Thursday, October 13, 2011

မြန်မာ သတင်းထောက်များ သင်္ချာ အီကွေးရှင်းသစ် ဖော်ထုတ်




အမရပူရ အစာအဆိပ်သင့်မှု ဖြစ်စဉ်တွင် မြန်မာ သတင်းထောက်များက သင်္ချာ အီကွေးရှင်း အသစ်တစ်ခုကို ဖော်ထုတ်လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာ့ သင်္ချာ အီကွေးရှင်းသစ်၏ အမည်မှာ
"မှန်းဆ အရေအတွက် ကိန်းဂဏန်းများ အားလုံး၏ ပကတိ တန်ဖိုးများသည် တူညီကြသည်"
ဟု သိရသည်။

အီကွေးရှင်းသစ်အရ၊

၃၀၀=၄၀၀=၅၀၀=၆၀၀=၁၀၀၀
-
ဖြစ်သည်။

ဤကဲ့သို့ ကွဲပြားခြားနားသော အရေအတွက် ပမာဏများ ထပ်တူညီမျှ မှုမျိုးကို သင်္ချာပညာရပ်တွင် ယခင်က မကြုံတွေ့ ခဲ့ဖူးသေးချေ။ ထို့ကြောင့် ယခုကဲ့သို့ လွန်စွာ ထူးဆန်းသည့် သင်္ချာ အီကွေးရှင်းသစ်ကို ဖော်ထုတ်လိုက်နိုင်သော မြန်မာ သတင်းထောက်များအား ကမ္ဘာ့သင်္ချာတံခွန် အဖွဲ့ကြီးက ဂုဏ်ပြုရန် စီစဉ်နေကြောင်း သိရပြီး၊ မြန်မာ စာဖတ်ပရိသတ်များကမူ "ဘယ်သူ့ ယုံရမတုန်းဟ" ဟု ညဉ်းတွားလျက် ရှိကြသည်။

(အမည်မသိ သတင်းထောက်)

9 comments:

  1. ငပြောင်October 13, 2011 at 9:33 PM

    ဆိုးပါ့ကွာ... သိပ်တော့မကွာပါဘူး...

    ReplyDelete
  2. What an intelligent satire!!That's why I like this blog!! :)

    Yeah, Burma reporters need to be trained on that!!!!

    ReplyDelete
  3. လူများလေ ပိုစိတ်ဝင်စားလေ မို့ဖြစ်သွားတာပါ..ဟီး..တဂယ်က ၁၃၀၀ ဆေးရုံကိုရောက်ခဲ့ပါတယ်...

    ReplyDelete
  4. U should know that this event was in progress and patients went to different hospitals and clinic across the areas. Therefore it was difficult to get the exact numbers at first. One of the important task of journalists is to report a news as much as possible and then updated the news later. Don't blame easily to others but want to hear from you positive and constructive criticism instead of joking at others.

    ReplyDelete
  5. အရေအတွက် သုံးရာလေးရာလောက်လို့ သတင်းတစ်ခုနဲ့တစ်ခု ကွဲလွဲတာမျိုးကို လက်ခံလို့ရသလို လေးငါးရာလောက်လို့ ကွဲလွဲမှုမျိုးကိုလဲ လက်ခံလို့ရပါသေးတယ်။ ကိုးရာနဲ့ တစ်ထောင် ကွာခြားနေတာမျိုးကလဲ လက်ခံလို့ရပါတယ်။ ဒါပေမဲ့ သုံးရာနဲ့ တစ်ထောင် ကွာဟ သွားတာမျိုးကတော့ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စလေ.....

    ပြီးတော့ သတင်းတစ်ခုနဲ့ တစ်ခု လုံးဝ ကွဲလွဲနေတာမျိုးတွေကလဲ မဆိုးဘူးလား။ ဥပမာ နိုင်ငံခြား သတင်းတွေကို ဖတ်ဖူးရင် သိမှာပါ။ အကြောင်းအရာ တစ်ခုကို သတင်းဌာန တစ်ရာလောက်က ရေးတာ ရှိမယ်။ ဒါပေမဲ့ data က အမျိုးတစ်ရာ မကွဲပါဘူးဗျာ....

    ReplyDelete
  6. အားလုံးကို သုညနဲ့မြှောက်တဲ့ အချိန်မှာ ညီပါလိမ်မယ်။

    ReplyDelete
  7. အားလုံးကို သုညနှင့် မြှောက်သောအချိန်တွင် မှန်းဆ အရေအတွက် ကိန်းဂဏန်းများ အားလုံး၏ ပကတိ တန်ဖိုးများသည် တူညီကြသည်။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။