Saturday, October 8, 2011

ဧရာမမြွေကြီးတစ်ကောင် သတ်ဖြတ်ပြီးနောက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း (သတင်းအတုတစ်ပုဒ်အကြောင်း)

(သတင်းက ဒီလိုပါ)

ကချင်ပြည်နယ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်း တွင် ဧရာမမြွေကြီးတစ်ကောင်အား တရုတ်အလုပ် သမားများ သတ်ဖြတ်ခဲ့ပြီးနောက် မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းရန် သတင်း ထွက်ပေါ်လာသည်။

၄၈ ပေခွဲ ရှည်ပြီး ၅ ပေ လုံးပတ်ရှိသည့် မြွေကြီးအား စီမံကိန်း ဧရိယာထဲ ဂျွမ်ဘွမ်တောင် (Jum Bum)တွင် လမ်းဖောက်လုပ်နေသော တရုတ်အလုပ်သမားများ မြေအောက်တွင်းတစ်ခုမှာတွေ့ရှိပြီး စက်တင်ဘာ ၂၂ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု မျက်မြင်များပြောသည်။


ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းထဲ အရုတ်အလုပ်သမားများ သတ်ဖြတ်ခဲ့တဲ့ ဧရာမမြွေကြီးအား မြေတူးစက်လက်ဖြင့် ချီမြှေက်ထားပုံ။

တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) ကုမ္ပဏီ အလုပ်သမားများက ၎င်းမြွေကြီး၏ ဦးခေါင်းကို မြေတူးစက်(backhoe) ကော်ဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်သည်ဟုမျက်မြင် များပြောပါသည်။

CPI အလုပ်သမားများက ၎င်းမြွေကြီး အသေကောင်ကိုလည်း တရုတ်နိုင်ငံသို့ ယူဆောင်သွားကြောင်း ဒေသခံများပြောသည်။

ဧရာဝတီမြစ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်းမှာ ယခုကဲ့သို့ ဧရာမ မြွေကြီးသတ်ဖြတ်ခြင်း ဖြစ်ရပ်သည် “ရေကာတာစီမံကိန်း၏ မကောင်းသော နိမိတ်လက္ခဏာ တစ်ခုအဖြစ်” ဒေသခံကချင်များ ရှုမြင်ကြသည်ဟု သိရသည်။

မြွေကြီးသတ်ဖြတ်ခံရပြီး (၈) ရက်အကြာ စက်တင်ဘာ (၃၀) တွင် “ပြည်သူအများစု အပြင်းအထန် ကန့်ကွက်နေသည့် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ၎င်းတို့အစိုးရလက်ထက်တွင်ရပ်ဆိုင်း ထားရန်” လွှတ်တော်သို့ သမ္မတ ဦးသိန်းစိန်ပြောဆိုလာသည်။

ဒီသတင်းက fwd မေးလ်ထဲမှာ ပြန့်နေပြီး အချို့သော ဘလော့တွေနဲ့ ဖိုရမ်ဆိုက်တွေမှာလည်း ယခုလို ထူးဆန်း အံ့သြဖွယ် ကောင်းလှတဲ့ သတင်းကို ထပ်ဆင့် တင်ထားကြတာ တွေ့နေရပါတယ်။ ဒီသတင်းကို စပြီးတင်ခဲ့တဲ့ မူလ သတင်းဆိုက်မှာတော့ မတွေ့ရတော့ပါ။

ဒါပေမဲ့ သတင်းဆိုက်ပေါင်းများစွာကို စုစည်းပေးထားတဲ့ အင်တာနက် စာမျက်နှာ တစ်ခု မှာတော့ တွေ့ရပါသေးတယ်။

တစ်ကယ်တော့ ဒီသတင်းက သတင်းအတု ပါ။

အခု လင့်ခ် ကို သွားကြည့်ရင် အထက်က ဓာတ်ပုံနဲ့ ထပ်တူထပ်မျှ ဖြစ်တဲ့ ဓာတ်ပုံကို တွေ့ရမှာ ဖြစ်သလို
၂၀၀၉ ခုနှစ်တုန်းက တရုတ်ပြည်မှာ တွေ့ခဲ့တယ်လို့  ဆိုတဲ့ မြွေကြီး ဖြစ်နေတာ တွေ့ရမှာပါ (အကြောင်းအရာနဲ့ ဓာတ်ပုံက လုံးဝ နီးပါး သေချာသလောက် အတု ဖြစ်ပါသတဲ့ the story and photograph are almost certainly a hoax)။ သေချာတာကတော့ ကချင်ပြည်နယ် မြစ်ဆုံအနီးက မြွေကြီး မဟုတ်ဘူးပေါ့ဗျာ။

-

Photo of Huge (55ft) snake shocks World

Posted on 13 November 2009
-


A photograph purporting to show a 55ft snake found in a forest in China has become an internet sensation.

It was originally posted in a thread on the website of the People’s Daily, the official Communist Party newspaper in China.

The thread claimed the snake was one of two enormous boas found by workers clearing forest for a new road outside Guping city, Jiangxi province.

They apparently woke up the sleeping snakes during attempts to bulldoze a huge mound of earth.

“On the third dig, the operator found there was blood amongst the soil, and with a further dig, a dying snake appeared,” said the post.

“At the same time, another gold coloured giant boa appeared with its mouth wide open. The driver was paralysed with fear, while the other workers ran for their lives.

“By the time the workers came back, the wounded boa had died, while the other snake had disappeared. The bulldozer operator was so sick that he couldn’t even stand up.”

The post claimed that the digger driver was so traumatised that he suffered a heart attack on his way to hospital and later died.

The dead snake was 55ft (16.7m) long, weighed 300kg and was estimated to be 140 years old, according to the post.

However, local government officials in Guiping say the story and photograph are almost certainly a hoax as giant boas are not native to the area
-
http://zuzutop.com/2009/11/photo-of-huge-55ft-snake-shocks-world/

1 comment:

  1. ဒီသတင်းကို လွန်ခဲ့တဲ့နှစ် ၂၀၁၀ ဇွန်လ ၁၁ ရက်နေ့ကတည်းက သက်တန့်ချို ဘလော့ http://www.thettantcho.com/2010/06/blog-post_11.html မှာ ဖော်ပြဖူးပါတယ်။

    တရုတ်သတင်းက ၂၀၀၉ ကတည်းက သတင်းပါ။

    သက်တန့်ချိုက အပေါ်က အင်္ဂလိပ်ဘာသာကို တစ်နှစ်အကြာ ၂၀၁၀ ခုနှစ်မှာ ဆီလျော်သလို ဘာသာ ပြန်ထားတာတွေ့ရပါတယ်။

    ဒါပေမဲ့ သက်တန့်ချိုက သူ့ရဲ့ နောက်ဆုံးစာပိုဒ်မှာ... "ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အစိုးရထုတ် သတင်းစာတွေကတော့ မြွေကြီးအကြောင်းကို အကျယ်တ၀င့် ရေးသား ခဲ့ကြပြီး ဓါတ်ပုံသတင်းတွေအရ အလွန်ကြီးမားတဲ့မြွေကြီးဟာ တကယ်တော့ ဒီဒေသဟာ သူ့ရဲ့ (စားကျက် )ကျက်စားရာနေရာမဟုတ် ပါဘူးလို့ဆိုထားပါတယ် ။" လို့ သာ ရေးသားထားတာ တွေ့ရပါတယ်။

    သက်တန့်ချိုရဲ့ ရေးသားချက် အရ ဆိုရင်... တရုတ်ပြည်မှာ တွေ့တဲ့မြွေကြီးဟာ တကယ့်အစစ်အမှန် ဖြစ်ပြီး သူခေါင်းစဉ်ပေးထားသလို "ကမ္ဘာကို တုန်လှုပ်စေတဲ့ ၅၅ပေ ရှည်သော မြွေကြီး"လို့ စာဖတ်သူတွေကို messege အမှား ပေးသလို ဖြစ်နေပါတယ်။

    မူလ အင်္ဂလိပ်ဘာသာထဲမှာ ရေးထားတဲ့ officials in Guiping say the story and photograph are almost certainly a hoax as giant boas are not native to the area .. "ဓာတ်ပုံတွေက အတု ဖြစ်ဖို့ သေချာသလောက်ပဲ၊ ဒီဒေသဟာ သူ့ရဲ့ (စားကျက် )ကျက်စားရာနေရာမဟုတ် ပါဘူး" ဆိုတဲ့ အင်္ဂလိပ်ဘာသာမှ သက်တန့်ချိုရဲ့ ဘာသာပြန်ဆိုချက်မှာ.. မြွေကြီးဓာတ်ပုံက အတု (Hoax) ဆိုတာကို မဖော်ပြဘဲ ထိန်ချန်ထားခဲ့တာဟာ.. စာဖတ်သူများကို အထင်အမြင် လွဲမှားစေနိုင်ပါတယ်။

    တရုတ်ပြည်မှာ တကယ့်မြွေကြီး တွေ့တာလို့ ယူဆသွားစေနိုင်တဲ့ ရေးသားချက် ဖြစ်နေတာ တွေ့ရပါတယ်။

    အမှန်ကတော့ ဓာတ်ပုံကလည်း အတုဖြစ်နေတော့ မြွေအတု ဖြစ်ကြောင်း ရေးသင့်တာပေါ့ဗျာ။

    ဒါကြောင့် ရေးသားတင်ပြရာမှာ စာဖတ်သူများအတွက် မှန်ကန်တဲ့ message ရရှိအောင် အလေးဂရုပြုပြီးတော့ ရေးသားသင့်တယ်လို့ ယူဆမိပါတယ်။

    ကချင်သတင်းဌာနက သတင်းဖော်ပြတာမျိုးကတော့ လုံးဝ မလုပ်သင့် မလုပ်ထိုက်တဲ့ လုပ်ရပ် ဖြစ်ကြောင်းပါ။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။