Thursday, November 10, 2011

ထိုင်းရေကြီးမှု မွန်ပြည်နယ်အထိရောက်၊ ကျိုက်ထီးရိုးတောင် ရေမြုပ်သွား

(အပြောင်းအလဲ ပြုလုပ်ခြင်းမရှိမီ Nov-9, 10 တွင် တင်ထားသည့် သတင်းနှင့် မူလဓာတ်ပုံ)

ထိုင်းနိုင်ငံတစ်ခုလုံး ရေလွှမ်းမိုးမှု ဘေးဒဏ်ကို ခံစားနေရသည်။

ထိုင်းနိုင်ငံနှင့် နီးကပ်စွာ တည်ရှိသည့် မြန်မာနိုင်ငံ ဒေသ အချို့လည်း အဆိုပါ ရေကြီးမှုဒဏ်ကို ခံစားနေရသည်ဟု ဆိုသည်။

ထိုကဲ့သို့ ရေကြီးမှုကြောင့် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၆၀၀ မြင့်သော ကျိုက်ထီးရိုးတောင် တစ်ခုလုံး ရေမြုပ်သွားသည်။

ပျမ်းမျှအားဖြင့် အလွန်ဆုံး ငါးပေ ခြောက်ပေခန့် ရေအောက် နစ်မြုပ်သည်ကိုပင် ကြီးမားသော ဘေးဒုက္ခကြီးဟု ထိုင်းလူမျိုးများက ပြောနေကြစဉ်၊ ပေ ၃၆၀၀ အမြင့်အထိ မြန်မာ့မြေပြင် အစိတ်အပိုင်းတစ်ခု ရေအောက်သို့ ရောက်ရှိ နစ်မြုပ် သွားမှုမှာ ကမ္ဘာ့သမိုင်းတွင် အဆိုးရွား ဆုံးသော ရေကြီးမှု ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

သို့သော် အဆိုပါ ရေကြီးမှုကြောင့် ရေဘေး ဒုက္ခသည်များကို မတွေ့ရဘဲ ပျော်ရွှင်နေသော လှေစီးသူများ ဓာတ်ပုံ ရိုက်ကူးလျက် ရှိကြသည်ကိုသာ အံ့သြဖွယ် တွေ့ရှိရသည်။

(SY)


Read More....

14 comments:

  1. Tay Ha.. Tay Ha.. Tay Ha..

    ReplyDelete
  2. ဒီလောက် အမြင့်ကြီးရေတက်တာတောင် နာတို့ မိသားစု မပါသွားဘူးဆိုတော့ နာတို့  တာဝတိံသာ မှာများ ရောက်နေသလား..??

    ReplyDelete
  3. ကျိုက်ထီးရိုးတောင် ??????????????????

    ReplyDelete
  4. အဓိပါယ် မရှိတာ..... ချင်.ယုံကြပါ

    ReplyDelete
  5. Kyite Htee Yo ma hote bar bu a dar Phaung Taw Oo Inn Lay ka bar

    ReplyDelete
  6. Eleven Media ကလည်း....အင်းလေးနဲ့ ကျိုက်ထီးရိုး ဓာတ်ပုံ မှားရတယ်လို. လွန်ပါတယ်...

    ReplyDelete
  7. Whats post-modern?
    Fucking post-modern news!!!!!!!!
    အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။
    What's meaning?

    ReplyDelete
  8. ပြန်ပြင်လိုက်ပီရှင့်။

    ReplyDelete
  9. အလဲဗင်းက တစ်ခါတစ်လေတော့လည်း အဲလိုပဲ။ သူများကိုသာ ထောက်ပြချင်တာ သူတို့ မှားနေတာ သွားပြောရင်တော့ မသိချင်ယောင်ဆောင်တတ်တယ်။ မြန်မာ့စိတ်ဓာတ်ပေါ့ကွယ်။ အဲဒီအကျင့်တွေ မပြင်သရွေ့တော့................

    ReplyDelete
  10. အင်း...ဒို့တိုင်းပြည်ရဲ့စတုတ္ထမဏ္ဍပ်တွေကလည်း
    စာလုံးပေါင်းမှား၊ ပုံတွေမှားနဲ့
    ဒီကြားထဲ နကန်းတလုံးမှမသိတဲ့ကောင်က ဝင်ဆဲသွားသေးတယ်
    အနာဂါတ်ကတော့ ရင်တမမပဲဟေ့...

    ReplyDelete
  11. ပရလောကသားရေ...
    Sorry ပါ..ခေါင်းစဉ်နဲ့ ဓါတ်ပုံကိုပဲကြည့်မိလိုက်လို့ပါ။
    အခုမှပဲ ဇာတ်ရည်လည်ပါတော့တယ်။ blog ကိုလည်းတောင်းပန်ပါတယ်။
    ( စေတနာအမှားတွေပါ )
    ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းနားလည်နိုင်အောင် တော့ဖော်ပြပေးစေလိုပါတယ်
    ( ကိုပေါက်စ )

    ReplyDelete
  12. ပြသာနာပဲ လျောက်ရေး နေတယ်။ ခစ်ခစ်ခစ်..

    ReplyDelete
  13. အော်မှားစရာရှားလို.ကျိုက်ထီးရိုးနဲ.အင်းလေး...
    နိုင်ငံခြားသားတွေသွားမေးရင်တောင်သိတယ်။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။