မြန်မာပြည်မှ ဆိုက္ကားများသည် အရည်အသွေး မြင့်မား၏။
ခံနိုင်ရည် အားကောင်း၏။ ကွာလတီကောင်း၏။
ခရီးသည်များစွာ တင်ဆောင်နိုင်အောင် အဆင့်မြင့် နည်းပညာဖြင့် ဖန်တီး တည်ဆောက်ထားပေ၏။
ကွာလတီမြင့် မြန်မာ ဆိုက္ကားများသည်...
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့မှ အရည်အသွေးမြင့်၊ အဆင့်မြင့် ဆိုက္ကားများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိ၏။
စင်ကာပူမှ ဆိုက္ကားများသည် အရည်သွေးညံ့ဖျင်းကုန်၏။ ခရီးသည်များများ မတင်ဆောင်နိုင်ရှာ။
သြစတြေးလျနှင့် ဥရောပမှ ဆိုက္ကားများသည်ကား ...
မြန်မာ့ ဆိုက္ကား၊ အိန္ဒိယ ဆိုက္ကား၊ ဘင်္ဂလားဒေ့ရှ် ဆိုက္ကား တို့ကဲ့သို့ အဆင့်မမြင့်ကြလေကုန်။
ဥရောပ၊ သြစတြေးလျ ဆိုက္ကားများ၏ ၀မ်းဗိုက်သည် မြေပြင်နှင့် အလွန် နီးကပ်စွာ တည်ရှိနေသောကြောင့် ဖြစ်၏။
အိန္ဒိယမှ အရည်အသွေးမြင့်ဆိုက္ကား (Photo: leelau.net)
အိန္ဒိယမှ ဆိုက္ကား (Photo: leelau.net)
ဝတ်ကောင်းစားလှ ၀တ်ဆင်သော အဆင့်မြင့် လှပျိုဖြူတို့စီးနင်းသည့်
ဘင်္ဂလားဒေ့ရှ်မှ အဆင့်မြင့် စီးတော်ယာဉ် ဆိုက္ကား (Photo: ranjitwarrier)
ဆိုက္ကားများထဲတွင် ဘင်္ဂလားဒေ့ရှ်ဆိုက္ကားသည်
အဆင့် အမြင့်ဆုံး ဖြစ်သည်ကို တွေ့ရ၏။
မြင့်လွန်းသဖြင့် ထိုင်စရာနေရာသို့ ရောက်အောင်
တော်တော်လေး ကြိုးစားကာ တက်ရောက်ကြရ၏။
အင်ဒိုနီးရှားမှ ကျောင်းပို့ ကျောင်းကြို ဖယ်ရီ-ဆိုက္ကား (Photo: thestar.com.my)
မြန်မာပြည်မှ ဆိုက္ကား (အရည်အသွေးမြင့်သော်လည်း
ဘင်္ဂလားဒေ့ရှ်လောက် အဆင့် မမြင့်ပေ) (Photo: AP/ Irrawaddy)
စင်ကာပူမှ ဆိုက္ကား (Photo: zealandpublishing)
ဆစ်ဒနီမှ ဆိုက္ကား (Photo: wikipedia)
ဂျာမနီမှ ဆိုက္ကား (မြေပြင်နှင့် နီးကပ်သောကြောင့် အဆင့် မမြင့်ပါ) (Photo: wikipedia)