Tuesday, May 24, 2011

နေပြည်တော် ကိုယ်ပျောက် မင်းတြားကြီး

နေပြည်တော် မင်းတြားကြီး အမှန်တကယ် အနားယူသွားကြောင်း နေပြည်တော် မှူးကြီးမတ်ရာများက တရားဝင် ထုတ်ဖော်ပြောဆိုကြသည်။ ပြည်ပ အခြေစိုက် သတင်းဌာန အချို့ကမူ မင်းတြားကြီး အနားယူခြင်း မဟုတ်ဘဲ နောက်ကွယ်မှ ကြိုးကိုင်နေဆဲ ဖြစ်သည်ဟု ရေးသားမှုများလည်း ရှိသည်။ ထို့ကြောင့် မင်းတြားကြီး အနားယူ-မယူ ကိစ္စကို အများပြည်သူအနေဖြင့်
သို့လော.. သို့လော ဖြစ်နေကြသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာအရမူ မင်းတြားကြီး အနားမယူသေးသည်ကို ဓာတ်ပုံများနှင့်တကွ တွေ့မြင်ရသည်။ သို့သော် ကိုယ်ပျောက် မင်းတြားကြီး အသွင်ဆောင်ထားသဖြင့် ဓာတ်ပုံထဲတွင် မင်းတြားကြီးကို တွေ့မြင်ရခြင်း မရှိပေ။


(Myanma Alin, 24 May 2011)

ဘုရင် မင်းတြား၏ ရာဇပလ္လင်ကြီး အစိုးရထုတ် သတင်းစာများတွင် ပေါ်ထွက်လာခြင်း၊ သမ္မတ ဦးသိန်းစိန်၏ နောက်တည့်တည့်မှနေ၍ တန်ခိုး ဣဒ္ဓိပါဒ်ဖြင့် ကိုယ်ယောင်ဖျောက်ကာ "ကိုယ်ပျောက် မင်းတြားကြီး" အဖြစ် ရာဇပလ္လင်ပေါ်တွင် မိန့်မိန့်ကြီး ဆောင့်ကြောင့် ထိုင်နေသည်ကို ဓာတ်ပုံများတွင် တွေ့ရခြင်း တို့ကြောင့် မင်းတြားကြီး အနားမယူသေးသည်မှာ အမှန်ပင် သေချာကြောင်း၊ မြန်မာ့အရေး အကဲခတ်များက သုံးသပ်ကြသည်။

@ကေ-၀မ်း

13 comments:

  1. ဘုရင် စိတ်ပေါက်ပြီး ခေတ်နောက်ပြန်ဆွဲနေတဲ့ သောက်ရူး သောက်ပေါတွေ။

    ReplyDelete
  2. သမ္မတ သိန်းစိန်ရာ.. သမ္မတ လုပ်မနေပါနဲ့တော့၊ ပလ္လင်ပေါ်တက်ထိုင်ပြီး ဘုရင် လုပ်ပါလား၊ အခုထိုင်နေတဲ့ကုလားထိုင်ပိုနေတယ်။ ပလ္လင်ပေါ်တက်ထိုင်လိုက်ပြီး ပြည်ထောင်စုဘုရင့်မြန်မာနိုင်ငံတော် ဘုရင်မင်းမြတ် ဦးသိန်းစိန်ဆိုရင် ပြီးတာပဲ။ ပလ္လင်တစ်ခု အလကားပိုနေတယ်။

    ReplyDelete
  3. ဘုန်းကြီးကျောင်းသားMay 24, 2011 at 11:47 PM

    အဲဒီ ပလ္လင်ပေါ် ဘုန်းကံ မရှိဘဲ တက်ထိုင်ရင် ၀မ်းတော်စုန်ပြီး ကံတော်ကုန်တတ်တယ် ကြားဖူးတယ်။ ဒါကြောင့်မို့ မထိုင်ရဲဘဲ ရှေ့မှာ ဆက်တီခုံချပြီး ထိုင်နေတာ။

    ReplyDelete
  4. လူလေး ၄-၅ ယောက်စကားပြောတာကို မိုက်ကရိုဖုန်းတွေသုံးနေရပါလားနော်။ လက်ရှိဘုရင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေတောင် ဒီလောက်အဖြစ်မဆိုးလောက်ဘူးလို့ထင်တာဘဲ။

    ReplyDelete
  5. ဟုတ်ပါ့စောက်ပေါကြီး။ချီးစိမ်းတွေပန်းကုန်တော့မှာပဲ

    ReplyDelete
  6. ရာဇပလ္လင်နဲ့ ခွေးဖင် ဘာမှ မဆိုင်။

    ReplyDelete
  7. အလို ..ရာဂ ပုလ္လင် ကြီးပါလား သြအံ့လိုက်တာ
    အနောက်ကို တဲ့မျှော်လိုက်ရင်း .. မျှော်လိုက်ရင်း

    ReplyDelete
  8. အမလေးလေးပြောရက်လိုက်ကျတာ ငါ့တို့ရဲ့မော်ဒန်သမန်တကြီးကိုများ

    ReplyDelete
  9. ဘုရင်ရူးက ကိုယ်ဖျောက်ပြီး အပေါ်ကကြည့်နေတာ ဘယ်လိုလုပ် သမ္မတရုပ်သေးရုပ်သိန်းစိန် ကိုတင်လို့ရမတုန်း။ ပုလ္လင်ပေါ်ကနေ ဘုရင်ရူးသန်းရွှေက ကြိုးဆွဲပြီး ရုပ်သေးရုပ် သိန်းစိန်ကို ကခိုင်းထားတာလေ။ ဓါတ်ပုံထဲမှာတော့ မပေါ်အောင် ဖျောက်ထားတာပေါ့... :P

    ReplyDelete
  10. အရူးတကာ့ အရူးဆုံး လူသားများဖြစ်ပါကြောင်း

    ReplyDelete
  11. ဘုရင်ရူးတွေကို မင်းတရားအဖြစ် မြောက်ပင့်ရေးတဲ့ စာရေးဆရာလည်း အရူး ပါဘဲ၊ အရူးနဲ့ အရူးတွေ့ တော့ အားလုံးသနားစရာ ကောင်တွေပါ၊

    ReplyDelete
  12. ဘုရင်ရူးကို သရော်ပြီး ရေးထားတဲ့ စာလား၊
    မြှောက်ပင့်ပြီး ရေးထားတဲ့စာလား..
    ဒီဘလော့မှာ တင်တဲ့ အကြောင်းအရာတွေဟာ ဘယ်လိုစာမျိုးတွေလဲ...
    ဘာမှ ရေရေရာရာမသိ... ခွဲခြားမသိ... ဘုမသိ ဘမသိဘဲ ကွန်မင့်ရေးသူကတော့...
    အားလုံးထက် ပိုရူးသူဖြစ်ပြီး... ရေးသားချက်ကို သဘောမပေါက်နဲ့ အိုင်ကျူနိမ့်သူ သနားဖွယ် အကောင်းဆုံး လူတစ်ယောက်လို့ ယူဆရပါတယ်။
    မင်းတရားလို့ မရေးဘဲ မင်းတြားလို့ ခနဲ့ ကတည်းက ရေးသားမှုကို သဘောပေါက်သင့်ပါတယ်။
    ဒီပို့စ်ရဲ့ ဆိုလိုရင်းကို သဘောမပေါက်တာ သနားစရာပါ။ ဒီထက် ပိုပြီး သနားစရာ ကောင်းတာက မြှောက်ပင့်ရေးတယ်ဆိုတဲ့ သူ့ရဲ့ လွဲနေတဲ့ ကွန်မင့်ပါ...
    ကိုယ်မသိဘဲ ကိုယ့်ကိုယ်ကို သိတယ် ထင်နေတဲ့ လူတွေ... ဘာရေးလို့ ရေးထားမှန်း မသိဘဲ (ကိုယ့်ကိုယ်ကို သိလှပြီလို့ ထင်နေသူတွေ)ဟာ လောကမှာ အလွန်သနားစရာ ကောင်းတဲ့ လူတွေဖြစ်မှာပါ။
    ဒုံးဝေးတဲ့ လူတွေဟာ လောကမှာ တော်တော်ခက်တဲ့ လူတွေပါပဲ။

    ReplyDelete
  13.့ မြန်မာပြည်ကိုလွတ်လပ်တဲ့နိုင်ငံလို့ ပြောရင်နိုင်ငံအတွက်ရတဲ့ ဝင်ငွေကဘယ်လောက်နိုင်ငံတိုးတက်ဖို့ ဘာတွေသုံးတယ်နိုင်ငံလက်ကျန်ငွေဘယ်လောက်ရှိတယ်ဆိုတာအဓိကပြည်သူသိအောင်အဓိကတင်ပြဖို့ လိုတယ်
    ဒါမှဒီမိုကရေစိနိုင်ငံဖြစ်မှာ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။