Thursday, May 19, 2011

နတ်တွေ စုတေ့လျှင် မြန်မာပြည်မှာ လူဖြစ်သည်

မြန်မာပြည်ရဲ့ လူဦးရေဟာ ၂၀၀၉ မှာ ၄၄.၂ သန်းရှိတယ်လို့ ကုလသမဂ္ဂ စာရင်းဇယားတွေမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ၂၀၁၀ မှာ မြန်မာပြည် လူဦးရေ ၅၉.၁ သန်းရှိတယ်လို့ မြန်မာ လ၀က ၀န်ကြီးဌာနက ပြောပါတယ်။ တစ်နှစ်အတွင်း လူဦးရေ ၁၅ သန်း အပ်ချလောင်း ဆိုသလို ချက်ချင်း တိုးပွားလာတာဟာ နတ်ပြည်က နတ်သား နတ်သမီးတွေ မြန်မာပြည်မှာ လူပြန်ဖြစ်လို့ အခုလို တိုးပွားလာတာဖြစ်ကြောင်း လ၀က ၀န်ကြီးက ရှင်းပြပါတယ်။

တစ်နှစ်ကို လူဦးရေ ၂.၀၂ ရာခိုင်နှုန်း တိုးတဲ့ မြန်မာပြည်မှာ အခုလို အဆမတန် လူဦးရေ တိုးပွားရခြင်းဟာ နတ်တွေ လူဖြစ်တာကလွဲရင် အခြား နည်းလမ်း မဖြစ်နိုင်ကြောင်း ၀န်ကြီးက ပြောပါတယ်။ နတ်တွေတောင် မြန်မာပြည်မှာ လူဖြစ်ချင်တာကို ကြည့်ခြင်းဖြင့် မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ အလွန် နေချင့်စဖွယ် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံ ဖြစ်တယ်ဆိုတာ ငြင်းချက် မထုတ်နိုင်လောက်အောင် အမှန်ပင် သေချာကြောင်း သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ မြန်မာ အစိုးရ ၀န်ကြီးရဲ့ ရှင်းလင်းချက် မှားယွင်းဖွယ် ရှိကြောင်း၊ အခုလို ဗြုန်းစားကြီး အပ်ချလောင်း တိုးပွားလာတဲ့ လူဦးရေ ၁၅ သန်းဟာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ် တွေ မြန်မာပြည်မှာ လူပြန်ဖြစ်တာလဲ ဖြစ်နိုင်ကြောင်း၊ မြန်မာ့အရေး ကျွမ်းကျင်သူ အချို့က သုံးသပ်ပါတယ်။

မြန်မာပြည်ရဲ့ ၂၀၀၉ လူဦးရေကို ကုလသမဂ္ဂနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက ၄၄.၂ သန်း၊ Lonely Planet က ၄၇.၄ သန်း၊ အမေရိကန် CIA က ၄၈.၁ သန်း အစရှိသဖြင့် ကွဲပြားစွာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကာလတုန်းကဆိုရင်လဲ မြန်မာပြည်ရဲ့ လူဦးရေကို သန်း ၅၀၊ ၅၁ သန်း၊ ၅၂ သန်း၊ ၅၄ သန်း၊ ၅၇ သန်း အစရှိသဖြင့် ဖော်ပြခဲ့ဖူးပါတယ်။ အခုလို လူဦးရေ မတည်ငြိမ်ရတာဟာ နတ်ဗီဇာ ကင်းလွတ်ခွင့်ကြောင့် နတ်သား၊ နတ်သမီးများ အနေနဲ့ မြန်မာပြည်နဲ့ နတ်ပြည် ကူးချည်သန်းချည် သွားလာနေတဲ့ အတွက် အခုလို မြန်မာပြည် လူဦးရေ လျော့လိုက်၊ တိုးလိုက် ဖြစ်နေရတာပါ လို့ လ၀က ၀န်ကြီးက ရှင်းပြသွားခဲ့ပါတယ်။


Read More ...

4 comments:

  1. အစိုးရ စာရင်းမှာ လူဦးရေဖောင်းပွမှာပေါ့။ ဥပမာတစ်ခုပေးမယ်ဗျာ။ ကျွန်တော့်အမည် မန္တလေးက ကျွန်တော့်အိမ်ရဲ့ သန်းခေါင်စာရင်းမှာပါတယ်။ ရန်ကုန်ရောက်တော့ စမ်းချောင်းအဒေါ်အိမ်မှာ သန်းခေါင်စာရင်း ၀င်ထားတယ်။ နောက်ပိုင်း လှည်းတန်းမှာ သူငယ်ချင်းတွေနဲ့ တိုက်ခန်းငှားနေတော့ ရွေးကောက်ပွဲ မတိုင်မီ ယာယီအိမ်ထောင်စု စာရင်းဆိုပြီး သန်းခေါင်စာရင်းတစ်ခု ထပ်ဝင်ရတယ်။ ဒီတော့ဗျာ.. ကျွန်တော် တစ်ယောက်တည်းက စာရင်းအရ လူသုံးယောက် ဖြစ်နေပြီ။ ဒီတော့ အစိုးရ စာရင်းက လူမများပဲ နေမလား။

    ReplyDelete
  2. တို့လဲ တူတူပဲ အဟိ

    ReplyDelete
  3. Me too, coz, we are afraid of "than Khaung sa yin, sit chin" ,,
    but, I think , BSN likes to say .,, the treatening of Chineses & some Indains Illegals In Myanmar..

    ReplyDelete
  4. အိမ်ထောင်စု ဇယားမရှိတဲ့ မိသားစုတွေ လျှုင်သာယာတို့ ရွှေပြည်သာတို့မှာ အများကြီးပဲ။ တစ်နိုင်ငံလုံးပေါင်းရင် သန်းဂဏာန်းလောက်တောင် ရှိမလား မသိဘူး

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။