Monday, October 31, 2011

ရန်ကုန်မြို့တော်၏ အကျယ်အ၀န်းကို တိုက်တစ်ခု အရွယ်အစားအထိ လျှော့ချ

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ကို ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက်၊ ယခု အစိုးရသစ် လက်ထက်တွင် စီးပွားရေး မြို့တော် ဖြစ်သည့် ရန်ကုန်မြို့တော် ၏ အကျယ်အ၀န်းကို အုတ်ဖြင့် တည်ဆောက်ထားသော ခန်းမကြီး တစ်ခု၏ အရွယ်အစားအထိ သေးငယ်အောင် လျှော့ချ လိုက်ကြောင်း သတင်းရရှိသည်။

တိုက်တာ အဆောက်အဦး တစ်ခု၏ အရွယ်အစား အထိ ဧရိယာ ပမာဏ လွန်စွာ သေးငယ်သွားခြင်းကြောင့်၊ ရန်ကုန်မြို့တော် တစ်ခုလုံးကို ရဲဦးရေ ၂၀၀ မျှဖြင့် အောင်မြင်စွာ ၀န်းရံ နိုင်ခဲ့ကြောင်း သတင်းတစ်ပုဒ်က ဆိုသည်။



ရန်ကုန် မြို့တော်၏ အရွယ်အစား လွန်စွာ သေးငယ်သွားခြင်းကြောင့် စိတ်ပျက်မသွားကြစေလိုကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၏ ရန်ကုန်မြို့တော်မှာ- လူဦးရေ ၈၀၀ ကျော် နေထိုင်သည့် ပုပ်ရဟန်းမင်းကြီး၏ ဗာတီကန် မြို့တော် နှင့် နှိုင်းယှဉ်ကာ ဂုဏ်ယူ ၀င့်ကြွားနိုင်ကြပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် သေးသေးလေး၏ မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။

Read More...

Monday, October 24, 2011

ပခုက္ကူ ရေကြီးမှု- ဒေါက်တာ စိုင်းမောက်ခမ်း ဆင်းရဲသားအသွင်ဖြင့် ကြည့်ရှု


ပခုက္ကူ ရေကြီးမှုကို မြန်မာ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း လာရောက် ကြည့်ရှုသည်။

ဆင်းရဲသား တစ်ဦးကဲ့သို့ နွမ်းပါးသည့် အ၀တ်အစားများ ၀တ်ဆင်ထားပြီး၊ ဦးထုပ် ဆောင်းထားကာ၊ လွယ်အိတ် အစုတ်ကြီး တစ်လုံး လွယ်ထားသည့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ဓာတ်ပုံကို သတင်းဌာန တစ်ခုက ဖော်ပြသည်။ ဓာတ်ပုံထဲတွင် ရေကြီးမှုကြောင့် ပြိုကျသွားသော တံတားကို ဒေါက်တာ စိုင်းမောက်ခမ်းက ခါးထောက် ကြည့်ရှုနေသည်ကို တွေ့ရသည်။ 

"ကျွန်တော်တို့ မြန်မာအစိုးရ ခေါင်းဆောင်တွေ ဝေဖန်ခံရတာ များနေပြီလေဗျာ။ နိုင်ငံတကာမှာတော့ သဘ၀ ဘေးဒဏ်တွေ ဖြစ်တိုင်း သူတို့ နိုင်ငံခေါင်းဆောင်တွေ ချက်ချင်းလာပြီး ကူညီတယ်။ ကျွန်တော်တို့ နိုင်ငံခေါင်းဆောင်တွေကတော့ဖြင့် ဘာမှ မလုပ်ကြဘူး.. အစရှိသဖြင့် ပေါ့။

ဒါပေမဲ့  သဘာဝ ဘေးဒဏ်သင့် ဒေသတွေကို လာရောက်တဲ့အခါ အဲဒီ နိုင်ငံခြား ခေါင်းဆောင်ကြီးတွေက အ၀တ်အစား အသစ်တွေ
ဝတ်ပြီးတော့ လာရောက်ကြတာဗျ။ ဒါ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဆင်းရဲ ဒုက္ခရောက် နေသူတွေဆီကို အဲသလို အ၀တ်အစား အသစ်တွေ ၀တ်ဆင်ပြီး လုံးဝ မသွားသင့်ပါဘူး။ အဲသလို သွားရောက်တဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ ကျွန်တော့်ကို အတုယူကြပါလို့ ပြောလိုပါတယ်။ ဆင်းရဲ ဒုက္ခရောက်နေသူတွေနဲ့ တွေ့ဆုံဖို့ သွားတဲ့အခါ ဆင်းရဲသား တွေ ၀တ်စားဆင်ယင် သလိုမျိုး
ဝတ်ဆင်ပြီးတော့ သွားရောက်ကြဖို့ နိုင်ငံတကာ ခေါင်းဆောင် တွေကို ကျွန်တော် တိုက်တွန်းပါတယ်။ ဒါမှသာ ပြည်သူနဲ့ တသားတည်း ဖြစ်မှာ ပေါ့ဗျာ" ဟု ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောဆိုသွားသည်။-

@ZM0-MT-TV

Read More ...

(လူအသေအပျောက် များခြင်းအတွက် BSN မှ စိတ်မကောင်း ဖြစ်မိပါကြောင်းနှင့် သေဆုံးသူများအတွက် ၀မ်းနည်း ကြေကွဲပါကြောင်း မှတ်တမ်းတင်ပါသည်)

နိုဗဲလ် ငြိမ်းချမ်းရေးဆုရ လူသားကင် ရောင်းချသူ

လူသားကင်ရောင်းသည့် "မာတင်" ကို မျက်လှည့်ဆရာ ၀တ်စုံဖြင့် တွေ့ရပုံ  (ဓာတ်ပုံ-wikipedia)

အမေရိကန် နိုင်ငံသား မာတင် ဆိုတဲ့ လူမည်း တစ်ဦးဟာ ငယ်စဉ်က လမ်းဘေးမှာ တွန်းလှည်းလေး တွန်းပြီးတော့ လူသားကင် တွေ လှည့်လည် ရောင်းချခဲ့ပြီး၊ မျက်လှည့် ပြခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့်မို့ သူ့ကို "မာတင် လူသားကင်" လို့ လူသိများလာပါတယ်။

လူသားကင် တွေ ရောင်းချတဲ့အတွက် ၁၉၆၄ မှာ သူ့ကို နိုဗဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့ပါတယ်။ ဒါပေမဲ့ မျက်လှည့် ပြခြင်းအတွက်တော့ သူ့ကို ဘာဆုမှ မချီးမြှင့် ခဲ့ကြပါဘူး (လူသားကင် အကြောင်း)။



Read More ...

Sunday, October 23, 2011

ဦးဟန်ညောင်ဝေ လိင်ပြောင်းလဲပြီး ရုပ်ရှင်မင်းသမီး လုပ်တော့မည်

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ (NCGUB) ၏ အကြံပေး အဖြစ် တာဝန်ယူခဲ့ပြီး၊ လက်ရှိ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ယာယီ ဦးဆောင် ညွှန်ကြားရေးမှူး တာဝန်ယူထားသူ ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံ အတွင်းသို့ လေကြောင်း ခရီးဖြင့် ပြန်လည် ၀င်ရောက် လာကြောင်း သိရသည်။

ထိုကဲ့သို့ မြန်မာပြည်အတွင်းသို့ လာရောက်ရာတွင် ဦးဟန်ညောင်ဝေသည် လိင်ပြောင်းလဲ ခွဲစိတ်ပြီးမှသာ ကိုးရီးယား ရုပ်ရှင်မင်းသမီး တစ်ဦး အသွင်ဖြင့် ရန်ကုန်လေဆိပ်သို့ ၀င်ရောက်ခြင်း ဖြစ်ကြောင်း၊ (၂၀၁၁၊ အောက်တိုဘာ ၂၄-၃၀) ရက်စွဲဖြင့် ထုတ်ဝေသော ပြည်တွင်း ဂျာနယ်တစ်ခုက ဓာတ်ပုံနှင့် တကွ ရေးသားဖော်ပြသည်။

"ဦးဟန်ညောင်ဝေ မြန်မာပြည် ပြန်လာသည့် သတင်း" နှင့် "ဓာတ်ပုံ"

မြန်မာအစိုးရကို ဆန့်ကျင်သည့် အလုပ်မှန်သမျှ တစ်ခုမှ လုပ်ဆောင် တော့မှာ မဟုတ်ကြောင်း၊ မြန်မာ့နိုင်ငံရေး ကိစ္စ၊ တိုင်းရင်းသား အရေးကိစ္စ၊ တိုင်းရင်းသား မဟုတ်သူများ အရေးကိစ္စ၊ လူ့အခွင့်အရေး ကိစ္စ၊ ကိုယ့်အခွင့်အရေး ကိစ္စ၊ အစရှိသဖြင့် ကိစ္စ အ၀၀ကို လုံးဝ လုပ်ဆောင် တော့မှာ မဟုတ်ကြောင်း၊ လိင်ပြောင်းလဲ ခွဲစိတ်ပြီးနောက် ရုပ်ရှင်မင်းသမီး တစ်ဦး အဖြစ်သာ ဘ၀ ရပ်တည်တော့မှာ ဖြစ်ကြောင်း ရုပ်ရှင် သရုပ်ဆောင် ဟန်ညောင်ဝေ က BSN သို့ ပြောသည်။

"မြန်မာပြည်သူ ပြည်သားတွေ အတွက် ဟန်ညောင်ဝေ ပြန်လာတာပါ။ ပြည်သူကို အနုပညာနဲ့ အလုပ်အကျွေးပြုသွားမှာ ဖြစ်ပါတယ်။ ကိုးရီးယား မင်းသမီးလေး ဟန်ညောင်ဝေ သရုပ်ဆောင်ထားတဲ့ ရုပ်သံ ဇာတ်လမ်းတွဲတွေကို မြန်မာ့အသံနဲ့ မြ၀တီက စောင့်မျှော် ကြည့်ရှုကြပါလို့ ပြောချင်ပါတယ်" ဟု မင်းသမီးချောလေး ဟန်ညောင်ဝေက ပြောဆိုသွားခဲ့သည်။

လက်တို့သူ- ပရလောကသားတစ်ဦး


ဂျာနယ်တွင် အသေးစိတ် ဖတ်ရှုရန် ...

Saturday, October 22, 2011

ပြောင်းလဲနေသော မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၏ အကျိုးရလဒ် (သို့မဟုတ်) ခဏလေး အောင့်ထားလိုက်ပါ။ ခဏလေးပါ။ ခဏကြီး မဟုတ်ပါဘူး

(ဓာတ်ပုံ-နှစ်ဖက်ချွန်၊ ပရလောကသတင်းဌာန)

ပရလောကသတင်းဌာန ။      ။ ပြောင်းလဲနေသော မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များ၏ အကျိုးရလဒ်အဖြစ် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံ၊ ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းထောင့်တွင် အများပြည်သူသုံး အိမ်သာတစ်လုံး မကြာမီတွင် ပေါ်ထွက်လာဖွယ်ရှိကြောင်း ပရလောက သတင်းဌာန၏ ပြည်တွင်း သတင်းထောက် နှစ်ဖက်ချွန်ထံမှ ကြားသိရသည်။

သဘာ၀၀န်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ဖွဲ့မှ လှုပ်ရှားသူ တစ်ဦးကမူ “အများပြည်သူသုံး အိမ်သာမှာ သုံးစွဲမယ့်ရေကို ဘယ်ကနေ ယူထားသလဲ၊ ဂျိုးဖြူရေကို သုံးမှာလား၊ ပန်းလှိုင်မြစ်ရေကို သုံးမှာလားဆိုတာ နောက်ပြီးတော့ သုံးစွဲမယ့် ရေရဲ့ သန့်စင်မှု ပြဒါးပါဝင်မှု စတာတွေကို ကျွန်တော်တို့ အသေးစိတ် လေ့လာနေပါတယ်။ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ရေကို သုံးစွဲမယ်ဆိုရင်တော့ ကျွန်တော်တို့ ကန့်ကွက်သွားမှာ ဖြစ်ပါတယ်။ သန့်စင်တဲ့ ဧရာဝတီမြစ်ရေကို သန့်စင်ခန်းမှာ သုံးမှာကို ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး။ ဧရာဝတီအတွက် သွေးစည်းရမယ်” ဟု ပြောကြားသည်။

ပြည်တွင်း စာနယ်ဇင်းတစ်စောင်၏ အယ်ဒီတာချုပ် ဦးမျောက်သိုးက “ဒါ ပြောင်းလဲ တိုးတက်လာတဲ့ သဘောကို ဆောင်နေတာပါ။ သမ္မတကြီးရဲ့ သဘောထား အမှန်ကို ထုတ်ဖော် ပြသလိုက်တာပါပဲ။ ဒီ အများပြည်သူသုံး အိမ်သာမှာ အမြင် မတူသူတွေ အတူတကွ တက်ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ဖို့ နည်းလမ်းကောင်းတွေ ရှာဖွေနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ နောက်ထပ် အများပြည်သူသုံး အိမ်သာတွေ တည်ဆောက်နိုင်ဖို့ ကျွန်တော့် စတုတ္ထမဏ္ဍိုင် စာနယ်ဇင်းသမားတွေ အစဉ်တစိုက် တိုက်တွန်းသွားပါမယ်။ ဒီ အများပြည်သူသုံး အိမ်သာ စီမံကိန်း အကောင်အထည်ပေါ်လာတဲ့အတွက် သမ္မတကြီးကို အထူးပဲ ကျေးဇူးပါတယ်။” ဟု ပြောကြားလိုက်သည်။

လွှတ်တော်အမတ်တစ်ဦးကမူ “ဒီ အိမ်သာတွေကနေ ကောက်ခံရရှိမယ့် ငွေကြေးကို ဘယ်လို အသုံးပြုသင့်တယ် ဆိုတာကို လွှတ်တော်ထဲမှာ အဆိုတင်သွင်းပါမယ်။ အများပြည်သူသုံး အိမ်သာသုံးစွဲခ ဥပဒေမူကြမ်းကို ကျွန်တော်နဲ့ ဥပဒေ ပညာရှင်တွေနဲ့ ပူးပေါင်း တိုင်ပင်ပြီး ရေးဆွဲနေပါတယ်။ အိမ်သာတွေက ကောက်ခံရရှိမယ့် အခွန်ကို တိုင်းဒေသကြီး အတွင်းမှာပဲ သုံးစွဲဖို့ ကျွန်တော် အဆိုပြုပါမယ်” ဟု အလေးအနက် ပြောကြားလိုက်သည်။

အထက်ဖော်ပြပါ အများပြည်သူသုံးအိမ်သာကို မည်သည့် အချိန်တွင် ဖွင့်လှစ်သွားမည်ကို မသိရှိရသေးပေ။ စာနယ်ဇင်း ဘိုးအေကြီးတစ်ဦးက “ခဏလေး အောင့်ထားလိုက်ပါ။ ခဏလေးပါ။ ခဏကြီး မဟုတ်ပါဘူး။ မကြာခင်မှာ ပြည်သူတွေ အောင့်အီးထားရသမျှ လွတ်လွတ်လပ်လပ် သန့်သန့်ရှင်းရှင်းနဲ့ စိတ်ရှိလက်ရှိ တက်ခွင့်ရပါတော့မယ်” ဟု ချွေးသိပ်စကား မြွက်ကြားသည်။

ပရလောကသတင်းဌာန

Friday, October 21, 2011

သက္ကရာဇ် ၃၀၁၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အကောင်းဆုံးဆု ရနိုင်မည်ဟု ထုတ်ပြန်ကြေညာ

မောက္ခ ပညာရေး မဂ္ဂဇင်းမှ သုတေသီတစ်ဦး၏ ရေးသားချက်ကို တိုက်ရိုက်ကူးယူ ဖော်ပြပါသည်။

Read More ...

Wednesday, October 19, 2011

မုန်တိုင်း သတိပြုကြပါ

(MCCW- U Tun Lwin's Website)

ဦးထွန်းလွင်ရဲ့ Myanmar Climate Change Watch ၀က်ဆိုက်မှာ ဖော်ပြထားချက်အရ မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ယမန်နှစ်က ဆင်ဖြူတော်ကို ပူဇော်တဲ့ ပွဲသဘင် ဆင်ယင်ကျင်းပပြီးလို့ တစ်ပတ်အကြာမှာ ဂီရိ မုန်တိုင်း တိုက်ခတ်ခဲ့ပြီး၊ ယခုနှစ်မှာလည်း ဆင်ဖြူအသစ် တစ်ကောင် တွေ့ရှိပြီးလို့ ရက်ပိုင်းအကြာမှာ အခုလို မုန်တိုင်း ဖြစ်ပေါ်လာတာကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိရပါတယ်။ ကျမ်းဂန် မှတ်တမ်းတွေအရ ဆင်ဖြူတော်တွေ့ရင် ရတနာ ရွှေမိုးငွေမိုး ရွာသွန်းတယ်လို့ မှတ်သားရပေမဲ့ မြန်မာနိုင်ငံမှာတော့ ဆင်ဖြူတော်တွေ့တိုင်း အခုလို မုန်တိုင်းဘေးဒဏ် ဖြစ်ပေါ်လာရတာဟာ တိုင်းပြည်အုပ်ချုပ်တဲ့ ဆင်ဖြူသခင်များ၊ မှူးကြီးမတ်ရာ၊ သေနာပတိများ၊ အမတ်မင်းများ ရဲ့ သီလ သမာဓိနဲ့များ ဆက်စပ် နေသလားလို့ တွေးထင်ရပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာပြည်သူများ အနေနဲ့ မုန်တိုင်း အန္တရာယ် သတိရှိကြဖို့ ပန်ကြားလိုက်ရပါတယ်။


Storm News Alert ....

Tuesday, October 18, 2011

အယ်ဒီတာ တစ်ဦး၏ ပါးစပ်အတွင်းမှ လူပေါင်း ၄ သိန်းကျော် ၅ သိန်း ထူးဆန်းစွာ မွေးဖွား

မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၂ သောင်း ၈ ထောင်ကို ပြန်ခေါ်ဖို့ သဘောတူတဲ့အကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့ စနေနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက သတင်းထောက်တွေကို ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုချက်တွေကို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ သတင်းဌာန အသီးသီးက အခုလို ရေးသားဖော်ပြကြပါတယ်။


Zee News (India) (Read Here) 

UNB Connect (Bangladesh) (Read Here)

Daily Star (Bangladesh) (Read Here)

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်က အခုပြန်ခေါ်မယ့် ဒုက္ခသည် ၂ သောင်း ၈ ထောင်အပြင် မှတ်ပုံတင်မထားတဲ့ ဒုက္ခသည် a huge number, a large number ရှိနေသေးတယ်လို့ စနေနေ့က သတင်းစာရှင်းလင်းရာမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်က ဒီလို a huge number, a large number လို့ ပြောခဲ့ပေမဲ့၊ နိုင်ငံခြားရေး အတွင်းဝန်ပြောဆိုတဲ့ ဒီအကြောင်းကို ပြန်လည်ဖော်ပြတဲ့ ဗွီအိုအေ (မြန်မာပိုင်း) သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ မြန်မာက ဒုက္ခသည် ၂ သောင်း ၈ ထောင် လက်ခံပြီးသည့် တိုင်အောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှာ ရိုဟင်ဂျာ ဒုက္ခသည် ပေါင်း ၄ သိန်းကျော်နဲ့ ၅ သိန်းအတွင်း ရှိနေသေး တယ်လို့ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။



VOA (Burmese) (Read Here)

ဒီတော့ "ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်ရဲ့ မူရင်း ပြောဆိုချက်ထဲမှာ မပါဝင်တဲ့ ဒီ ဒုက္ခသည် လူဦးရေ ၄ သိန်းကျော် ၅ သိန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ကျန်ရှိနေသေးတယ်။ သူတို့ကို မြန်မာပြည်ထဲ ခေါ်သွားနိုင်အောင် ကြိုးစားမယ်" ဆိုတဲ့ ဗွီအိုအေ သတင်းဖော်ပြချက်နဲ့ ပတ်သက်လို့ သတင်းတင်ပြသူ မသိင်္ဂီထိုက်ကို BSN က တယ်လီပသီနဲ့ ဆက်သွယ် မေးမြန်းထားရာမှာ
မသိင်္ဂီထိုက်က အခုလို ပြန်ဖြေပါတယ်။

"ဒါက ကုလားတန် သတင်းဂျာနယ်ရဲ့ ရိုဟင်ဂျာ အယ်ဒီတာ ဦးတင်စိုးက သူ့ပါးစပ်ထဲ ရှိတာကို ပြောသွားတာပါရှင့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာပြည်ထဲကို ထပ်သွင်းဖို့ ရိုဟင်ဂျာ ဒုက္ခသည် ၄ သိန်းကျော် ၅ သိန်းကို သူ့ပါးစပ်ထဲကနေ အင်တာဗျူးနေစဉ် အတွင်း သူထင်သလို ချက်ချင်း မွေးဖွားလိုက်တာ ဖြစ်တာတယ်။ မူရင်း သတင်းတွေနဲ့ ဘင်္ဂလားဒေ့ရှ် အတွင်းဝန်ရဲ့ မူရင်း ပြောဆိုချက်တွေထဲမှာ မတွေ့ရပါဘူး။ သူ့ပါးစပ်ထဲက အရှင်မွေး မွေးဖွားလိုက်တာပဲ။ သူဟာ အလွန် တန်ခိုးကြီးလွန်းတဲ့ အတွက် အခုလို လူဦးရေ သိန်းနဲ့ ချီပြီးတော့ ပါးစပ်ပေါက်ထဲက မွေးဖွားပေးနိုင်တာပေါ့ရှင်။ ဒီလို တန်ခိုးကြီးလှတဲ့လူရဲ့ ပြောစကားကိုလဲ ကျွန်မတို့က မဖယ်ရှားရဲဘူးလေ။ ဒီတော့ သူပြောတဲ့ အတိုင်း ဖော်ပြပေးတာပါ။ အဲ... သူဖြေသွားတဲ့ ကိစ္စကတော့ ကျွန်မတို့နဲ့ လုံးဝ မဆိုင်ပါဘူးရှင့်" လို့ ဖြေကြားသွားခဲ့ပါတယ်။


ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် Daily Star သတင်းထဲမှာတော့ အခု ခေါ်ယူမယ့် ဒုက္ခသည် ၂ သိန်း ၈ သောင်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရိုဟင်ဂျာ ဒုက္ခသည် ၃ သိန်း ကျော် ကျန်ရှိနေသေးတယ်လို့ အခုလို ရေးထားပါတယ်။

Daily Star

ဒါပေမဲ့လဲ ဘင်္ဂလားဒေ့ရှ် Daily Star သတင်းဌာနရဲ့ ရေးသားချက်ဟာ ရှေ့နောက် မညီ ဖြစ်နေတာကို တွေ့ရှိရပါတယ်။ Daily Star သတင်းဌာနကိုယ်တိုင်က အဲဒီ စာမျက်နှာမှာပဲ ၁၉၉၂ တုန်းက ရိုဟင်ဂျာ ဒုက္ခသည် ၂ သိန်း ၅ သောင်း ခန့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး ရောက်ရှိခဲ့တယ်လို့ ရေးခဲ့တာပါ။

Daily Star

တရားဝင် စာရင်းဇယားများအရ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၂ သိန်း ၅ သောင်းထဲကနေပြီးတော့ လူဦးရေ ၂၃၆၄၉၅ ဦးကို ၁၉၉၂ ကနေ ၂၀၀၅ ခုနှစ်အတွင်း မြန်မာပြည်သို့ ပြန်ခေါ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

၈-၂-၂၀၀၉ ထုတ် ကြေးမုံ သတင်းစာ (Read Here)

ဒီတော့ (၂ သိန်း ၅ သောင်းက ၂၃၆၄၉၅ ကိုနှုတ်ရင်)၂၀၀၅ နောက်ပိုင်းမှာ ဒုက္ခသည် ၁၃၅၀၅ (တစ်သောင်း သုံးထောင် ငါးရာ့ ငါးဦး)ပဲ ဘင်္ဂလားဒေ့ရှ်မှာ ကျန်ရှိတာကို တွေ့ရပါတယ်။ အဲဒီ ဒုက္ခသည် တစ်သောင်း သုံးထောင်ကျော်ကနေ (၂၀၀၅ ခုနှစ်မှ ၂၀၁၁ အထိ ၆ နှစ်တာ ကာလ အတွင်း) လူဦးရေ ၃ သိန်း အထိ တိုးပွားသွားတယ် ဆိုတာကလဲ အလွန်တရာမှ ထူးခြား ဆန်းကြယ်လှတဲ့ ကမ္ဘာ့ အံ့ဖွယ်တစ်ပါး ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Daily Star သတင်းဌာကို ဆက်သွယ် မေးမြန်းကြည့်တော့ အခုလို ဖြေကြားပါတယ်။

"ခြောက်နှစ် အတွင်းမှာ ဒုက္ခသည် ၁ သောင်း သုံးထောင်ကနေ သုံးသိန်းအထိ တိုးပွားလာတယ် ဆိုတာ မှန်ပါတယ် ခင်ဗျ။ သူတို့က ကလေး တစ်ခါမွေးရင် ဆယ်မြွှာပူး၊ ဆယ့်ငါးမြွာပူး မဟုတ်ပါဘူး။ မိန်းမ တစ်ယောက်ကနေ ၄၀ မြွှာပူး၊ ၅၀ မြွာပူး၊ ၆၀ မြွာပူး မွေးပါတယ် ခင်ဗျ။ အဲဒါကြောင့် အခုလို သုံးသိန်းအထိ တိုးပွားလာတာ ဖြစ်ပါတယ် ခင်ဗျ။ ကျွန်တော်တို့ ပြောတာ အမှန်တွေပါ ခင်ဗျ။ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနကို စိတ်ချ ယုံကြည် ကြပါခင်ဗျ" လို့ ဖြေကြားသွားပါတယ်။

ဗွီအိုအေ သတင်းမှာ ဖော်ပြတဲ့ ကုလားတန် သတင်းဂျာနယ် အယ်ဒီတာရဲ့ ပြောဆိုချက်ဖြစ်တဲ့ ဒုက္ခသည်ဦးရေ ၄ သိန်းကျော် ၅ သိန်းအထိ တိုးပွားမှုနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာတော့-

"အော- အဲဒါက ပိုပြီးတော့ မှန်နိုင်ပါတယ် ခင်ဗျ။ ၁၀၀ မြွာပူး၊ ၁၀၀၀ မြွာပူး မွေးတာ ဖြစ်လိမ့်မယ်။ ဟုတ်ပါတယ်ခင်ဗျ။ သူတို့ပြောတာက ပိုပြီး တိကျ ခိုင်မာပါတယ် ခင်ဗျ" လို့ ဘင်္ဂလားဒေ့ရှ် Daily Star သတင်းဌာနကြီးက ဖြေကြားသွားခဲ့ပါတယ် ခင်ဗျာ။

Monday, October 17, 2011

ဆင်ဖြူအသစ် ထပ်မံတွေ့သဖြင့် မြန်မာအစိုးရ စိတ်ညစ်နေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မေယူတောင်တွင် နောက်ထပ် ဆင်ဖြူတော် တစ်ကောင်ကို တွေ့ရှိကြောင်း သတင်း ရရှိသည်။

အဆိုပါ ဆင်ဖြူအား အောက်တိုဘာလ ၁၁ ရက်နေ့ မနက် ၉ နာရီခန့်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် လောင်းဒုံ စေတီပြင်ကျေးရွာ အရှေ့ ဘက် ၁ မိုင်ခန့် အကွာရှိ တောတွင်း တစ်နေရာတွင် ဆင်မကြီးနှစ်ကောင် ဘေးမှ ခြံရံလျက် တွေ့ရှိကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

"ခန်းမှန်းခြေအရ ဆင်ဖြူဟာ အရပ် ၅ ပေ ၅ လက်မရှိမယ်တင်ပါတယ်။ ဆင်က သိပ်မကြီးသေးပါဘူး။ တွေ့တဲ့အချိန်မှာ ဆင်ကြီးနှစ်ကောင်နဲ့ ခြံရံပြီး အစာစားနေတဲ့အချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်" ဟု ပြောသည် (Click Here)။

အဆိုပါ ဆင်ဖြူမှာ ရခိုင်ပြည်နယ်အတွင်း ၂၀၁၀ နိုဝင်ဘာ ၂၂ ရက်နေ့က တွေ့ရှိခဲ့သော ဆင်ဖြူတော် ဖြစ်ပြီး ထိုအချိန်က ဘင်္ဂလားဒေ့ရှ်ပိုင်နက် အတွင်းသို့ မောင်းထုတ်ခဲ့ကြောင်း သိရကာ၊ ယခုတဖန် မြန်မာပြည်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်ဘက်မှ ထပ်မံ ပို့လွှတ်ခြင်း ဖြစ်ကြောင်း သိရသည်။ (သတင်းဟောင်း ပြန်ဖတ်ရန်)။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မိုးဦးနှင့် မိုးနှောင်းကာလများတွင် မုန်တိုင်းဝင်ရောက်ခြင်းမှ ရှောင်လွှဲရန်အတွက် ယတြာ ဆင်ဖြူများကို ဖန်တီးပြီး မြန်မာပြည်အတွင်းသို့ ပို့ဆောင်လေ့ ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှ ယတြာဆင်ဖြူများကို လက်ခံရရှိသည်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား တိုက်ခတ်မည့် မုန်တိုင်းများ မြန်မာနိုင်ငံအတွင်း သို့ ၀င်ရောက်လေ့ ရှိကြောင်း သတင်းမှတ်တမ်းများ အရ သိရသည်။ ယမန်နှစ်က ဆင်ဖြူတော် ရှိခိုးပွဲ ကျင်းပပြီး တစ်ပတ်အကြာတွင် မြန်မာ့ အနောက်ဖက် ကမ်းရိုးတန်းဒေသ၌ ဂီရိ မုန်တိုင်း တိုက်ခတ်ခဲ့ဖူးသည်။

ယခု ဘင်္ဂလားဒေ့ရှ်မှ ထပ်မံ ပို့လွှတ်လိုက်သည့် ဆင်ဖြူမှာ မြန်မာပြည်အတွင်းသို့ မုန်တိုင်းဝင်ရောက် စေရန် ရည်ရွယ်ပို့လွှတ်သည့် ယတြာ ဆင်ဖြူ ဖြစ်နိုင်သကဲ့သို့၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားနေသည့် ကိစ္စ၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ရေပြင်ပိုင်နက် ပိုမိုရရှိစေရန် ယတြာစီမံခြင်းလည်း ဖြစ်နိုင်ကြောင်း ဝေဒရေးရာ ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိပြီး၊ အဆိုပါ ဆင်ဖြူကြောင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ပြသနာများကြောင့် မြန်မာအစိုးရ စိတ်ညစ်လျက် ရှိကြောင်း သိရသည်။



ထိုနည်းတူ အဆိုပါ ဘင်္ဂလားဒေ့ရှ် ယတြာ ဆင်ဖြူများအား ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လှ သွားရောက် ဖူးမြှော်ခဲ့ပြီးနောက် များမကြာမီ အချိန်အတွင်း ထိုင်းနိုင်ငံတွင် အလွန်ဆိုးရွားသည့် ရေကြီးမှု ဘေးဒဏ်များ ဖြစ်ပေါ်လျက် ရှိသည်။


၂၀၁၀ နိုဝင်ဘာ ၂၂ ရက် ယခင် BSN သတင်း

ဆင်ဖြူတွေ့သော်လည်း မဖမ်းဆီးရန် ညွှန်ကြားထား

ပြီးခဲ့သော ဂျွန်လ ၂၆ ရက်နေ့နှင့် စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့သည် ဆင်ဖြူနှစ်ကောင်မှာ ဘင်္ဂလားဒေ့ရှ့် နိုင်ငံမှ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ၏ အစီအမံဖြင့်၊ ဝေဒပညာရှင်များက ယတြာ အင်းအိုင်များဖန်တီးပြီး အကွက်ချ လျှို့ဝှက် စေလွှတ်လိုက်သည့် ဘင်္ဂလား ဆင်များ ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့မှ ဝေဒပညာရှင် ဒေါက်တာ ဒေါက်တာ ကုမာရဆွာမိ (PhD & PhD in Astrology, India) က ထုတ်ဖော် ပြောဆိုလိုက် ကြောင်း ပြောဌာန်အာဠော သတင်းစာ က ရေးသားဖော်ပြ သည်။

အဆိုပါ တရားဝင် ထုတ်ဖော် ပြောဆိုချက်မှာ နောက်ဆုံးရရှိခဲ့သည့် ဆင်ဖြူနှစ်ကောင်အား ဘင်္ဂလားဒေ့ရှ် ခရီးသွား ဧည့်သည်နှစ်ဦးမှ နေပြည်တော်တွင် လွန်ခဲ့သော နှစ်ရက်က တွေ့ရှိပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။


ရှိတ်ဟာဆီနာ

BSN မှ စုံစမ်း ရရှိသော သတင်းများအရ ဘင်္ဂလား ခရီးသွား နှစ်ယောက် ဆင်ဖြူဆို၍ ၀င်ကြည့်ကြရာ ၄င်း ဆင်ဖြူကို မြင်သည်နှင့် တဟားဟားပင်ရယ်ကြကြောင်း၊ ထိုအခါ မြန်မာအာဏာပိုင်များက မြင်သွားကြပြီး ရယ်ရသော အကြောင်းရင်းကို မေးမြန်းရာ ဆင်ဖြူကို အင်းအိုင်မန္တရားများကို ကုမာရဆွာမိ၏ အစီအမံအတိုင်း ဆင်သို တွင် ရေးသား စီရင်ခဲ့သူမှာ ၄င်းတို့ပင် ဖြစ်သည်ဟု ပြောဆိုကြောင်း၊ မြန်မာတာဝန်ရှိသူ တို့က မယုံဘူးဆိုနေကြသဖြင့် ၄င်းတို့ နှစ်ယောက်က လက်တချောင်းထောင်ပြလိုက်ရာ ဆင်ဖြူသည် ၀မ်းသာအားရ တဗျောင်းဗျောင်းကခုန်ကြောင်း၊ လက်နှစ်ချောင်းထောင်လိုက်သည်နှင့် ဆင်ဖြူသည် ရှုံးပွဲချ ငိုကြွေးကြောင်း၊ သိရှိရသည်။

အဆိုပါ ဘင်္ဂလား နှစ်ယောက်က ဆင်ဖြူများကို ယတြာအင်းအိုင်များ စီရင်ပြီး မြန်မာပြည်သို့ ပို့လွှတ်ရခြင်းမှာ နှစ်စဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို မုန်တိုင်းများ တိုက်သဖြင့် လူပေါင်းများစွာ သေဆုံးခြင်း အန္တရာယ်မှ ကာကွယ်ရန် ဖြစ်ကြောင်း၊ ယခုလည်း ဘင်္ဂလားဒေ့ရှ်ကို မုန်တိုင်းတိုက်မည်ကို သိသဖြင့် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ မုန်တိုင်းဒဏ်မှ လွတ်ကင်းရေး စီမံချက်၏ တစိတ်တဒေသအဖြစ် ဆောင်ရွက်မှု ဖြစ်ကြောင်း ဆက်လက် ပြောကြားသွားကြောင်း၊ သို့ဖြစ်၍ မြန်မာ တာဝန်ရှိသူများ အလွန်စိတ်ပျက်သွားကြ ကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ အနောက်ပိုင်းသို့ တိုက်ခတ်သွားသည့် ဂီရိ ဆိုင်ကလုန်း မုန်တိုင်းမှာ အဆိုပါ ဘင်္ဂလားမှ ပို့လိုက်သည့် ယတြာ ဆင်ဖြူကို ရှိခိုးပူဇော်ပွဲသဘင် ကျင်းပပြီးနောက် တစ်ပတ် အကြာတွင် တိုက်ခတ်သွားခဲ့ခြင်းဖြစ်သည်။

ယခုအခါ နောက်ထပ် မုန်တိုင်းတိုက်ခတ်မှုမျိုး မြန်မာနိုင်ငံတွင် မခံရစေရန်အတွက် ဆင်ဖြူ တွေ့သော်လည်း ဖမ်းဆီးခြင်း မပြုရန် ညွှန်ကြားလိုက်ကြောင်း သတင်းရရှိသည်။ နောက်ဆက်တွဲ သတင်းအဖြစ် စက်တင်ဘာလက တွေ့ရှိခဲ့သည့် ပဉ္စမမြောက် ဆင်ဖြူအပြီးတွင် ဆဌမမြောက် ဆင်ဖြူတစ်ကောင် တွေ့ရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်းသို့ မောင်းထုတ်ပြီး ၀န်ကြီးချုပ် ရှိတ်ဟာဆီနာထံသို့ ပြန်လည် ပို့ဆောင် လိုက်ကြောင်း သတင်းရရှိသည်။


ရှိတ်ဟာဆီနာထံ ပြန်ပို့လိုက်သည့် ဆင်ဖြူအား (ဤနေရာတွင်)တွင် ကြည့်လိုက ကြည့်နိုင်သည်။

(ပြည်တွင်းသတင်းထောက်ထံမှ)

သမ္မတကြီးကိုယ်တိုင် ဖိနပ်တိုက်ကြောင်း ဒေါက်တာနေဇင်လတ် ပြောကြား

(Photo: AP)

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ အထက်ပါ ဓာတ်ပုံ ပေါ်ထွက်ခဲ့ပြီးနောက် (Click) ပြည်တွင်းပြည်ပရှိ မြန်မာနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းအကြား ဝေဖန်သံများ ပေါ်ထွက်လာခဲ့သည်။

ထိုအချက်နှင့် ပတ်သက်၍ သမ္မတ၏ နိုင်ငံရေး အကြံပေး ဒေါက်တာ နေဇင်လတ်က BSN မှ တဆင့် ဖြေရှင်းလိုက်သည်။


သမ္မတကြီးအား အခြား လူတဦးက ဒူးထောက်လျက် ခြေအိတ် စွပ်ပေးရခြင်း၊ ဖိနပ်စီးပေးရခြင်းမှာ သမ္မတကြီး အားအင် ကုန်ခမ်းနေခြင်းကြောင့် ဖြစ်ကြောင်း၊ သမ္မတကြီး အားရှိသည့် အခါများတွင် ကိုယ်တိုင် ခြေအိတ်စွပ်ပြီး၊ ကိုယ်တိုင် ဖိနပ်စီးပါကြောင်း ဒေါက်တာ နေဇင်လတ်က ပြောသည်။
-

(ဓာတ်ပုံ-ဒီရိန်းဂျား)

"သမ္မတကြီးက မိမိကိုယ်ကို အလွန် နှိမ့်ချတတ်တဲ့ ပုဂ္ဂိုလ်ကြီးပါ။ သူများက သမ္မတကြီးကို ဖိနပ် စီးပေးဖို့ မဆိုထားနဲ့၊ သမ္မတကြီး ကိုယ်တိုင် ဖိနပ်တိုက်ပါတယ်။ အထက်ပါ ဓာတ်ပုံကို ကြည့်မယ်ဆိုရင် သမ္မတကြီး အနေနဲ့ သူတပါးရဲ့ ဖိနပ်ကိုတောင် တိုက်ပေးနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်" ဟု ဒေါက်တာ နေဇင်လတ်က ပြောသည်။
-
မိမိကိုယ်ကို အလွန်နှိမ့်ချ တတ်သော သမ္မတကြီးသည် စင်ကာပူနိုင်ငံ တခုသော MRT အနီးတွင် ဖိနပ်တိုက်နေသည့် သတင်းမှတ်တမ်း (Click Here) အထောက်အထားရှိကြောင်း သမ္မတ၏ နိုင်ငံရေး အကြံပေးက ပြောကြားသည်။

အဆိုပါ ဖြေရှင်းချက်နှင့် ပတ်သက်၍ မြန်မာ့အရေး လေ့လာသုံးသပ်သူ အချို့က လွဲချော် မှားယွင်းနေကြောင်း ထောက်ပြကြသည်။

"သမ္မတကြီး ဖိနပ်စီးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေး အကြံပေးက ဖြေရှင်းချက် ထုတ်တာ လွဲနေတယ်ဗျ။ သမ္မတကြီး ဖိနပ် စီးတာ ဆိုတော့ သမ္မတရဲ့ စီးပွားရေး အကြံပေးကပဲ ဖြေရှင်းသင့်တယ်" ဟု အဆိုပါ သုံးသပ်သူများက မှတ်ချက်ပြုသွားတယ်။

Sunday, October 16, 2011

NLD ဒု-ဥက္ကဌ ဦးတင်ဦး၏ ပြောဆိုချက် လုံးဝ မှားယွင်းကြောင်း ပါမောက္ခ ဒေါက်တာ ဝါကာအူဒင်း ပြောဆို

ပြည်သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း
ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်
ပြည်သူ့ဘက်က ဦးတင်ဦး


ပြည်သူများ၏ NLDပါတီ ဒု-ဥက္ကဌ ဦးတင်ဦးရဲ့ ပြောဆိုချက် အသံဖိုင်

လူထု ခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဌ ဦးတင်ဦးရဲ့ အောက်တိုဘာလ ၃ ရက်နေ့ လွတ်လပ်တဲ့ အာရှအသံ (RFA) အစီအစဉ်မှာ ပြောဆိုသွားတဲ့ အချက်အလက်များ လုံးဝ မှားယွင်းကြောင်း ပါမောက္ခ ဒေါက်တာ ၀ါကာအူဒင်းက စွပ်စွဲ ပြောဆို ကန့်ကွက် လိုက်ပါတယ်။

RFA ရုံးချုပ်ကို ဒီကိစ္စအတွက် လာရောက်ခဲ့တဲ့ BRANA ရိုဟင်ဂျာ အစည်းအရုံး ဥက္ကဌ ဒေါက်တာ ဝါကာအူဒင်း ကို ဦးတင်ဦး ရဲ့ “ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီး တယောက်” အစီအစဉ် တာဝန်ယူ တင်ဆက်သူ ဦးခင်မောင်စိုး က စတူဒီယို အမှတ် ၁၁ မှာ တွေ့ဆုံမေးမြန်း ခဲ့တာကို နားဆင်ပါ

ဒေါက်တာ ၀ါကာအူဒင်းခင်ဗျ။ အခု ကျွန်တော်တို့ RFA က ထုတ်လွှင့်ခဲ့တဲ့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယ-ဥက္ကဌ ဦးတင်ဦးပြောဆိုခဲ့တဲ့ စကားတွေနဲ့ ပတ်သက်ပြီး ဘာများ ပြောလိုပါသလဲ ခင်ဗျာ။

ဝါကာအူဒင်း။      ။ ဦးတင်ဦးပြောတာက ဘင်္ဂါလီတွေက ရခိုင်ပြည်နယ်ကို လာရောက်နေထိုင်ကြတာ ဖြစ်ပါတယ်တဲ့။ That's false information & wrong information။ သူက ဘင်္ဂါလီ ဘင်္ဂါလီ ပြောနေတာ.. တကယ်တော့ ရိုဟင်ဂျာတွေ ဖြစ်ကြပါတယ်။ ဒါဟာ သူက democracy movement ကြီးရဲ့ vice-chairman ဖြစ်ပေမဲ့ သူက ဘင်္ဂါလီလူမျိုးလို့ ပြောတာတွေဟာ he was not talking a democratic.

ဒေါက်တာ ၀ါကာအူဒင်း ခင်ဗျ၊ တတ်နိုင်သမျှ မြန်မာလိုပြောစေချင်ပါတယ်။

ဝါကာအူဒင်း။      ။ သူက ကျွန်တော်တို့ကို ဘင်္ဂါလီ လို့ ပြောတာဟာ ဒီမိုကရေစီ အမှန်တရား မဟုတ်ပါဘူး။ ဒါကြောင့် သူက apologize လုပ်ရပါမယ်။ သူက မဟုတ်တဲ့ စကားတွေကို မမှန်တဲ့ အကြောင်းတွေကို ပြောတာ ဘင်္ဂါလီဆိုပြီးတော့ ပြောတာတွေကို he need to တောင်းပန်ရပါမယ်။

အမှန်က ဒီရိုဟင်ဂျာ ဆိုတဲ့ လူမျိုးက ethnic minority.. indigenous လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက် ကတည်းက hundreds of years ago ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နေလာခဲ့တဲ့ လူမျိုးတွေပါ။ ဒီအမှန်တရားတွေကို ignore လုပ်ပြီးတော့ ဦးတင်ဦးက မမှန်တဲ့ စကားတွေ ပြောသွားပါတယ်။

ဦးတင်ဦးပြောတာ မှားနေတယ်ဆိုတော့ ဒေါက်တာ ၀ါကာအူဒင်းကရော ရိုဟင်ဂျာလူမျိုးတွေ ဘယ်လိုပေါ်ပေါက်လာတယ် ဆိုတာ ရှင်းပြပါလား ခင်ဗျာ။

-
ဝါကာအူဒင်း။    ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့... ရိုဟင်ဂျာ လူမျိုးတွေ စခဲ့တာက အာရပ်ကုန်သည်တွေက လွန်ခဲ့တဲ့ နှစ်တစ်ထောင် many hundreds years ago က မလေးရှား အင်ဒိုနီးရှားကို သင်္ဘောနဲ့ သွားနဲ့အခါ ရခိုင်ကမ်းခြေ coast မှာ မုန်တိုင်းမိလို့ သင်္ဘောပျက်ပြီးတော့ ရခိုင်ပြည်နယ်ကို စတင် ရောက်ရှိ လာပါတယ်။ အာရပ်လူမျိုးတွေက ရိုဟင်ဂျာ လူမျိုး ဖြစ်လာခဲ့ပါတယ်။



အထက်က အာရပ်လူမျိုး နှစ်ယောက်နဲ့ ရိုဟင်ဂျာလူမျိုးနှစ်ယောက်က ပုံပန်းသဏ္ဍာန်၊ ရုပ်ဆင်းသွင်ပြင်၊ အသားအရည် စတာတွေက အကုန်လုံး ဘာမှ မတူတာကို တွေ့ရပါတယ် ခင်ဗျ။ အာရပ်လူမျိုးက ဆင်းသက်လာတဲ့ ရိုဟင်ဂျာက ဘာလို့ အဲသလို မတူညီဘဲ ကွဲလွဲနေရတာပါလဲ ခင်ဗျာ။
-

ဝါကာအူဒင်း။     ။ အဲဒါ မဟုတ်ပါဘူး။ အာရပ်လူမျိုးက ရိုဟင်ဂျာ ဆင်းသက်တာမို့လို့ ရိုဟင်ဂျာဟာ အာရပ်လူမျိုးနဲ့ အကုန်လုံး တူညီပါတယ်။ အဲဒီဓာတ်ပုံကိုကြည့်ပါ။ ဆံပင် တူပါတယ်။ နှာခေါင်း တူပါတယ်။ ပါးစပ် တူပါတယ်။ မျက်လုံး တူပါတယ်။ နားရွက်တူပါတယ်။ မျက်ခုံးမွေးတူပါတယ်။ အကုန်တူပါတယ် ခင်ဗျ။ အာရပ်နဲ့ ရိုဟင်ဂျာ အတူတူပါပဲ၊ ဦးတင်ဦးက ဘင်္ဂါလီလို့ ပြောသွားတာ လုံးဝ မှားယွင်းပါတယ် ခင်ဗျာ။


အထက်က ဓာတ်ပုံအရဆိုရင်တော့ ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ် လူမျိုးတွေ တော်တော် တူတာကို တွေ့ရပါတယ်ခင်ဗျ။

ဝါကာအူဒင်း။     ။မတူပါဘူးခင်ဗျာ။ အပေါ်က ဘင်္ဂါလီလူမျိုးက မုတ်ဆိတ်မွေး နဲနဲဖြူပါတယ်။ အောက်က ရိုဟင်ဂျာ လူမျိုးက မုတ်ဆိတ်မွေးမဖြူပါဘူး။  မုတ်ဆိတ်မွေး မဲပါတယ် ခင်ဗျ။ ဒါကြောင့် ဘင်္ဂါလီနဲ့ ရိုဟင်ဂျာနဲ့ မတူညီပါဘူး ခင်ဗျာ။


ဒီလိုဆိုရင် ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေနဲ့ ဘာတွေ ကွာခြားပါသလဲ ခင်ဗျာ။

ဝါကာအူဒင်း။      ။ အများကြီးကွာခြားပါတယ်။ ကျွန်တော်တို့ မောင်းတောမှာ သွားကြည့်ရင် ရိုဟင်ဂျာတွေက ထမီဝတ်ပါတယ်၊ ပုဆိုးဝတ်ပါတယ်။ ဦးလှခင်၊ ကိုအောင်တင်၊ ဦးလှအောင် အဲလို ဗမာနာမည်တွေထားပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ် လူမျိုးတွေမဟုတ်ပါဘူး။ ဆိုဗိယက် သမ္မတဟောင်း မိုက်ခဲ ကိုဗချောလဲ ဗမာနာမည် ထားပါတယ်။ ရုရှားလူမျိုး မဟုတ်ပါဘူး။ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘာနာဇီယာ ပုတို ဟာလဲ ဗမာနာမည် ထားပါတယ်။ ပါကစ္စတန် မဟုတ်ပါဘူး။ ဗာစကို ဒကာမဟာ ဗမာနာမည်ထားပါတယ်။ ပေါ်တူဂီလူမျိုး မဟုတ်ပါဘူး။ ကိုလံဘတ်ဟာ ဗမာနာမည်ထားပါတယ်။ စပိန်လူမျိုး မဟုတ်ပါဘူး။

ရိုဟင်ဂျာ လူမျိုး ဦးလှခင်၊ အောင်တင်၊ ဦးလှအောင်တို့ဟာ ဗမာနာမည်တွေ ဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ် လူမျိုး မဟုတ်ပါဘူး။ ပုဆိုး၊ ထမီဝတ်တဲ့အတွက် ဗမာလူမျိုးတွေ ဖြစ်ကြပါတယ်။ ထိုနည်းတူ အင်္ဂလန်၊ အမေရိကန် မှာရှိတဲ့ ဗမာလူမျိုးတွေဟာလဲ ဘောင်းဘီ၊ စကတ် ၀တ်တဲ့အတွက် အင်္ဂလိပ်လူမျိုး အမေရိကန်လူမျိုးတွေ ဖြစ်ကြပါတယ်။

ဒါဆိုရင် မစ္စတာ ၀ါကာအူဒင်းက ဘာလို့ ဦးလှအောင်တို့၊ ဦးလှခင်တို့ မဖြစ်ဘဲ ဘာဖြစ်လို့

ဝါကာအူဒင်း ဖြစ်နေတာပါလဲ ခင်ဗျ...

ဒါက.... ဒါက.. အဲ.. ကျွန်တော့်နာမည် ဦးတင် လေဗျာ.. ၀ါကာအူဒင်း မဟုတ်ပါဘူး။ ၀ါကာ ဦးတင်၊

ဝါကာဝါကာ အကကို ကပြနေတဲ့ ဗမာပြည်က ဦးတင်လို့ အဓိပ္ပါယ်ရပါတယ်..

နောက်ထပ် တစ်ခု မေးချင်တာက ရိုဟင်ဂျာတွေဟာ ဘင်္ဂါလီလူမျိုး မဟုတ်ဘူးဆိုရင် DNA စစ်ဆေးပြီး ရိုဟင်ဂျာနဲ့ ဘင်္ဂါလီ တူညီမှု ရှိမရှိ အဖြေရှာသွားမယ်ဆိုရင်ရော... မှန်ကန်တဲ့ အဖြေတစ်ခု ရလာနိုင်မယ်လို့ မယူဆပါဘူးလား ခင်ဗျာ။
-

ဝါကာအူဒင်း။       ။ DNA ဆိုတာ သိပ္ပံပညာရှင်တွေရဲ့ လိမ်ညာချက် သက်သက် ဖြစ်ပါတယ်။ အဲဒီ DNA result က ဘင်္ဂါလီနဲ့ ရိုဟင်ဂျာ တူတယ်လို့ အဖြေထွက်လာရင်လဲ.. ဒါဟာ သိပ္ပံပညာရဲ့ လိမ်ညာချက် တစ်ခုသာ ဖြစ်ပါလိမ့်မယ်။ DNA က မဟုတ်တဲ့ အကြောင်းတွေ မမှန်တဲ့ အကြောင်းတွေကို ပြောမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ကို DNA က တောင်းပန်ရမှာ ဖြစ်ပါတယ်။ ထိုနည်းတူ မမှန်တာတွေ ပြောသွားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ Vice-Chairman ဦးတင်ဦးအနေနဲ့လဲ သူ့ရဲ့ မမှန်မကန် ပြောဆိုမှုတွေအတွက် တောင်းပန်ရမှာ ဖြစ်ပါတယ်။

ဟုတ်ကဲ့ မှန်ကန်တာတွေ ပြောသွားတဲ့ ပါမောက္ခ ၀ါကာအူဒင်းကိုရော ကျွန်တော်တို့ က ဘာလုပ်ရပါမလဲ ခင်ဗျာ။

ဝါကာအူးဒင်း။       ။ ချီးကျူးကြရမှာပေါ့ဗျာ.. ဟဲဟဲဟဲ... ကျွန်တော်က အမှန်တွေကိုပြောတာကိုး။

I am telling the truth!


ပါမောက္ခ ၀ါကာအူဒင်းက RFA သို့ ပြောဆိုချက် အသံဖိုင်

Thursday, October 13, 2011

မြန်မာ သတင်းထောက်များ သင်္ချာ အီကွေးရှင်းသစ် ဖော်ထုတ်




အမရပူရ အစာအဆိပ်သင့်မှု ဖြစ်စဉ်တွင် မြန်မာ သတင်းထောက်များက သင်္ချာ အီကွေးရှင်း အသစ်တစ်ခုကို ဖော်ထုတ်လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာ့ သင်္ချာ အီကွေးရှင်းသစ်၏ အမည်မှာ
"မှန်းဆ အရေအတွက် ကိန်းဂဏန်းများ အားလုံး၏ ပကတိ တန်ဖိုးများသည် တူညီကြသည်"
ဟု သိရသည်။

အီကွေးရှင်းသစ်အရ၊

၃၀၀=၄၀၀=၅၀၀=၆၀၀=၁၀၀၀
-
ဖြစ်သည်။

ဤကဲ့သို့ ကွဲပြားခြားနားသော အရေအတွက် ပမာဏများ ထပ်တူညီမျှ မှုမျိုးကို သင်္ချာပညာရပ်တွင် ယခင်က မကြုံတွေ့ ခဲ့ဖူးသေးချေ။ ထို့ကြောင့် ယခုကဲ့သို့ လွန်စွာ ထူးဆန်းသည့် သင်္ချာ အီကွေးရှင်းသစ်ကို ဖော်ထုတ်လိုက်နိုင်သော မြန်မာ သတင်းထောက်များအား ကမ္ဘာ့သင်္ချာတံခွန် အဖွဲ့ကြီးက ဂုဏ်ပြုရန် စီစဉ်နေကြောင်း သိရပြီး၊ မြန်မာ စာဖတ်ပရိသတ်များကမူ "ဘယ်သူ့ ယုံရမတုန်းဟ" ဟု ညဉ်းတွားလျက် ရှိကြသည်။

(အမည်မသိ သတင်းထောက်)

Wednesday, October 12, 2011

လူရွှင်တော် ဇာဂနာက သမ္မတ ဦးသိန်းစိန်ထံတွင် အသက်ပေါင်၊ အတိုးမရမှာ စိုးရိမ်သဖြင့် ဦးသိန်းစိန်က လက်မခံ

နိုင်ငံ​ကျော် ဟာသအနုပညာရှင်၊​ လူမှုကူညီ​ရေး​လုပ်ငန်း​ လုပ်​ဆောင်သူ သရုပ်​ဆောင် ဒါရိုက်တာ ဇာဂနာ ဒီက​နေ့ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့ ကချင်ပြည်နယ်မြစ်ကြီး​နား​ထောင်က ပြန်လွတ်ပါတယ်။

ပြန်လွတ်ရင် လွတ်ချင်းပဲ ဇာဂနာက သမ္မတကြီး ဦးသိန်းစိန်ဆီမှာ အသက်အပေါင်ထားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဇာဂနာရဲ့ ပြောဆိုချက်ထဲမှာ အတိုးဘယ်လောက် ပေးမယ်ဆိုတာ မပါရှိပါဘူး။ ဒါကြောင့် ဇာဂနာဆီက အတိုးမရမှာကို စိုးရိမ်တဲ့အတွက် အိန္ဒိယကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က အသက် အပေါင် မခံဘူးလို့ ပြောဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။


Read More ...

Tuesday, October 11, 2011

မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ် အမည်ပြောင်းပြီ


မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ပညာသင်ယူနေသော ကျောင်းသားများသည် နိုင်ငံခြားဘာသာကို လေ့လာသင်ယူခြင်း များပြားလာသည်နှင့်အမျှ တီထွင်ဖန်တီးပြုပြင်ရန် ဆန္ဒရှိလာကြကြောင်းသိရသည်။ ပထမဦးဆုံး ခြေလှမ်းအနေဖြင့် ကျောင်းအမည်ကို ပြောင်းလဲပေးခဲ့သည်။

University of Foreign Languages (Mandalay) ကို University of Forgien Languagesဟု ပြောင်းလဲပေးခဲ့ပြီး ကျောင်းသား ၆၃ဝ ကျော်က သဘောတူလက်ခံခဲ့သည်ဟု ဆိုသည်။


Read More ..

Send by : Boxer

Sunday, October 9, 2011

NLD ပါတီ အမည်ပြောင်းပြီ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် National League for Democracy (NLD) ပါတီကို အမည်ပြောင်းလိုက်ကြောင်း သတင်းရရှိသည်။

NLD ပါတီကို မူလက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဟု ခေါ်တွင်ခဲ့သော်လည်း ယခု အချိန်မှ စ၍ "အမျုးသား ဒီမိုကရေစီ အဖွဲ့ချုပ်" ဟု အမည်ပြောင်းလိုက်ပြီဖြစ်သည်။ ယခုအခါ "အမျုးသား" ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်ကို မြန်မာ အဘိဓာန် ပညာရှင်များက အဓိပ္ပါယ် ဖွင့်ဆိုရန် ပြင်ဆင်နေကြကြောင်း သိရသည်။




NLD ပါတီ၏ အမည်သစ်ကို ဒါရိုက်တာ Luc Besson ရိုက်ကူးသည့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရုပ်ရှင် The Lady ဇာတ်ဝင်ခန်း တစ်ခုတွင် တွေ့ရသည်။

Saturday, October 8, 2011

အိန္ဒိယနဲ့ မြန်မာ ပူပေါင်းတွေကို တိုက်ဖျက်မည်

အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ ကလေးသူငယ်များ ဖြစ်ကြတဲ့ အတိုင်း "ပူပေါင်း" တွေနဲ့ ဆော့ကစားကြပြီး နောက်ဆုံးမှာတော့ "ပူပေါင်း" တွေကို ဘောင်း လို့ အသံမြည်အောင် တိုက်ခိုက် ဖျက်ဆီးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။


@TMM
read more

ဧရာမမြွေကြီးတစ်ကောင် သတ်ဖြတ်ပြီးနောက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း (သတင်းအတုတစ်ပုဒ်အကြောင်း)

(သတင်းက ဒီလိုပါ)

ကချင်ပြည်နယ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်း တွင် ဧရာမမြွေကြီးတစ်ကောင်အား တရုတ်အလုပ် သမားများ သတ်ဖြတ်ခဲ့ပြီးနောက် မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းရန် သတင်း ထွက်ပေါ်လာသည်။

၄၈ ပေခွဲ ရှည်ပြီး ၅ ပေ လုံးပတ်ရှိသည့် မြွေကြီးအား စီမံကိန်း ဧရိယာထဲ ဂျွမ်ဘွမ်တောင် (Jum Bum)တွင် လမ်းဖောက်လုပ်နေသော တရုတ်အလုပ်သမားများ မြေအောက်တွင်းတစ်ခုမှာတွေ့ရှိပြီး စက်တင်ဘာ ၂၂ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု မျက်မြင်များပြောသည်။


ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းထဲ အရုတ်အလုပ်သမားများ သတ်ဖြတ်ခဲ့တဲ့ ဧရာမမြွေကြီးအား မြေတူးစက်လက်ဖြင့် ချီမြှေက်ထားပုံ။

တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) ကုမ္ပဏီ အလုပ်သမားများက ၎င်းမြွေကြီး၏ ဦးခေါင်းကို မြေတူးစက်(backhoe) ကော်ဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်သည်ဟုမျက်မြင် များပြောပါသည်။

CPI အလုပ်သမားများက ၎င်းမြွေကြီး အသေကောင်ကိုလည်း တရုတ်နိုင်ငံသို့ ယူဆောင်သွားကြောင်း ဒေသခံများပြောသည်။

ဧရာဝတီမြစ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်းမှာ ယခုကဲ့သို့ ဧရာမ မြွေကြီးသတ်ဖြတ်ခြင်း ဖြစ်ရပ်သည် “ရေကာတာစီမံကိန်း၏ မကောင်းသော နိမိတ်လက္ခဏာ တစ်ခုအဖြစ်” ဒေသခံကချင်များ ရှုမြင်ကြသည်ဟု သိရသည်။

မြွေကြီးသတ်ဖြတ်ခံရပြီး (၈) ရက်အကြာ စက်တင်ဘာ (၃၀) တွင် “ပြည်သူအများစု အပြင်းအထန် ကန့်ကွက်နေသည့် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ၎င်းတို့အစိုးရလက်ထက်တွင်ရပ်ဆိုင်း ထားရန်” လွှတ်တော်သို့ သမ္မတ ဦးသိန်းစိန်ပြောဆိုလာသည်။

ဒီသတင်းက fwd မေးလ်ထဲမှာ ပြန့်နေပြီး အချို့သော ဘလော့တွေနဲ့ ဖိုရမ်ဆိုက်တွေမှာလည်း ယခုလို ထူးဆန်း အံ့သြဖွယ် ကောင်းလှတဲ့ သတင်းကို ထပ်ဆင့် တင်ထားကြတာ တွေ့နေရပါတယ်။ ဒီသတင်းကို စပြီးတင်ခဲ့တဲ့ မူလ သတင်းဆိုက်မှာတော့ မတွေ့ရတော့ပါ။

ဒါပေမဲ့ သတင်းဆိုက်ပေါင်းများစွာကို စုစည်းပေးထားတဲ့ အင်တာနက် စာမျက်နှာ တစ်ခု မှာတော့ တွေ့ရပါသေးတယ်။

တစ်ကယ်တော့ ဒီသတင်းက သတင်းအတု ပါ။

အခု လင့်ခ် ကို သွားကြည့်ရင် အထက်က ဓာတ်ပုံနဲ့ ထပ်တူထပ်မျှ ဖြစ်တဲ့ ဓာတ်ပုံကို တွေ့ရမှာ ဖြစ်သလို
၂၀၀၉ ခုနှစ်တုန်းက တရုတ်ပြည်မှာ တွေ့ခဲ့တယ်လို့  ဆိုတဲ့ မြွေကြီး ဖြစ်နေတာ တွေ့ရမှာပါ (အကြောင်းအရာနဲ့ ဓာတ်ပုံက လုံးဝ နီးပါး သေချာသလောက် အတု ဖြစ်ပါသတဲ့ the story and photograph are almost certainly a hoax)။ သေချာတာကတော့ ကချင်ပြည်နယ် မြစ်ဆုံအနီးက မြွေကြီး မဟုတ်ဘူးပေါ့ဗျာ။

-

Photo of Huge (55ft) snake shocks World

Posted on 13 November 2009
-


A photograph purporting to show a 55ft snake found in a forest in China has become an internet sensation.

It was originally posted in a thread on the website of the People’s Daily, the official Communist Party newspaper in China.

The thread claimed the snake was one of two enormous boas found by workers clearing forest for a new road outside Guping city, Jiangxi province.

They apparently woke up the sleeping snakes during attempts to bulldoze a huge mound of earth.

“On the third dig, the operator found there was blood amongst the soil, and with a further dig, a dying snake appeared,” said the post.

“At the same time, another gold coloured giant boa appeared with its mouth wide open. The driver was paralysed with fear, while the other workers ran for their lives.

“By the time the workers came back, the wounded boa had died, while the other snake had disappeared. The bulldozer operator was so sick that he couldn’t even stand up.”

The post claimed that the digger driver was so traumatised that he suffered a heart attack on his way to hospital and later died.

The dead snake was 55ft (16.7m) long, weighed 300kg and was estimated to be 140 years old, according to the post.

However, local government officials in Guiping say the story and photograph are almost certainly a hoax as giant boas are not native to the area
-
http://zuzutop.com/2009/11/photo-of-huge-55ft-snake-shocks-world/

Friday, October 7, 2011

Nobel ငြိမ်းချမ်းရေးဆုကြေညာချက် Burma Strange News မှ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါသည်



Nobel ငြိမ်းချမ်းရေးဆုကြေညာသည်ကို ယနေ့ အောက်တိုဘာလ ၇ ရက် မြန်မာစံတော်ချိန် ညနေ သုံးနာရီခွဲမှ စတင်ပြီး Burma Strange News မှ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါသည်

2011 Nobel Peace Prize

The 2011 Nobel Peace Prize is awarded jointly to Ellen Johnson Sirleaf, Leymah Gbowee and Tawakkul Karman "for their non-violent struggle for the safety of women and for women’s rights to full participation in peace-building work".


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက နောက်ထပ် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ လျာထားလိုက်ပါတယ်။


ယခု ကြေညာမယ့် ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် လျာထားခံရတဲ့သူ ကိုးဦး စာရင်းကို ဒီကနေ့ ထုတ်ပြန်ရာမှာ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထည့်သွင်းဖော်ပြထားတာပါ။

ဒီနှစ်အတွက် လျာထားခံရသူတွေထဲ အာရပ်ကမ္ဘာ လူထုအုံကြွမှုမှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်တဲ့ လူမှုရေး မီဒီယာကနေ ရေးသားတဲ့သူတွေ၊ အမေရိကန် သံရုံးတွေရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချလိုက်တဲ့ WikiLeaks အယ်ဒီတာချုပ် Julian Paul Assange ၊ ရုရှားနိုင်ငံက Memorial ဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့၊ ဘာလင်တံတိုင်း ဖြိုချိန်က ဂျာမနီဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ Helmut Kohl စသူတွေ ပါဝင်ပါတယ်။

နော်ဝေး နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီဟာ မနှစ်တုန်းကတော့ တရုတ် အတိုက်အခံ Lui Xiaobo ကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခဲ့ပြီး ၂၀၀၉ ခုနှစ်တုန်းကတော့ အမေရိကန် သမ္မတ Barack Obama ကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီတုန်းက အာဖဂန်နဲ့ အီရတ်မှာ စစ်တိုက်နေတဲ့ နိုင်ငံက သမ္မတကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်တယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။

အခုတော့ အာရပ်ကမ္ဘာက လူထုအုံကြွမှုမှာ စွမ်းစွမ်းတမံ ပါဝင်သူတွေကို အမည်စာရင်း တင်နိုင်တဲ့ အတွက်၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ လျာထားရမယ့်လူ မရှားပါးဘဲ ကာလ အတော်ကြာကပဲ လျာထားခံရပေမဲ့ ဆုမရသေးတဲ့ ဂျာမနီဝန်ကြီးချုပ်ဟောင်း Helmut Kohl လည်း ပါရှိပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် ထပ်ပြီး အမည်စာရင်း တင်တာ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ကာလနဲ့ တိုင်ဆိုင်နေတယ်လို့ တချို့က သုံးသပ်ပါတယ်။


Source: http://www.rfa.org/burmese/news/nobel-peace-prize-assk-10062011091946.html

Thursday, October 6, 2011

သမ၀ါယမအသင်း ၀င်ကြမလား၊ ၁၈၉၀ ကျပ် အမြတ်ရဖို့ ၇ နှစ် စောင့်ရမည်


အကောင်းဆုံး အမြတ်အစွန်းရရှိမည့် နေရာတခုက သင့်အား ကြိုဆိုနေပါသည်။

သမ၀ါယမ အသင်းသို့ ၀င်လိုက်ပါ။

၇ နှစ်တိတိ စိတ်ရှည်စွာ စောင့်ပါက အမြတ်ငွေ ၁၈၉၀ ကျပ်ကြီးများတောင် ရရှိမှာ ဖြစ်သည်။


Read More ...

ပန်းသီး ဖခင်ကြီး ကွယ်လွန်

ပန်းသီး ကွန်ပြူတာကုမ္ပဏီကို ပူးတွဲထူထောင်ခဲ့သူ အမှုဆောင် အရာရှိချုပ်ဟောင်း Steve Jobs ဟာ အချိန်အတော်ကြာအောင် ခံစားနေခဲ့ရတဲ့ ပန်ခရိယ ကင်ဆာရောဂါနဲ့ မနေ့ကပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ် ရှိပါပြီ။

Steve Jobs ကို ၁၉၅၅ မှာ မွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပန်းသီး ကုမ္ပဏီကိုတော့ သူ့ရဲ့ အတိတ်ဘ၀ ကတည်းက တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သူ ပူးတွဲ တည်ထောင်တဲ့ ပန်းသီး ကုမ္ပဏီဟာ သူမမွေးဖွားမီ နှစ်ပေါင်း ၅၅ နှစ် အလိုမှာ ဒေ၀ါလီ ခံရမတတ် စီးပွားရေး ကျဆင်းခဲ့တယ်လို့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။



Read More ...

@KZT

မြန်မာသမ္မတ ဦးသိန်းစိန်နေရာတွင် တရုတ်ကြီး ၀ူတိန့်ရှိန်က သမ္မတအဖြစ် တာဝန်ယူ


ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်းရန် မြန်မာ သမ္မတကြီး ၀ူတိန့်ရှိန် (Wu Dengsheng) က ဆုံးဖြတ်ချက် ချမှတ် ကြေညာလိုက်သည်ဟု တရုတ် ရုပ်မြင်သံကြားဌာနတစ်ခုက ထုတ်လွှင့်သွားသည်။

သမ္မတ ဦးသိန်းစိန်သည် အင်အားကြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ကြောက်ရွံ့သဖြင့် မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းကြောင်းကို တရုတ်လူမျိုး ၀ူတိန့်ရှိန် Wu Dengsheng အား မြန်မာ သမ္မတ အဖြစ် ယာယီ ခန့်အပ်ကာ ယခုကဲ့သို့ ဆုံးဖြတ်စေခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

သတင်းထဲတွင် မြန်မာသမ္မတကြီး မစ္စတာ "၀ူ" (Wu) က မည်သို့ မည်ပုံ ပြောဆိုကြောင်းများကိုလည်း ထုတ်လွှင့်သွားသည်။