် အစိုးရသစ် တက်လာပြီးနောက် နှစ်လအတွင်း ရုတ်ချည်း ဆင်းရဲသွားသည်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ယခုကဲ့သို့ ရုတ်တရက် ဆင်းရဲသွားသဖြင့် နေပြည်တော်တွင် "ဆင်းရဲမွဲတေမှု ဖိုရမ်" ကို ကျင်းပနေရကြောင်း သတင်းများတွင် တွေ့ရသည်။
@HN
News & News

Saturday, May 21, 2011
မြန်မာပြည် ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်စေရန် အင်ဒိုနီးရှားက လက်နက်ရောင်းပြီး ကူညီမည်
မြန်မာပြည် ဒီမိုကရေစီဖြစ်စဉ်ကို အားပေးရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်း တိုးတက်စေရန် အတွက်၊ မြန်မာအစိုးရကို အင်ဒိုနီးရှားနိုင်ငံက SS-2 အမျိုးအစား တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်များ ရောင်းချကာ ကူညီမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ယခုကဲ့သို့ လက်နက်များ ရောင်းချ ပံပိုးခြင်းဖြင့် မြန်မာ့ ဒီမိုကရေစီ ဖြစ်စဉ်ကို အားပေးရာ ရောက်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး၏ အထူး လက်ထောက်အရာရှိ ဗိုလ်မှူးကြီး ဂျန် ပီယက်တာ အိတ် (Jan Pieter Ate) ကပြောသည်။
"ကျွန်တော်တို့ နိုင်ငံက ထုတ်လုပ်တဲ့ လက်နက်တွေဟာ အရည်အသွေး လုံးဝ မပြည့်ဝသလို အဆင့်အတန်းလဲ အလွန်နိမ့်ပါတယ်။ အခု မြန်မာပြည်ကို ရောင်းချမယ့် SS-2 သေနတ်တွေ ဆိုလို့ရှိရင်လဲ ပစ်လိုက်တိုင်း ကျည်ဆံက ထွက်ချင်မှ ထွက်ပါတယ်။ သေနတ် အများစုက ဂျမ်းဖြစ်တတ်ပါတယ်။ ဒီတော့ မြန်မာပြည်မှာ ဒီမိုကရေစီ တောင်းဆိုမှု ဖြစ်စဉ်တွေကို ကျွန်တော်တို့ အင်ဒိုနီးရှား လက်နက်တွေနဲ့ နှိမ်နင်းလို့ရှိရင် ကျည်ဆံ မထွက်တဲ့ အတွက် လူအသေအပျောက် အလွန် နည်းပါး စေနိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ နိုင်ငံက လက်နက်တွေကို မြန်မာပြည်ကို ရောင်းချခြင်းဖြင့် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။" ဟု ၄င်းက ရှင်းပြသွားသည်။

နေပြည်တော်တွင် ကြောက်စာ အသစ်တစ်ခု တူးဖော်တွေ့ရှိ
မြန်မာပူရ နေပြည်တော်ကြီးတွင် ကြောက်စာ အသစ်တစ်ခု တူးဖော်တွေ့ရှိရကြောင်း မိုးမခ မီဒီယာ တွင် ဖော်ပြချက်အရ သိရှိရပါသည်။ အဆိုပါ ကြောက်စာကို ရှေးဟောင်းသုတေသန ကြောက်စာဝန် ဂျော်ဒီးက တူးဖော်တွေ့ရှိကြောင်း၊ ကြောက်စာပါ အကြောင်းအရာများကို ထောက်ရှု၍ အဓမ္မကြပ်ပြေး နေပြည်တော် မင်းတြားကြီး ကြောက်စာဟု အမည်ပေးထားကြောင်း သိရသည်။ ကြောက်စာပါ ခုနှစ် သက္ကရာဇ်နှင့် လက်ရေး လက်သား အနေအထားအရ စစ်အာဏာရှင် ခေတ်နှောင်းတွင် ရေးထိုးခြင်း ဖြစ်ကြောင်း ကြောက်စာဝန်ကြီးက သုံးသပ်သည်။ မြန်မာပြည်တွင် ယခု နောက်ဆုံး တွေ့ရှိသော နေပြည်တော် မင်းတြားကြီး ကြောက်စာပါ ရေးထိုးချက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
ဗုဒ္ဓံ ... မြတ်စွာဘုရား ဆင်းတုများကို ဗိုက်ဖောက်၍ ဌာပနာ ယူပါ၏။
ဓမ္မံ ... တရားတော်မြတ်ကို မထီမဲ့မြင် လုပ်ချင်ရာ လုပ်ပါ၏။
သံဃံ ... သံဃာတော် အရှင်မြတ်များကို ... သေနတ်နှင့်ပစ် ... တုတ်နှင့်ရိုက် ... လူဝတ်လဲကာ ထောင်ချပါ၏။
၁။ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ ဘုရားသာသနာနှစ် ၂၅၀၀ လွန်လေပြီးရကား ... ဤ … အဓမ္မ ကြပ်ပြေး နေပြည်တော်၌ … အဓမ္မရာဇာ ကြပ်ပြေးမင်းတြားကြီး ... ငါ ... ဖြစ်တော်မူလတ်၏ ...။
၂။ ဤ ... ငါ မင်းကြားကြီး၏ ဖေကြီးပေါက်ဖော် ... ပထွေးတော် ကုလားနှင့် အဝေးအနီး တိုင်းပြည်ကြီးငယ် အသွယ်သွယ်မှ သားရေတမြားမြားကျရှာသော လောဘခေါင်အိုး မိတ်ဆိုး ဆွေညစ် သခင်သစ်တို့အား ... တိုင်းပြည်တဝှမ်း မြေပေါ်မြေအောက် လှန်လှောက်တူးဆွရသမျှ သယံဇာတ အဝဝကို လည်းကောင်း ...။ ပြည်သူပြည်သား နယ်ခြားမြို့စွန် ... မြစ်မချောင်းသွယ် ... ရွှံ့ဗွက် အိုင်ငယ် မကျန် ကျွန်သီးကျွန်ခိုင်အဖြစ် (ငါ့မယား … ငါ့သားသမီး ... ငါ့ဥစ္စာ ... မပါရွေ့) ကျီးထိုး လောက်စား ထားရာနေ စေရာသွားစေနိုင်ရန်လည်းကောင်း ... ရက်ရက်ရောရော လှူတော်မူလတ်၏။
၃။ ဖေကြီးပေါက်ဖော် ပထွေးတော် ကုလား နှင့် လောဘခေါင်အိုး မိတ်ဆိုးဆွေညစ်များ ပြန်လည် ပေးသနားသော တံစိုးလက်ဆောင် အစုစုကို ငါ့အိတ်ထောင်တွင်း အပြည့်အတင်း ဖြည့်တင်းပြီးသကာလ ... ကျန်ရာမျှဝေ ... ငါ ... ခိုင်းစေသမျှ စေသည့်ကျွန်၊ ထွန်သည့်နွားများ အရိုးအရင်းမျှ လျှက်ကြစေရန်လည်း ရက်ရက်ရောရော စွန့်ကြဲတော်မူလတ်၏ ...။
၎။ ထိုထိုသော အလှူပေးရခြင်းအကျိုးငှာ တိုင်းသားပြည်သူ ငြူစူစိတ်ဝမ်း တစက်မျှ မလန်းရအောင် ... ငါနှင့်မတူ ငါ့ရန်သူ မှတ် ... သတ်ဖြတ်ညှဉ်းဆဲ ထောင်သွင်း အကျဉ်းချစေလျက် ... လွတ်ရက်မရှိ ... အနှစ် ၁၀၀ ... ၅၀ တိုင် ... သံတိုင် အချုပ် ခိုင်ခိုင်တုတ်ခဲ့သော ... ငါ … လုပ်ခဲ့သမျှ အကုသိုလ် အဝဝထက် အဆ ... ရာထောင်မက ... ဝိဘာဂ ဝဋ်ကြွေးကို ဘတလုံးတဝတည်း ပြန်လည် ခံစားရပါစေသား ...။ မြေတွင်း တူးမြောင်း … လိုဏ်ခေါင်းသွယ်သွယ် ... ၌ ... နှစ်ပေါင်း ကုဋေကုဋာ ပိတ်ဆို့ ခံနေရပါစေသား။
ထို … လိုဏ်ခေါင်းငရဲ ... အနုမြူ မီးကျီးခဲတွင် ရဲရဲကင်ခံရသကဲ့သို့ တံကျင်လျှိုနေရသော ကာလ၌ ... ငါ ... သူတပါး အားပြုခဲ့သလို ... ငါ့မိသားစုကို ... စိတ်ကြေ ကိုယ်နွမ်း မပန်းစေလိုရွေ့ ... ငါနှင့်အတူ ... ငါ့အသက်နှင့်တူသော ... မျက်စေ့ မျက်ဆန် ... ဖြစ်တော်မူထသော ... ငါ့မယား ... ငါ့သမီး.. ရှုမငြီးသည့် ... မျောက်ထီး မျောက်မ … ဘုစုခရု ... မြေးတစုအပြင် ... ငါစေ ခိုင်းသမျှ ... မြေမကျအောင်… ဘောင်းတော်ညိတ် ... စိတ်တော်သိ ... တပည့်လက်ပါးစေ … ဝေလေလေတို့ ...။ ကြီးကြီးငယ်ငယ် ... ရွယ်ရွယ်လတ်လတ် ... တယောက်မကျန် … ငါ၏ အဖို့ဘာဂ ... အကုသိုလ်အဝဝကို ... ငါနှင့်ထပ်တူ ... ခပ်သိမ်းအတူ ရပါစေသတေး ...။ အရေးအရာ … ယူပါစေသတေး ...။
၅။ ငါ၏ ... အမှုအကုသိုလ် အစုစုကြောင့် ... ဤ … ဘဒ္ဒကမ္ဘာတွင် ... ရှာကာမှရှား နိုင်ငံရေး အကျဉ်းသားများစွာ ပိုင်ဆိုင်ထသော ... အာဆီယံ ဒုက္ခအိုးလေး … ဘဝမှ ... ဥက္ကဋ္ဌဆိုးလေးဘဝအဖြစ် ... သေမည့်နှစ်တွင် ... ဖြစ်စေသတေး ...။
စားရမှာလည်း ... လူ့အခွင့်အရေး ချိုးဖောက်မှုတည်းသော သဲတရှပ်ရှပ် ...။ ပစ်ရမှာလည်း ... သဘာဝဓာတ်ငွေ့၊ ရွှေ ငွေ ကျောက်သံ ... သယံဇာတ ... တဝင်းဝင်း...။ လည်ပင်းတနင်နင် ... သားရေ
တငင်ငင်နဲ့ စုံလုံးကန်း ... ပါးစပ် ပိတ် ... ဘာ ... ယံ ... ညာ ... ယံ ... အကာအရံ ပေးနေသော ... အိမ်နီးချင်းဆိုး ... သူခိုးဓားပြ … လောဘအိုး ... အားလုံး ... ငါနှင့်အတူ ... ကမ္ဘာ့အလည် … မျက်နှာငယ် ... တံတွေးခွက် ပက်လက် ... ဖြစ်စေသတေး...။
၆။ ထိုသော ... ကာလ … ထိုဘဝ၌ … အူကြောင်အူကြား ကိုယ့်ဘာသာစကားကိုမျှ ... အဓိပ္ပာယ် နားမလည် ... အမိန့်တော် ပေါက်ကရ … ထုတ်တတ်လှသော ... “လွတ်ငြိမ်းချမ်းသာခွင့်” ဆိုတာ ဘာမှန်း မသိရှာထသော ရူးပေါသွပ်နှမ်း … သမ္မတလူကြမ်းအဖွဲ့မှ အကန်းများနှင့် အဖူးရစေ ...။
လိုဏ်ခေါင်းငရဲ .. အနုမြူ မီးကျီးထဲ ... ၌ ... ရဲရဲ ဖုတ်ကင် ... တံကျင်လျှိုခံဘဝမှ ... မလောက်လေး မလောက်စား ... တစက္ကန့်မျှ လျှော့ပေါ့လေကြောင်း ... မောင်းထု ကြော်ညာ ... အုတ်အော်သောင်းတင်း ... အရှက်ကင်းမဲ့ ... လူပုံအလယ် ... ငယ်ထိပ်ပေါ်… သေးနဲ့ပန်းပြသလို ... အစော်အကား ... မခံရပါလိုသတေး ...။
ဤ … လိုဏ်ခေါင်းငရဲ ... အနုမြူ မီးကျီးခဲထဲမှ တမိနစ် … တစက္ကန့်မျှ မဆိုထား ... ဘဝအသင်္ချေ ... သိန်းသန်းကုဋေ ... ကုဋာ … လွတ်လမ်း မရလိုပါသတေး...။
(ကြပ်ပြေးနေပြည်တော်အနီး ... ဥပ္ပါတသန္တိ စေတီတော် ... တွင်း … အောက်ဘက် ငရဲပြည်သို့
မျက်နှာမူသော ... အရပ်၌ … ရေးထိုးထားသော ... အဓမ္မကြပ်ပြေး နေပြည်တော် အဓမ္မရာဇာ မင်းတြားကြီး ကြောက်စာ)
(တူးဖော်တွေ့ရှိသူ ... ကြောက်စာဝန် … ဂျော်ဒီး)
မူလ ကျောက်ထက် အက္ခရာ အရေးအသားကို ကောင်းစွာ ဖတ်ရှုစိစစ်ပြီး အများသူငါ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်၊ ကြောက်စာဝန်ကြီးအနေဖြင့် ပင်ပန်းဆင်းရဲကြီးစွာ စေတနာ ရှေ့ထားပြီး ကွန်ပျူတာအက္ခရာသို့ ဖလှယ်ထားသည့် နေပြည်တော် ကြောက်စာ အစအဆုံးကို မိုးမခမှ တိုက်ရိုက် ကူးယူ ဖော်ပြအပ်ပါသည်။
ကာတွန်း- မောင်ရစ် (မိုးမခ)
အဓမ္မကြပ်ပြေး နေပြည်တော် မင်းတြားကြီး ကြောက်စာ
ဂျော်ဒီး
မေ ၂၀၊ ၂၀၁၁
(စစ်အာဏာရှင် ခေတ်နှောင်း)

ကဆုန်လပြည့် ဗုဒ္ဓနေ့
ဗုဒ္ဓနေ့နဲ့ ပတ်သက်လို့ ရေးစရာလေး တစ်ခု တွေ့လို့ တင်လိုက်တာပါ။
ဗုဒ္ဓမြတ်စွာနဲ့ ပတ်သက်လို့ Satire မလုပ်ချင်လို့ ရိုးရိုးပဲ ရေးလိုက်ပါတယ်။ မကြာသေးမီက မီဒီယာ တစ်ခုမှာ သာသနာနှစ် လွဲနေတုန်းကလဲ ထောက်ပြခဲ့ဖူးပါတယ် (Click Here)။
ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုတာ မြတ်စွာဘုရား ဖွားမြင်တော်မူတဲ့နေ့၊ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရတော်မူတဲ့နေ့ နဲ့ ပရိနိဗ္ဗာန် စံလွန်တော်မူတဲ့နေ့ ရယ်လို့ သိရှိ မှတ်သားဖူးပါတယ်။ မြန်မာအပါအ၀င် ဗုဒ္ဓဘာသာဝင်တွေရဲ့ အစဉ်အလာ မှတ်သားချက်တွေအရ ဒီနှစ်ဟာ သာသနာနှစ် ၂၅၅၅ ခုနှစ် ဖြစ်တာကို တွေ့ရပါတယ်။ ကမ္ဘာ့ သမိုင်းပညာရှင်တွေရဲ့ သမိုင်းအထောက်အထား တွေ့ရှိချက်အရ တွက်ချက်ထားတဲ့ သသနာတော် သက္ကရာဇ်နဲ့ ဗုဒ္ဓမြတ်စွာ ဖွားမြင်တော် မူတဲ့ ခုနှစ်တွေကတော့ အစဉ်အလာ မှတ်သားချက်တွေနဲ့ ကွဲလွဲမှု ရှိပါတယ်။
သာသနာနှစ် ၂၅၅၅ ဆိုတာ ဗုဒ္ဓဘာသာဝင်များ အမှတ်အသားပြုထားတဲ့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတဲ့နှစ်ကို အခြေခံပြီး တွက်ချက်ထားတာပါ။ ဗုဒ္ဓမြတ်စွာဟာ ဘုရားဖြစ်တော်မူချိန်က စပြီး ၄၅ ၀ါ ပတ်လုံး တရားရေအေး တိုက်ကျွေးခဲ့တဲ့အတွက် အဲဒီ ၄၅ နှစ်ကို သာသနာနှစ် ၂၅၅၅ မှာ ထည့်ပေါင်းလိုက်ခြင်းဖြင့် နှစ်ပေါင်း (၂၆၀၀) ကို ရရှိမှာ ဖြစ်ပါတယ်။ ဒီတော့ မြတ်စွာဘုရားသခင် ဟာ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ က ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့တယ်လို့ သိရှိနိုင်ပါတယ်။ ဒီနှစ်ဟာ ဆိုရင်- ဘုရားဖြစ်တော်မူတဲ့ နှစ်ပေါင်း ၂၆၀၀ ပြည့် နှစ်ပတ်လည်ပါ။ သာသနာနှစ် ၂၆၀၀ ပြည့် နှစ်ပတ်လည် မဟုတ်ပါဘူး။ ကမ္ဘာ့ မီဒီယာတွေမှာ 2,600th Anniversary of the Buddha’s Enlightenment (ဘုရားအဖြစ်သို့ရောက်တော်မူတဲ့ ၂၆၀၀ ပြည့် နှစ်ပတ်လည်) လို့ပဲ ဖော်ပြကြတာကို တွေ့ရမှာ ဖြစ်ပြီး သာသာနာတော် သက္ကရာဇ်နဲ့ ဘာမှ မသက်ဆိုင်ဘူး ဆိုတာကို မှတ်သား သိရှိရပါတယ်။
ဒီမှာလဲ ဖော်ပြထားတာ တွေ့ရပါတယ်။

နဲနဲ လွဲနေတဲ့ မူရင်းသတင်းက (ဒီမှာ) ပါ
ဒီမှာလဲ ဖော်ပြထားတာ တွေ့ရပါတယ်။
Friday, May 20, 2011
အားလုံးကို ကျေးဇူးတင်ပါတယ်
ဒီနေ့ BSN သက်တမ်း ခြောက်လ ပြည့်ပါပြီ။
သက်တမ်း ခြောက်လ အတွင်းမှာ ကမ္ဘာအရပ်ရပ်မှ လာရောက် ဖတ်ရှုကြတဲ့ ပရိသတ် အပေါင်းကို အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်း တင်ပါတယ်။ အထူးသဖြင့် မကြာသေးမီ ရက်ပိုင်းအတွင်းက စတင်လိုက်တဲ့ adf.ly ဆိုတဲ့ ဘာမှန်းမသိတဲ့ ပေါက်ကရ စာမျက်နှာတွေ တက်တက်လာပြီး ဒုက္ခပေးနေတဲ့ကြားက၊ အနှောင့်အယှက်ကို ဘေးဖယ်ပြီး၊ စိတ်ရှည်စွာနဲ့ အခုလို ဆက်လက် အားပေးနေတဲ့ အတွက်လည်း အကြီးအကျယ် ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။
BSN ကို စတင်ထူထောင်ချိန်မှ ယနေ့အထိ စာဖတ် ပရိတ်သတ်များ အတွက် ပို့စ်အသစ် အဆန်းတွေကို နေ့စဉ် တင်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ (အကြီးအကျယ် အချိန် ဆင်းရဲလို့ ပို့စ်မတင်နိုင်တဲ့ နေ့ရက်အနည်းငယ်တော့ ရှိခဲ့ပေမဲ့ အလွန့်အလွန် နည်းပါးလှတာကို တွေ့ရမှာပါ။) မနက် သုံးနာရီ၊ လေးနာရီ ထိုးမှ ပို့စ် အသစ်တင်ပြီးတော့မှ အိပ်စက်ခဲ့ရတဲ့ ညတွေလဲ မနည်းပါဘူး။
ပို့စ်အသစ် တင်နိုင်ဖို့ သတင်းတွေကို လက်တို့ကြသူ၊ ကိုယ်တိုင် သတင်းဝင်ရေးသူ၊ ၀ိုင်းဝန်း အကြံပေးသူ နဲ့ မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို ဖဲ့ပြီး BSN ကို လာရောက် ဖတ်ရှုကြတဲ့ ပရိသတ်များ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်တာ အမှန်ပါ။ ဒီလို ၀ိုင်းဝန်းသူ မရှိဘဲ BSN ရပ်တည် ရှင်သန်ဖို့ မဖြစ်နိုင်ပါ။
BSN စတင်ချိန်က စပြီး အခုချိန်အထိ ကျွန်တော် ဇီးကွက်မျက်ပြူးက တောက်တိုမယ်ရ အလုပ်သမား တာဝန်ကို ယူထားပါတယ်။ စာရေးဖို့ ကုန်ကြမ်းရှာရလို့ မျက်စိ ညောင်းညာခြင်း ဝေဒနာနဲ့ အိုင်ဒီယာ ထုတ်ရလို့ ဦးယဉ်းခေါင်းခဲ ဝေဒနာတွေ ခံစားရသလို၊ "ဘလော့ပဲ ရေးနေတယ်၊ သတင်းတပုဒ် ဖြစ်ဖို့ အင်တာနက်ဆိုက်တွေပဲ တချိန်လုံး ထိုင်ကြည့်နေတယ်၊ အချိန်တွေ အလဟဿ ဖြုန်းတီးနေတယ်၊ ဘာမှလဲ အကျိုးရှိတာ မဟုတ်ဘူး" လို့ ဇနီးသည် မဒမ် ဇီးကွက်မျက်ပြူးရဲ့ တဗြစ်တောက်တောက်နဲ့ မျက်လုံးပြူး၊ မာန်မဲတာကို နေ့စဉ်နဲ့ အမျှ ခံနေရဆဲပါ။ ဒါပေမဲ့ နားဂွမ်းဆို့ပြီး စာဖတ်သူတွေအတွက် နေ့စဉ် ပို့စ်တွေ ရေးနေဆဲပါ။
နေ့စဉ် မြည်တွန်တောက်တီးပေမဲ့၊ သတင်းထူးလေးတွေ တွေ့တိုင်း ကျွန်တော့်ကို သူပဲ လက်တို့လေ့ရှိပါတယ်။ သီးသန့် Credit ပေးမထားတဲ့ ပို့စ်အတော်များများဟာ မဒမ်ဇီးကွက် လက်တို့တာတွေ ဖြစ်သလို၊ အချို့ ပို့စ်တွေဟာလဲ မဒမ်ရဲ့ အိုင်ဒီယာတွေ ဖြစ်ပါတယ်။ ဒီအတွက် မဒမ် ဇီးကွက် မျက်ပြူးကို ကျေးဇူးတင်ကြောင်း ယနေ့ ခြောက်လပြည့် အခါသမယမှာ ဖော်ပြလိုပါတယ်။ ဗြစ်တောက်ဗြစ်တောက် မြည်တွန် တောက်တီးပေမဲ့ ကျွန်တော် အခုလို စာရေးနေတာကို ကန့်ကွက်ခြင်း မရှိတဲ့ အပြင်၊ ပို့စ်တွေ ဖြစ်ပေါ်ဖို့ တဖက်တလမ်းက ကူညီ ပံ့ပိုးနေတဲ့ အတွက်လဲ ကျေးဇူးတင်ကြောင်း မှတ်တမ်း တင်ပါတယ်။
ဒီလိုပါဘဲ မိတ်ဆွေ တဦးက သိုးဆောင်းဘာသာ အစီအစဉ်အတွက် စေတနာနဲ့ သိုးဆောင်းလို ပို့စ်တွေကို ဘာသာပြန်ပေးပါတယ်။ သူကတော့ ဇီးကွက်မျက်ပြူးလို နားဂွမ်းဆို့စရာ မလိုပေမဲ့ အချိန်ဆင်းရဲတော့ ပို့စ်ကို မကြာမကြာ မတင်နိုင်ရှာပါ။ သူ့ကိုလဲ "ရေးတော်မူပါ ဘုရား၊ ရေးတော်မူပါ ဘုရား" လို့ တောက်တိုမယ်ရ အလုပ်သမားက ဖင်မ ရလေ့ ရှိပါတယ်။ အခုချိန်ထိ သိုးဆောင်း တာဝန်ခံကို လက်ဖက်ရည် တခွက် တိုက်နိုင်ခြင်း မရှိခဲ့ပါ။
BSN ရဲ့ ပြည်တွင်း သတင်းထောက်များကလဲ မကြာခဏ ဆိုသလို ပြည်တွင်းကနေ သတင်းဦး၊ သတင်းထူးလေးတွေ၊ သတင်းဓာတ်ပုံတွေကို ပေးပို့လျက်ရှိပါတယ်။ သူတို့အနေနဲ့ အင်တာနက်ဖိုး အိပ်စိုက်ပြီး BSN ကို အခုလို ပေးပို့နေကြတာပါ။ သူတို့ကိုလဲ BSN အနေနဲ့ လက်ဖက်ရည် တခွက်တောင် မတိုက်နိုင်ခဲ့ပါ။
မကြာမီ ရက်ပိုင်းအတွင်းက စတင်လိုက်တဲ့ adf.ly ဆိုတဲ့ ကြော်ငြာ ထည့်သွင်းမှုဟာ BSN ကို ၀ိုင်းဝန်းသူတွေကို လက်ဖက်ရည် တိုက်ချင်လို့ စမ်းသပ်လုပ်ဆောင်ကြည့်ရာက ဖြစ်ပေါ်လာရတာပါ။ ကျွန်တော်တို့ အနေနဲ့ သတင်း လက်တို့သူတွေ၊ ၀ိုင်းဝန်းသူတွေကို လက်ဖက်ရည် တိုက်ချင်သလို၊ အားလုံးနဲ့လဲ လက်ရည် တပြင်တည်း လက်ဖက်ရည် သောက်လိုတဲ့ ဆန္ဒရှိပါတယ်။
ဒီတော့ လက်ဖက်ရည် စီမံကိန်းကို စတင်ကြည့်တော့ BSN အနေနဲ့ တရက်ကို လက်ဖက်ရည် တခွက်ဖိုး ၀င်ငွေရနေပါတယ်။ လူ သုံးလေးငါးယောက်ပေါင်းမှ တနေ့ လက်ဖက်ရည် တခွက်သောက်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အနှောင့်အယှက်ပေးပြီးမှ သောက်ရလို့လားတော့ မသိဘူး၊ သောက်ရတဲ့ အရသာက ချိုမြိန်သလိုပါဘဲ။ ဒီလို လက်ဖက်ရည် သောက်နိုင်ဖို့ အတွက် စာဖတ်သူတွေကို အနှောင့်အယှက် ဖြစ်ပေါ်စေတာကိုတော့ အနူးအညွတ် တောင်းပန်လိုပါတယ်။ တချိန်တည်းမှာပဲ နားလည်မှု အပြည့်အ၀ ရှိပြီး ဆက်လက် ဖတ်ရှုနေကြတဲ့ ပရိသတ် အပေါင်းကိုလဲ အထူး ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့တွေ လက်ဖက်ရည်လေး သောက်ပြီး ပို့စ်တွေ ဖန်တီးရတော့ ဦးနှောက် ကြည်တာပေါ့ဗျာ။ ပရိသတ်များ အနေနဲ့လဲ တကူးတက လက်ဖက်ရည် တိုက်နေစရာ မလိုပါဘူးဗျာ။ ဒါလေးကိုတော့ နားလည်မှု ပေးကြလိမ့်မယ်လို့ ရိုးသားစွာ မျှော်လင့်မိတာ အမှန်ပါ။
adf.ly ကို စထည့်တုန်းက BSN ဖေ့ဘွတ်မှာ ပရိသတ်တဦး ပြောခဲ့သလို စာဖတ်သူတွေ အလွန် လျော့နည်းသွားမယ်လို့ ထင်ခဲ့မိပါတယ်။ ပုံမှန်ဆိုရင် BSN ကို လာကြည့်တဲ့ page view တရက်ကို ၂၅၀၀ နဲ့ ၃၀၀၀ ကြားမှာ ရှိပါတယ်။ adf.ly နောက်ပိုင်းမှာတော့ အရေအတွက် ၂၅၀၀ လောက်ကို နေ့စဉ် page view အနေနဲ့ တွေ့ရပါတယ်။ အရမ်းကြီး လျော့မသွားတဲ့အတွက် ဆက်လက် အားပေးနေသူတွေကို ကျေးဇူးစကား ဆိုပါရစေ။ BSN ဖေ့ဘွတ်မှာဆိုရင်လဲ ပို့စ်တခုစီအတွက် impression တွေကို အယင်အတိုင်းပဲ တွေ့ရပါသေးတယ်။ ပို့စ် တခုချင်းစီအတွက် ၂၄ နာရီအတွင်း impression ၂၀၀၀ နဲ့ ၂၅၀၀ ကြားမှာ တွေ့နေရသလို လူကြိုက်များတဲ့ ဗီဒီယိုပို့စ်တွေ အတွက် ၃၀၀၀ အထက်မှာ တွေ့နေရပါတယ်။ ဒီတော့ အားပေးသူ အပေါင်းကို ထပ်မံ ကျေးဇူးစကား ဆိုပါရစေ။ တချိန်တည်းမှာပဲ adf.ly ကြောင့် အနှောင့်အယှက် ဖြစ်ပေါ်ရတာကိုလည်း တောင်းပန်စကား ဆိုပါရစေ။
နောက်ဆုံးအနေနဲ့ ပြောလိုတာကတော့...
မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်လေးတွေကို ဖဲ့ပြီး BSN ကို တကူးတက လာရောက် လည်ပတ်သူ အပေါင်းကို အထူး ကျေးဇူးတင်ပါကြောင်း ထပ်မံ ပြောကြားလိုပါတယ်။
BSN ပရိသတ်များအားလုံး ကာယ၊ စိတ္တ သုခနှစ်ဖြာ ပြည့်စုံနိုင်ကြပါစေ။
လေးစားလျက်-
ဇီးကွက်မျက်ပြူး (တောက်တိုမယ်ရ အလုပ်သမား)
ပရိသတ်များအတွက် နားဂွမ်းဆို့လျက် ရေးသားသည်။

တနေ့လျှင် မြန်မာပြည်ရဲ့ လက်ဖက်ရည်တခွက်ဖိုး (၃၀၀ ကျပ်ဝန်းကျင်) ၀င်ငွေရှိပါတယ်။

Thursday, May 19, 2011
နေပြည်တော်တွင် ဗုံးမကွဲစေရန် မြန်မာ့မီးရထားက ဆောင်ရွက်ခဲ့ခြင်းဖြစ်
ဗုဒ္ဓဟူးနေ့က ပေါက်ကွဲခဲ့သော ရန်ကုန်-မန္တလေး ရထားပေါ်မှ ဗုံးပေါက်ကွဲမှုသည် နေပြည်တော်ဘူတာ တွှင် ပေါက်ကွဲမှု ဖြစ်ပွားစေရန် ချိန်ကိုက်ဗုံး ထောင်ထားခြင်း ဖြစ်သော်လည်း၊ နေပြည်တော်တွင် မပေါက်ကွဲအောင် မြန်မာ့ မီးရထားက စနစ်တကျ စီမံ ဆောင်ရွက်နိုင်ခဲ့ကြောင်း မီးရထား တာဝန်ရှိ အကြီးအကဲ တစ်ဦးက BSN သို့ ပြောပြသည်။
"ကျွန်တော်တို့ ရထားတွေက ထွက်ချင်တဲ့ အချိန်ထွက်ပြီး ဘူတာတွေကို ရောက်ချင်တဲ့ အချိန်ရောက်ပါတယ်။ နေပြည်တော် ရထားဆိုက်ချိန် နဲ့ ချိန်ကိုက်ပြီး ဗုံးထောင်တော့ ဘယ်ရမလဲဗျ။ ကျွန်တော်တို့ရထားတွေ ဘူတာ ဆိုက်ရောက်ချိန်က ပေါက်တတ်ကရ ဆိုတော့ သူတို့ ချိန်ကိုက် တွက်ချက်တာ မအောင်မြင်ဘူးပေါ့ဗျာ။ ဒီအရေးတွေကို ကြိုမြင်လို့၊ အရေးကြီး နေရာတွေမှာ ဗုံးမကွဲနိုင်အောင် အတွက် အခုလို ရထားတွေကို ထွက်ချင်တဲ့ အချိန်ထွက်၊ ၀င်ချင်တဲ့ အချိန်ဝင်၊ ရထားတွေ အချိန်မမှန်အောင်၊ ဆိုက်ရောက်ချိန် ပေါက်ကရဖြစ်အောင် အစီအစဉ်ဆွဲပြီး ကျွန်တော်တို့က စနစ်တကျ စီစဉ်ထားရတာ ဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် ဒီလို စီစဉ်ဆောင်ရွက်မှုကြောင့် နေပြည်တော်မှာ ဗုံးကွဲမှု မဖြစ်ရအောင် ကျွန်တော်တို့ ရှောင်လွှဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်"ဟု အဆိုပါ အကြီးအကဲက ပြောသည်။
Read More ...
(မှတ်ချက်။ ။ ဗုံးကွဲမှုကြောင့် သေဆုံးရသူများ၊ ဒဏ်ရာရသူများနှင့် ၄င်းတို့၏ မိသားစုဝင်များကို အထူးစာနာကြောင်း၊ ထိုဖြစ်ရပ်အတွက် ၀မ်းနည်းကြောင်းနှင့် အပြစ်မဲ့ပြည်သူများ သေကျေဒဏ်ရာ ရစေသည့် ဗုံးခွဲမှုကို ရှုတ်ချကြောင်း ဖော်ပြအပ်ပါသည်။
ဤပို့စ်မှာ မြန်မာ့မီးရထား၏ ရထားများ အချိန်မမှန်မှုနှင့်သာ တိုက်ရိုက် သက်ဆိုင်ပါကြောင်း။)

နတ်တွေ စုတေ့လျှင် မြန်မာပြည်မှာ လူဖြစ်သည်
မြန်မာပြည်ရဲ့ လူဦးရေဟာ ၂၀၀၉ မှာ ၄၄.၂ သန်းရှိတယ်လို့ ကုလသမဂ္ဂ စာရင်းဇယားတွေမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ ၂၀၁၀ မှာ မြန်မာပြည် လူဦးရေ ၅၉.၁ သန်းရှိတယ်လို့ မြန်မာ လ၀က ၀န်ကြီးဌာနက ပြောပါတယ်။ တစ်နှစ်အတွင်း လူဦးရေ ၁၅ သန်း အပ်ချလောင်း ဆိုသလို ချက်ချင်း တိုးပွားလာတာဟာ နတ်ပြည်က နတ်သား နတ်သမီးတွေ မြန်မာပြည်မှာ လူပြန်ဖြစ်လို့ အခုလို တိုးပွားလာတာဖြစ်ကြောင်း လ၀က ၀န်ကြီးက ရှင်းပြပါတယ်။
တစ်နှစ်ကို လူဦးရေ ၂.၀၂ ရာခိုင်နှုန်း တိုးတဲ့ မြန်မာပြည်မှာ အခုလို အဆမတန် လူဦးရေ တိုးပွားရခြင်းဟာ နတ်တွေ လူဖြစ်တာကလွဲရင် အခြား နည်းလမ်း မဖြစ်နိုင်ကြောင်း ၀န်ကြီးက ပြောပါတယ်။ နတ်တွေတောင် မြန်မာပြည်မှာ လူဖြစ်ချင်တာကို ကြည့်ခြင်းဖြင့် မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ အလွန် နေချင့်စဖွယ် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံ ဖြစ်တယ်ဆိုတာ ငြင်းချက် မထုတ်နိုင်လောက်အောင် အမှန်ပင် သေချာကြောင်း သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ မြန်မာ အစိုးရ ၀န်ကြီးရဲ့ ရှင်းလင်းချက် မှားယွင်းဖွယ် ရှိကြောင်း၊ အခုလို ဗြုန်းစားကြီး အပ်ချလောင်း တိုးပွားလာတဲ့ လူဦးရေ ၁၅ သန်းဟာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ် တွေ မြန်မာပြည်မှာ လူပြန်ဖြစ်တာလဲ ဖြစ်နိုင်ကြောင်း၊ မြန်မာ့အရေး ကျွမ်းကျင်သူ အချို့က သုံးသပ်ပါတယ်။
မြန်မာပြည်ရဲ့ ၂၀၀၉ လူဦးရေကို ကုလသမဂ္ဂနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက ၄၄.၂ သန်း၊ Lonely Planet က ၄၇.၄ သန်း၊ အမေရိကန် CIA က ၄၈.၁ သန်း အစရှိသဖြင့် ကွဲပြားစွာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကာလတုန်းကဆိုရင်လဲ မြန်မာပြည်ရဲ့ လူဦးရေကို သန်း ၅၀၊ ၅၁ သန်း၊ ၅၂ သန်း၊ ၅၄ သန်း၊ ၅၇ သန်း အစရှိသဖြင့် ဖော်ပြခဲ့ဖူးပါတယ်။ အခုလို လူဦးရေ မတည်ငြိမ်ရတာဟာ နတ်ဗီဇာ ကင်းလွတ်ခွင့်ကြောင့် နတ်သား၊ နတ်သမီးများ အနေနဲ့ မြန်မာပြည်နဲ့ နတ်ပြည် ကူးချည်သန်းချည် သွားလာနေတဲ့ အတွက် အခုလို မြန်မာပြည် လူဦးရေ လျော့လိုက်၊ တိုးလိုက် ဖြစ်နေရတာပါ လို့ လ၀က ၀န်ကြီးက ရှင်းပြသွားခဲ့ပါတယ်။

မြန်မာတွေနဲ့ ရေစက်ဆုံတဲ့ နယူးဇီလန်
(Photo: stuff.co.nz)
နယူးဇီလန်ရှိ မြို့တစ်မြို့မှာ မြန်မာအမည် ဥက္ကလံမြို့ (Auckland) ဖြစ်နေသည်ကို တွေ့ရသည်။ :D
ထိုနည်းတူ ဥက္ကလံ တိရစ္ဆာာန်ဥယျာဉ်တွင် "မြန်မာ" (Burma) ဟု အမည်ရသော အသက် ၂၈ နှစ် အရွယ် ဆင်မ တစ်ကောင် နေထိုင်လျက် ရှိသည်။
Read More ..
Wednesday, May 18, 2011
ရန်ကုန်တွင် နိုက်ကလပ်နှင့် အနှိပ်ခန်းများ လိုင်စင်ဖြင့် ဖွင့်လှစ်
ရန်ကုန်တိုင်း အတွင်း ဖွင့်လှစ်ထားတဲ့ နိုက်ကလပ်တွေနဲ့ အနှိပ်ခန်းတွေဟာ အထူး ခွင့်ပြုချက် လိုင်စင်နဲ့ ဖွင့်လှစ် လုပ်ကိုင်နေကြတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသ အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
မေလ ၁၇ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသ အစိုးရ အဖွဲ့ရဲ့ မီဒီယာ တွေ့ဆုံပွဲမှာ ပြည်တွင်း သတင်းထောက် တစ်ဦးရဲ့ "ရန်ကုန်တိုင်းထဲမှာ နိုက်ကလပ်တွေနဲ့ အနှိပ်ခန်းတွေကို ဘယ်လို လိုင်စင်မျိုးတွေ ထုတ်ပေးနေသလဲ၊ ဘယ်လို ပုံစံမျိုးနဲ့ ခွင့်ပြုနေသလဲ" ဆိုတဲ့ မေးခွန်းကိုအစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"ဆိုင်ရာ ပိုင်ရာ ပုဂ္ဂိုလ်တွေက သူတို့ရဲ့ လုပ်ပိုင်ခွင့် ဘောင်အတွင်းကနေ လိုင်းကြေး ယူပြီး အထူး ခွင့်ပြုချက် လိုင်စင်တွေ ချပေးတာ ဖြစ်ပါတယ်။ လိုင်းကြေး ပေးရင် နိုက်ကလပ်တို့ အနှိပ်ခန်းတို့ကို မည်သူ မဆို လွတ်လပ်စွာ ဖွင့်လှစ်နိုင်ပါတယ်။ အလှပြင်ဆိုင်လို့ တရားဝင် အမည်ပေးဖို့တော့ လိုအပ်ပါတယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရပေါ့ဗျာ။ စည်းကမ်းပြည့်ဝစွာ လိုင်းကြေးပေးရင် ဘာမဆို လွတ်လပ် အဆင်ပြေ လွယ်ကူ ပါတယ်" လို့ အစိုးရ အဖွဲ့ တာဝန်ရှိသူက ဖြေကြားသွားပါတယ်။

ဆိပ်ကမ်း ဆိုသည်မှာ ပိုက်လိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သတင်းတစ်ပုဒ်ကဆို
ပိုက်လိုင်း၏ တစ်စိတ်တဒေသ အစိတ်အပိုင်းတစ်ခု အဖြစ် တွေ့ရသော သင်္ဘောဆိပ်ကမ်း တစ်ခု
(ကာတွန်း - ဇီးကွက်မျက်ပြူး)
(ကာတွန်း - ဇီးကွက်မျက်ပြူး)
ဆိပ်ကမ်း ဆိုသည်မှာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏ တစ်စိတ်တဒေသ ဖြစ်ကြောင်း သတင်း တစ်ပုဒ်တွင် တွေ့ရသည်။ ထို့ကြောင့် အဆိုပါ ပိုက်လိုင်း မှာ ဆိပ်ကမ်းထက် အရွယ်အစား အဆမတန် ကြီးမားမည်ဟု ယူဆရသည်။ မြန်မာပြည်မှ တရုတ်ပြည်အထိ သွယ်တန်းသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း၏ ရှည်လျားမှုကို သတင်းများနှင့် ပူးတွဲပါရှိသည့် မြေပုံများတွင် တွေ့ရသော်လည်း အဆိုပါ ပိုက်လိုင်းများ၏ ယခုကဲ့သို့ အရွယ်အစား ကြီးမားမှုကို ဖော်ပြခဲ့ကြခြင်း မရှိပေ။ အောက်ပါ သတင်းမှာ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၏ အရွယ်အစား ပမာဏ မည်မျှကြီးမားသည်ကို ဖော်ပြသော ပထမဆုံး သတင်းဖြစ်ဖွယ်ရှိသည်။

Read More...
Tuesday, May 17, 2011
မင်းသားကြီး အားနိုးကို မြန်မာများ ဒေါသထွက်နေကြ
(Photo: citystatetimes.com)
အမေရိကားရောက် ကမ္ဘာကျော် မြန်မာတစ်ဦးဖြစ်သည့် မင်းသားကြီး အာနိုး ရွှေဝါဇနက္က (သူ့အကြောင်း ဖတ်ရန်) အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် အမေရိကားမှ မြန်မာများ ဒေါသထွက်နေကြသည်။
သူ၏ နေအိမ်အမှုထမ်း အမျိုးသမီး တစ်ဦးနှင့် တိတ်တိတ်ပုန်း ဇာတ်လမ်းဖြစ်ခဲ့ပြီး ကလေးတစ်ဦး မွေးဖွားခဲ့ကြောင်း မေလ ၉ ရက်နေ့က ဇနီးသည်နှင့် လမ်းခွဲပြီးနောက်၊ အာနိုးက ၀န်ခံလိုက်ကြောင်း အေပီ သတင်းဌာနက ယနေ့ ဖော်ပြသည်။ ထိုကိစ္စကြောင့် မြန်မာလူမျိုး ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟု ယူဆသဖြင့် အာနိုးကို အထူးဒေါသ ထွက်ကြောင်း ကယ်လီဖိုးနီးယား မြန်မာကွန်မြူနတီမှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။
ထိုကဲ့သို့သော မကောင်းသတင်းကြောင့် မင်းသားကြီး အာနိုး ရွှေဝါဇနက္ကအား BSN တွင် ထင်ပေါ်ကျော်ကြား မြန်မာလူမျိုးများ စာရင်း ထည့်သွင်းထားခြင်းမှ ပယ်ဖျက်ရန် ၄င်းက ဆက်လက် တောင်းဆိုလိုက်သည်။
Read More ...
ရေချိုးခန်းသုံး အဆင့်မြင့် ပစ္စည်းများ
Credit: MyanmarCelebrity.com
ရေချိုးခန်းသုံး အဆင့်မြင့် ပစ္စည်းများ လို့ ဆိုပါတယ်။
ရေချိုးခန်းသုံး အဆင့်မြင့် မိန်းကလေးများ လား ??
ရေချိုးခန်းသုံး အဆင့်မြင့် အ၀တ်အစား တွေလား ??
လား ?? လား ?? လား ??

Monday, May 16, 2011
မစ္စတာနံပြား၊ ရန်ကုန်တွင် ဈေးရောင်း
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တော်ကြီးလည်းဖြစ်၊ ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်လည်းဖြစ်သူ မစ္စတာ နံပြားသည် မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း ရှိသမျှ ပိုက်ဆံများ ပြုတ်ပြုတ်ပြုန်းသွားကြောင်း စုံစမ်း သိရှိရသည်။
ပိုက်ဆံ တပြားမျှ မရှိတော့သဖြင့် မစ္စတာနံပြား မြန်မာပြည်မှ မထွက်ခွာမီ လမ်းဘေး ဈေးသည်တဦးကဲ့သို့ ဗန်းကလေး ခင်းပြီး ဈေးရောင်းခဲ့သည်။ အပြန်လမ်းခရီးတွင် ထမင်းစားစရိတ် ရလိုရငြား ရှိစုမဲ့စု ကက်ဆက် အဟောင်းများနှင့် အမ်ပီသရီးများကို ယခုကဲ့သို့ အောက်ဈေးဖြင့် ချရောင်းရခြင်း ဖြစ်ကြောင်း မစ္စတာ နံပြားက ပြောသည်။ (အိန္ဒိယနိုင်ငံတွင် ထိုကဲ့သို့ လုပ်နေကျဟုလည်း ၄င်းက ရှင်းပြသည်)။
မြန်မာပြည်တွင် နေထိုင်စဉ် အတွင်း စားစရာ မရှိလောက်အောင် အဘယ်ကြောင့် ပိုက်ဆံများ တပြားတချပ်မျှ မကျန်ဘဲ ပြုတ်ပြုတ်ပြုန်းသွား သနည်း ဟူသော BSN သတင်းထောက်၏ မေးခွန်းကိုမူ မစ္စတာ နံပြားက ဖြေကြားရန် ငြင်းဆိုသည်။
(ပြည်တွင်းသတင်းထောက် သတင်းပေးပို့သည်)။
More Photos ...
(Photo: demowaiyan)

Subscribe to:
Posts (Atom)