Thursday, May 26, 2011

ရန်ကုန် အာဇာနည်ကုန်း ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့

မနေ့ကအစပြုပြီး တောင်ကိုရီးယား SBS ရုပ်သံလိုင်းမှာ ထုတ်လွှင့်တဲ့ City Hunter ဇာတ်လမ်းတွဲမှာ မြန်မာပြည်အကြောင်း ပါဝင်မယ်လို့ သိရပါတယ်။ ၁၉၈၃ ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှုကို ဇာတ်ဝင်ခန်းထဲ ထည့်ထားတာပါ တဲ့။ (ဧရာဝတီ ဘလော့မှာ ဖတ်ပါ)

တောင်ကိုရီးယား၊ မြန်မာ အလံ တို့နဲ့ ဗုံးထိတဲ့ကားတစီး ရိုက်ချက် ဓာတ်ပုံကို ပုံကြီးချဲ့ကြည့်တော့ နံပါတ်ပြားမှာ ရေးထားတာက ထိုင်း အက္ခရာတွေ ဖြစ်နေတာ တွေ့ပါတယ်။


(Photo: Irrawaddy Blog)

ဒီတော့ ဓာတ်ပုံထဲမှာ တွေ့ရတဲ့ အတိုင်း ထိုင်း ကားနံပါတ် ဖြစ်နေတဲ့ အတွက် ဗုံးကွဲတဲ့ နေရာဟာ မြန်မာပြည် မဟုတ်ဘဲ ထိုင်းနိုင်ငံ တစ်နေရာ ဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။

၁၉၈၃ အာဇာနည်ကုန်း ဗုံးကွဲတာ ဆိုတော့ မြန်မာပြည်ရဲ့ အထင်ကရ အာဇာနည်ကုန်းဟာ ရန်ကုန်မြို့မှာ မရှိဘဲ ထိုင်းနိုင်ငံထဲမှာ တည်ရှိကြောင်း City Hunter ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်ခန်းမြင်ကွင်း တစ်ခုကို ဖော်ပြတဲ့ အထက်ပါ ဓာတ်ပုံအရ သိရှိနိုင်ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မလိုလားတဲ့ ခေတ်အဆက်ဆက် မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေက ဗိုလ်ချုပ်နဲ့ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ဂူဗိမာန်ကို မြန်မာပြည် ပြင်ပသို့ ပြောင်းရွှေ့လိုက်တာ မဟုတ်ဘဲ ကိုးရီးယား ရုပ်ရှင်လောကသား တစ်စုက ပြောင်းရွှေ့လိုက်တဲ့ ယခု ဖြစ်ရပ်ဟာ ထူးဆန်း အံ့သြစရာ ကောင်းနေကြောင်း မြန်မာ့ နိုင်ငံရေး လေ့လာ အကဲခတ်သူများက သုံးသပ် ပြောဆိုကြပါတယ်။


မြောက်ကိုးရီးယားတွေက မြန်မာပြည်မှာ ဗုံးခွဲကြောင်း ဖော်ပြချက် ပါဝင်တဲ့ ဇာတ်လမ်း အကျဉ်းချုပ်ကို ဒီမှာ ဖတ်ပါ

2 comments:

  1. ကင်မင်ချူး (ခ) ကင်မ်ချီMay 27, 2011 at 2:24 AM

    အမြင်စူးရှပါပေ့ ဆရာတို့ရယ်.. တကယ်လေးစားပါတယ်။ အမှန်က ဗုံးခွဲသူတရားခံနဲ့ ထိခိုက်ခံရသူ မြန်မာနိုင်ငံတို့ ပြန်လည်လည်ပင်းဖက်နေကြတော့ ဒါရိုက်တာလဲ ချစ်ချင်းကို မခွဲလိုတာနဲ့ ထိုင်းကို လိုကေးရှင်း ရွှေ့လိုက်ရတာပါ။ ကင်မင်ချူး တို့လဲ ထိုင်းနိုင်ငံသား ဖြစ်သွားလား မသိ ... :D

    ReplyDelete
  2. ကိုရီးယားရုပ်ရှင်တွေ အရမ်းကောင်းတာပဲဆို၊ ဒီကားကိုကြည့်လိုက်ရတာတော့ တော်တော်ပြစ်စလက်ခတ်ရိုက်ထားတာပဲ၊ အာဇာနည်ဗိမ္မာန်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံမရှိပဲ ဦးသန့်ပုံနဲ့ဘယ်ကတရုတ်တယောက်ပုံလဲ မသိချိတ်ထားတယ်၊ ကားကလဲ ယိုးဒယားနံပါတ်နဲ့၊ ဗုံးကွဲတုန်းကလဲ ကားကြီးအဲ့ဒီလိုမြောက်တက်သွားပြီး ဗုံးခွဲတာလို့မကြားမိပါဘူး၊ မြန်မာကား ဂျပန်တော်လှန်ရေးကားမှာ ဂျပန်ယူနီဖောင်း ဖြစ်ကတတ်ဆန်းချုပ်ဝတ်ထားသလိုပဲ၊ ပြီးပြီးရောရိုက်ပြထားတယ်၊ မြန်မာကားတွေကတော့ထားပါတော့ ငွေလေးခြောက်ပြားတပဲနဲ့ရိုက်ရလို့၊ ဒီကိုရီးယားတွေကတော့ တော်တော်ပဲ့လွန်းပါတယ်၊ မြန်မာပြည်ဆိုတာ သူတို့အတွက်အစိမ်းသက်သက်မှမဟုတ်တာ၊ ကားနံပါတ်တို့၊ ဦးသန့်ပုံတို့ကတော့ ဘယ်လိုမှမဖြစ်သင့်ပါဘူး။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။