Nobel ငြိမ်းချမ်းရေးဆုကြေညာသည်ကို ယနေ့ အောက်တိုဘာလ ၇ ရက် မြန်မာစံတော်ချိန် ညနေ သုံးနာရီခွဲမှ စတင်ပြီး Burma Strange News မှ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါသည်
2011 Nobel Peace Prize
The 2011 Nobel Peace Prize is awarded jointly to Ellen Johnson Sirleaf, Leymah Gbowee and Tawakkul Karman "for their non-violent struggle for the safety of women and for women’s rights to full participation in peace-building work".မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက နောက်ထပ် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ လျာထားလိုက်ပါတယ်။
ယခု ကြေညာမယ့် ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် လျာထားခံရတဲ့သူ ကိုးဦး စာရင်းကို ဒီကနေ့ ထုတ်ပြန်ရာမှာ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထည့်သွင်းဖော်ပြထားတာပါ။
ဒီနှစ်အတွက် လျာထားခံရသူတွေထဲ အာရပ်ကမ္ဘာ လူထုအုံကြွမှုမှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်တဲ့ လူမှုရေး မီဒီယာကနေ ရေးသားတဲ့သူတွေ၊ အမေရိကန် သံရုံးတွေရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချလိုက်တဲ့ WikiLeaks အယ်ဒီတာချုပ် Julian Paul Assange ၊ ရုရှားနိုင်ငံက Memorial ဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့၊ ဘာလင်တံတိုင်း ဖြိုချိန်က ဂျာမနီဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ Helmut Kohl စသူတွေ ပါဝင်ပါတယ်။
နော်ဝေး နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီဟာ မနှစ်တုန်းကတော့ တရုတ် အတိုက်အခံ Lui Xiaobo ကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခဲ့ပြီး ၂၀၀၉ ခုနှစ်တုန်းကတော့ အမေရိကန် သမ္မတ Barack Obama ကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီတုန်းက အာဖဂန်နဲ့ အီရတ်မှာ စစ်တိုက်နေတဲ့ နိုင်ငံက သမ္မတကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်တယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။
အခုတော့ အာရပ်ကမ္ဘာက လူထုအုံကြွမှုမှာ စွမ်းစွမ်းတမံ ပါဝင်သူတွေကို အမည်စာရင်း တင်နိုင်တဲ့ အတွက်၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ လျာထားရမယ့်လူ မရှားပါးဘဲ ကာလ အတော်ကြာကပဲ လျာထားခံရပေမဲ့ ဆုမရသေးတဲ့ ဂျာမနီဝန်ကြီးချုပ်ဟောင်း Helmut Kohl လည်း ပါရှိပါတယ်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် ထပ်ပြီး အမည်စာရင်း တင်တာ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ကာလနဲ့ တိုင်ဆိုင်နေတယ်လို့ တချို့က သုံးသပ်ပါတယ်။
Source: http://www.rfa.org/burmese/news/nobel-peace-prize-assk-10062011091946.html
No comments:
Post a Comment
ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။
မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။
ကျေးဇူးတင်ပါသည်။