Thursday, November 3, 2011

ကျွန်ုပ်တို့သည် မြန်မာလူမျိုးများ မဟုတ်ကြပါ

BSN Asia-Pacific
(ရေးသူ- အာဏာဂျူး)

Picture of "Yodayagya" people.
Yodayagya people are definitely different from Myanmar people

ကျွန်ုပ်တို့ ယိုးဒယားဂျာ (့Yodayagya)လူမျိုးများသည် ထိုင်းနိုင်ငံ အနောက်ပိုင်း၊ မြန်မာနိုင်ငံနှင့် နယ်ချင်း ထိစပ်သော နေရာများတွင် အဓိက နေထိုင်ကြပါသည်။ ကျွန်ုပ်တို့သည် မြန်မာလူမျိုးများနှင့် ရုပ်ချင်း ဆင်တူသလိုလို ရှိသော်လည်း မြန်မာပြည်သား၊ မြန်မာ လူမျိုးများ မဟုတ်ကြပါ။ လူမျိုးရေး အစွန်းရောက်သည့် racist ထိုင်းလူမျိုးများက ကျွန်ုပ်တို့ကို ဖမာ့ (မြန်မာလူမျိုး)ဟု လွဲမှားစွာ စွပ်စွဲ ပြောဆိုကြပါသည်။ ထိုင်းလွှတ်တော်တွင်လည်း ယိုးဒယားဂျာ လူမျိုးဟူ၍ မရှိကြောင်း မျက်စိ စုံမှိတ်ကာ ငြင်းနေကြပြီး ထိုင်းနိုင်ငံသားမဟုတ်သော နိုင်ငံခြားသားများဟု ပြောနေကြပါသည်။

ထိုင်းနိုင်ငံတွင် ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများ မရှိကြောင်း မည်သူမှ ငြင်းလို့မရပါ။ ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံ များစွာကို သွားကြည့်လျှင် ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများကို တွေ့ရမည်သာ ဖြစ်ပါသည်။ ထိုင်းများကသာ လူမျိုးရေး မုန်းတီးမှုဖြင့် ဖမာ့ (မြန်မာလူမျိုး) ဟူ၍ မဟုတ်မမှန် ပြောဆိုနေကြခြင်းသာ ဖြစ်ပါသည်။

ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ဝင်ရောက်လာသော မြန်မာလူမျိုးများ မဟုတ်ကြပါ။ ထိုင်းတို့က မလိုမုန်းထားစွာဖြင့် တရားမ၀င် ခိုးဝင်လာသော နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများ (illegal migrant workers) ဟု မဟုတ်မှန် ပြောဆိုနေကြခြင်းသာ ဖြစ်ပါသည်။ လူ့အခွင့်အရေး အဖွဲ့များနှင့် နိုင်ငံတကာ ဖိအားကြောင့်သာ ကျွန်ုပ်တို့ကို အလုပ်သမား မှတ်ပုံတင် ထုတ်ပေးထားခြင်း ဖြစ်ပါသည်။ သို့သော် ယခုထက်တိုင် ထိုင်းနိုင်ငံသား အဖြစ် အသိအမှတ်မပြုကြပါ။ နိုင်ငံသား အဖြစ် အသိအမှတ်ပြုခြင်း မခံရဘဲ ဖိနှိပ်မှုများနှင့် ရင်ဆိုင် ကြုံတွေ့နေကြရပါသည်။ အမှန်မှာ ကျွန်ုပ်တို့ ယိုးဒယားဂျာ များသည် ထိုင်းလူမျိုးများ ထိုင်းနိုင်ငံအတွင်းသို့ မ၀င်ရောက်မီ ထောင်စုနှစ်ပေါင်း များစွာကပင် အခြေချ နေထိုင်ခဲ့ကြသော ကျောက်ခေတ်လူသားမှ ဆင်းသက်သည့် ဘူမိနက်သန် ထိုင်းတိုင်းရင်းသား လူမျိုးများ ဖြစ်ကြပါသည်။

ကျွန်ုပ်တို့သည် လွန်ခဲ့သော နှစ်သောင်းဂဏန်း အချိန်ကပင် ထိုင်းနိုင်ငံအတွင်းရှိ လန်ရုံရီယင်ဂူ၊ ၀ိဥာဉ်ဂူ အစရှိသော ဂူများတွင် ကျောက်ခေတ် လူသားများ အဖြစ် ဂူအောင်း နေထိုင်ခဲ့ကြသော ထိုင်းတိုင်းရင်းသား စစ်စစ်များ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ ဘိုးဘေး ကျောက်ခေတ် လူသား ယိုးဒယားဂျာများသည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ရှိ ထိုင်းလူမျိုးဖြစ်သော လူသားစားသည့် သီရိအိုးခွက်ပန်းကန် ဘုရင်မကို တိုက်ခိုက် အောင်နိုင်ပြီးနောက် ပလက်တီနမ် တောင်ထိပ်နှင့် ပဏ္ဍိတ (ပန်တစ်ပလာဇာ) တောင်ထိပ်တို့တွင် အခြေချ နေထိုင်ခဲ့ကြပါသည်။ ထို့နောက်တွင် အင်္ဂလန်နိုင်ငံမှ အရှေ့တောင်အာရှသို့ ကုန်သွယ် သွားလာသည့် အင်္ဂလိပ် သင်္ဘောများ ထိုင်းနိုင်ငံ ကမ်းခြေတွင် သင်္ဘောပျက်ပြီးနောက် ထိုင်းနိုင်ငံတွင် အင်္ဂလိပ်လူမျိုးများ အခြေချ ခဲ့ရာမှ ဒေသခံ လူမျိုးများနှင့် ရောနှောပြီး ယိုးဒယားဂျာ လူမျိုးများ ဖြစ်ပေါ်လာပါသည်။

ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများမှာ ဖမာ့ (မြန်မာလူမျိုး) မဟုတ်ဘဲ အင်္ဂလိပ်မှ ဆင်းသက်ကြောင်းကို သက်သေပြနိုင်ပါသည်။ ကျွန်ုပ်တို့ ဘာသာစကားတွင် ခေါ်ဆိုသော မော်တော်ကား၊ တီဗွီ၊ အင်တာနက်၊ ကွန်ပျူတာ၊ ရေဒီယို ဆိုသည့် ဝေါဟာရများမှာ အင်္ဂလိပ် ဝေါဟာရများ ဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့ အင်္ဂလိပ်က ဆင်းသက်ကြောင်းကို မယုံနိုင်ဖွယ် မရှိပါ။

ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများသည် တစ်ဦးနှင့် တစ်ဦး မျက်နှာသွင်ပြင်များ မတူကြပါ။ မျက်နှာ ၀ိုင်းသူက ၀ိုင်းပြီး မျက်နှာ ပြားသူက ပြားပါသည်။ အချို့မှာ နှာခေါင်းရှည်ပြီး အချို့ နှာခေါင်းတိုပါသည်။ အချို့ အရပ်ရှည်ပြီး အချို့ အရပ်ပုပါသည်။ အချို့မှာ အသား ဖြူသော်လည်း၊ အချို့မှာ အသားညိုပြီး အချို့ အသားမဲပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့မှာ မြန်မာလူမျိုးက ဆင်းသက်လာသည်ဟု ပြောဆိုခြင်းမှာ လုံးဝ ယုတ္တိ မတန်ပါ။ ကျွန်ုပ်တို့သည် အင်္ဂလိပ်လူမျိုး၊ ပြင်သစ်လူမျိုး၊ စပိန်လူမျိုး၊ ဂျပန်လူမျိုး၊ တရုတ်လူမျိုး၊ ကိုးရီးယား လူမျိုး၊ တိဗက်လူမျိုး၊ ဗီယက်နမ်လူမျိုး၊ ထိုင်းလူမျိုး၊ ကမ္ဗောဒီးယားလူမျိုး၊ အိန္ဒိယလူမျိုးတို့ ရောနှောရာမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့ ယိုးဒယားဂျာ ဘာသာစကားမှာ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ မလေး၊ အင်ဒိုနီးရှား၊ အခြားသော လူမျိုး တစ်ရာ့တစ်ပါး၏ ဘာသာစကားများ ရောစပ်ရာမှ ဆင်းသက်လာခြင်း သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဘာသာစကားရှိ ကွန်ပျူတာဟူသော အင်္ဂလိပ်ဝေါဟာရ၊ ဆူရှီဟူသော ဂျပန်ဝေါဟာရ၊ အီကြာကွေး ဟူသော တရုတ်ဝေါဟာရ၊ ဘရာဇီယာ ဟူသော ပြင်သစ် ဝေါဟာရ၊ ပလာတာ ဟူသော အိန္ဒိယ ဝေါဟာရ၊ ဒူးရင်းသီး ဟူသော မလေးဝေါဟာရ၊ အရက်ဟူသော အင်ဒိုနီးရှား ဝေါဟာရများကို ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့ ပြောဆိုသော ဘာသာစကားမှာ မြန်မာစကား မဟုတ်ကြောင်း သိသာ ထင်ရှားပါသည်။

လူအများက ကျွန်ုပ်တို့ပြောဆိုသော ဘာသာစကားမှာ မြန်မာစကား ဖြစ်ပြီး ကျွန်ုပ်တို့မှာ မြန်မာလူမျိုးဖြစ်သည်ဟု ပြောဆိုကြခြင်းမှာ လုံးဝ မှားယွင်းပါသည်။ မြန်မာစကားနှင့် ဆင်တူသလိုလို ရှိသော်လည်း ကျွန်ုပ်တို့ ပြောဆိုသော စကားမှာ မြန်မာစကား မဟုတ်ပါ။ ယိုးဒယားဂျာလစ်ရှ် (Yodayagya'lish) သာ ဖြစ်ပါသည်။ ယိုးဒယားဂျာလစ်ရှ်ကို လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က ကျွန်ုပ်တို့ တီထွင်ခဲ့ကြပါသည်။ ကျွန်ုပ်တို့၏ ဘာသာစကားကို အင်္ဂလိပ်အက္ခရာဟု လူသိများသည့် ရောမအက္ခရာဖြင့် ရေးသားပါသည်။ အင်တာနက် ချက်တင်များတွင် ကြည့်လျှင် ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများသည် မြန်မာဘာသာစကား မဟုတ်သည့် nay kaung lar ဟူသော ယိုးဒယားဂျာလစ်ရှ် ဘာသာစကားဖြင့် ပြောဆိုကြပါသည်။ အဆိုပါ ယိုးဒယားဂျာ စကားသည် မြန်မာစကား "နေကောင်းလား" နှင့် လုံးဝ တူညီမှု မရှိသောကြောင့် ကျွန်ုပ်တို့သည် ဖမာ့ (မြန်မာလူမျိုးများ) လုံးဝ မဟုတ်ပါ။

ကျွန်ုပ်တို့သည် ထိုင်းလူမျိုးများကဲ့သို့ပင် ခေါက်ပေါင်စားပါသည်။ ကွစ်တီယို စားပါသည်။ ဂျင်းဘောင်းဘီ ၀တ်ပါသည်။ စကတ် ၀တ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မြန်မာလူမျိုးနှင့် မတူပါ။ ထိုင်းလူမျိုးများ ဖြစ်ကြပါသည်။

ယိုးဒယားဂျာ ဟူသော လူမျိုးသည် ထိုင်းနိုင်ငံရှိ တိုင်းရင်းသား (၁၆၂၂၂၈)မျိုး တွင် ပါဝင်ခြင်း မရှိကြောင်း ထိုင်းအစိုးရက ကြေညာထားပြီး၊ ယိုးဒယားဂျာ လူမျိုး ထိုင်းနိုင်ငံတွင် မရှိဟု ပြောနေကြပါသည်။ အမှန်မှာ ယိုးဒယားဟူသော ဝေါဟာရကို ၁၆ ရာစု မြန်မာရာဇ၀င်များတွင် အတိအကျ ဖော်ပြထားပါသည်။ ယိုးဒယား ဟူသော ဝေါဟာရ ဆင်းသက်လာသည့် အယုဒ္ဒယ ဟူသော ဝေါဟာရကို အေဒီ ၁၃၅၀ ခုနှစ်ကတည်းကပင် ထိုင်းနိုင်ငံ သမိုင်းမှတ်တမ်းများတွင် တွေ့ရပါသည်။ ထိုင်းပညာရှင်များက ယိုးဒယားဂျာ ဟူသော ဝေါဟာရမှာ ၂၀၁၁ ရောက်မှသာ တီထွင်ဖန်တီးထားသော ဝေါဟာရဟု ပြောကြသော်လည်း အထက်ပါ သမိုင်းအထောက်အထားများအရ ယိုးဒယား ဟူသော ဝေါဟာရ ရှိခဲ့ကြောင်းကို မည်သူမျှ မငြင်းဆိုနိုင်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း ၀င်ရောက်လာသော မြန်မာလူမျိုးများ မဟုတ်ကြပါ၊ ထိုင်းနိုင်ငံ၏ တိုင်းရင်းသား လူမျိုး စစ်စစ် ဖြစ်သော ယိုးဒယားဂျာ လူမျိုးများသာ ဖြစ်ကြပါသည်။

ကျွန်ုပ်တို့သည် ယခင်က ထိုင်းနိုင်ငံအနှံ့နေထိုင်ခဲ့ပြီး ထိုင်းများထက် လူဦးရေ များပြားပါသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်များ ကျူးကျော်ဝင်ရောက်ချိန်တွင် ထိုင်းအာဏာရှင် ဗိုလ်ချုပ်မှူးကြီး လွန်ပီးပူ ဆွန်ဂရမ်က လူမျိုးတုန်းအောင် သတ်ဖြတ်မှုကြောင့် ယခုအခါ ယိုးဒယားဂျာ လူမျိုး နှစ်သန်းခန့်သာ ကျန်ပါတော့သည်။ သန်းပေါင်း ၆၀ နီးပါးမှာ ထိုင်းနိုင်ငံအတွင်းမှ ထွက်ပြေးသွားကြရပြီး ယခုအခါ မြန်မာနိုင်ငံတွင် နေထိုင်လျက် ရှိကြပါသည်။ (ဤအချက်က ထိုင်းနိုင်ငံရှိ ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများသည် မြန်မာပြည်မှ ရွှေ့ပြောင်းဝင်ရောက် လာခြင်း မဟုတ်ဘဲ မြန်မာပြည်ရှိ မြန်မာလူမျိုးများသည်သာလျှင် ကျွန်ုပ်တို့ မူလ နေထိုင်ရာ ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ ပြောင်းရွှေ့ သွားကြခြင်း ဖြစ်ကြောင်း ခိုင်မာစွာ သက်သေပြနေပါသည်။) ကျွန်ုပ်တို့သည် ယခင်က ထိုင်းနိုင်ငံ တ၀န်းတွင် လူဦးရေ အများဆုံး ဖြစ်သည့် တိုင်းရင်းသား လူမျိုးအဖြစ် နေထိုင်ခဲ့ကြသော်လည်း ယခုအခါ မြန်မာနိုင်ငံ နယ်စပ် တစ်လျှောက်တွင်သာ အများစု နေထိုင်ကြသည့် minority ဘ၀သို့ ရောက်ရှိရပါတော့သည်။ အခြားသော ယိုးဒယားဂျာ လူမျိုးများမှာ စင်ကာပူသို့ အဓိက ထွက်ပြေးကြပြီး ပင်နီစူဠ တောင်ထိပ်တွင် နေထိုင်ကြပါသည်။ ထိုင်းနိုင်ငံတွင် ဖိနှိပ်ခံရသည့် အတွက် ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမ အများစုမှာ မလေးရှား၊ အမေရိကား၊ အင်္ဂလန်၊ သြစတြေးလျ အစရှိသည့် နိုင်ငံများသို့ ထွက်ပြေးသွားကြပါသည်။ သို့သော် မြန်မာအစိုးရက ကျွန်ုပ်တို့ကို မြန်မာဟု အသိအမှတ်မပြုပါ။ အသိအမှတ် မပြုသောကြောင့်သာ မြန်မာသံရုံးက ကျွန်ုပ်တို့ကို အကာအကွယ် မပေးဘဲ ငွေညှစ်နေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာတစ်လွှားရှိ ကျွန်ုပ်တို့ ညီနောင်များမှာ နိုင်ငံမဲ့ လူမျိုး (stateless people) ဖြစ်နေကြပါသည်။ ကျွန်ုပ်တို့ကို မြန်မာလူမျိုးများဟုလည်း မဟုတ်မမှန် ပြောဆိုခြင်းကို ခံနေကြသည်မှာ လွန်စွာ မှားယွင်းပါသည်။

လွန်ခဲ့သော အနှစ် ၂၀ ၀န်းကျင်က ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများကို ထိုစဉ်က အုပ်ချုပ်ခဲ့သည့် ထိုင်းအစိုးရက တိုင်းရင်းသား လူမျိုးအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ပါသည်။ ထိုင်းနိုင်ငံတော် အသံလွှင့်ဌာန ဖြစ်သည့် Radio Thailand က ဥဒုံဌာနီ အသံလွှင့်စခန်းမှ တစ်ဆင့် ကျွန်ုပ်တို့ လူမျိုးများ ပြောဆိုသည့် ဘာသာစကားဖြင့် တစ်နေ့လျှင် ၁၅ မိနစ်စီ အသံလွှင့် ပေးခဲ့ပါသည်။ ရေဒီယိုမှပင် ကျွန်ုပ်တို့၏ ဘာသာစကားဖြင့် အသံလွှင့်ခဲ့သည်ကို ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့မှာ ထိုင်းနိုင်ငံ၏ တိုင်းရင်းသား လူမျိုး စစ်စစ် ဖြစ်ကြောင်း လုံးဝ သိသာ ထင်ရှားပါသည်။ ယခု racist အစိုးရများ အာဏာရရှိပြီး နောက်ပိုင်း မှသာ ထိုအစီအစဉ်ကို အသံ မလွှင့်တော့ပါ။ ကျွန်ုပ်တို့ကို တိုင်းရင်းသား အဖြစ်မှ ပယ်ဖျက်လိုက်ပါသည်။

နောက်တက်လာသည့် ထိုင်းအစိုးရသည် ကျွန်ုပ်တို့ကို နိုင်ငံခြားသား မြန်မာလူမျိုးများဟု သတ်မှတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြုလုပ်လျက် ရှိကြပါသည်။ လွတ်လပ်စွာ သွားလာနိုင်ခွင့် မရှိပါ။ အလုပ်သမားကတ် မပါလျှင် ဖမ်းဆီး ထောင်ချခြင်း၊ ငွေညှစ်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်းများ ပြုလုပ်လျက် ရှိပါသည်။ ယိုးဒယားဂျာ လူမျိုးများ တရားဝင် မြေပိုင်ဆိုင်ခွင့်၊ အိမ်ရာ ပိုင်ဆိုင်ခွင့်များ မရှိပါ။ ထိုင်းတောင်ပိုင်းတွင် ကျွန်ုပ်တို့ တိုင်းရင်းသား ယိုးဒယားဂျာ လူမျိုးများကို နိုင်ငံခြားသား မြန်မာများဟု မဟုတ်မမှန် သတ်မှတ်ပြီးနောက် ဆိုင်ကယ်စီးခွင့်၊ စက်ဘီး စီးခွင့်များကို ပိတ်ပင်ထားပါသည်။ နယ်မြေကျော်ပြီး ခရီးသွားလာခွင့်များကိုလည်း ကန့်သတ်ထားပါသည်။ ရက်စက်သော ထိုင်းအစိုးရသည် ဘာသာရေး ဖိနှိပ်မှုများလည်း ပြုလုပ်ပါသည်။ ယိုးဒယားဂျာ ရဟန်းသံဃာများကို ထိုင်းသာသနာရေး ၀န်ကြီးဌာနက နိုင်ငံခြားသားများ ဟု သတ်မှတ်ပြီး ကျောင်းထိုင်ဘုန်းကြီး ဖြစ်ခွင့် မပေးပါ။ မြန်မာဘုန်းကြီးကျောင်း ၉၀ ကျော်ကို ထိုင်းအစိုးရက အတင်းအကျပ် သိမ်းပိုက်ပြီး၊ ထိုင်းဘုန်းကြီးများကို ကျောင်းထိုင်ခိုင်းပါသည်။ ဘာသာရေး နှိပ်ကွပ်မှု ဖြစ်ပါသည်။ ဘုန်းကြီးများကို အတင်းအကျပ် မျက်ခုံးမွေး ရိတ်ခိုင်းခြင်းများ ပြုလုပ်နေပါသည်။ ထို့ပြင် ကျွန်ုပ်တို့ ရဟန်းသံဃာများကို အ၀ါရောင် သင်္ကန်းများကို အတင်းအကျပ် ၀တ်ဆင်ခိုင်းပြီး၊ သစ်ခေါက်ဆိုးရောင် သင်္ကန်းများကို ၀တ်ဆင်ခွင့် မပြုပါ။ ဤသည်မှ ထိုင်းအစိုးရ၏ ဘာသာရေး နှိပ်ကွပ်မှုများ ဖြစ်ကြပါသည်။ ယိုးဒယားဂျာ လူမျိုးများကို နိုင်ငံခြားသား မြန်မာများဟု သတ်မှတ်သည့် အတွက် ကျွန်ုပ်တို့ သည် ထိုင်းနိုင်ငံတွင် မဲပေးခွင့် မရရှိကြပါ။ နိုင်ငံရေး ပါတီများ ထူထောင်ခွင့်လည်း မရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုင်းနိုင်ငံတိုင်းရင်းသား စစ်စစ်များ ဖြစ်ကြသော်လည်း မြန်မာလူမျိုးများဟု မဟုတ်မမှန် သတ်မှတ် ခံနေရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရပါသည်။



ယိုးဒယားဂျာ လူမျိုးပြ မြေပုံ
ကျွန်ုပ်တို့သည် မြန်မာလူမျိုးများ မဟုတ်ကြပါ 
ထိုင်းနိုင်ငံ အနောက်ဖက် Siam-Yoday ပြည်နယ်တွင် နေထိုင်သော 
ယိုးဒယားဂျာ လူမျိုး (Yodayagya) သာ ဖြစ်ပါသည်။ 
နှိုင်းယှဉ် ကြည့်ရှုရန် မြေပုံ (Click Here

(ဆောင်းပါးရှင် အာဏာဂျူးမှာ အထက်တန်းကျောင်းထွက် အရူးလက်မှတ်ရ ပုဂ္ဂိုလ်ဖြစ်ပြီး၊ တံတားကလေး အရူးတက္ကသိုလ်မှ ဘီအေ(အရူး)ဘွဲ့နှင့် ရွာသာကြီး အရူးတက္ကသိုလ်မှ အမ်အေ(အရူး)ဘွဲ့များကို ရရှိခဲ့သည်။ ယခုအခါ အပြည်ပြည်ဆိုင်ရာ အရူးများ တက္ကသိုလ်တွင် ပီအိပ်ခ်ျဒီ(အရူး)ဘွဲ့အတွက် သုတေသန စာတမ်းပြုစုနေပြီး အထက်ပါ ဆောင်းပါးမှာ အရူးလက်မှတ်ရ အာဏာဂျူး၏ သုတသန စာတမ်းမှ ကောက်နုတ်ချက် ဖြစ်ပါသည်။ နိုင်ငံတကာ ဥပဒေအရ အရူးများ၏ ပေါက်တတ်ကရ ထင်ရာမြင်ရာ ရေးသားချက်များကို တရားစွဲဆို၍ မရပါ။ :D)

Related Link & Comments...

22 comments:

  1. အဲဒါကလေ ဒီကိစ္စက ကျွန် တော်တို့ ဒီလို သီးခြားဖြေရှင်းလို့ မရပါဘူး ခင်ဗျာ။ ကျွန်တော်တို့ အထက် အရာရှိတွေရဲ့ အမိန့်မရလို့ မဖြေရှင်းနိုင်သေးပါဘူး ခင်ဗျာ။

    ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူးခင်ဗျာ။ ဒီဥစ္စာက ဒီသူတို့BSN Asia-Pacific ဌာနက တင်ထားတဲ့ ဥစ္စာပါ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး BSN Asia-Pacific ဌာကို ဆက်သွယ်ရင် ပိုကောင်းပါလိမ့်မယ် ခင်ဗျာ

    ကျွန်တော်တို့ မြေပုံကို ပြင်ထားပါတယ်။ ထိုင်းတွေအတွက် Thai လူမျိုး ဓာတ်ပုံ တစ်ပုံနဲ့ Siamese ဆိုပြီးတော့ ဓာတ်ပုံတစ်ပုံ (ဓာတ်ပုံ နှစ်ပုံတောင်) အပိုထည့်ပေးထားပါတယ် ခင်ဗျာ။

    အာဏာဂျူးက အရူးဆိုတော့ ထိုင်းလူမျိုးတွေ ကန့်ကွက်တာကို နားမလည် ပါဘူး ခင်ဗျ။

    (ပုံ- BSN မြန်မာပိုင်း အစီအစီအစဉ်)

    ReplyDelete
  2. အဟုတ်မှတ်လို့ဖတ်နေတာ လူဇိုး

    ReplyDelete
  3. http://www.facebook.com/bbcburmese

    ReplyDelete
  4. http://www.facebook.com/bbcboycott#!/bbcboycott?sk=info

    ReplyDelete
  5. အဲဒါ သက်ဆင် က ၀ါဒဖြန့်တာ... ထိုင်း ဘုရင်က ၀ါဒဖြန့်တာ ... ရင်လက် က ရေကြီးတာ လို့ ဒုက္ခရောက်တာ ကို အာရုံလွှဲဘို့ လူမျိုးရေးနဲ့ တိုက်တာ... ဘာညာသရာကာ..... ကန့်ကွက်သူတွေက လူမိုက် ငပိန်းတွေ ငပေါတွေ မှိုင်းမိတွေ သာဖြစ်ကြောင်း ဖင်လန်ရောက် activist ကိုဖန်ခင်မှ မှတ်ချက်ပြုပါသည်။

    ReplyDelete
  6. ပါးစပ် အဟောင်းသားပဲဗျိုး။ ခုနကပဲ ပဏ္ဍိတ (ပန်တစ်ပလာဇာ) တောင်ထိပ် က ပြန်လာတာ။ အိုင်ဖုန်း ယိုးဒယား မိတ် ဈေးလတ်လတ် ကလေး ကိုင်ချင်လို့ ရယ်။ အဲ့သာ အရင်သွားနေတုန်းကတော့ နီ့ ထိုရာဆပ် လာခါ ထောက်လိုင် (အဲ့သည်ဖုန်း ဈေးဘယ်လောက်လဲ) လုပ်သေးတယ်။ ခုတစ်ခေါက်တော့ အနှီ ယိုးဒယားဂျာကို “ညီရေ အဲ့သည်ဖုန်း လေး ပြပါဦး ဘယ်လောက်လဲ။ အစ်ကို အတွက်လျော့ဈေးလုပ်ပေးနော်။ အစ်ကို ကာစတွန်မာ ခဏ ခဏ ခေါ်လာတာပဲကွာ။ နော်။” ဟု ပြောလိုက်သည့် နောက် ကျနုပ်၏ ဧည့်သည်တော်မှာ ဘတ် ၄၀၀၀ တန် (ယပလက်မိတ်) အိုင်ဖုန်းကို ၃၅၀၀ နှင့် ရလာခဲ့ကြောင်းပါခင်ဗျား။

    ယိုးဒယားဂျာများ ကြီးစိုးသော ပဏ္ဍိတ တောင်ထိပ်ပါပေ တကား။ :P

    ReplyDelete
  7. ကွန်မန့်ပေးထားတဲ့လူတွေကို သဘောကျတယ်ဗျာ..း) sarcasm ကို sarcasm နဲ့ တုန့်ပြန်ထားတာ.. :D
    ရေးတဲ့လူကိုလည်း တော်တော် ချီးကျူးပါတယ်။ ကျွန်တော် ပြောချင်နေတာနဲ့ ရာနှုန်းပြည့်ကွက်တိပဲ.. BSN ကိုလည်း လေးစားပါတယ်။ အခုနောက်ပိုင်း ပို့စ်တွေ ကျဲသွားသလိုပဲ။ စစချင်း လုပ်တုန်းက ပို့စ်တွေလောက်လည်း သိပ်မရယ်ရတော့ဘူး.. :)

    ReplyDelete
  8. ကောင်းလိုက်တဲ့ပို့ စ်။ ထိမိတယ်ဆိုတာ ဒါကိုပြောတာပါလား။

    ReplyDelete
  9. BSN Asia Pacific ယိုးဒယားပြည်သူများကို တောင်းပန်ပါ။ ယိုးဒယားမှာ ယိုးဒယားဂျာမရှိပါ။ နည်းအမျိုးမျိုးနဲ့ ဝင်လာတဲ့ မြန်မာပြည်သူတွေပဲရှိပါတယ်။ :P

    ReplyDelete
  10. အပေါက anonymous ရဲ့ Statement အဲ ပြောတာ ယိုးဒယားဂျာ story ကိုပြောခဲ့တယ်။ He was talking about ယိုးဒယားဂျာ story ကိုပြောခဲ့ပါတယ်။ That's wrong information. သူ (မြန်မာပြည်သူ) (မြန်မာပြည်သူ) ပြောနေတာ actually he meant က ယိုးဒယားဂျာ ဖြစ်ပါတယ်။ ဒါကြောင့်သူ Apologise လုပ်ရပါမယ်

    ReplyDelete
  11. မယုံရင် http://en.wikipedia.org/wiki/Yodayagya ကိုသွားကြည့်။ Wiki က သက်သေလုပ်လိမ့်မယ်။ :D

    ReplyDelete
  12. Stop and/condemn the neo-fascist, racist anti-Yodayagya petition campaign: Un-Buddhist, un-Christian and Disgusting
    ယိုးဒယားဂျာလူမျိုးတွေမရှိဖူးဆိုပြီးကန့်ကွက်တဲ့သူတွေအားလုံးကိုကျွန်တော်ပြောချင်ပါတယ်။ အဲဒီပုံထဲမှာပါတဲ့ Thai ဆိုတဲ့လူမျိုးဟာလွန်ခဲ့တဲ့ အနှစ်၅၀ကျော်မတိုင်ခင်အထိ ထိုင်းလန်း နိုင်ငံသားတိုင်းရင်းသားရယ်လို့သတ်မှတ်မခံရသေးပါဖူး။ သူတို့ရဲ့ဝတ်စားဆင်ရင်ပုံ စကတ်အတိုကိုကြည့်ရင်သိသာပါတယ်။ ခုနှစ်၅၀အကြာမှာသူတို့ကိုတိုင်းရင်းသားလို့အသိအမှတ်ပြူနိုင်ရင် ယိုးဒယားဂျာတွေကိုတိုင်းရင်းသားလို့အသိအမှတ်မပြူတာဟာ ဖက်ဆစ်လက်သစ်(neo-facist) လုပ်ရပ်ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်အပြင်းအထန်ရှုန့်ချပါတယ်

    ဒေါက်တိုဘရာစီ

    ReplyDelete
  13. ဒေါ်ရင်လှ(ဈေးခေါင်းချူပ်)November 4, 2011 at 5:43 AM

    ယိုးဒယားမှာ ယိုးဒယားဂျာမရှိကြောင်းရက်၅၀၀၀အတွင်းတောင်းပန်ပါ။
    မတောင်းပန်က burmastrangenews သည်သောနုထ္ထိုကျော်ဆန်း
    ပိုင်ဘလော့ဖြစ်ကြောင်းကြေငြာမည်

    ReplyDelete
  14. ကိုသက်စိန် (ယခင်ထိုင်းဝံဂျီးချုပ်ဟောင်း)November 5, 2011 at 11:58 AM

    ဒီမြေပုံကိုပြန်ပြင်ပေးပါ။ ဒါဟာ ထိုင်းလူမျိုးတွေကို စော်ကားထားတာပါ။ ယိုးဒယားဂျာ ပုံမှာ ကလေးပုံတွေတင်ထားပြီး၊ထိုင်းပုံကျ ဗိုက်နဲနဲပူနေတဲ့ ထိုင်းမလေးပုံတင်ထားတာ တဖက်သတ်ကျပါတယ်။ ထိုင်းတွေဟာ ကလေးတွေကို ဗိုလ်ကျနေတယ်လို့ ကမ္ဘာ့အလယ်မှာထင်မြင်နိုင်ဖွယ်ရှိပါတယ်။ ယိုးဒယားဂျာတွေကို လွတ်လပ်စွာ မိုဘိုင်းဖုန်းနှင့် ကြူခွင့်၊ ကွတ်တီယိုစားခွင့်၊ စက်ရုံအလုပ်သမားများအဖြစ် အသက်မွေးဝမ်းကျောင်းခွင့် ပေးထားပါတယ်။ ပက်ပုန်းကဲ့ သို့ Business district မှာတောင် အတော်များများ အလုပ် လုပ်ကိုင်ခွင့်ရနေပါပြီ။ ဒါကြောင့် မျှတစွာ ရေးသားတင်ပြစေလိုပါတယ်။

    ReplyDelete
  15. ကိုချိုလိမ် said:
    အထက်ဖေါ်ပြပါ ဒေါက်တာဝါကာဝါကာရဲ့ရေးသားချက်များနဲ့ BSN က need to တောင်းပန်ရမယ်ဆိုတဲ့ အကြံပေးချက်များကို ကြိုဆိုပါတယ်။
    ဒါပေမဲ့ ယိုဒယားဂျာဆိုသူများက ၃၀%သာ ဖမာ(မြန်မာလူမျိုး)ကဆင်းသက်လာတာဖြစ်ပြီး ကျန်တဲ့ ၇၀%က အာရပ်ကသင်္ဘောပျက်ပြီး ရောက်လာတဲ့ သင်္ဘောတစ်စီးစာလူများကနေ ပေါက်ပွားလာတာဖြစ်ပါတယ်။
    ဒီနေရာမှာလဲ သင်္ဘောတစ်စီးစာ လူ အယောက်၂၀လောက်ကနေ ဘယ်လိုဖြစ်ပြီး ဒီလောက်များပြားလာရသလဲဆိုရင် ကျွန်တော်တို သင်္ဘောပေါ်ပါလာတဲ့ ယောကျာ်းလေးများရဲ့ အစွမ်းအစကြောင့်သာ ဖြစ်ပါတယ် ဟွင်းဟွင်းဟွင်း ရှင်းတယ်နော်
    (သတင်းထောက်တစ်ယောက်က ဘယ်လိုအစွမ်းအစများလဲလို့မေးကြားချက်ကိုတော့ လွှတ်တော်ပြီးမှ ပြန်လည်ဖြေကြားမည်ဖြစ်ကြောင်း ဟိုလိုလိုဒီလိုလိုထွက်ပြေးသွားပါသည်။)

    ReplyDelete
  16. အဟီး...အဟီး..
    အရမ်းတော်တယ်ဂျာ...စိတ်ညစ်တာတွေတောင်ဘယ်ရောက်သွားမှန်းမသိ...
    အရမ်းရီရတယ်....
    အနော်လဲယိုးဒယားဂျာဘဲဂျာ...ဟိဟိဟိ
    အဲ့ဒီမြေပုံထဲမှာနေနေလို့....ခိခိခိ
    မှတ်ချက်။။။စာရေးသူအားအထူးပင်ကျေးဇူးတင်ရှိပါကြောင်းပါဂျာဂျာဂျာဂျာ

    ReplyDelete
  17. တော်တော်နောက်တယ်ဂျာ....ရီလိုက်ရတာသေတော့မယ်..ဟိဟိဟိ
    အရမ်းတော်တယ်ဗျာ....လေးစားတယ်..
    အနော်လဲဂျာလူမျိုးဘဲဂျ...အဲ့ဒီမြေပုံထဲမှာနေနေလို့လေ...ဟီး
    ရေးသားသူကိုအထူးကျေးဇူးတင်ရှိပါကြောင်း..
    စိတ်ညစ်နေတာတွေပျောက်သွားလို့ပါဂျာဂျာဂျာဂျာ....ဟိဟိဟိ

    ReplyDelete
  18. ဂျာလည်တွေရိုက်သွားတာပဲဗျာ..

    ReplyDelete
  19. ဒါနဲ့ ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လှကလည်း ယိုးဒယားဂျာပဲ မဟုတ်လားဟင်..
    သူ့ကျ ဘာလို့ချန်ခဲ့တာလဲ :P

    ReplyDelete
  20. ဟားဟားဟား။။ ရယ် လိုက် ရ တာ ဂျာ ...။ ဂျာ အေး သူ့ အမေရိုက် ထက် ဆိုးနေသေးတယ် ဂျာ..။ ဈေးခေါင်းချုပ် ဒေါ်ရင်လပ် လည်း ရေနစ် နေလို့  ဒီကိစ္စ ကို နောက်မှ ဖြေရှင်း ပေး ပါ မယ် တဲ့ ဂျာ ..စိတ် ရှည် ရှည် ထား ကြ ပါ ဂျာ ..

    ReplyDelete
  21. ဂလိုဘယ်လိုက်ဇေးသျှင်း-ဆူနာမီဒီလှိုင်းတွေထက် ကြောက်စရာကောင်းတာက လူနာမီသည်လှိုင်းတွေပါဂျာ-

    ReplyDelete
  22. ထို့ကြောင့်ကျွန်တော်တို့ ယိုးဒယားဂျာများ ယိုးဒယားမှာမနေလိုတော့ပဲ ဖင်လန်ပြောင်းနေတော့မည်ဟုကြံထားပါသည်။ ဒါကိုမှအားမရတဲ့ယိုးဒယားဂျာများ ပိုလန်သွားမည်ဟု တောင်ပြောမြောက်ပြောသတင်းရပ်ကွက်မှ မရေမရာ သိရ။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။