Sunday, October 23, 2011

ဦးဟန်ညောင်ဝေ လိင်ပြောင်းလဲပြီး ရုပ်ရှင်မင်းသမီး လုပ်တော့မည်

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ (NCGUB) ၏ အကြံပေး အဖြစ် တာဝန်ယူခဲ့ပြီး၊ လက်ရှိ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ယာယီ ဦးဆောင် ညွှန်ကြားရေးမှူး တာဝန်ယူထားသူ ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံ အတွင်းသို့ လေကြောင်း ခရီးဖြင့် ပြန်လည် ၀င်ရောက် လာကြောင်း သိရသည်။

ထိုကဲ့သို့ မြန်မာပြည်အတွင်းသို့ လာရောက်ရာတွင် ဦးဟန်ညောင်ဝေသည် လိင်ပြောင်းလဲ ခွဲစိတ်ပြီးမှသာ ကိုးရီးယား ရုပ်ရှင်မင်းသမီး တစ်ဦး အသွင်ဖြင့် ရန်ကုန်လေဆိပ်သို့ ၀င်ရောက်ခြင်း ဖြစ်ကြောင်း၊ (၂၀၁၁၊ အောက်တိုဘာ ၂၄-၃၀) ရက်စွဲဖြင့် ထုတ်ဝေသော ပြည်တွင်း ဂျာနယ်တစ်ခုက ဓာတ်ပုံနှင့် တကွ ရေးသားဖော်ပြသည်။

"ဦးဟန်ညောင်ဝေ မြန်မာပြည် ပြန်လာသည့် သတင်း" နှင့် "ဓာတ်ပုံ"

မြန်မာအစိုးရကို ဆန့်ကျင်သည့် အလုပ်မှန်သမျှ တစ်ခုမှ လုပ်ဆောင် တော့မှာ မဟုတ်ကြောင်း၊ မြန်မာ့နိုင်ငံရေး ကိစ္စ၊ တိုင်းရင်းသား အရေးကိစ္စ၊ တိုင်းရင်းသား မဟုတ်သူများ အရေးကိစ္စ၊ လူ့အခွင့်အရေး ကိစ္စ၊ ကိုယ့်အခွင့်အရေး ကိစ္စ၊ အစရှိသဖြင့် ကိစ္စ အ၀၀ကို လုံးဝ လုပ်ဆောင် တော့မှာ မဟုတ်ကြောင်း၊ လိင်ပြောင်းလဲ ခွဲစိတ်ပြီးနောက် ရုပ်ရှင်မင်းသမီး တစ်ဦး အဖြစ်သာ ဘ၀ ရပ်တည်တော့မှာ ဖြစ်ကြောင်း ရုပ်ရှင် သရုပ်ဆောင် ဟန်ညောင်ဝေ က BSN သို့ ပြောသည်။

"မြန်မာပြည်သူ ပြည်သားတွေ အတွက် ဟန်ညောင်ဝေ ပြန်လာတာပါ။ ပြည်သူကို အနုပညာနဲ့ အလုပ်အကျွေးပြုသွားမှာ ဖြစ်ပါတယ်။ ကိုးရီးယား မင်းသမီးလေး ဟန်ညောင်ဝေ သရုပ်ဆောင်ထားတဲ့ ရုပ်သံ ဇာတ်လမ်းတွဲတွေကို မြန်မာ့အသံနဲ့ မြ၀တီက စောင့်မျှော် ကြည့်ရှုကြပါလို့ ပြောချင်ပါတယ်" ဟု မင်းသမီးချောလေး ဟန်ညောင်ဝေက ပြောဆိုသွားခဲ့သည်။

လက်တို့သူ- ပရလောကသားတစ်ဦး


ဂျာနယ်တွင် အသေးစိတ် ဖတ်ရှုရန် ...

5 comments:

  1. ဟိဟိဟိ

    ReplyDelete
  2. အင်း သူကတော့ .. အထီးဖြစ်လိုက် ... အမဖြစ်လိုက် ..
    ဘာပဲဖြစ်ဖြစ် အခြောက်ဖြစ်သွားတာ ပိုကောင်းမယ်ထင်တယ် မဟုတ်ယင် .. အထီးတွေ အမတွေ ... သိက္ခာကျနေ အုံးမယ် ...

    ReplyDelete
  3. လျှောက်ရေးတာပဲ အထဲကသတင်းနဲ့ အပြင်ကသတင်းနဲ့ကတလွဲ... စိတ်ပျက်ဖို့ကောင်းလိုက်တာ

    ReplyDelete
  4. ha ha ha...kaung tay!!! he is also a liar and trying to sell our country to Banglis ,so called Rohingyas.

    ReplyDelete
  5. ပြောချင်တာလွှတ်ပြောမယ်၊ လုပ်ခြင်တာ စွတ်လုပ်မယ် တာဝန်မဲ့ ပြောမယ်၊ တာဝန်မဲ့ လုပ်မယ်။ ဟုတ်တယ်လေ သူ ကဘယ်သူ့  ကိုမှ ကိုယ်စား ပြုသူမဟုတ်လေတော့ ဘာကိုမှ ဂရုစိုက်စရာမလိုဘူး။ သူ့ ရဲ့  တာဝန်မဲ့ အပြောတွေ တာဝန်မဲ့ လုပ်ရပ်တွေကို ဝေဖန်လိုက်တော့ ခင်မြာ မှာ အနောက်ကနေ လိုက်ရှင်းနေပြန် ရှာတယ်။ သြ ငပေါကြီး တိုင်းဂါး ထက်တောင် အဆမတန်ပေါတဲ့ ပေါဟန်ဝေ ပေကိုး။ အရင်ကလဲ ဒလိုခဏခဏဖြစ်တာ၊ နောက်လဲ မထူးဘူး.

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။