Monday, October 17, 2011

သမ္မတကြီးကိုယ်တိုင် ဖိနပ်တိုက်ကြောင်း ဒေါက်တာနေဇင်လတ် ပြောကြား

(Photo: AP)

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ အထက်ပါ ဓာတ်ပုံ ပေါ်ထွက်ခဲ့ပြီးနောက် (Click) ပြည်တွင်းပြည်ပရှိ မြန်မာနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းအကြား ဝေဖန်သံများ ပေါ်ထွက်လာခဲ့သည်။

ထိုအချက်နှင့် ပတ်သက်၍ သမ္မတ၏ နိုင်ငံရေး အကြံပေး ဒေါက်တာ နေဇင်လတ်က BSN မှ တဆင့် ဖြေရှင်းလိုက်သည်။


သမ္မတကြီးအား အခြား လူတဦးက ဒူးထောက်လျက် ခြေအိတ် စွပ်ပေးရခြင်း၊ ဖိနပ်စီးပေးရခြင်းမှာ သမ္မတကြီး အားအင် ကုန်ခမ်းနေခြင်းကြောင့် ဖြစ်ကြောင်း၊ သမ္မတကြီး အားရှိသည့် အခါများတွင် ကိုယ်တိုင် ခြေအိတ်စွပ်ပြီး၊ ကိုယ်တိုင် ဖိနပ်စီးပါကြောင်း ဒေါက်တာ နေဇင်လတ်က ပြောသည်။
-

(ဓာတ်ပုံ-ဒီရိန်းဂျား)

"သမ္မတကြီးက မိမိကိုယ်ကို အလွန် နှိမ့်ချတတ်တဲ့ ပုဂ္ဂိုလ်ကြီးပါ။ သူများက သမ္မတကြီးကို ဖိနပ် စီးပေးဖို့ မဆိုထားနဲ့၊ သမ္မတကြီး ကိုယ်တိုင် ဖိနပ်တိုက်ပါတယ်။ အထက်ပါ ဓာတ်ပုံကို ကြည့်မယ်ဆိုရင် သမ္မတကြီး အနေနဲ့ သူတပါးရဲ့ ဖိနပ်ကိုတောင် တိုက်ပေးနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်" ဟု ဒေါက်တာ နေဇင်လတ်က ပြောသည်။
-
မိမိကိုယ်ကို အလွန်နှိမ့်ချ တတ်သော သမ္မတကြီးသည် စင်ကာပူနိုင်ငံ တခုသော MRT အနီးတွင် ဖိနပ်တိုက်နေသည့် သတင်းမှတ်တမ်း (Click Here) အထောက်အထားရှိကြောင်း သမ္မတ၏ နိုင်ငံရေး အကြံပေးက ပြောကြားသည်။

အဆိုပါ ဖြေရှင်းချက်နှင့် ပတ်သက်၍ မြန်မာ့အရေး လေ့လာသုံးသပ်သူ အချို့က လွဲချော် မှားယွင်းနေကြောင်း ထောက်ပြကြသည်။

"သမ္မတကြီး ဖိနပ်စီးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေး အကြံပေးက ဖြေရှင်းချက် ထုတ်တာ လွဲနေတယ်ဗျ။ သမ္မတကြီး ဖိနပ် စီးတာ ဆိုတော့ သမ္မတရဲ့ စီးပွားရေး အကြံပေးကပဲ ဖြေရှင်းသင့်တယ်" ဟု အဆိုပါ သုံးသပ်သူများက မှတ်ချက်ပြုသွားတယ်။

1 comment:

  1. လူတွေကဗျာ..အားမနာလျှာမကျိုးပြောချင်ဆိုချင်နေကြတာပဲ။တစ်စုံတစ်ယောက်ကဖိနပ်တိုက်ပေးတယ်ပဲထားပါအုန်းတော့၊နိုင်ငံရေးနဲ့ဘာမှမဆိုင်တဲ့အတွက်ဒီအကြောင်းကိုပြောနေစရာတောင်မလိုပါဘူး။ဒီအချိန်မှာနိုင်ငံတော်သမ္မတကြီးနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုဝိုင်းရံပေးထားရမဲ့အချိန်ပါ၊

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။