Tuesday, November 22, 2011

၂၀၁၁ ဆီးဂိမ်းတွင် မလေးရှားဘောလုံးအသင်း မြန်မာကစားသမားများအား ငှားရမ်းအသုံးပြု

မလေးရှားဘောလုံးသမား ကျော်ကျော်မျိုး
မြန်မာဘက်သို့ ဂိုးသွင်းရန် ကြိုးပမ်းနေစဉ် (Photo: Getty Images)

၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မလေးရှားအသင်းက မြန်မာဘောလုံးသမား အချို့ကို မွေးစားသား အဖြစ် ငှားရမ်း အသုံးပြုကာ ပြိုင်ပွဲဝင်သွားကြောင်း The Wall Street Journal (Click Here), Day Life (Click Here) နှင့် ရာဟုသတင်းများ (Yahoo News- Click Here) တို့က ဖော်ပြသည်။ အဆိုပါ သတင်းများတွင် ဖော်ပြချက်အရ၊ မြန်မာ-မလေးရှား အကြိုဗိုလ်လုပွဲစဉ် အတွင်း- မြန်မာလူမျိုး Kyaw Kyaw Myo သည် မလေးရှားအသင်းကို ကိုယ်စားပြုပြီး ကန်ကျောက်ခဲ့ကြောင်း၊ ထို့ပြင် ၄င်းသည် မြန်မာအသင်းဖက်သို့ ထိုးဖောက်ပြီး မြန်မာ ဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ထိုနည်းတူ မြန်မာလူမျိုး ဘောလုံးသမား Aye San သည်လည်း မလေးရှားဘောလုံးအသင်းတွင် ၀င်ရောက် ကစားသွားကြောင်း အခြား သတင်းတစ်ပုဒ်က ဆိုသည် (Click Here)။

ယခုကဲ့သို့ မြန်မာ့လက်ရွေးစင် အဆင့်မြင့် ဘောလုံးသမားကောင်းများကို မလေးရှားအသင်းက ငှားရမ်းအသုံးပြု ကစားသွားခြင်းကြောင့် နောက်ဆုံး ဗိုလ်လုပွဲတွင် မလေးရှားတို့ အနိုင်ရ ဗိုလ်စွဲသွားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)က အတည်ပြု ပြောကြားသည်။ အပြန်အလှန်အားဖြင့် နေပြည်တော်တွင် ကျင်းပမည့် ၂၀၁၃ ဆီးဂိမ်းတွင် မြန်မာအသင်း အနိုင်ရဗိုလ်စွဲစေရန် အတွက် မလေးရှားဘောလုံး သမားများကို ယာယီမြန်မာနိုင်ငံသားကတ် ထုတ်ပေးပြီး၊ မြန်မာအသင်းတွင် ငှားရမ်း အသုံးပြုသွားမည်ဟု MFF က ပြောသည်။

5 comments:

  1. မလေးရှားဘောလုံးသမားများကို နိုင်ငံသားမှတ်ပုံတင်ထုတ်မပေးမီ
    BIOMETRIC စံနစ်ဖြင့် လက်ဗွေနှိပ်ရန် လိုအပ်မည်ဖြစ်ပြီး ၊ ထိုသို့
    လက်ဗွေနိပ်ခြင်းအတွက် မြန်မာငွေ ၆ ကျပ်သာကုန်ကျမည်ဖြစ်
    ကြောင်း မြန်မာလ ၊၀ ၊ က ၀န်ကြီး ဦးခင်ရီ မှ ပြုံး၍ပြောကြား
    သွားကြောင်းခိုင်လုံသောသတင်းရပ်ကွက်မှသတင်းရရှိသည်။

    ReplyDelete
  2. အဟုတ်မှတ်လို. ဖတ်တာ.. အချိန်အကုန်ခံပြီးရေးထားတဲ့ ငပေါရဲ့စာကို ဖတ်မိတာငါ့ အမှား.. ပါ.. ချီထုပ်ရယ်.. :)

    ReplyDelete
  3. ခုတလော BSN News ကိုဖတ်၇တာ satires တွေထက် comments တွေကပိုရီနေရတယ်... ဟိဟိ ... kwi kwi ... kwa kwa ...

    ReplyDelete
  4. http://www.thithtoolwin.com/2011/12/blog-post_9697.html

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။