Wednesday, October 19, 2011

မုန်တိုင်း သတိပြုကြပါ

(MCCW- U Tun Lwin's Website)

ဦးထွန်းလွင်ရဲ့ Myanmar Climate Change Watch ၀က်ဆိုက်မှာ ဖော်ပြထားချက်အရ မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ယမန်နှစ်က ဆင်ဖြူတော်ကို ပူဇော်တဲ့ ပွဲသဘင် ဆင်ယင်ကျင်းပပြီးလို့ တစ်ပတ်အကြာမှာ ဂီရိ မုန်တိုင်း တိုက်ခတ်ခဲ့ပြီး၊ ယခုနှစ်မှာလည်း ဆင်ဖြူအသစ် တစ်ကောင် တွေ့ရှိပြီးလို့ ရက်ပိုင်းအကြာမှာ အခုလို မုန်တိုင်း ဖြစ်ပေါ်လာတာကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိရပါတယ်။ ကျမ်းဂန် မှတ်တမ်းတွေအရ ဆင်ဖြူတော်တွေ့ရင် ရတနာ ရွှေမိုးငွေမိုး ရွာသွန်းတယ်လို့ မှတ်သားရပေမဲ့ မြန်မာနိုင်ငံမှာတော့ ဆင်ဖြူတော်တွေ့တိုင်း အခုလို မုန်တိုင်းဘေးဒဏ် ဖြစ်ပေါ်လာရတာဟာ တိုင်းပြည်အုပ်ချုပ်တဲ့ ဆင်ဖြူသခင်များ၊ မှူးကြီးမတ်ရာ၊ သေနာပတိများ၊ အမတ်မင်းများ ရဲ့ သီလ သမာဓိနဲ့များ ဆက်စပ် နေသလားလို့ တွေးထင်ရပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာပြည်သူများ အနေနဲ့ မုန်တိုင်း အန္တရာယ် သတိရှိကြဖို့ ပန်ကြားလိုက်ရပါတယ်။


Storm News Alert ....

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။