အဆိုပါ ဆင်ဖြူအား အောက်တိုဘာလ ၁၁ ရက်နေ့ မနက် ၉ နာရီခန့်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် လောင်းဒုံ စေတီပြင်ကျေးရွာ အရှေ့ ဘက် ၁ မိုင်ခန့် အကွာရှိ တောတွင်း တစ်နေရာတွင် ဆင်မကြီးနှစ်ကောင် ဘေးမှ ခြံရံလျက် တွေ့ရှိကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
"ခန်းမှန်းခြေအရ ဆင်ဖြူဟာ အရပ် ၅ ပေ ၅ လက်မရှိမယ်တင်ပါတယ်။ ဆင်က သိပ်မကြီးသေးပါဘူး။ တွေ့တဲ့အချိန်မှာ ဆင်ကြီးနှစ်ကောင်နဲ့ ခြံရံပြီး အစာစားနေတဲ့အချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်" ဟု ပြောသည် (Click Here)။
အဆိုပါ ဆင်ဖြူမှာ ရခိုင်ပြည်နယ်အတွင်း ၂၀၁၀ နိုဝင်ဘာ ၂၂ ရက်နေ့က တွေ့ရှိခဲ့သော ဆင်ဖြူတော် ဖြစ်ပြီး ထိုအချိန်က ဘင်္ဂလားဒေ့ရှ်ပိုင်နက် အတွင်းသို့ မောင်းထုတ်ခဲ့ကြောင်း သိရကာ၊ ယခုတဖန် မြန်မာပြည်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်ဘက်မှ ထပ်မံ ပို့လွှတ်ခြင်း ဖြစ်ကြောင်း သိရသည်။ (သတင်းဟောင်း ပြန်ဖတ်ရန်)။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မိုးဦးနှင့် မိုးနှောင်းကာလများတွင် မုန်တိုင်းဝင်ရောက်ခြင်းမှ ရှောင်လွှဲရန်အတွက် ယတြာ ဆင်ဖြူများကို ဖန်တီးပြီး မြန်မာပြည်အတွင်းသို့ ပို့ဆောင်လေ့ ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှ ယတြာဆင်ဖြူများကို လက်ခံရရှိသည်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား တိုက်ခတ်မည့် မုန်တိုင်းများ မြန်မာနိုင်ငံအတွင်း သို့ ၀င်ရောက်လေ့ ရှိကြောင်း သတင်းမှတ်တမ်းများ အရ သိရသည်။ ယမန်နှစ်က ဆင်ဖြူတော် ရှိခိုးပွဲ ကျင်းပပြီး တစ်ပတ်အကြာတွင် မြန်မာ့ အနောက်ဖက် ကမ်းရိုးတန်းဒေသ၌ ဂီရိ မုန်တိုင်း တိုက်ခတ်ခဲ့ဖူးသည်။
ယခု ဘင်္ဂလားဒေ့ရှ်မှ ထပ်မံ ပို့လွှတ်လိုက်သည့် ဆင်ဖြူမှာ မြန်မာပြည်အတွင်းသို့ မုန်တိုင်းဝင်ရောက် စေရန် ရည်ရွယ်ပို့လွှတ်သည့် ယတြာ ဆင်ဖြူ ဖြစ်နိုင်သကဲ့သို့၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားနေသည့် ကိစ္စ၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ရေပြင်ပိုင်နက် ပိုမိုရရှိစေရန် ယတြာစီမံခြင်းလည်း ဖြစ်နိုင်ကြောင်း ဝေဒရေးရာ ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိပြီး၊ အဆိုပါ ဆင်ဖြူကြောင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ပြသနာများကြောင့် မြန်မာအစိုးရ စိတ်ညစ်လျက် ရှိကြောင်း သိရသည်။
ထိုနည်းတူ အဆိုပါ ဘင်္ဂလားဒေ့ရှ် ယတြာ ဆင်ဖြူများအား ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လှ သွားရောက် ဖူးမြှော်ခဲ့ပြီးနောက် များမကြာမီ အချိန်အတွင်း ထိုင်းနိုင်ငံတွင် အလွန်ဆိုးရွားသည့် ရေကြီးမှု ဘေးဒဏ်များ ဖြစ်ပေါ်လျက် ရှိသည်။
၂၀၁၀ နိုဝင်ဘာ ၂၂ ရက် ယခင် BSN သတင်း
ဆင်ဖြူတွေ့သော်လည်း မဖမ်းဆီးရန် ညွှန်ကြားထား
ပြီးခဲ့သော ဂျွန်လ ၂၆ ရက်နေ့နှင့် စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့သည် ဆင်ဖြူနှစ်ကောင်မှာ ဘင်္ဂလားဒေ့ရှ့် နိုင်ငံမှ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ၏ အစီအမံဖြင့်၊ ဝေဒပညာရှင်များက ယတြာ အင်းအိုင်များဖန်တီးပြီး အကွက်ချ လျှို့ဝှက် စေလွှတ်လိုက်သည့် ဘင်္ဂလား ဆင်များ ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့မှ ဝေဒပညာရှင် ဒေါက်တာ ဒေါက်တာ ကုမာရဆွာမိ (PhD & PhD in Astrology, India) က ထုတ်ဖော် ပြောဆိုလိုက် ကြောင်း ပြောဌာန်အာဠော သတင်းစာ က ရေးသားဖော်ပြ သည်။
အဆိုပါ တရားဝင် ထုတ်ဖော် ပြောဆိုချက်မှာ နောက်ဆုံးရရှိခဲ့သည့် ဆင်ဖြူနှစ်ကောင်အား ဘင်္ဂလားဒေ့ရှ် ခရီးသွား ဧည့်သည်နှစ်ဦးမှ နေပြည်တော်တွင် လွန်ခဲ့သော နှစ်ရက်က တွေ့ရှိပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။
ရှိတ်ဟာဆီနာ
BSN မှ စုံစမ်း ရရှိသော သတင်းများအရ ဘင်္ဂလား ခရီးသွား နှစ်ယောက် ဆင်ဖြူဆို၍ ၀င်ကြည့်ကြရာ ၄င်း ဆင်ဖြူကို မြင်သည်နှင့် တဟားဟားပင်ရယ်ကြကြောင်း၊ ထိုအခါ မြန်မာအာဏာပိုင်များက မြင်သွားကြပြီး ရယ်ရသော အကြောင်းရင်းကို မေးမြန်းရာ ဆင်ဖြူကို အင်းအိုင်မန္တရားများကို ကုမာရဆွာမိ၏ အစီအမံအတိုင်း ဆင်သို တွင် ရေးသား စီရင်ခဲ့သူမှာ ၄င်းတို့ပင် ဖြစ်သည်ဟု ပြောဆိုကြောင်း၊ မြန်မာတာဝန်ရှိသူ တို့က မယုံဘူးဆိုနေကြသဖြင့် ၄င်းတို့ နှစ်ယောက်က လက်တချောင်းထောင်ပြလိုက်ရာ ဆင်ဖြူသည် ၀မ်းသာအားရ တဗျောင်းဗျောင်းကခုန်ကြောင်း၊ လက်နှစ်ချောင်းထောင်လိုက်သည်နှင့် ဆင်ဖြူသည် ရှုံးပွဲချ ငိုကြွေးကြောင်း၊ သိရှိရသည်။
အဆိုပါ ဘင်္ဂလား နှစ်ယောက်က ဆင်ဖြူများကို ယတြာအင်းအိုင်များ စီရင်ပြီး မြန်မာပြည်သို့ ပို့လွှတ်ရခြင်းမှာ နှစ်စဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို မုန်တိုင်းများ တိုက်သဖြင့် လူပေါင်းများစွာ သေဆုံးခြင်း အန္တရာယ်မှ ကာကွယ်ရန် ဖြစ်ကြောင်း၊ ယခုလည်း ဘင်္ဂလားဒေ့ရှ်ကို မုန်တိုင်းတိုက်မည်ကို သိသဖြင့် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ မုန်တိုင်းဒဏ်မှ လွတ်ကင်းရေး စီမံချက်၏ တစိတ်တဒေသအဖြစ် ဆောင်ရွက်မှု ဖြစ်ကြောင်း ဆက်လက် ပြောကြားသွားကြောင်း၊ သို့ဖြစ်၍ မြန်မာ တာဝန်ရှိသူများ အလွန်စိတ်ပျက်သွားကြ ကြောင်း စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံ အနောက်ပိုင်းသို့ တိုက်ခတ်သွားသည့် ဂီရိ ဆိုင်ကလုန်း မုန်တိုင်းမှာ အဆိုပါ ဘင်္ဂလားမှ ပို့လိုက်သည့် ယတြာ ဆင်ဖြူကို ရှိခိုးပူဇော်ပွဲသဘင် ကျင်းပပြီးနောက် တစ်ပတ် အကြာတွင် တိုက်ခတ်သွားခဲ့ခြင်းဖြစ်သည်။
ယခုအခါ နောက်ထပ် မုန်တိုင်းတိုက်ခတ်မှုမျိုး မြန်မာနိုင်ငံတွင် မခံရစေရန်အတွက် ဆင်ဖြူ တွေ့သော်လည်း ဖမ်းဆီးခြင်း မပြုရန် ညွှန်ကြားလိုက်ကြောင်း သတင်းရရှိသည်။ နောက်ဆက်တွဲ သတင်းအဖြစ် စက်တင်ဘာလက တွေ့ရှိခဲ့သည့် ပဉ္စမမြောက် ဆင်ဖြူအပြီးတွင် ဆဌမမြောက် ဆင်ဖြူတစ်ကောင် တွေ့ရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်းသို့ မောင်းထုတ်ပြီး ၀န်ကြီးချုပ် ရှိတ်ဟာဆီနာထံသို့ ပြန်လည် ပို့ဆောင် လိုက်ကြောင်း သတင်းရရှိသည်။
ရှိတ်ဟာဆီနာထံ ပြန်ပို့လိုက်သည့် ဆင်ဖြူအား (ဤနေရာတွင်)တွင် ကြည့်လိုက ကြည့်နိုင်သည်။
(ပြည်တွင်းသတင်းထောက်ထံမှ)
ခွီးခွီးခွီး... ရှိတ်ဟာဆီနာထံ ပြန်ပို့လိုက်သည့် ဆင်ဖြူတဲ့..ဟီးဟီးဟီး...ဟားဟားဟား... လုပ်ကြပါဦး.. ဒီမှာ ရယ်ရတာ အူတက်နေဘီင်္..
ReplyDeleteဆင်ဖြူက ချစ်စရာလေး ဟီးဟီး တကယ့်မှ နေမထိ ဆင်လေး ခွီးခွီး ဗိုက်တောင်နာတယ် ရယ်ရတာ
ReplyDeleteဆင်ဖြုက အစွယ်တောင် ဖြတ်ထားပြီး နားတောင်းလုပ်ပန်ထားလား..တိဘူး....ဟ ဟ.....
ReplyDeleteတကယ့်ကို ဖြူဖွေးနေတာပဲ ဟက်ဟက်
ReplyDeleteဆင်ဖြူများကွိုင်တက်နေသဖြင့် အဆိုတော်ဘိုဖြူလဲ မျက်ခုံးလှုပ်နေကြောင်းသတင်းရရှိ ၊ ရှိတ်ဟာစီနာထံ ဆင်ဖြူ
ReplyDeleteပြန်ပို့ပါလျှက် မုန်တိုင်းဝင်ခဲ့လျင် ဘိုဖြူ၏ သိုတွင် မြန်မာဗေဒင်
ပုရောဟိတ်များကိုယ်တိုင် အစီအမံပြုလုပ်ကာ ဟာစီနာထံထပ်ပို့
မည်ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်း လျို့ဝှက်သတင်း
အဖြစ်ပြည်သူအကြားပျံ့နှံ့လျက်ရှိကြောင်း