Monday, November 14, 2011

မြန်မာလူငယ်လေး တစ်ယောက်ရဲ့ စွန့်စားခန်းရုပ်ရှင်

(မြန်မာတွေအတွက်ဂုဏ်ယူလိုက်ရပါသည်)

ဇီးကွက်ကြီး

ဒီနေ့တော့ ကိုယ့်မြန်မာတွေအတွက် ဂုဏ်ယူစရာလေးတွေ့လို့ ပီတိဗလပွနဲ့ ပို့ပေးလိုက်တယ်

ကိုယ့်နိုင်ငံအကြောင်းအရာ ကိုယ့်ဘာသာစကားကို စိတ်ဝင်စားလာကြတဲ့အထဲမှာ
Hollywood က နာမည်ကြီးဒါရိုက်တာ Steven Spielberg တစ်ယောက်လည်း ပါဝင်လို့လာပါပြီ

The Adventures of Tin Tin ဆိုတဲ့ 3D ဇာတ်ကားမိတ်ဆက်လိုက်ပါတယ်


(Photo: Tin Tin Movie Website)

"တင်တင်" ဆိုတဲ့ကောင်လေးက သင်္ဘောကပ္ပတိန်တစ်ယောက်နဲ့ပူးပေါင်းပြီး ရတနာသိုက်ရှာတဲ့ စွန့်စားခန်းပဲဖြစ်ပါတယ်

ဒါနဲ့ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး ဒီဇာတ်ကောင်ကိုဘာကြောင့် မြန်မာနာမည် "တင်တင်" ပေးခဲ့ရပါသလဲဆိုတာ
ဒါရိုက်တာ Steven Spielberg ထံ လှမ်းပြီးစပ်စုကြည့်မိပါတယ်

ဒါရိုက်တာ Steven Spielberg : ဒီဇာတ်ကားကတော့ လူငယ်လေးတွေကို စွန့်စားစေချင်စိတ် ဖြစ်ပေါ်လာအောင် တွန်းအားပေးတဲ့ကားပေါ့ဗျာ...
မြန်မာနာမည် "တင်တင်" ပေးထားရတဲ့အကြောင်းကတော့ အဓိကအားဖြင့် မြန်မာလူငယ်တွေအတွက်ပါ

ကျား/မ အမည်သညာကတော့ထားတော့ တစ်ခုခုကိုစွန့်စားစေချင်တာပါ
တစ်နေ့တစ်နေ့ အတက်နှေးတဲ့ အင်တာနက်ကို ထိုင်စောင့်ရင်း ဂိမ်းတွေဆော့ အသက်တွေကြီးပြီး ဘာမှ မလုပ်လိုက်ရမှာကို စိုးရိမ်ပါတယ်
ကျန်တဲ့နိုင်ငံတွေက ထွေထွေထူးထူး ပြောစရာသိပ်မရှိဘူးဗျ ပြီးတော့ ကျွန်တော်က မြန်မာကိုချစ်တယ်လေ
မြန်မာဇာတ်လမ်း ကောင်းကောင်းလေးတွေ ထပ်ရိုက်ဖို့လည်းရှိပါတယ်
ထီးတင်ပြီးမှပြိုကျသွားတဲ့ ဓနုတ်ဘုရားသမိုင်း၊ ရွှေချိုးဖြူ မူလခဲ သိုက်အကြောင်း၊ မင်းသိင်္ခ ရဲ့ မာလိန်မှူးထူးစိန် စသည်ဖြင့်ပေါ့
အားပေးပါဦးဗျာ... ကျေးဇူးတင်ပါတယ်

Official website
http://www.us.movie.tintin.com/

Trailer
http://www.imdb.com/video/imdb/vi2415828505/


ပရလောကသားများ၏ကိုယ်စား
တာတေကြီး

9 comments:

  1. ဒါကြီးကတော့ ဘာမှကို အဓိပ္ပါယ်မရှိဘူးထင်တယ်ဗျာ ၊၊ ၊၊

    ReplyDelete
  2. http://www.burmastrangenews.com/p/blog-page_364.html ထဲက အကြောင်းအရာတွေနဲ့ဆက်စပ်ဖတ်ရှုစေလိုပါတယ်

    http://www.burmastrangenews.com/2011/09/blog-post_7722.html နဲ့
    http://www.burmastrangenews.com/2011/08/blog-post_06.html ကိုလည်း တစ်ချက်လောက်သွားကြည့်စေလိုပါတယ်

    ReplyDelete
  3. အင်း အကုန်ဖတ်ပြီးပြီ သဘာဝကျပါတယ်
    ဒါပေမဲ့
    ဘီယာလေးတမြမြ ဘောလုံးပွဲလောင်း
    ညဥ့်နက်သန်းကောင်ဂစ်တာတွေတီး
    အချင်းချင်းရန်တွေဖြစ်
    ဘေးလူတွေကို ပြဿနာရှာတတ်တဲ့ ဆန်ကုန်မြေလေးတွေကျန်သေးတယ်

    ReplyDelete
  4. The Adventures of Tintin (Les Aventures de Tintin) is a series of classic comic books created by Belgian artist Georges Rémi (1907–1983), who wrote under the pen name of Hergé.
    စာဖတ်ပြီးမှ blog ရေးပါ

    ReplyDelete
  5. ဘယ်က စောက်ပေါလဲကွာ...
    ဘလော့က ဘာတွေကိုရေးနေသလဲ ဆိုတာ နကန်းတစ်လုံးမှ မသိဘဲ လာမန့်တာ အံ့ရော.....
    ကိုယ်မန့်ချင်တာပဲ သိပီး... ဒုတိယမြောက် ကွန်မန့်လေးကိုတောင် သေချာ မဖတ်ကြည့်တဲ့ အူကြောင်ကြောင် ဆိုတာ ရှင်းနေတာပဲ...
    စာဖတ်ပီးမှ ရေးပါလို့ ဆရာမလုပ်ခင်.. ဒီစာမျက်နှာထဲက ပို့စ်တွေရော နှံ့အောင် ဖတ်ဖူးသလားကိုယ့်ဟာကိုယ် အရင်ပြန်မေးပါ....
    ဖတ်ပီးပါက ပို့စ်တွေဟာ ဘာကို ဆိုလိုနေတာလဲ.. ဘာအတွက်ကြောင့် ဘယ်လို ပုံစံမျိုး ရေးထားတာလဲ ဆိုဒါ ဦးနှောက်မှန်ရင် သဘောပေါက်မှာပါ...
    ဘာမှ မသိ.. ဘာမှ သဘောမပေါက်ဘဲ...ဘာမှလဲ ဖတ်မကြည့်ပဲ...ဘုမသိ ဘမသိ လာမန့်တာကတော့ တော်တော် ဂွတီးဂွကျ နိုင်တာပဲ။

    ReplyDelete
  6. ပို့စ်ထဲက စာကို ဖတ်ကတည်းက မြန်မာအမည် တင်တင်နဲ့ တူနေလို့ တမင် နောက်ပြောင်ပြီး ရေထားတဲ့စာ ဆိုတာကိုတောင် ဆက်စပ် စဉ်းစား နိုင်စွမ်း မရှိတဲ့ -IQ နဲ့ EQ အဆင့်ပြည့်မှီရန် လိုအပ်နေသူများ မြန်မာပြည်တွင် အရေအတွက် ဘယ်လောက် ရှိနေအုံးမလဲ မခန့်မှန်းတတ်ပါ။

    ReplyDelete
  7. ဗျို့ အင်္ဂလိပ်လိုရေးတဲ့ စာဖတ်အား ကောင်းသူကြီး။
    အောက်က လင့်ခ်ကို ဖတ်ပါ။
    http://www.burmastrangenews.com/2010/12/blog-post_05.html
    အကုန် လွဲနေတယ်နော။ BSN ကလူတွေ စာအသေအချာ မဖတ်ဘဲ ရေးထားတယ်နော :P။ အကုန်လုံး မှားနေတယ် နော :D။
    ဗါစကို ဒကာမ ကိုလည်း ပေါ်တူဂီ လူမျိုးဆိုတာ သူတို့ မသိကြဘူးနော.. ပြီးတော့ ဗါစကိုဒကာမက မိန်းမလို့ ရေးထားတယ်နော။ စာမဖတ်ဘဲ blog ရေးထားတယ်နော :)။ ဆိုဗီယက် အာဏာရှင် စတာလင်ကို ယောက်ျားမှန်း မိန်းမမှန်းတောင် ခွဲမသိတဲ့ သူတွေနော :D။ စာမဖတ်ဘဲ blog ရေးနေကြတယ်နော။....... ဟုတ်ပီလား။ ဟားဟားးဟား။။။
    (မှတ်ချက်။ ။ မြန်မာအမည်နှင့် ဆင်တူသဖြင့် ဟာသ လုပ်ပြီး ရေးထားကြောင်းကို အတည်ရေးတာလား ပြောင်ပြီးရေးတာလား... စာမဖတ်ဘဲ blog ရေးတာလား ဆိုဒါ အဲဒီ ပို့စ်ကို ဖတ်ပြီးသည် အထိ... ခွဲခြားမသိနိုင်သေးဘူး ဆိုလျှင်တော့ ကိုယ့်ထိုက်နှင့် ကိုယ့်ကံ... ဒါပဲနော်..ထပ်မပြောချင်တော့ဘူး. ၀ါးဟားဟား)

    ReplyDelete
  8. ဟုတ်ပါ့နော :P

    ReplyDelete
  9. တင်တင် က မိန်းခလေးပါ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။