Tuesday, November 15, 2011

ကိုးရီးယားတွေကို Rocker များ ကြောက်လန့်လျက်ရှိ


ကိုရီးယား၏ နိုင်ငံခြားသား အများဆုံး တက်သည့် ကျောင်းတစ်ခု နားက အများသုံး ရေချိုးခန်း အ၀င်မှာ ချိတ်ထားသော စာတန်း တစ်ခုကြောင့် မြန်မာ rocker များ အပါအ၀င်၊ ကမ္ဘာတစ်လွှားမှ rocker များ ရင်တမမ ဖြစ်နေကြောင်း သိရသည်။

အဆိုပါ စာတန်းတွင် ဖိနပ်များကို rocker ထဲတွင် ထည့်ရမည်ဟု ဆိုထားသည်။

ထိုစာတန်းကြောင့် မြန်မာနိုင်ငံ၏ နာမည်ကြီး rocker ဇော်ဝင်းထွဋ်က ထိတ်လန့်တုန်လှုပ်မိသည်ဟု ပြောပြသည်။

"ဖိနပ်တွေကို rocker ထဲ ထည့်ပါ ဆိုတော့ ကျွန်တော့် အနေနဲ့ ဘယ်လို ထည့်ရမှန်းတောင် မသိဘူး" ဟု ဇော်ဝင်းထွဋ်က ဆိုသည်။ "ထည့်စရာ နည်းလမ်းတစ်ခုကတော့ ဖိနပ်တွေကို ပါးစပ်ကနေ မျိုချပြီး ဗိုက်ထဲ ထည့်ထားရမယ့် ပုံပဲ" ဟု မြန်မာ rocker ကြီးက မှတ်ချက်ချသည်။

ထိုသို့သာ ဖိနပ်များကို မျိုချပြီး ဗိုက်ထဲ ထည့်ထားရပါက rocker များ အတိ ဒုက္ခရောက်မည် ဖြစ်သဖြင့် ညွှန်ကြားချက် စာတန်း ရေးသူ ကိုးရီးယားများအား rocker များက မေတ္တာပို့လျက် ရှိကြောင်း သတင်းရရှိသည်။

@------------ ခခ

2 comments:

  1. Locker နဲ့ Rocker များမှားရေးရတယ်လို့၊ မြင်လဲ မြင်တတ်ပါ့ဗျာ။

    ReplyDelete
  2. ဂျပန်လည်း ဒီတိုင်းပါဘဲဗျာ။ Rock နှင့် Lock ကို သူတို့ အသံအတူတူပဲထွက်ပါတယ်။ စာရေးလည်း အတူတူပါဘဲ။ အခု စာတန်းအောက်မှာ ရေးထားတဲ့ ဂျပန်စာကို ဒဲ့ဖတ်ရင် Rocker ထဲ ထည့်ပါလို့ပဲ ဖတ်ရမှာပါဘဲ။ Rock လား Lock လား အခြေအနေကြည့်ပြီး အဓိပ္ပါယ်ပြန်ယူရပါတယ်ဗျာ။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။