Tuesday, October 18, 2011

အယ်ဒီတာ တစ်ဦး၏ ပါးစပ်အတွင်းမှ လူပေါင်း ၄ သိန်းကျော် ၅ သိန်း ထူးဆန်းစွာ မွေးဖွား

မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၂ သောင်း ၈ ထောင်ကို ပြန်ခေါ်ဖို့ သဘောတူတဲ့အကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့ စနေနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက သတင်းထောက်တွေကို ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုချက်တွေကို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ သတင်းဌာန အသီးသီးက အခုလို ရေးသားဖော်ပြကြပါတယ်။


Zee News (India) (Read Here) 

UNB Connect (Bangladesh) (Read Here)

Daily Star (Bangladesh) (Read Here)

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်က အခုပြန်ခေါ်မယ့် ဒုက္ခသည် ၂ သောင်း ၈ ထောင်အပြင် မှတ်ပုံတင်မထားတဲ့ ဒုက္ခသည် a huge number, a large number ရှိနေသေးတယ်လို့ စနေနေ့က သတင်းစာရှင်းလင်းရာမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်က ဒီလို a huge number, a large number လို့ ပြောခဲ့ပေမဲ့၊ နိုင်ငံခြားရေး အတွင်းဝန်ပြောဆိုတဲ့ ဒီအကြောင်းကို ပြန်လည်ဖော်ပြတဲ့ ဗွီအိုအေ (မြန်မာပိုင်း) သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ မြန်မာက ဒုက္ခသည် ၂ သောင်း ၈ ထောင် လက်ခံပြီးသည့် တိုင်အောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှာ ရိုဟင်ဂျာ ဒုက္ခသည် ပေါင်း ၄ သိန်းကျော်နဲ့ ၅ သိန်းအတွင်း ရှိနေသေး တယ်လို့ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။



VOA (Burmese) (Read Here)

ဒီတော့ "ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်ရဲ့ မူရင်း ပြောဆိုချက်ထဲမှာ မပါဝင်တဲ့ ဒီ ဒုက္ခသည် လူဦးရေ ၄ သိန်းကျော် ၅ သိန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ကျန်ရှိနေသေးတယ်။ သူတို့ကို မြန်မာပြည်ထဲ ခေါ်သွားနိုင်အောင် ကြိုးစားမယ်" ဆိုတဲ့ ဗွီအိုအေ သတင်းဖော်ပြချက်နဲ့ ပတ်သက်လို့ သတင်းတင်ပြသူ မသိင်္ဂီထိုက်ကို BSN က တယ်လီပသီနဲ့ ဆက်သွယ် မေးမြန်းထားရာမှာ
မသိင်္ဂီထိုက်က အခုလို ပြန်ဖြေပါတယ်။

"ဒါက ကုလားတန် သတင်းဂျာနယ်ရဲ့ ရိုဟင်ဂျာ အယ်ဒီတာ ဦးတင်စိုးက သူ့ပါးစပ်ထဲ ရှိတာကို ပြောသွားတာပါရှင့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာပြည်ထဲကို ထပ်သွင်းဖို့ ရိုဟင်ဂျာ ဒုက္ခသည် ၄ သိန်းကျော် ၅ သိန်းကို သူ့ပါးစပ်ထဲကနေ အင်တာဗျူးနေစဉ် အတွင်း သူထင်သလို ချက်ချင်း မွေးဖွားလိုက်တာ ဖြစ်တာတယ်။ မူရင်း သတင်းတွေနဲ့ ဘင်္ဂလားဒေ့ရှ် အတွင်းဝန်ရဲ့ မူရင်း ပြောဆိုချက်တွေထဲမှာ မတွေ့ရပါဘူး။ သူ့ပါးစပ်ထဲက အရှင်မွေး မွေးဖွားလိုက်တာပဲ။ သူဟာ အလွန် တန်ခိုးကြီးလွန်းတဲ့ အတွက် အခုလို လူဦးရေ သိန်းနဲ့ ချီပြီးတော့ ပါးစပ်ပေါက်ထဲက မွေးဖွားပေးနိုင်တာပေါ့ရှင်။ ဒီလို တန်ခိုးကြီးလှတဲ့လူရဲ့ ပြောစကားကိုလဲ ကျွန်မတို့က မဖယ်ရှားရဲဘူးလေ။ ဒီတော့ သူပြောတဲ့ အတိုင်း ဖော်ပြပေးတာပါ။ အဲ... သူဖြေသွားတဲ့ ကိစ္စကတော့ ကျွန်မတို့နဲ့ လုံးဝ မဆိုင်ပါဘူးရှင့်" လို့ ဖြေကြားသွားခဲ့ပါတယ်။


ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် Daily Star သတင်းထဲမှာတော့ အခု ခေါ်ယူမယ့် ဒုက္ခသည် ၂ သိန်း ၈ သောင်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရိုဟင်ဂျာ ဒုက္ခသည် ၃ သိန်း ကျော် ကျန်ရှိနေသေးတယ်လို့ အခုလို ရေးထားပါတယ်။

Daily Star

ဒါပေမဲ့လဲ ဘင်္ဂလားဒေ့ရှ် Daily Star သတင်းဌာနရဲ့ ရေးသားချက်ဟာ ရှေ့နောက် မညီ ဖြစ်နေတာကို တွေ့ရှိရပါတယ်။ Daily Star သတင်းဌာနကိုယ်တိုင်က အဲဒီ စာမျက်နှာမှာပဲ ၁၉၉၂ တုန်းက ရိုဟင်ဂျာ ဒုက္ခသည် ၂ သိန်း ၅ သောင်း ခန့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး ရောက်ရှိခဲ့တယ်လို့ ရေးခဲ့တာပါ။

Daily Star

တရားဝင် စာရင်းဇယားများအရ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၂ သိန်း ၅ သောင်းထဲကနေပြီးတော့ လူဦးရေ ၂၃၆၄၉၅ ဦးကို ၁၉၉၂ ကနေ ၂၀၀၅ ခုနှစ်အတွင်း မြန်မာပြည်သို့ ပြန်ခေါ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

၈-၂-၂၀၀၉ ထုတ် ကြေးမုံ သတင်းစာ (Read Here)

ဒီတော့ (၂ သိန်း ၅ သောင်းက ၂၃၆၄၉၅ ကိုနှုတ်ရင်)၂၀၀၅ နောက်ပိုင်းမှာ ဒုက္ခသည် ၁၃၅၀၅ (တစ်သောင်း သုံးထောင် ငါးရာ့ ငါးဦး)ပဲ ဘင်္ဂလားဒေ့ရှ်မှာ ကျန်ရှိတာကို တွေ့ရပါတယ်။ အဲဒီ ဒုက္ခသည် တစ်သောင်း သုံးထောင်ကျော်ကနေ (၂၀၀၅ ခုနှစ်မှ ၂၀၁၁ အထိ ၆ နှစ်တာ ကာလ အတွင်း) လူဦးရေ ၃ သိန်း အထိ တိုးပွားသွားတယ် ဆိုတာကလဲ အလွန်တရာမှ ထူးခြား ဆန်းကြယ်လှတဲ့ ကမ္ဘာ့ အံ့ဖွယ်တစ်ပါး ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Daily Star သတင်းဌာကို ဆက်သွယ် မေးမြန်းကြည့်တော့ အခုလို ဖြေကြားပါတယ်။

"ခြောက်နှစ် အတွင်းမှာ ဒုက္ခသည် ၁ သောင်း သုံးထောင်ကနေ သုံးသိန်းအထိ တိုးပွားလာတယ် ဆိုတာ မှန်ပါတယ် ခင်ဗျ။ သူတို့က ကလေး တစ်ခါမွေးရင် ဆယ်မြွှာပူး၊ ဆယ့်ငါးမြွာပူး မဟုတ်ပါဘူး။ မိန်းမ တစ်ယောက်ကနေ ၄၀ မြွှာပူး၊ ၅၀ မြွာပူး၊ ၆၀ မြွာပူး မွေးပါတယ် ခင်ဗျ။ အဲဒါကြောင့် အခုလို သုံးသိန်းအထိ တိုးပွားလာတာ ဖြစ်ပါတယ် ခင်ဗျ။ ကျွန်တော်တို့ ပြောတာ အမှန်တွေပါ ခင်ဗျ။ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနကို စိတ်ချ ယုံကြည် ကြပါခင်ဗျ" လို့ ဖြေကြားသွားပါတယ်။

ဗွီအိုအေ သတင်းမှာ ဖော်ပြတဲ့ ကုလားတန် သတင်းဂျာနယ် အယ်ဒီတာရဲ့ ပြောဆိုချက်ဖြစ်တဲ့ ဒုက္ခသည်ဦးရေ ၄ သိန်းကျော် ၅ သိန်းအထိ တိုးပွားမှုနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာတော့-

"အော- အဲဒါက ပိုပြီးတော့ မှန်နိုင်ပါတယ် ခင်ဗျ။ ၁၀၀ မြွာပူး၊ ၁၀၀၀ မြွာပူး မွေးတာ ဖြစ်လိမ့်မယ်။ ဟုတ်ပါတယ်ခင်ဗျ။ သူတို့ပြောတာက ပိုပြီး တိကျ ခိုင်မာပါတယ် ခင်ဗျ" လို့ ဘင်္ဂလားဒေ့ရှ် Daily Star သတင်းဌာနကြီးက ဖြေကြားသွားခဲ့ပါတယ် ခင်ဗျာ။

11 comments:

  1. ကုလားတန် သတင်းဌာနဆီမှာ ဗီအိုအေ အလိမ်ခံလိုက်ရတာလား။ အလိမ်ခံရမှန်းမသိလို့ ပြည်သူကို သတင်းမှားပေးမိတာလား။ သိလျက်နဲ့ သတင်းအမှားကြီးကို ဗီအိုအေက ပြည်သူကို တင်ပြလိုက်တာလား။ ဒါမှမဟုတ် ရိုဟင်ဂျာတွေရဲ့ လိမ်လည်တာကို ဗီအိုအေက အရသာရှိရှိ အလိုတူအလိုပါ လက်ခံနေတာလား။ လား.. လား.. လား။။။။။။။

    ReplyDelete
  2. I don't understand why the VOA release that wrong news about the rohingya!

    ReplyDelete
  3. Hay you must be accept those guys, because Yakhine and Chin people are flee away to US, EUROPE and Other countries, so there are nobody live in that place, otherwise CHINA will occupy the area.
    How do you think. Do you want China or those guys.
    If Yakhine and Chin people come back don't accept them.

    ReplyDelete
  4. ဘာမဟုတ်တဲ့ ဒီ ရိုဟင်ဂျာ ဘင်္ဂလီတွေတော့ ပြန်ခေါ်ပေးတယ်..ကိုယ့်နိုင်ငံက ထွက်ပြေးနေရတဲ့ သန်းချီတဲ့ ဒုက္ခသည်တွေကြတော့ စဉ်းတောင်မစဉ်းစားဘူး..ငါလိုးမ သိန်းစိန် အစိုးရ...

    ReplyDelete
  5. ဒီဗွီဘီ၊ ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ အတူတူပဲ။ ဒီကောင်တွေ ကိစ္စဆိုရင် အကုန်လုံး လျှောက်တင်ပေးတာပဲ။ အင်တာဗျူးရင်လည်း ဒီကောင်တွေကိုပဲ မေးတယ်။ Fair and Balanced ဆိုတာ သူတို့ dictionaryထဲမှာ မရှိဘူးထင်တယ်။ သတင်းပညာများ သင်ဖူးရဲ့လားဆိုတာ စဉ်းစားစရာပဲ။

    ReplyDelete
  6. မြန်မာပြည်က လက်ခံပြီးလို့ ဘင်္ဂလားဒေ့ရှ်မှာ ကျန်ခဲ့တဲ့ရိုဟင်ဂျာ တသောင်းသုံးထောင်ကနေ ခြောက်နှစ်အတွင်းမှာ နှစ်သောင်းရှစ်ထောင်အထိ တိုးလာတယ် ဆိုတာ... ထားလိုက်တော့။ အဲဒီ နှစ်သောင်းရှစ်ထောင်ဆိုတဲ့ ရှိသမျှ ဘင်္ဂလီ အကုန်လုံးကို တယောက်မကျန် ပြန်လက်ခံတာတောင်၊ ကလိမ်ကကျစ် ဘင်္ဂလီတွေက မကျေနပ်ချင်ကြသေးဘူး။ နောက်ထပ် ဘင်္ဂလားဒေ့ရှ်လူမျိုး ၄ သိန်း ၅ သိန်း ထပ်ပြီး လက်ခံရအုံးမယ် ဆိုပါလား။ ရိုဟင်ဂျာနဲ့ ဘင်္ဂလီ အတူတူပဲဆိုတော့ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီတွေကို ရိုဟင်ဂျာနာမည်တပ်ပြီး မြန်မာပြည်ထဲပို့ချင်နေတာ သေချာတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးဌာနကလဲ သူတို့တိုင်းပြည်မှာ လူဦးရေများလို့ ထမင်းမကျွေးနိုင်ဘူးဆိုတိုင်း သူတို့ဘင်္ဂလားဒေ့ရှ်လူမျိုးတွေကို မြန်မာနိုင်ငံထဲကို ရိုဟင်ဂျာလို့ လိမ်ပြီးတော့ ပို့ချင်နေတာ သိသာနေတယ်။ ဘင်္ဂလီဥာဏ်က အရမ်းကြောက်စရာပဲ။ ကုလားတန် သတင်းဌာနက ရိုဟင်ဂျာ activist တွေသာလျှင်မဟုတ်၊ ဘင်္ဂလားဒေ့ရှ်အစိုးရ ကိုယ်တိုင်က ဘင်္ဂလားဥာဏ်နဲ့ ကလိမ်ကကျစ် လုပ်ချင်နေတာ... ဒီသတင်းတွေ ဖတ်ရင် အရမ်း သိသာတယ်။

    ပြည်ပ မီဒီယာတွေကလဲ မြန်မာအစိုးရကို မကြိုက်ဘူးဆိုတိုင်း ရိုဟင်ဂျာဆိုသူတွေရဲ့ ကလိမ်ကကျစ်ပြောတာတွေကို အားပေးအားမြှောက်မပြုသင့်ဘူး။ ကိုယ့်တိုင်းပြည်နောင်ရေးအတွက် ထည့်သွင်းစဉ်းစား သင့်ကြတယ်။ သတင်းအမှားတွေ မရေးသင့်ဘူး။ သိက္ခာရှိသင့်တယ်။

    ReplyDelete
  7. ဘင်္ဂလာဒေရှ့်မှာ တရားဝင် လူဦးရေ သန်း ၁၆၅ သန်း၊ တရားမ၀င် စာရင်းအရ သန်း ၂၀၀ ရှိပါတယ်။ အိမ်ထောင်စုစာရင်း မရှိသူ၊ မှတ်ပုံတင် မရှိသူတွေ အကုန်လုံးကို ရိုဟင်ဂျာ စာရင်းသွင်းပြီး မြန်မာကို ပို့ဖို့ လုပ်နေပါတယ်။ ဒီလို လုပ်တာမှာ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေလည်း အဓိက ပါဝင်နေပါတယ်။ သူတို့က သူတို့ဘာသာရေးမို့ လုပ်နေတာ ဖြစ်ပါတယ်။ မြန်မာ မီဒီယာတွေကကော ဘာအတွက် လုပ်နေတာလဲ မေးစရာ ဖြစ်နေပါပြီ။

    ReplyDelete
  8. အမြင်ကတ်သူOctober 19, 2011 at 9:19 PM

    ဒီသတင်းဌာနက အားရင် ဒီ Rohingya အမည်ခံ ဘင်္ဂလီတွေအကြောင်းပဲ ရေးနေတယ်။ Rohingya ဆိုတဲ့အသုံးအနှုံးကို လုံးဝမသုံးဖို့ တောင်းဆိုပါတယ်။ ဒီနာမည်က သမိုင်းလိမ်တစ်ခုကိုဖန်တီးပြီး သူတို့ကို သူတို့ပေးထားတဲ့နာမည်ဖြစ်ပါတယ်။ ဒီအသုံးအနှုံးကို သုံးတာကြာလာရင် အမှန်လိုလို ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ဒီ Rohingya ဆိုတဲ့ သမိုင်းလိမ်အသုံးအနှုံးကို သတင်းဌာနတိုင်းရှောင်သင့်ပါတယ်။

    ReplyDelete
  9. ဒီ သတင်းဌာနတွေက ဗမာစကားပြောတတ်ရင်၊ အစိုးရကို ဆဲ တတ်ရင် သူတို့ အလုပ်ဖြစ်ပြီဆိုပြီး ခန့်ထားတာနေမယ်။ မင်းတို့သတင်းဌာနတွေ ဗြောင်လိမ်ဗြောင်စားလုပ်နေတာ တော်တော့ကွာ။ခွီးတဲ့မှပဲ...အစိုးရ သတင်းတွေ မယုံဘူး ဆိုတိုင်းမင်းတို့ က ညာချ နေတာတော့ ဆိုးသကွာ။ မင်းတို့လည်း ကြာလေ မြန်မာ့အလင်းနဲ့ အဆင့်တူလေ ဖြစ်လာနေပြီ။ ဆာဂျေအေမောင်ကြီးတောင် မင်းတို့ထက် မျိုးချစ်စိတ် ရှိဦးမယ် ထင်တာပဲကွ။

    ReplyDelete
  10. ဘင်္ဂလီတွေရဲ့ မဟာဗျူဟာ မယားများများယူ စီမံကိန်းမှာ VOA အိပ်မောကျနေတယ်ထင်တယ်နော်

    ခိုင်မင်းညို

    ReplyDelete
  11. ပြည်ပ သတင်းဌာနတွေက်ထက်တောင် သိက္ခာရှိတဲ့ BSN ပါ။ အခုလို သတင်းအမှန်ကို စေ့စေ့စပ်စပ် ဖေါ်ပြပေးတဲ့အတွက် ဘင်္ဂလီတွေရဲ့ လိမ်ဆင်တွေနဲ့ ပြည်ပသတင်းဌာနတွေရဲ့ ယုတ်မာပေါ့ဆမှုကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား လယ်ပြင်မှာ ဆင်သွားသလို၊ ဆင်ကို ဆိတ်ရေနဲ့ ဖုံးသလို သိလိုက်ရကြောင်း တိုတိုတုတ်တုတ်ပဲ ပြောလိုက်ချင်ပါတယ်။

    www.asiantraveler.co.cc

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။