Saturday, May 21, 2011

မြန်မာပြည် ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်စေရန် အင်ဒိုနီးရှားက လက်နက်ရောင်းပြီး ကူညီမည်

မြန်မာပြည် ဒီမိုကရေစီဖြစ်စဉ်ကို အားပေးရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်း တိုးတက်စေရန် အတွက်၊ မြန်မာအစိုးရကို အင်ဒိုနီးရှားနိုင်ငံက SS-2 အမျိုးအစား တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်များ ရောင်းချကာ ကူညီမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ယခုကဲ့သို့ လက်နက်များ ရောင်းချ ပံပိုးခြင်းဖြင့် မြန်မာ့ ဒီမိုကရေစီ ဖြစ်စဉ်ကို အားပေးရာ ရောက်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး၏ အထူး လက်ထောက်အရာရှိ ဗိုလ်မှူးကြီး ဂျန် ပီယက်တာ အိတ် (Jan Pieter Ate) ကပြောသည်။



"ကျွန်တော်တို့ နိုင်ငံက ထုတ်လုပ်တဲ့ လက်နက်တွေဟာ အရည်အသွေး လုံးဝ မပြည့်ဝသလို အဆင့်အတန်းလဲ အလွန်နိမ့်ပါတယ်။ အခု မြန်မာပြည်ကို ရောင်းချမယ့် SS-2 သေနတ်တွေ ဆိုလို့ရှိရင်လဲ ပစ်လိုက်တိုင်း ကျည်ဆံက ထွက်ချင်မှ ထွက်ပါတယ်။ သေနတ် အများစုက ဂျမ်းဖြစ်တတ်ပါတယ်။ ဒီတော့ မြန်မာပြည်မှာ ဒီမိုကရေစီ တောင်းဆိုမှု ဖြစ်စဉ်တွေကို ကျွန်တော်တို့ အင်ဒိုနီးရှား လက်နက်တွေနဲ့ နှိမ်နင်းလို့ရှိရင် ကျည်ဆံ မထွက်တဲ့ အတွက် လူအသေအပျောက် အလွန် နည်းပါး စေနိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ နိုင်ငံက လက်နက်တွေကို မြန်မာပြည်ကို ရောင်းချခြင်းဖြင့် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။" ဟု ၄င်းက ရှင်းပြသွားသည်။

Read More ...

2 comments:

  1. ကျည်ဆံကလွဲရင် အကုန်လွယ်လွယ်ကူကူထွက်တယ်၊
    ခလုတ်ကလွဲရင် ကျန်တာတွေ အကုန်ညှစ်လို့ရတယ် ၊
    သူတို့ဟာက သင်္ကြန်မှာ ဆော့တဲ့ ပြွတ်လိုမျိုးခင်ဗျ။
    ကောင်းလိုက်တဲ့ လက်နှက်ဗျာ ဆန္ဒပြသူတွေအတွက် အန္တရာယ်ကင်းအောင်လုပ်ပေးတာပါ။

    ReplyDelete
  2. မြန်မာအစိုးရအသစ်ကတော့... အင်ဒိုကို လက်နက်ဝယ်ယူမှုနဲ့ ဖားလိုက်ပြီ နေမှာပါ.... အင်ဒိုကလည်း ဘယ်ခံနိုင်လိမ့်မလဲ. သူ့နိုင်ငံမှ မဟုတ်တာ..နှာတို့နိုင်ငံဘဲ ဒုက္ခရောက်မှာ.. ချိတ်ညစ်တယ် ကြံ့ဖွတ်ရေရရရရရရ...........သူများနိုင်ငံတွေ လိုက်ဖားနေမယ့်အစား ကိုယ့်ပြည်ကိုယ့်သား အချင်းချင်း ညီညွှတ်ကြပါစို့လားကွယ်...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။