Sunday, November 20, 2011

တစ်နှစ်ပြည့် ကျေးဇူးတင်စကား


ဒီနေ့ Burma Strange News (BSN) တစ်နှစ်ပြည့်ပါပြီ။

ထူးထူးခြားခြားပဲ ဒီနေ့ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ နဲ့ BSN ရဲ့ တစ်နှစ်ပြည့် မွေးနေ့တို့ တိုက်ဆိုင်နေပါတယ်။

မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို ဖဲ့ပြီး BSN ကို လာရောက်ဖတ်ရှု အားပေးကြတဲ့ ကမ္ဘာအရပ်ရပ်က စာဖတ်ပရိသတ်များ အားလုံးကို လှိုက်လှဲ နွေးထွေးစွာ ကျေးဇူး စကား ဆိုပါရစေ။

သတင်းတွေ လက်တို့ကြတဲ့ ...
ပို့စ်တွေ ပံ့ပိုးရေးသားပေးကြတဲ့ ...
ဝိုင်းဝန်း အကြံပေးကြတဲ့ ...
BSN ရဲ့ မိတ်ဆွေများ အားလုံးကိုလဲ လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။

မိတ်ဆွေများရဲ့ ဒီလို  အားပေး ဖတ်ရှုမှုတွေ ပံ့ပိုးမှုတွေ ကြောင့်သာ
Burma Strange News အနေနဲ့ ယခုလို တစ်နှစ်ပြည့်မြောက်တဲ့အထိ ရှင်သန် ရပ်တည်နေခြင်းသာ ဖြစ်ပါကြောင်း...

အားလုံးကို ခင်မင် လေးစား ဂါရ၀ပြုလျက်...


Burma Strange News ၀ိုင်းတော်သူ-၀ိုင်းတော်သားများ
ဇီးကွက်မျက်ပြူး (တောက်တိုမယ်ရ အလုပ်သမား)
မဒမ်ဇီးကွက်မျက်ပြူး (စီအီးအို)
ဦးယုန်ကလေး (အကြီးတန်း အွန်လိုင်း သတင်းထောက်)
မစ္စတာ ပိစ် (ရုံးစာရွက်စာတမ်းများ ဆုတ်ဖြဲရေး တာဝန်ခံ)
မှုန့်မှုန် (ဆက်သွယ်ရေးကြိုးများ ဖြတ်တောက်မှု တာဝန်ခံ)
ဒေါ်ပူတူးကြီး (ရုံးအဖွဲ့မှူး)
ဒေါက်တာပြောင်ထက်ပြောင် (ပို့စ်မော်ဒန် သတင်းဌာနပိုင်ရှင် သေဌေးကြီး)
ပြည်တွင်း သတင်းထောက်များ

5 comments:

  1. http://www.yoyarlay.com/localnews/local-news/crimes/13118-2011-09-14-09-27-30

    ReplyDelete
  2. Congratulation to BNS' birthday! I enjoy a lot to visit the site and read news on the BNS. I really appreciate the BNS' works.

    ReplyDelete
  3. ကိုယ်လုပ်ထားတဲ့ အနုပညာတွေကို ပြန်လည် တသသကြည့်ရင်း ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ ကိုယ့်ကိုယ်ကိုပြည်လည် ကြည်ညိုနေမိလေတော့သည်ပေါ့လေ

    ReplyDelete
  4. ငါလည်းအမြဲတမ်း ၀င်ကြည့်ဖြစ်တယ်။ သဘောလည်းကျတယ်။ ဒီက ရလာတဲ့ ရသတွေအတွက် ကျေးဇူးတင်ပါတယ် BSN အဖွဲ့ကို။ Post အသစ်တွေကိုဖတ်ရဖို့လည်း အမြဲမျှော်လင့်နေမယ်နော။

    ReplyDelete
  5. ခုတလော BSN News ကိုဖတ်၇တာ satires တွေထက် comments တွေကပိုရီနေရတယ်... ဟိဟိ ... kwi kwi ... kwa kwa ...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။