Sunday, October 9, 2011

NLD ပါတီ အမည်ပြောင်းပြီ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် National League for Democracy (NLD) ပါတီကို အမည်ပြောင်းလိုက်ကြောင်း သတင်းရရှိသည်။

NLD ပါတီကို မူလက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဟု ခေါ်တွင်ခဲ့သော်လည်း ယခု အချိန်မှ စ၍ "အမျုးသား ဒီမိုကရေစီ အဖွဲ့ချုပ်" ဟု အမည်ပြောင်းလိုက်ပြီဖြစ်သည်။ ယခုအခါ "အမျုးသား" ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်ကို မြန်မာ အဘိဓာန် ပညာရှင်များက အဓိပ္ပါယ် ဖွင့်ဆိုရန် ပြင်ဆင်နေကြကြောင်း သိရသည်။




NLD ပါတီ၏ အမည်သစ်ကို ဒါရိုက်တာ Luc Besson ရိုက်ကူးသည့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရုပ်ရှင် The Lady ဇာတ်ဝင်ခန်း တစ်ခုတွင် တွေ့ရသည်။

7 comments:

  1. တွေ့တတ်ပါပေ့ ဇီးကွက်ကြီးရယ် ;P

    ReplyDelete
  2. အလံတွေကလည်း ဇောက်ထိုးတွေရော...

    ReplyDelete
  3. အလံဇောက်ထိုးကတော့ ဆိုရှယ်လစ်စနစ်ကို ဆန့်ကျင်တဲ့သဘောပါ။ ၈၈ တုန်းက ဒီမိုကရေစီခေတ် ပြည်ထောင်စုအလံ (ကြယ်ငါးပွင့်အလံ)ကို အတည့်ထောင်ခဲ့ကြပြီး ဗိုလ်နေ၀င်းတို့ရဲ့ မဆလပါတီက အသုံးပြုတဲ့ ဆိုရှယ်လစ်မြန်မာပြည်အလံကိုတော့ ဇောက်ထိုးထောင်ခဲ့တာပါ။ ဒါပေမဲ့ ၈၈ တုန်းက သာသနာ့အလံ လွှင့်ထူတာကိုတော့ ကျွန်တော့်အနေနဲ့ မတွေ့ဖူး သလိုပါဘဲ (မှတ်တမ်း ဓာတ်ပုံတွေအရ ၈၈ မှာ သာသနာ့ အလံလွှင့်တဲ့ အထောက်အထားများ တွေ့မိရင်လည်း ပြောပေးကြပါ)။ ၂၀၀၇ ရွှေဝါရောင်နဲ့ Luc Besson ရောထွေးသွားသလားတော့ မသိဘူး။

    ReplyDelete
  4. ok, who can make like that kind of record, u have to know about a word "negligibility.."
    this is one of the impressive image of our nation n democracy. be proud of this...we must kow "strategy" not "tactics".
    who can do 1 small scene like this, usage much money, who do pay?

    ReplyDelete
  5. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ မြန်မာပြည် ဒီမိုကရေစီရဲ့ image ပါ။ ဒါကို လေးစားရပါမယ်။ ကပျက်ကချော် မလုပ်ရပါဘူး။

    စာလုံးပေါင်းသတ်ပုံက အစ မမှားယွင်းအောင် ဂရုစိုက်ရပါမယ်။

    NLD စာလုံးပေါင်းမှားနေတာကို ရုပ်ရှင်ရိုက်ကွင်းမှာ ပါဝင်တဲ့ မြန်မာတွေက ပြင်သစ် ဒါရိုက်တာကို ထောက်ပြခဲ့ကြပါသေးတယ်။ ဒါရိုက်တာက လက်မခံဘဲ NLD စာလုံးပေါင်းမှားနေတာကို ပြန်မပြင်ဘဲ ဆက်ရိုက်ခဲ့တာပါ။ တကယ်တော့ အဲသလောက် ပိုက်ဆံအကုန်ခံပြီး ရိုက်နေတာမှာ ဒါလေးပြင်တာ ဘာမှ မခက်ပါ။ ဒါရိုက်တာရဲ့ အားထုတ်မှုကို လေးစားပါတယ်။ ဒါပေမဲ့ ကိုယ့်တိုင်းပြည် ကိုယ့်မြန်မာပြည်ရဲ့ image ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စာလုံးပေါင်းကို အဲဒီပြင်သစ်ဒါရိုက်တာ အနေနဲ့ အလေးထားရမှာပါ။

    အချိန်မီ ပြုပြင်ဖို့ မြန်မာတွေက ပြောခဲ့တာကို နားမထောင်ဘဲ မပြုပြင်ဘဲ ဆက်ရိုက်တာ အဲဒီ ပြင်သစ်ဒါရိုက်တာရဲ့ ညံ့ဖျင်းမှုပါဘဲ။

    ReplyDelete
  6. အဆိုပါ ပုံအရ ၈၈ ကာလများကတည်းက မြန်မာနိုင်ငံတွင် CNG သုံး ဘတ်စ်ကားကြီးများ၊ တက္ကစီများ ရှိနေပြီးဖြစ်ကြောင်း၊ လေးဘီးကား၊ သုံးဘီးကားများ လုံးဝ လုံးဝ မရှိကြောင်း သိရသည်း)

    ReplyDelete
  7. The flag is up side down.. :(

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။