Monday, March 14, 2011

"ထူး" ရဲ့ ထူးဆန်းသော လေယာဉ်

"မိမိတို့၏ ဒုက္ခခရီးကြမ်းတွင် ရရှိထားသော ပုံတချို့နှင့် နောက်ပိုင်း လှုပ်ရှားမှု ပုံများကို မိမိမိတ်ဆွေများ သိရှိနိုင်ရန်အတွက် ယခု (၇၅)နာရီကြာ ခရီးကြမ်း မှတ်တမ်းဓာတ်ပုံ စာအုပ်ကို ထုတ်ဝေအပ်ပါသည်" ဆိုသော Htoo Group of Companies မှ ထုတ်ဝေသည့် ဓာတ်ပုံ မှတ်တမ်းတွင် ထူးဆန်းသော လေယာဉ်တစီးကို တွေ့ရသည်။

(Photo: demowaiyan)

ဝီကီမြန်မာတွင် လေယာဉ်ပျံ ကို အောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုသည်။
"လေထက်လေးသော်လည်း လေထဲတွင် ပျံသန်းနိုင်သော စက်တပ် ယာဉ်ဖြစ်သည်။ လေထဲတွင် ပျံတက်ရန်အတွက် အတောင်ပံ နှစ်ဘက် ပါရှိသည်။ တပ်ဆင်ထားရှိသော အင်ဂျင်အမျိုးအစားပေါ် မူတည်၍ ဂျက်လေယာဉ် ၊ ပန်ကာတပ် လေယာဉ် ဟူ၍ အမျိုးမျိုး ရှိသည်။လေယာဉ်ပျံများသည် အများအားဖြင့် ၎င်းတို့ အဆင်း၊အတက်ပြုလုပ်နိုင် ရန်အတွက် သီးသန့်တည်ဆောက်ထားသော လေယာဉ်ကွင်း များတွင်သာ ရပ်နားလေ့ရှိကြသည်။"


Htoo Group of Companies က ဓာတ်ပုံနှင့်တကွ တင်ပြထားသော လေယာဉ် ၌ အဓိပ္ပါယ် ဖွင့်ဆိုချက်တွင် ဖော်ပြသည့် အတောင်ပံ နှစ်ဘက် ပါရှိသည်ကို မတွေ့ရသဖြင့် ထူးဆန်းသော လေယာဉ်အမျိုးအစားသစ် ဖြစ်ကြောင်း မှတ်ယူနိုင်လေသည်။

@သားသား

More Photos

Sunday, March 13, 2011

လေယာဉ်တစီး ရုရှားတွင် သေဆုံး၊ မြန်မာများ ပါဝင်ခြင်း မရှိ

(The Voice)

ရုရှားနိုင်ငံတွင် လေယာဉ်တစီး သေဆုံးသွားကြောင်း တနင်္လာနေ့ထုတ် The Voice ဂျာနယ်တွင် ရေးထားသည်။

မည်သည့်ရောဂါကြောင့် သေဆုံးကြောင်းကိုမူ ဖော်ပြထားခြင်း မရှိပေ။

လေယာဉ်ပေါ်တွင် အင်ဂျင်နီယာ နှစ်ဦး ပါဝင်သွားသည်ဟု ဆိုသည်။ ထိုသို့ စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ အင်ဂျင်နီယာများ၊ လေယာဉ်ပျံကို အထူးပြု မောင်းနှင်သူ လေယာဉ်မှူးများ လိုက်ပါသွားသည့် ကြားက ထိုလေယာဉ် သေဆုံးသွားခြင်း ဖြစ်သည်။ ထို ကျွမ်းကျင်သူများလည်း လိုက်ပါ သေဆုံးရရှာသည်။

ထိုသတင်းကို ပြည်ပအခြေစိုက် အနက်ရောင်အင်တာ သတင်းဌာနများ၊ အသံ ဦးစားပေး သတင်းဌာနများကလည်း ဖော်ပြကြသေးသည်။ မြန်မာစစ်အရာရှိ ၂ ဦးလည်း ထိုလေယာဉ်နှင့်အတူ လိုက်ပါ သေဆုံးကြသည်ဟု ၎င်းတို့သတင်းထဲတွင် ပါရှိသည်။

The Voice ဂျာနယ်သတင်းတွင်မူ မြန်မာစစ်အရာရှိ ၂ ဦးအကြောင်း စဉ်းငယ်မျှ ဖော်ပြခြင်း မရှိချေ။

ထိုသို့ ဖော်ပြမှု မရှိခြင်းနှင့် ပတ်သက်ပြီး အကဲခတ်များက အမျိုးမျိုး ပြောနေကြသည်။

“စစ်ဗိုလ်၂ယောက် လေယာဉ်ထဲ ပါသွားတယ်လို့ ပြည်ပအခြေစိုက် သတင်းဌာနတွေက ရေးလိုက်တာဟာ နောက်ပြောင်ချင်လို့ ရေးတာလည်း ဖြစ်နိုင်တယ်၊ မြန်မာစစ်အရာရှိတွေ လေယာဉ် မစီးရဲအောင် ခြောက်လှန့်တဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုပါပဲ လျှောက်ရေးနေကြတာပါဗျာ” ဟု “ပြည်ပရောက်တောအုပ်” အမည်ရှိ ဘလော်ဂါတဦးက သုံးသပ်သည်။

ပြည်ပရောက်တောအုပ်သည် “ညီညွတ်သော ဒီမိုကရေစီ ဘလော်ဂါ ဘောဂဗေဒ လေ့လာရေး ကျောင်းတော်သားစု (မြန်မာနိုင်ငံ)” ဟူသော အဖွဲ့၏ အထူး ညွှန်ကြားရေးမှူး ဖြစ်သည်။

သူ သုံးသပ်ပြသည့် ပြည်ပသတင်းသမားများ လက်ကမြင်းကြောထခြင်းဖြစ်သည်ဟူသော အချက်ကို အခြား အကဲခတ် တဦးကလည်း သဘောတူသည်ဟု ဆိုသည်။

The Voice ဂျာနယ်သည် မြန်မာစစ်အရာရှိ ၂ ဦး သေဆုံးခြင်း ရှိမရှိ အသေအချာ သိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရန်ကုန်တွင် အခြေစိုက် သောကြောင့် ဖြစ်ကြောင်း ကဗျာဆရာ သစ်ကောင်းအိမ်က ပြောသည်။

“သတင်းထောက်တွေ လျှောက်ရေးကြသလိုမျိုး မြန်မာစစ်အရာရှိ ၂ ဦးအကြောင်း သူတို့ဆီမှာ မပါတာ သတိထားမိပါတယ်။ စာပေစိစစ်ရေး ဆိုတဲ့ သားသတ်သမားတွေကို ကြောက်လို့ ထည့်မရေးတာတော့ မဖြစ်နိုင်ဘူး” ဟု ကမ္ဘာ့ ကုလသမဂ ကဗျာဆရာများဆိုင်ရာ မဟာမင်းကြီး သစ်ကောင်းအိမ်က သုံးသပ်ပြသည်။

The Voice ဂျာနယ်သည် စာပေစိစစ်ရေးဌာနကို ခေါင်းထဲ ထည့်ရန် လိုမည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ရေး ရနေပြီဖြစ်ကြောင်း မဟာမင်းကြီးက သုံးသပ်ပြသည်။ (သတင်းဖတ်ရန်)


©ဇာနည်ဝင်း

March 13


(Video: ethanhtooaung)

Actually, I could not describe March 13, 1988
In 1989, they changed the name of this institute ...
You know, they disliked the name "Rangoon Institute Of Technology", assuming "R-I-O-T", "riot" in their evil view ....
So, they frequently blamed this institute as a "riot" institute....
And, changed its name to "Yangon Institute Of Technology" (YIOT)
thinking that there would be nor more "riot"

because of their change from "RIOT" to "YIOT"... 

However,
Their "ယတြာ" could not prevent the institute's revolutionary Spirit of "March 13"....
 


ယတြာ-sth done in keeping with an astrologer's advice to avert impending misfortune

@SYMH

လေယာဉ်အဟောင်းတစီး MAI ထပ်မံဝယ်ယူ

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI ဟာ Cyprus လေကြောင်းမှာ သုံးစွဲပြီးဖြစ်တဲ့ လေယာဉ် အဟောင်းတစီးကို
ဝယ်ယူလိုက်တယ်လို့ သတင်းတပုဒ်က ဆိုပါတယ်။

MAI ဟာ လေယာဉ် လေးစီးနဲ့ ခရီးစဉ်များပျံသန်း ပြေးဆွဲနေတာ ဖြစ်လို့ အခုလေယာဉ်ဟာ MAI ရဲ့ ပဉ္စမမြောက် လေယာဉ်ဖြစ်ပါတယ်။

MAI မှာ လက်ရှိ ပြေးဆွဲနေတဲ့ လေယာဉ် အမှတ် XY-AGG နဲ့ XY-AGI တွေဟာ Adria Airways လေကြောင်းမှာ သုံးပြီးသား လေယာဉ် အဟောင်းတွေ ဖြစ်သလို၊ XY-AGL ဟာလဲ Cyprus Airways မှာ သုံးခဲ့တဲ့ လေယာဉ် အဟောင်း ဖြစ်ပြီး၊ လေယာဉ်အမှတ်

F-GYAO ကတော့ Swiss Air နဲ့ Air Méditerranée တို့မှာ အသုံးပြုခဲ့တဲ့ လေယာဉ် အဟောင်း ဖြစ်နေတာကို တွေ့ရပါတယ်။

လေယာဉ် ၀ယ်ယူတဲ့ သတင်းတွေကို မြန်မာ့အလင်း၊ ကြေမုံ စတဲ့ သတင်းစာတွေမှာ ဖော်ပြတဲ့အခါ "လေယာဉ်အသစ် တစ်စင်း ထပ်မံရောက်ရှိ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသား ဖော်ပြလေ့ ရှိပါတယ်။


Cyprus Airways sells aircraft to Myanmar Air for $6m

Cyprus Airways Ltd sold an A320 airplane to Myanmar Airways International Co Ltd for $6 million, according to an e-mailed statement from the Cyprus Stock Exchange. The transaction will generate an accounting profit of about €1.6 million , according to the statement.

အပြည့်အစုံသို့

ပန်ကြားချက်

ယခုလက်ရှိအခြေအနေတွင် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာ လူမျိုးများသည် ဆူနာမီအန္တရာယ်၊ ငလျင်ဒဏ်ကို ခံစားနေကြရပါသည်။ အဆိုပါ မြန်မာလူမျိုးနှင့် ဆက်စပ်သော အခြားနိုင်ငံပေါင်းစုံမှ မိသားစုဝင်များ၊ မိတ်ဆွေများမှ လည်း စိတ်ပူလျက်ရှိပါသည်။ အခြား မည်သည့်နိုင်ငံများသို့ ဆူနာမီ ဂယက် ဆက်လက် ဂယက်ရိုက်ဦးမည် မသိနိုင် သေးပါ။

သို့ဖြစ်ရာ ဆူနာမီအန္တရာယ် ကျရောက်ထားသော ဒေသမှ မိမိတို့၏ မိတ်ဆွေများ၊ သိကျွမ်းသူများ၊ လုပ်ဖော်ကိုင်ဖက်များ၏ အခြေအနေကို ဆက်သွယ်၍ ရနိုင်သော နည်းလမ်းများဖြင့် စုံစမ်းခြင်း၊ ပြည်တွင်း မိသားစုသို့ အကြောင်းကြားရန် လို အပ်သော အခြေအနေများရှိပါက ကောင်းသတင်း၊ ဆိုးသတင်းကို အကြောင်းကြားပေးခြင်း၊ မိမိတို့ အစုအဖွဲ့အလိုက် အရေးပေါ်ကူညီရန် ရံပုံငွေ ကောက်ခံထားရှိခြင်း၊ အားပေးစကားပြောကြားခြင်း၊ မတော်တဆ အနုမြူယိုစိမ့်မှု အန္တရာယ် ဖြစ်ပွားလာပါက မိမိနှင့် နီးစပ်သူများ အန္တရာယ်ကင်းလွတ်ရာသို့ ရောက်ရှိစေ ရန် လိုအပ်သည်များ ကူညီပေးခြင်း၊ စသည်တို့ဖြင့် ပြည်ပရောက် မြန်မာလူမျိုးများ အချင်းချင်း နီးစပ်ရာ အကူအညီပေးကြပါရန် လေးစားစွာ ပန်ကြားအပ် ပါသည်။

နေ့သစ် မှ တိုက်ရိုက် ထုတ်နှုတ်ဖော်ပြပါသည်။

Friday, March 11, 2011

ဆင်းရဲသားများအား အခမဲ့ဆေးကုကြောင်း ဆိုင်းဘုတ်များ ထောင်ထားသည်ဟု ကျန်းမာရေးဝန်ကြီးပြော

ကျင်းပဆဲ လွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော်အမတ်တွေရဲ့ မေးခွန်းတွေကို သက်ဆိုင်ရာ ၀န်ကြီးတွေက ဖြေကြားခဲ့ကြသလို အဆိုတွေကိုလည်း ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။

ဝင်ငွေနည်း ပြည်သူများအတွက် ဆေးကုသခွင့် အာမခံချက်ရှိတဲ့ အမျိုးသား ကျန်းမာရေး စနစ်တခု ထူထောင်ဖို့ဆိုတဲ့ အဆိုကို ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်က လိမ်ညာ ကွယ်ဝှက်မှု လုံးဝမပြုဘဲ အမှန်တရားအတိုင်း ဖြေကြားသွားခဲ့ပါတယ်။

ဝန်ကြီးက ဆင်းရဲသားများအတွက် ဆေးရုံတွေမှာ အခမဲ့ ဆေးကုပေးတယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ ထူထောင်ထားတယ် ဆိုတဲ့အကြောင်း၊ ဆေးပဒေသာပင်တွေ ဖွင့်ထားတယ် ဆိုတဲ့အကြောင်း၊ အလှူရှင်တွေရဲ့ လှူဒါန်းမှုကနေ ရတဲ့ ငွေကြေးကနေ

ဆေးဝါးတွေ ထောက်ပံ့နေတယ် ဆိုတဲ့အကြောင်း၊ အခမဲ့ ၀န်ဆောင်မှု ပေးထားတယ် ဆိုတဲ့အကြောင်း ဖြေကြားသွားခဲ့တာ တွေ့ရပါတယ်။

"ဟုတ်တယ်ဗျ၊ ကျန်းမာရေးဝန်ကြီး ပြောသွားတာ အမှန်တွေချည်းပဲ။ အခမဲ့ ဆေးကုပေးတယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ ထောင်ထားတယ်လို့ ပြောတာလေဗျာ။ သူက ဆိုင်းဘုတ်ထောင်တယ်လို့ပဲ ပြောတာလေ၊ အခမဲ့ ကုပေးတယ်လို့ မပြောပါဘူး ခင်ဗျ။ ဆေးပဒေသာပင်တွေ စိုက်ထားတာလဲ ဟုတ်မှာပါပဲ။ ဒါပေမဲ့ ဆေးပဒေသာပင်မှာ သီးပွင့်နေတဲ့ ဆေးပဒေသာသီးတွေကို အခမဲ့ခူးလို့ ရတယ်လို့ ၀န်ကြီးက မပြောပါဘူး။

ပြီးတော့ ဆေးဝါးတွေကို အစိုးရက ထောက်ပံနေတာ မဟုတ်ဘူး၊ အလှူရှင်တွေရဲ့ လှူဒါန်းမှုကနေ ထောက်ပံ့နေတာပါလို့ အစိုးရနဲ့ ပတ်သက်ပြီးတော့ မကွယ်မ၀ှက်ဘဲ အမှန်အတိုင်း ၀န်ခံ သွားပါတယ် ခင်ဗျာ။

အခမဲ့ ၀န်ဆောင်မှုကတော့ တချို့ဆေးရုံတွေမှာ အိမ်သာ အခမဲ့ တက်နိုင်တာကို ၀န်ကြီးက ပြောသွားတာ ဖြစ်ပါတယ်။" လို့ ဆေးရုံနဲ့ နီးစပ်သူတဦးက ပြောပြသွားပါတယ်။


ဆိုင်းဘုတ်များတော့ ၀န်ကြီးပြောသလို ထောင်ထားပါသည် (Photo: BSN)

သတင်း အပြည့်အစုံသို့

ဂျပန်မှာ အင်အားပြင်း ငလျင်လှုပ်


ပျက်စီးဆုံးရှုံးမှုများတဲ့ ဒီသဘာဝ ဘေးဒဏ်သတင်း မူရင်းတွေကို တင်ပေးလိုက်ပါတယ်။ သတင်းဌာနတွေက ပြင်းအား 8.9 လို့ရေးကြပေမဲ့ ဂျပန်သတင်းတပုဒ်မှာတော့ 7.9 လို့ရေးပါတယ်။

ကောင်းမှုတော် စေတီ၏ ယဉ်ကျေးမှုအမွေအနှစ် ဖျက်ဆီးမှု တိဗက်ဘုန်းတော်ကြီး ဒလိုင်းလာမား ကန့်ကွက်

စစ်ကိုင်းမြို့ရှိ ရှေးဟောင်း အမွေအနှစ်တခု ဖြစ်သော ရာဇမဏိ စူဠာ ကောင်းမှုတော် စေတီကြီးသည် စစ်အစိုးရ လက်ထက်တွင် အဖျက်အဆီးခံ စေတီပုထိုး တဆူအဖြစ် ရောက်ရှိနေပြီ ဖြစ်ကြောင်း တိဗက်ခေါင်းဆောင်၊ ဘုန်းတော်ကြီး ဒလိုင်းလာမားက ပြောဆိုလိုက်သည်။

မြတ်စွာဘုရား၏ ကိုယ်စားတော် စေတီမြတ်ကြီးကို ရှိခိုးဦးခိုက်ပါကြောင်း၊ သို့သော် ခေတ်သစ် ရွှေဆေးဖြင့် မွမ်းမံလိုက်သောကြောင့် မူလ ရှေးဟောင်း လက်ရာများ ပျက်စီးသွားသဖြင့် လှည့်ကြည့်ချင်စိတ်ပင် မရှိတော့ကြောင်း၊ လွန်စွာလည်း စိတ်မကောင်း ဖြစ်ရကြောင်း ဒလိုင်းလာမားက ဆိုသည်။ ကောင်းမှုတော် စေတီကို လှည့်မကြည့်ဘဲ တိဗက်ဘုန်းတော်ကြီး ရှိခိုးနေသည့်ပုံကို မြန်မာ သတင်းဘလော့ တခုတွင် ဖော်ပြထားသည်။

ဓာတ်ပုံကို-ဒီမှာ-ရှုပါ

စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ တ၀န်းရှိ စေတီ ပုထိုးများကို ပြုပြင်ပြောင်းလဲမှု အများအပြား ပြုလုပ်ခဲ့ပြီး သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးကွယ်ပျောက်ခဲ့ကာ ဆိုးကျိုးများသာ ဖြစ်ပေါ်ခဲ့ရသည်။

ယဉ်ကျေးမှု အမွေအနှစ်များကို ဖျက်ဆီးသည့် သတင်း
ဒလိုင်းလာမားသတင်း

အင်းဝဘုရင် သာလွန်မင်း ဖြစ်သွားတဲ့ ရခိုင်ဘုရင်

တရားစောင့်သော ရခိုင်ဘုရင် မင်းထီး အကြောင်းကို တတိယတန်း မြန်မာသမိုင်းဖတ်စာထဲမှာ သင်ကြားခဲ့ကြဖူးပါတယ်။ နန်းတော်တိုင်မှာ ကွမ်းစားပြီး ထုံးတို့မိတဲ့ အတွက် မိမိထုတ်ပြန်ခဲ့တဲ့ ဥပဒေကို ကိုယ်တိုင် အတိအကျလိုက်နာပြီး မိမိလက်ညှိုးကို သန်လျက်နဲ့ ဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ပေါင်းများစွာ ကြာညောင်းလာတဲ့ အခါ အဲဒီ ရခိုင်ဘုရင်ဟာ အင်းဝမှာ နန်းစံတဲ့ သာလွန်မင်းတရားကြီး ဖြစ်သွားရပါတော့တယ်။


@သူရ

ဒီမှာ ဖတ်ပါလေ

Internet in Burma


Courtesy: MrFireLove1

မြန်မာနိုင်​ငံမှ ပထမဦးဆုံး တီတွင်ခဲ့ေ​သာ မြန်နှုန်းနိ​မ့် ကွန်နက်ရှင်

(Photo: Myanmar Times)

ရတနာပုံ တယ်လီပို့မှ တစ်ခါ Click လုပ်ပီးလျှင် သုံးနှစ် အိပ်လို့ရသော ကွန်နက်ရှင်တစ်မျိုးကို ဆန်းသစ်တီတွင်လိုက်ြပီဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အင်တာနက် ကွန်နက်ရှင်မှာ မည်သည့်နိုင်ငံတွင်မှ စတင်သုံးစွဲခြင်း မရှိသေးပဲ မြန်မာနိုင်ငံမှ ပထမဦးဆုံး တီတွင်ခဲ့သော မြန်နှုန်းနိမ့် ကွန်နက်ရှင်ဖြစ်သည်။

အဆိုပါ မြန်နှုန်းနိမ့် ကွန်နက်ရှင်ကို တီတွင်ခဲ့သော ရတနာပုံတယ်လီပို့မှ အိုင်တီ ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ မတောက်တခေါက်က ထုတ်ဖော်ပြောဆိုရာတွင် " ကျွန်တော်တို့ ဒီလို ဘယ်နိုင်ငံကမှ စတင်အသုံးပြုနိုင်သေးတဲ့ ကွန်နက်ရှင်ကို အသုံးပြုနိုင်တာ ဂုဏ်အရမ်းယူပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီလို ကွန်နက်ရှင်ကို ထုတ်လွှင့်နိုင်ဖို့ တော်တော်လေး အချိန်ကုန် ငွေကုန်ခံပြီး လူအပင်ပန်းခံ လုပ်ခဲ့ရပါတယ်။ ဒီကွန်နက်ရှင်ကြောင့် ဂင်းနစ်စံချိန်တောင် ချိုးဖျက်နိုင်လိမ့်မယ်လို့ယုံကြည့်ပါတယ်။ နောက်ပြီး အချိန်အတော်ကြာကြာ ဒီစံချိန်ကို ချိုးဖျက်နိုင်မယ့် နိုင်ငံပေါ်လာမယ်မထင်ပါဘူး" ဟုပြောကြားခဲ့သည်။

ဆက်လက်ပြီး အိုင်တီ ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ မတောက်တခေါက်က မြန်မာလူမျိုးများအတော် များများမှာ ဂျီတော့နှင့် ဖေ့ဘွတ်ခ်သာအသုံးပြုကြသဖြင့် အဆိုပါ နှစ်ခုသာ ၀င်နိုင်သော အင်တာနက် ကွန်ယက်တစ်ခု စီစဉ်ထားကြောင်း၊လက်ရှိ ဈေးကွက်စီးပွားရေးဈေးကွက်နှင့် အညီ Access has been denied၊ Network Error ၊ connection time out အစရှိသည့် စာမျက်နှာများတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို ကြော်ငြာထည့်သွင်းနိုင်ကြောင်း ထည့်သွင်းပြောဆိုသွားခဲ့သည်။



Thursday, March 10, 2011

မြန်မာနိုင်ငံမှ ဂြိုဟ်တု လွှတ်တင်တော့မည်

မြန်မာနိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းကဏ္ဍကို တိုးမြှင့်ရန် ဂြိုဟ်တု လွှတ်တင်ရေး ဗဟိုကော်မတီနှင့် အကောင်အထည်ဖော်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဖွဲ့ဝင် ၇ ဦးပါ အကောင်အထည်ဖော်ရေး ကော်မတီတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးက ဥက္ကဋ္ဌ၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးက အတွင်းရေးမှူးဖြစ်သည်။

ဗဟိုကော်မတီက ဂြိုဟ်တုများကို လေးဂွဖြင့် ပစ်လွှတ်ကာ အာကာသ အတွင်းသို့ လွှတ်တင်မည် ဖြစ်ကြောင်း သိရသည်။ သေးငယ်သော ဂြိုဟ်တုများကိုမူ သားရေပင်ဖြင့် ပစ်လွှတ်မည် ဖြစ်သည်။ မြန်မာနိုင်ငံ ဂြိုဟ်တု လွှတ်တင်ရေး ကော်မတီမှ ပစ်လွှတ်မည့် ဂြိုဟ်တုမှာ ကျွဲဂျိုနှင့်တူအောင် အတု ပြုလုပ်ထားသော ဂျိုတု ဖြစ်နေသည်ကို တွေ့ရသည်။ သားရေပင်ဖြင့် ပစ်လွှတ်နိုင်မည့် စက္ကူဖြင့် ပြုလုပ်ထားသော ဆိတ်ဂျိုနှင့် ပုံစံတူ ဂျိုတုများကိုလည်း စတင် ထုတ်လုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံမှ ဂြိုဟ်တု လွှတ်တင်မည့် လျှို့ဝှက် သတင်း တပုဒ်ကို နိုင်ငံတကာရှိ သတင်းဌာနများထဲတွင် ပို့စ်မော်ဒန် မြန်မာသတင်းဌာနဖြစ်သော BSN က ပထမဆုံး ရရှိခဲ့ကာ ၂၀၁၀ ဒီဇင်ဘာ ၂ ရက်နေ့က သတင်း ရေးသား

ဖော်ပြခဲ့သည်။ (ပြန်ဖတ်ရန်)

ဂျိုတု လွှတ်တင်ရန် အသင့်အနေအထားပုံ
(Photo: libraryireland)

သတင်း အပြည့်အစုံသို့

ငွေစက္ကူ အမျိုးအစားသစ်များ ထုတ်ဝေပြီ

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာကြီးများတွင် ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် ငွေစက္ကူ အမျိုးအစား သစ်များ ရိုက်နှိပ်ထုတ်ဝေ သုံးစွဲနေကြသည်။

အသစ်ရိုက်နှိပ်ထုတ်ဝေသည့် ငွေစက္ကူ အမျိုးအစား သစ်များမှာ ၅၀ ကျပ်တန်၊ ၁၀၀ ကျပ်တန်နှင့် ၂၀၀ ကျပ်တန် များ ဖြစ်သည်ဟု သိရသည်။

ငွေအကြွေပြန်အမ်းရာ၌ အဆင်ပြေစေရန် ငွေစက္ကူနှင့် တန်ဖိုးညီ စက္ကူကူပွန်များ ပြုလုပ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီတံဆိပ်ရိုက်ကာ ငွေစက္ကူအစား ပြန်အမ်းပေးခြင်းဖြစ်ကြောင်း လပြည့်ဝန်းပလာဇာမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ငွေအကြွေ ပြန်အမ်းတဲ့နေရာမှာ အဆင်ပြေအောင် ဆောင်ရွက်ပေးတာပါ။ ဈေးဝယ်စင်တာကြီးတွေ အားလုံးနီးပါး လုပ်လာကြပါပြီ”ဟု၎င်းက ဆိုသည်။

ထို့အပြင် အင်တာနက် ဆိုင်များတွင် ပြန်အမ်းရမည့်ငွေ အကြွေပမာဏအား စာရွက်တွင် ရေးပေး၍ Code နံပါတ်တစ်ခုပေးကာ ငွေစက္ကူအစား အမ်းလာကြကြောင်း သိရသည်။

“ညစ်ပတ်ပြီး၊ ဂျီးအထပ်ထပ်ပေရေ နံစော်နေတဲ့ ငွေစက္ကူတွေ သုံးရတာနဲ့ စာရင် အသစ်ထုတ်တဲ့ ကုမ္ပဏီ ငွေစက္ကူတွေ သုံးရတာကမှ အဆင်ပြေသေးတယ်။ ပြီးတော့ ငွေစက္ကူပေါ်မှာ ခွေးထိုင်သလို ထိုင်နေတဲ့ ကျက်သရေယုတ်တဲ့ တိရစ္ဆာန်ပုံတွေလဲ မမြင်ရတော့ဘူး။ စိတ်ချမ်းသာဖို့ ကောင်းတယ်။ ငွေစက္ကူ အစစ်လို့ ဆိုတဲ့ ငွေစက္ကူအမျိုးအစားဟောင်းတွေက အရမ်းညစ်ပတ်နေတော့ ကျန်းမာရေး ထိခိုက်နိုင်တယ်။ သုံးစွဲဖို့ မသင့်တော်ဘူး” ဟု ဈေးဝယ်သူ တဦးက ပြောပြသည်။


နယ်စပ်မြို့မှ ကိုယ်တိုင်ထုတ် ငွေစက္ကူအမျိုးအစားသစ် (Photo: Narinjara)

ထိုကဲ့သို့သော ငွေစက္ကူ အမျိုးအစားသစ် ကူပွန်များ၊ တိုကင်များကို မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မြို့တမြို့တွင် သုံးစွဲခဲ့ဖူးသည်။ သို့သော် ငွေစက္ကူနှင့် တန်ဖိုးညီကူပွန် ထုတ်ဝေသူက ကူပွန်များကို ငွေစက္ကူဖြင့် ပြန်မလဲ ပေးနိုင်မှုကြောင့် နောက်ဆက်တွဲ ပြသနာများ ကြုံတွေ့ခဲ့ဖူးသည်။

ငွေစက္ကူ အမျိုးအစားဟောင်းများ (Photo: Tun Tun၊ စာညွှန်း-BSN)

အပြည့်အစုံသို့

အသက် ၁၈ နှစ်အောက် မိန်းကလေးများကို ဥပဒေနှင့် အညီ စစ်တပ်ထဲမှာ ခန့်ထားနိုင်

’’ဥပေဒအရကတော့ အသက် ၁၈ နှစ်အောက် ယောကျာ်းလေး မှန်သမျှ မိမိဆန္ဒအလျောက်ဖြစ်ဖြစ်၊ အတင်းအကျပ်ပဲဖြစ်ဖြစ် စစ်တပ်ထဲမှာ ခန့်ထားမှု မပြုလုပ်ရပါဘူး’’ ဟု ရန်ကုန် ILO အရာရှိ Steve Marshall က ပြောဆိုလိုက်သည်။

၎င်း၏ ပြောဆိုချက်တွင် မိန်းကလေးများကို စစ်တပ်ထဲတွင် ခန့်ထားမှု မပြုရဟု မပါရှိသဖြင့် ၁၈ နှစ်အောက် မိန်းကလေးများ ထိတ်လန့်လျက် ရှိနေကြကြောင်း သတင်းရရှိသည်။ ဥပဒေအရ ယောက်ျားလေးများကိုသာ အတင်းအကျပ် စစ်မှုထမ်းခိုင်းခြင်းမျိုး မပြုနိုင်သဖြင့်၊ မိန်းကလေးများကို ဥပဒေနှင့် အညီ အတင်းအကျပ် စစ်တပ်ထဲ ထည့်သွင်းလာနိုင်ကြောင်း အကဲခတ် အချို့က သုံးသပ်နေကြသည်။


@N.Law

အပြည့်အစုံသို့

Wednesday, March 9, 2011

မြကျွန်းညိုညို ကျွဲခိုရာ တက္ကသိုလ်


မြကျွန်းညိုညို တက္ကသိုလ်မှာ
ကျွဲတွေ ကွန်းခိုနေပုံကို ရှုစားနိုင်ကြပါတယ်

(Source: Youtube/ MrFireLove1)

Tuesday, March 8, 2011

ရုရှားတွေ အကျင့်မကောင်းလို့ လေယာဉ်ပျက်ကျတာ ဖြစ်နိုင်ဟု ရုရှား သတင်းဌာနတခု ဖော်ပြ

မြန်မာ လေတပ်မှာ အသုံးပြုမယ့် ရုရှား-ယူကရိန်းလုပ် Antonov An-148-100E အမျိုးအစား လေယာဉ်တစီး စမ်းသပ်ပျံသန်းနေတုန်း မတ်လ ၅ ရက်နေ့က ပျက်ကျသွားခဲ့ပါတယ်။ လေယာဉ် ပျက်ကျတဲ့အထဲ မြန်မာ လေတပ်က လေယာဉ်မှူးနှစ်ဦး ပါဝင်သွားတာ အားလုံးသိကြပြီး ဖြစ်ပါတယ်။

ပျက်ကျသွားသည့် လေယာဉ်အား မပျက်ကျမီ သုံးရက် အလိုက တွေ့ရစဉ် (Photo: Alexey Filatov)
လေယာဉ်အမှတ်ကို မြင်နိုင်ရန် Click ကိုနှိပ်ပြီး ပုံကြီးချဲ့ကြည့်ပါ

ပျက်ကျသွားတဲ့ လေယာဉ်ကတော့ လေယာဉ် အမှတ် 61708 ဖြစ်ပါတယ်။ ဇန်န၀ါရီ ၃ ရက်နေ့ကမှ ပထမဆုံးအကြိမ် စတင် ပျံသန်းခဲ့တဲ့ အဲဒီ လေယာဉ်ဟာ သက်ဆိုးမရှည်ပဲ နှစ်လသား အရွယ်မှာ အနိစ္စရောက်သွားခဲ့ပါတယ်။

လေယာဉ် ပျက်ကျမှုဟာ အကျင့်ပျက် ရုရှားလူမျိုးတွေက လောင်စာဆီ အရောအနှောတွေကို အသုံးပြု မောင်းနှင်ခြင်းကြောင့်လဲ ဖြစ်နိုင်တယ်လို့ The Voice of Russia က သုံးသပ်ထားပါတယ်။ စီးပွားရေး အခြေအနေအရ ရုရှားတွေဟာ လောင်စာဆီ အစစ်ကို လေယာဉ်အတွက် မသုံးဘဲ၊ အရောအနှော လောင်စာဆီတွေကို ဈေးသက်သက်သာသာနဲ့ ၀ယ်ယူအသုံးပြုလေ့ ရှိကြောင်း၊ ပိုတဲ့ ပိုက်ဆံကို "ဘုံး" လေ့ "ဘတ်" လေ့ ရှိကြောင်း ရုရှား သတင်းရပ်ကွက်က ဆိုပါတယ်။


မြန်မာနိုင်ငံမှာ မော်တော်ကားတွေ အတွက် ဘရိတ်ဆီအစား မြန်မာ့နည်း မြန်မာ့ဟန် ဆပ်ပြာရည်ကို အသုံးပြုဖူးကြောင်း၊ ပိုမို တိုးတက် ခေတ်မီတဲ့ ရုရှားတွေကတော့ လေယာဉ်ဆီကိုပါ ရုရှားနည်း ရုရှားဟန်ဖြင့် အသုံးပြု မောင်းနှင်ကြတာကို တွေ့ရကြောင်း၊ ထို့ကြောင့် မြန်မာက ရုရှားကို ဆရာခေါ်နေရခြင်း ဖြစ်ကြောင်း ရုရှား-မြန်မာ ဆက်ဆံရေးကို အနီးကပ် လေ့လာနေသူများက သုံးသပ်ကြပါတယ်။

ပျက်ကျရတဲ့ အကြောင်းရင်းတွေထဲက တခုကို ဒီမှာတွေ့နိုင်ပါတယ်
Read in English

လေ့လာလိုသူများအတွက် အညွှန်း

စိတ်ကောက်တတ်သူကြီး

စိတ်ကောက်သူကြီး စိတ်ကောက်နေပုံ (ဓာတ်ပုံ-နေ့သစ်မှ)

ရန်ကုန်မြို့တော် ၀န်ဟောင်း ဦးအောင်သိန်းလင်းသည် မိန်းမများကဲ့သို့ စိတ်ကောက်တတ်သည်ဟု "နေ့သစ်" သတင်း တပုဒ်တွင် တွေ့ရသည်။

မင်္ဂလာပွဲ ခြောက်ပွဲကို စိန်စီကာ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့သော ရုပ်ရှင်မင်းသမီး အိန္ဒြာကျော်ဇင်၏ မင်္ဂလာပွဲသို့ တက်ရောက်မှုခဲ့မှုကြာင့် ဦးအောင်သိန်းလင်းတို့ ဇနီးမောင်နှံ နှစ်ဦး၊ နေပြည်တော် အတွင်းစည်း၏ အမျက်တော်ရှခြင်းကို ခံခဲ့ရသည်ဟုလည်း အဆိုပါ သတင်းက ဆိုသည်။

စိတ်ကောက်တတ်ခြင်းမှာ ချိတ်ထမီ ၀တ်သူများ အတွက် ထူးဆန်းသော အခြင်းအရာတခု ဟုတ်မည် မထင်ကြောင်း မြန်မာ့ အရေးအကဲခတ်များက သုံးသပ်ကြသည်။


အပြည့်အစုံသို့

Monday, March 7, 2011

စာမေးပွဲ အောင်မြင်စေမည့် ထူးဆန်းသော ဘောပင်များ အကြောင်း ဂျာနယ်တခုဖော်ပြ

ကျောင်းသူ ကျောင်းသားများ စာမေးပွဲ အောင်မြင်ရန် အထောက်အကူ ပြုသည့် ထူးဆန်းသော ဘောပင် နှစ်မျိုး အကြောင်းကို မတ်လ ၂ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ်က ရေးသား ဖော်ပြသည်။ ကျောင်းသူ ကျောင်းသားများ အနေဖြင့် စာမေးပွဲအတွက် ကြိုတင် ပြင်ဆင်ခြင်း၊ လေ့လာ ကျက်မှတ်ခြင်း၊ အမှတ်ပေး စည်းမျဉ်းနှင့် အညီ ဖြေဆိုခြင်းများ ပြုလုပ်ရန် လုံးဝ မလိုအပ်ဘဲ၊ အဆိုပါ ထူးဆန်းသော ဘောပင်များကိုသာ အသုံးပြုလိုက်ပါက စာမေးပွဲ ဖြေဆိုရာတွင် ရည်မှန်းချက် အလုံးစုံ ပြည့်စုံကြမည် ဖြစ်ကြောင်း ဂျာနယ်တွင် ရေးသားထားသည်။

၂၀၁၁ တက္ကသိုလ်ဝင် စာမေး ပွဲကြီးကို မကြာမီ ဖြေဆို ကြရတော့မည့် ကျောင်းသား ကျောင်းသူများ သတိ ပြုရမည့် အချက်များ ကို အကြံပေးထားသည့် တွေ့ဆုံ မေးမြန်းချက် တခုတွင် အဆိုပါ ထူးဆန်း ဘောပင်များ အကြောင်းကို တွေ့ရခြင်း ဖြစ်သည်။

(Myanmar Post; Page. 7)

"ဒီကာလမှာ စာမေးပွဲ ဖြေတဲ့သူ အားလုံးက ရည်မှန်းချက် အလုံးစုံ ပြည့်စုံဖို့ အဖြူရောင် နဲ့ အပြာနုရောင် ပါတဲ့ ဘောပင်ကို သုံးသင့် ပါတယ်။" ဟု ဂျာနယ်တွင် အထူး အကြံပေးထားသည်။ အကြံပေးသူမှာ အမှုဆောင် အရာရှိချုပ်ဟု သိရသည်။ အမှုဆောင်အရာရှိချုပ်၏ အကြံပေးချက်တွင် စာမေးပွဲ အတွက် လေ့လာ သင်ယူ ကျက်မှတ် ရမည့် အကြောင်းတရားများနှင့် စပ်လျဉ်း၍ တခွန်းတပါဒမျှ မပါရှိပေ။

အဖြူရောင်နှင့် အပြာနုရောင် ဘောပင်ကို အသုံးပြုပါက ရည်မှန်းချက် အလုံးစုံ ပြည်စုံမည်ဟု ဆိုထားသဖြင့်၊ ကျောင်းသားများ စာကျက်ရန် လုံးဝ မလိုအပ်ကြောင်း၊ အဆိုပါ ဘောပင်များ အသုံးပြုကာ ဖြေဆိုလိုက်ပါက စာမေးပွဲ မုချ အောင်မြင်မည် ဖြစ်ကြောင်း ဂျာနယ်တွင် ဖော်ပြချက် အရ သိရသည်။


အပြည့်အစုံသို့

Sunday, March 6, 2011

E Major ဖြင့်ကျောင်းပြီးပါက စင်ကာပူတွင် Marketing Assistant Manager ဖြစ်နိုင်ကြောင်း မေသန်းနု ပြောဆို

E Major ဖြင့်ကျောင်းပြီးထားပါက စင်ကာပူနိုင်ငံတွင် Marketing Assistant Manager ရာထူးဖြင့်အလုပ်လုပ်နိုင်ကြောင်း ဝါရင့် အနုပညာရှင်၊ အကယ်ဒမီများရှင် မေသန်းနုက ပြောဆိုလိုက်သည်။

ထပ်မံ၍ တက္ကသိုလ် ဘွဲ့ရများ အနေနှင့်လည်း စိတ်မလေစေရန် အလုပ်လုပ်နေသင့်ကြောင်း၊ ချစ်သူရည်းစားရှိသူများ အနေနှင့်လည်း စင်ကာပူနိုင်ငံတွင် ၃ နှစ်ခန့် အလုပ်လုပ်ပြီးမှာသာ အိမ်ထောင်ပြုရန် စဉ်းစားသင့်ကြောင်း ပြောဆိုသည်။

မိဘကို ပြောင်စပ်စပ်လုပ်သူများ အနေနှင့်လည်း ခေါင်းခေါက်ခံရမည် ဖြစ်ကြောင်း၊ ဆင်ခြင်သင့်ကြောင်း မိဘများကိုယ်စား ဆုံးမလိုက်သည်။



©ချစ်-G
Click Here to Watch (FB)

မြန်မာနိုင်ငံ မှ မီးသတ်ကားများ အကြောင်း

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ယခင်နှစ်များက နေအိမ်များ မတော်တဆ မီးလောင်ကျွမ်းမှု ဖြစ်ပွားခြင်းများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သို့သော် မီးသတ်ဌာနမှ မီးသတ်သမားများနှင့် မီးသတ်ကားတို့သည် မီးလောင်သည့် နေရာသို့ အချိန်မှီ လာရောက်ငြိမ်းသတ်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း မြို့ခံတို့က ဆိုသည်။ ယခုလည်း နွေရာသီ ရောက်ခါနီးပြီ ဖြစ်၍ ခါတိုင်းနှစ်များကဲ့သို့ မီးသတ်ဌာနမှ မီးသတိပြုရန် အသိပေးနိုးဆောင်မှုများ ပြုလုပ်နေကြသည်။

“နွေရာသီ ရောက်ပြီမို့ မီးသတိပြုဖို့တဲ့။ လွိုင်ကော် မီးသတ်ဌာနမှ မီးသတ်ကားတွေဟာ ဟောင်းနွမ်းနေပြီး ခေတ်နဲ့ မညီတော့ဘူး။ တကယ်လို့ မီးလောင်မှု ဖြစ်ခဲ့ရင် မတွေးဝံ့စရာပဲ။ ကားက နိုးလို့မှ မရတာ။ လက်ရှိ အခြေအနေမှာ ကြုံတွေ့နေရပါတယ်” ဟု လွိုင်ကော်မြို့မှ မီးသတ်ဌာနနှင့် နီးစပ်သူ တဦးက ပြောသည်။


မြန်မာနိုင်ငံမှ စပါယ်ရှယ် မီးသတ်ကားတစီး
(မြန်မာနိုင်ငံသားတဦး BSN သို့ ပေးပို့သည့်ဓာတ်ပုံဖြစ်ပါသည်)

မီးသတ်ဌာနမှ အသုံးပြုနေသော မီးသတ်ကားများသည် ဟောင်းနွမ်း၍ ကြာမြင့်နေကြပြီ ဖြစ်သော်လည်း ကားများ ပြုပြင်ထားခြင်း၊ ဆီများ ဖြည့်ထည့်ထားခြင်းတို့ကို အဆင်သင့် မလုပ်ထားပေးနိုင်ကြောင်း ၎င်းက ဆိုသည်။

လွိုင်ကော်မြို့မှ အမျိုးသမီးတစ်ဦးက “မီးလောင်ပြီဆိုရင် မီးသတ်ကားတွေက မမှီတာ များတယ်။ ဘယ်လိုဖြစ်လဲ မသိဘူး။ အဆင်သင့် မရှိတာရယ်။ အထက်အရာရှိတွေကို စောင့်ရခွင့် ပြုချက်တွေ စောင့်ရအုံးမှာပေါ့” ဟု ပြောပါသည်။

လွိုင်ကော်မြို့မှ မီးသတ်ကားများ ပုံမှန် လုပ်ငန်းလည်ပတ်ရန်နှင့် ယခုလို နွေရာသီ အချိန်မျိုး၌ လုပ်ငန်းများ အသင့်ပြင်ဆင်ထားနိုင်ရန် အထက်မှ တစ်လလျှင် ဆီ ၂၄ ဂါလံနှင့် ကားပြုပြင်ရန် အသုံးစရိတ်ငွေများ ပုံမှန် ထုတ်ထားသည်ကို မြို့နေဒေသခံတို့က သိရှိထားကြသည်။

သို့သော် မီးသတ်ဌာနနှင့် နီးစပ်သူက “ဒီမီးသတ်ကားတွေဟာ တစ်လဆို ဆီဂါလံ 21 ဂါလံ ရပေမယ့် ကားထဲ မရောက်ပဲ မြို့နယ်xxxxx (အရာရှိ)က အပြင်မှာ လတိုင်း ရောင်းစားနေတယ်။ ကားပြင်စရိတ်တွေကိုလည်း မြို့နယ်xxxxx က ကားတွေ မပြင်ပဲ ငွေပဲ ထုတ်စားနေတယ်” ဟု ပြောသွားပါသည်။


ကန္တာရ၀တီတိုင်းမ် မှ တိုက်ရိုက် ကူးယူ ဖော်ပြပါသည်။